Currency pair တစ်ခု ၏ အတက်အကျကိုတိုင်းတာ
ရန် PIP ဆို သောယူနစ်ကိုသုံးသည်။ Currency Pair
အများစု ၏တန်ဖိုးကိုဖေါ်ပြရာတွင် ဂဏန်း ၅ လုံးဖြင့်
ဖေါ်ပြလေ့ရှိသည်။ ထို currency များ ၏ ပထမဂဏန်း
ပြီး လျင် ဒသမကိုတွေ့ရမည်ဖြစ်သည်။
ဥပမာ။ ။
EUR / USD = 1.2812 ဤဥပမာ၏ဒသမနောက်
၄ နေရာမြောက်ဂဏန်းတစ်ယူနစ်၏တန် ဖိုး သည်
0.0001 ဖြစ်သည်။ ထိုတစ်ယူနစ်ပြောင်းခြင်းကို 1 PIP ဟုခေါ်သည်။
EUR/USD = 1.2812 မှ EUR/USD = 1.2813 သို့
ပြောင်းလျင် 1PIP ဈေး တက်သည် ဟုခေါ်သည်။
ထို့ကြောင့်အကယ်၍ Quote Currency သည် USD ဖြစ်
လျင် 1PIP သည် 1/100 cent နှင့်ညီမျှပါသည်။
ချွင်းချက်တစ်ခုမှာ ဂျပန်ယန်းနှင့် ပတ်သက်သည့်အတွဲ
များဖြစ်ပါသည်။ ဤအတွဲများတွင် ဒသမ ၂ နေရာ မြောက်မှ ဂဏန်းကို 1PIP ဟု သတ်မှတ်ပါသည်။
USD/JPY = 107.18 မှ USD/JPY = 107.19 ဖြစ်လာ
လျင် 1PIP ဈေး တက်သည်ဟု ခေါ်သည်။
Post အားလုံးဖတ်ရန်
No comments:
Post a Comment