✔Forex Broker ဆိုတာ.
Forex Broker ဆိုတာ ဘဏ္ဍာရေးအကျိုးဆောင်ဖြစ်ပါတယ်။ ခြုံငုံ၍ ဘဏ္ဍာရေးအကျိုးဆောင်လို့ရေးလိုက်တာကို နားလည်ပေးပါ။ သူတို့က အရောင်းအဝယ်ပြုလုပ်မယ့် Traders များကို အရောင်းအဝယ်ဆော့ဝဲလ် (Platform) ကို သုံးစွဲလို့ရအောင် အထောက်အကူပေးပါတယ်။ Traders နဲ့ Liquidity Provider ကို ချိတ်ဆက်ပေးပါတယ်။ Trading Platform ကို ဝင်ရောက်သုံးစွဲဖို့က ဘာခက်တာလည်းလို့ ထင်ကောင်း ထင်၊ တွေးကောင်းတွေးမိကြလိမ့်မယ်။ တကယ်က Trading Platform ကိုဝင်ရောက်သုံးစွဲခွင့်ရဖို့က မခက်ပါဘူး။ သို့သော် Verify ဖြစ်ပြီး ဝင်ရောက် သုံးစွဲသူမှသာလျှင် ငွေအစစ်နဲ့အရောင်းအဝယ်လုပ်ခြင်း၊ ငွေအရင်းအနှီးထည့်သွင်းနိုင်ခြင်း၊ အမြတ်အစွန်းများထုတ်ယူနိုင်ခြင်း၊ စတဲ့ နောက်ဆက်တွဲ ဆောင်ရွက်ရမယ့် ကိစ္စများကို တရားဝင်ဆောင်ရွက်လို့ရစေမှာဖြစ်ပါတယ်။ Forex Market ဟာ တခြားသော မားကတ်များလို့ ဗဟိုမားကတ်မရှိတဲ့ အမျိုးအစားဖြစ်လို့လည်း Broker ခေါ် အရောင်းအဝယ်အကျိုးတော်ဆောင်များ လိုအပ်တာဖြစ်ပါတယ်။
✔Forex Broker ကဘာတွေလုပ်ပေးလည်း...
Forex Broker က လုပ်ငန်းဆောင်တာထဲမှာ အထက်ကပြောခဲ့သလို အရောင်းအဝယ်လုပ်သူ Traders များကို Trading Platform များကို လွယ်ကူစွာသုံးစွဲနိုင်အောင်လုပ်ပေးပါတယ်။ ဒီလို Trading Platform ကို သုံးစွဲခွင့်ရဖို့အတွက်ကတော့ တရားဝင်အကောင့်ဖွင့်ပေးခြင်း၊ Verify လုပ်ပေးခြင်း၊ ငွေသွင်းငွေထုတ်များကို ကြားခံဆောင်ရွက်ပေးခြင်း စတာတွေလည်းပါဝင်ပါတယ်။ ဗဟိုမားကတ်မရှိတဲ့ Forex Trading လုပ်ငန်းမှာ Broker တွေရဲ့ ကြားထဲက အကျိုးဆောင်မှုတွေ မပါရင် ကမ္ဘာ့မားကတ်နဲ့ တရားဝင်ချိတ်ဆက်ငွေရှာဖို့ မဖြစ်နိုင်ပါဘူး။ Broker တွေရဲ့ Trading Platforms (MT4, MT5 စသဖြင့်) က အရောင်းအဝယ်လုပ်သူ (Traders) များနဲ့ အရောင်းအဝယ်ကိုလက်ခံမယ့် (Liquidity Providers) များကို ချိတ်ဆက်ပေးတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ တနည်းအားဖြင့် Buyer နဲ့ Seller ချိတ်ဆက်ပေးတာ Broker ပါ။ ဒီလိုတာဝန်တွေကို ဆောင်ရွက်တဲ့အခါမှာ Spread, Commission, Piplet စတာတွေကို အခကြေးငွေအဖြစ်ရယူကြပါတယ်။ တချို့က သူတို့ရဲ့ အဓိကလုပ်ငန်းထဲမှာ Traders တွေကို Forex Education နဲ့ Knowledge ထောက်ပံတာလည်း လုပ်ပေးတတ်ကြပါတယ်။
(Liquidity Provider ဆိုတာက ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေဖြစ်ပါတယ်။ သူတို့က Buy ချင်ရင် Sell ပေး (ဝယ်ချင်ရင်ရောင်းပေးပြီး)၊ Sell ချင်ရင် Buy ပေး (ရောင်းချင်ရင် ဝယ်ပေး) တဲ့သူများ၊အဖွဲ့အစည်းများဖြစ်ပါတယ်။)
တကယ်တော့ Forex Trading က ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို Traders, Brokers နဲ့ Liquidity Providers တို့ဟာ အပြန်အလန် အမှီသဟဲပြုနေရတယ်လို့ ဆိုနိုင်ပါတယ်။ Traders မရှိရင် Brokers နဲ့ Liquiditys Providers တို့ အလုပ်မဖြစ်နိုင်သလို၊ Brokers နဲ့ Liquidities Providers မရှိရင်လည်း Traders တွေအတွက် မားကတ်မှာ ပါဝင်ခွင့်ရဖို့မရှိနိုင်ပါဘူး။ ထို့အတူ Liquidity Providers မရှိရင်လည်း ခိုင်မာတဲ့ Broker တခုမဖြစ်နိုင်ပါဘူး။ ဒီအကြောင်းကို အောက်မှာ ဆက်ဖတ်ရင် နားလည်သွားနိုင်ပါတယ်။
✔Forex Broker က အမျိုးအစားဘယ်လောက်ရှိသလည်း.
အကြမ်းအားဖြင့် Forex Broker ၂ မျိုးပဲရှိပါတယ်။ အဲဒီ ၂မျိုးကနေသာ ထပ်ခွဲသွားတာဖြစ်ပါတယ်။ အဲဒါတွေကတော့....
(1) Dealing Desk (DD)
(2) Non-Dealing Desk (NDD) တို့ဖြစ်ပါတယ်။
(1) Dealing Desk (DD)
➤ Market Maker (MM)
Dealing ဆိုတာက မြန်မာလို ကိုင်တွယ်ဖြေရှင်းတာလို့ အဓိပ္ပါယ်ရပါတယ်။ Broker တွေရဲ့ Dealing Desk ကတော့ Traders တွေရဲ့ အော်ဒါတွေအများစုကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းတာမျိုးပါ။ ဒီ Dealing Desk ကို Market Maker လို့ခေါ်ကြသလို Market Maker လို့ ကြားရင်လည်း Dealing Desk လို့နားလည်ရပါမယ်။ ဒီတော့ Dealing Desk or Market Maker မှာ Traders တွေရဲ့ အော်ဒါတွေက Broker ဆီဝင်မယ် အဲကနေမှ Dealing (Dealing Desk) လုပ်ပါတယ်။ အမြတ်အစွန်းရတဲ့အရောင်းအဝယ်ကို အရှုံးဖြစ်တဲ့ အရောင်းအဝယ်တွေနဲ့Match လုပ်ပြီး အလျော်အစားလုပ်မယ် သို့မဟုတ် Liquidity Provider တွေဆီ ဆက်တင်ပေးမယ်။ ရှုံးနေတဲ့ အော်ဒါတွေကိုတော့ Counter Trade လုပ်တာဖြစ်စေ၊ ကိုယ်တိုင်အလျော်အစားလုပ်တာဖြစ်စေ ဆောင်ရွက်နိုင်ပါတယ်။ အများအားဖြင့်တော့ Cent Account ခွင့်ပြုတဲ့ Server များဟာ Dealing Desk/Market Maker ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
Market Maker လို့ ပြောလို့ တချို့က ကြောက်ကြတာလည်းရှိတယ်။ ကိုယ့်ကို ဆန့်ကျင်ဘက်ဖြစ်အောင်လုပ်ပြီး ဆွဲစားမှာကိုပေါ့။ တကယ်တော့ အဲလိုမျိုးလုပ်တာမျိုးက ဖြစ်တော့ ဖြစ်ခဲပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Trader Performance ကောင်းရင် Broker Dealing Desk ပေါ်မှာ ဂိတ်မဆုံးဘဲ Liquidity Provider ဆီကို အော်ဒါတက်သွားမှာဖြစ်ပါတယ်။ ကိုယ်က အမြဲစိမ်းမဟုတ်တဲ့ အမြဲရှုံးဆိုရင်တော့ Broker အကြိုက်ဖြစ်ပြီး သူ့ဆီမှာသာ Dealing လုပ်နေပါလိမ့်မယ်။ ဒီတော့ Market Maker ကို ကြောက်ဖို့ထက် အရည်အသွေးမြင့်အောင်ပဲ ကြိုးစားဖို့လိုအပ်ပါတယ်။
(2) Non-Dealing Desk (NDD)
➤ Straight Through Processing (STP)
➤ Electronic Communication Networks (ECN)
Non Dealing Desk မှာတော့ STP နဲ့ ECN ဆိုပြီး ၂မျိုးထပ်ခွဲပါတယ်။ Non Dealing ဆိုတဲ့အတိုင်း မကိုင်တွယ်ဘူး။ ဘာကို ဘာက မကိုင်တွယ်လည်းဆိုတော့ Traders တွေရဲ့ အော်ဒါတွေကို Broker က တိုက်ရိုက်ကိုင်တွယ်ပြီး အလျော်အစားမလုပ်ဘူး။ ဘယ်သူက တိုက်ရိုက်သက်ဆိုင်လည်းဆိုတော့ Hedge Funds, Mutual Funds, Others Brokers and Banks စတဲ့ Liquidity Providers တွေကသာ အော်ဒါကို တိုက်ရိုက်ကိုင်တွယ် (အလျော်အစား) လုပ်တာဖြစ်တယ်။ ဒီတော့ Non Dealing Desk လို့ဆိုရင် STP ဖြစ်ဖြစ်၊ ECN ဖြစ်ဖြစ် အတူတူပဲလို့မှတ်ရမယ်။ ခြွင်းချက်အနေနဲ့တော့ တချို့ Broker တွေကျတော့ STP ဆိုတာတွေက Market Maker ဖြစ်နေတတ်တယ်။ ဒါကလည်း အထက်ကအပိုဒ်မှာပြောခဲ့သလို ကြောက်စရာတော့မရှိဘူး။ အမြဲမြတ် သို့မဟုတ် Performance သာကောင်းပါစေ၊ STP စစ်စစ်ဖြစ်ပြီး Broker က ကိုယ့်အော်ဒါကို Dealing (MM) မလုပ်ရဲပါဘူး။
Dealing မလုပ်တဲ့ Non-Dealing ချင်းအတူတူ ဘာလို့ STP နဲ့ ECN ထပ်ခွဲရသလည်းဆိုတော့ Quotes Price တွေ၊ Spread တွေကြောင့် ခွဲပြောရတာဖြစ်တယ်။ Quotes ဆိုတာ Trading Platform မှာ ပြတဲ့ စျေးပေါ့။ တနည်းအားဖြင့် ရောင်းရင် ဒီစျေး၊ ဝယ်ရင် ဟိုစျေးဆိုတာမျိုး၊ Spread ကတော့ ဝယ်စျေးနှင့်ရောင်းစျေးကြားအဟကိုပြောတာ။ STP နဲ့ ECN က Non Dealing ချင်းအတူတူဘာလို့ခွဲထားလည်းဆိုတာကို အနည်းငယ်ထပ်ရှင်းပေးပါမယ်။
➤ Straight Through Processing (STP) မှာဆိုရင်
✿ Quote One ➤ Broker ➤ Quote Two ➤ Traders ပုံစံနဲ့လာတယ်။
✿ဆိုလိုတာက ... Quote One က Liquidity Provider သို့မဟုတ် တကယ့် Interbank market လို Ref စျေးနှုန်းအစစ်ကိုပြောတာ။ STP မှာ Traders တွေက Quote One ကိုမတွေ့ရဘူး။ ဥပမာ EURUSD ကို Liquidity Provider သို့မဟုတ် တကယ့် Interbank market က Ref စျေးနှုန်းက 1.23456 ဖြစ်နေချိန်မှာ Trader က Quote Two အဖြစ် 1.23459 စသဖြင့် (Piplet အနည်းငယ်ပေါင်းထားတာမြင်ရနိုင်တယ်)
✿ Quote One က Broker ဆီကို ရောက်တယ်။ အဲဒါကိုမှ Broker က Constant or Floating Piplet ခပ်သေးသေးပေါင်းပြီး Trader ကို ပြန်ပြတဲ့ Quote Two ဖြစ်လာတယ်။ Traders တွေက အဲဒီ Quote Two ပေါ်မှာ အရောင်းအဝယ်လုပ်ရတယ်။
✿ဒါဆိုရင် STP က စိတ်မချရဘူးလား? အဲလို စိတ်မချရတာကို ပြောတာမဟုတ်ဘူး။ Quote Two အဖြစ်ပြောင်းပြတာက Trading Charges ယူတဲ့သဘောပါ။ တနည်းအားဖြင့် ဝန်ဆောင်ခသဘောပေါ့။ ဒါကြောင့် STP မှာဆိုရင် Commodities Pairs တွေကလွှဲပြီး ကျန်တဲ့ Currency Pairs တွေမှာ Commission ဆိုတာကို အများအားဖြင့် မယူကြပါဘူး။ ဘာလို့မရှိလည်းဆိုတော့ Quote Two မှာ ယူထားပြီးမို့ဖြစ်တယ်။ ဒီတော့ STP အများစုက Commission မရှိဘူး။
➤Electronic Communication Network (ECN) မှာကျတော့
✿ Quote One ➤ Broker ➤ Quote One ➤Traders ပုံစံနဲ့လာတယ်။
✿ ဆိုလိုတာက Quote Price တွေကို Broker က ပြင်ဆင်ထားခြင်းမရှိဘူး။ Liquidity Provider သို့မဟုတ် တကယ့် Interbank market က Ref စျေးနှုန်းအတိုင်းမြင်ရ၊ အရောင်းအဝယ်လုပ်လို့ရမယ်။ တကယ့် Interbank market က Ref စျေးနှုန်းက 1.23456 ဖြစ်နေချိန်မှာ Trader ကလည်း 1.23456 ကိုပဲ မြင်ရ၊ အဲဒီအပေါ်မှာပဲ အရောင်းအဝယ်လုပ်လို့ရမယ်။
✿ ဒီတော့ စျေးနှုန်းက မူရင်း ref စျေးအတိုင်းမို့ ECN ဆိုရင် သေချာပေါက် Commission ပေးရမယ်။ ဒီကော်မရှင်က Broker တွေအတွက် ဝန်ဆောင်ခပေါ့။
✔ရွေးချယ်ဖို့အတွက် ဘယ်လို Broker ကိုထည့်သွင်းစဥ်းစားရမလည်း...
ဒီမှာရေးမှာက ကျွန်တော့်အတွေ့အကြုံရ ထည့်သွင်းစဥ်းစားသင့်တာတွေဖြစ်ပါတယ်။
✿ အထက်က DD, NDD ကို ပြန်ကောက်ရရင် STP မှာ ကော်မရှင်ခမပေးရတာကို ထည့်သွင်းစဥ်းစားရမယ်။
✿ ECN မဟုတ်တဲ့ အကောင့်တွေမှာ Minimum Position Size 0.01 ခွင့်ပြုတဲ့ Broker တွေကို ထည့်သွင်းစဥ်းစားရမယ်။
✿ Position အတိုးအလျော့ကို (ECN) မဟုတ်ရင် 0.01 အတိုးအလျော့လုပ်လို့ရတဲ့ Broker တွေကို ထည့်သွင်းစဥ်းစားရမယ်။
✿ အခြားအချက်တွေအပြင် Trading Platform ကောင်းမွန်ဖို့၊ Spread, Commission တွေ သူများထက်မများလွန်းစေဖို့ ထည့်သွင်းစဥ်းစားရွေးချယ်ရမယ်။
✿ Customer Service ပေးတာ လျင်မြန်တာကို ထည့်သွင်းစဥ်းစားရမယ်။
✿ Gap ခဏခဏလုပ်ပြီး Entry Gap, SL Gap, TP Gap ဆိုတာနည်းတဲ့ Broker တွေကို ထည့်သွင်းစဥ်းစားရမယ်။
✿ ငွေသွင်းငွေထုတ်စနစ်စုံလင်ပြီး လွယ်ကူမြန်ဆန်တာကို ထည့်သွင်းစဥ်းစားရမယ်။
✿ နောက်ဆုံး တခုက (တကယ်က ရေးရင် ကုန်နိုင်ဖွယ်မရှိပါဘူး) Education နဲ့ Knowledge Sharing ကိုပါ ထည့်သွင်းထားတဲ့ Broker တွေကို ထည့်စဥ်းစားရမယ်။
ဖေါ်ပြပါတွေက ထည့်သွင်းစဥ်းစားရမှာတွေကို ချရေးလိုက်တာပါ။ ကိုယ်တိုင်သုံးသပ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။
ဒီနေ့တော့ ဒီလောက်နဲ့ နားပါရစေခင်ဗျာ။ Forex Trading နယ်ပယ်က မိတ်ဆွေများ၊ စာဖတ်သူ မိတ်ဆွေများအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပါစေဗျာ.....
Warning ⚠️ (အထူးသတိပေးတားမြစ်ချက်)
FX Trading လုပ်ငန်းသည် High Risk More Profit ဖြစ်သောကြောင့် လူတိုင်းနှင့် မသင့်တော်ပါ။ မိတ်ဆွေများ ဗဟုသုတ အလို့ငှာ တင်ပြခြင်းဖြစ်ပြီး FX Trading တွင် မိတ်ဆွေအနေဖြင့် ၀င်ရောက် ရင်းနှီးလုပ်ကိုင်မည် ဆိုပါက မိတ်ဆွေ၏ စီးပွားရေးနှင့် စား၀တ်နေရေး အတွက် ထိခိုက်နိုင်သော ငွေကြေးရင်းနှီး မြုပ်နှံမှု ကို ရှောင်ရှားသင့်ပြီး မိမိအနေဖြင့် ရင်းနှီးလုပ်ဆောင်မည် ဆိုပါက ဆုံးရှုံးခံနိုင်သော ငွေပမာဏဖြင့်သာ လုပ်ဆောင်သင့်ပြီး ငွေပူ မဖြစ်ရန် အထူးလိုအပ်ပါသည်။ ကျနော်တို့ MFX Myanmar သည် ရှယ်ယာခေါ်ခြင်း၊ မန်ဘာအတိုးပေးခြင်း၊ ငွေစုငွေချေးခြင်း လုပ်ငန်းများ ကို လုံး၀ (လုံး၀) မပြုလုပ်ပါ။
ယခု ပိုစ့်သည် Trading နှင့် သက်ဆိုင်သောဗဟုသုတ အတွက်သာတင်ပြခြင်းဖြစ်ပါသည်။