လတ်တလော ရွှေဈေးမားကက်မှာ အသံထွက်လာတဲ့ ကိစ္စတ
ခုမို့ ကျွန်တော်တို့ က ဗဟုသုတမျှဝေလိုက်ပါတယ်။ နာမည်
မှာကိုက Fat Finger တဲ့။ Fat က ဝတာ၊ ကြီးတာ၊
Finger ကလက်ချောင်းဆိုတော့ လက်ချောင်းကြီးကြီးနဲ့
အရောင်းအဝယ်ခလုတ်ကို နှိပ်တာပေါ့။ အဲလိုနှိပ်မိတော့
လက်ချောင်းက ကြီးနေတော့ မဆိုင်တာ သို့မဟုတ် နှိပ်လိုတဲ့
ပမာဏထက်ပိုနှိပ်မိပြီး မလိုအပ်တာတွေဖြစ်လာတော့တာပေါ့။
Financial Market မှာတော့ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ
"Fat Finger Error ဆိုတာ Input (Keyboard or
Mouse) Error တခုဖြစ်ပါတယ်။ တနည်းအားဖြင့်မှား
ယွင်းနှိပ်မိ (Missed click) ဖြစ်တာပေါ့။ ဒီလိုမှားနှိပ်မိ
တဲ့ ဝယ်ရန် (Buy) သို့မဟုတ်ရောင်းချရန် (Sell) အမှာကို
သတ်မှတ်ထားသည်ထက်၊ ပိုမိုကြီးမားသောအရွယ်အစားပေး
မိသွားတာ၊ ဈေးနှုန်းမှားပြီးထားမိထားတာတို့ ဖြစ်သွားပါ
တယ်။" ဒီ Error က Human Error (လူကြောင့်ဖြစ်တဲ့
အမှားအယွင်း) လည်းဖြစ်ပါတယ်။ ဒီ Error ကသာမန်
အားဖြင့် ပြသာနာ မရှိပါဘူး။ အထူးသဖြင့် Retail
Trader တွေမှားတာက ပြသနာမရှိပါဘူး။ ဘာလို့လည်းဆို
တော့ ပမာဏနည်းတာကိုး၊ Retail Trader အများစုက
ဒီ Fat Finger Error မျိုး မှားဘူး၊ ကြုံဖူးကြမှာပါ။ ဒါ
ပေမယ့် Institution တွေက မှားရင်တော့ Market မှာ
တော့ ကပြောင်းကပြန်နဲ့ သက်ရောက်မှုကြီးမားတတ်ကြပါတယ်။
ဒီ Fat Finger Error မဖြစ်ဖို့ သို့မဟုတ် လျော့ပါးစေဖို့
Broker တွေ၊ Investment Banks တွေ၊ Hedge
Fund တွေ စတာတွေက သူတို့ရဲ့ Trading Platform
မှာ Filter တွေခံထားတတ်ပါတယ်။ Trader သို့မဟုတ်
Trading မှာ မှားယွင်းတဲ့ Input သို့မဟုတ် သတ်မှတ်
ထားတဲ့၊ ဖြစ်သင့်တဲ့ဒေတာတွေ ထည့်သွင်းရိုက်သွင်း နှိပ်သွင်း
မိရင် အချက်ပေးပါတယ်။ ဒါတွေက စတော့အိတ်ချိန်းတွေ
မှာ အဓိကဆောင်ရွက်ထားပါတယ်။ ဥပမာ အများဆုံးလော့
ဆိုဒ်ပမာဏ ကန့်သတ်ချက်မျိုးပေါ့။
(Forex Broker တွေမှာလည်း Max Lot Size တွေ
ကန့်သတ်ထားတာရှိပါတယ်။ ကိုယ်ပိုက်ဆံရှိတိုင်း၊
Deposit တောင့်တိုင်း ဖွင့်ချင်တိုင်း ဖွင့်လို့မရပါဘူး။ ဒါက
Financial Market ရဲ့ Risk Covering Rules
တွေလည်းဖြစ်ပါတယ်။)
စတော့စျေးကွက်မှာ အမှားအယွင်းရှိရင် Forex Market
ဘက်ကိုလည်း ရိုက်ခတ်မှုကြီးတယ်မဟုတ်လား။ အမေရိကန်
က NYSE , NASDAQ စတဲ့ အိတ်ချိန်းတွေမှာဆို
erroneous trades လို့ခေါ်တဲ့ လက်ရှိမားကတ်စျေးနှုန်း
ကနေ ကွာခြားလွန်းတဲ့ အော်ဒါဆိုရင် အော်ဒါဖွင့်ပြီး နာရီဝက်
အတွင်း သက်ဆိုင်ရာ အိတ်ချိန်းကော်မရှင်ကို သတင်းပို့ရ
တယ်လို့ဆိုပါတယ်။
ဥပမာ.. Fund တခုက ရွှေ အောင်စ ၁၀၀၀ ရောင်းဖို့ အော်
ဒါပေးလိုက်တာမှားပြီးတော့ အောင်စ ၁သိန်း သို့မဟုတ် သူ့
ထက်ပိုပြီး အော်ဒါဖွင့်မိသွားလို့ မားကတ်က Plunge ဖြစ်
ပြီး ထိုးစိုက်ဆင်းသွားနိုင်ပါတယ်။ Bloomberg ရဲ့
Report တခုအရ "၂၀၁၇ ဇွန်လ ၂၆ ရက် လန်ဒန်ချိန်
မနက် ၉နာရီ (စျေးကွက်စဖွင့်ချိန်ပေါ့) မှာ Fat Finger
Trade/Error ကြောင့် တမိနစ်အတွင်း 1.8 Millions
အောင်စ အရောင်းအဝယ်ကြောင့် စျေးထိုးတက်သွား
ကြောင်း" သိရပါတယ်။ ဒီပမာဏ အဲအချိန်က ဖင်လန်နိုင်ငံရဲ့ ရွှေအရံပမာဏ (Gold Reserves) ထက်ကို ပိုများတဲ့
ပမာဏဖြစ်ပါတယ်တဲ့။
ဒီလို Fat Finger Error ဖြစ်ရင် Trend, Volume စ
တာတွေကို နေ့စဉ်သုံးသပ်တဲ့ Technical Trader တွေ
အတွက်တော့ ရက်အနည်းငယ် out of trend ဖြစ်သွား
တတ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Fat
Finger Error ဖြစ်ပြီးသွားရင် မားကတ်က ပြန်
Recover ဖြစ်ပါတယ်။ အဲလို Fat Finger Error မျိုး
ကြောင့် Market Plunge ဖြစ်ရင် လိုက်မဝင်မိဖို့တော့
သတိထားရပါမယ်။
သမိုင်းမှာဖြစ်ခဲ့တဲ့ Fat Finger Error အချို့မှာတော့...
(၁) ၂၀၁၆ မှာ ဗြိတိန်စတာလင်ပေါင်ဟာ Fat Finger
Error ကြောင့် မိနစ်ပိုင်းအတွင်းမှာ ၃၁ နှစ်အတွင်း အနိမ့်ဆုံး
စျေးအဖြင့် 6% ထိထိုးကျမှုဖြစ်ခဲ့ပါတယ်။ (US$1.1841)
(၂) ၂၀၁၅ ခုနှစ်မှာတော့ Deutsche Bank က အငယ်
တန်းဝန်ထမ်းတဉီးက Hedge Fund တခုကို အသားတင်
(Net) နဲ့ စုစုပေါင်း (Gross) ကို မှားယွင်းပြီး (Fat
Finger Error) Net အစား Gross $6 billion ပေး
ပို့မိခဲ့ပါတယ်။ ဘဏ်က နောက်နေ့မှ ပြန်လည်လွဲပြောင်းယူ
လိုက်ပါတယ်။
(၃) ၂၀၁၄ ခုနစ်မှာတော့ Mizuho Securities မှ
Trader တယောက်ဟာ စျေးနှုန်းနဲ့ ဒေတာမှားယွင်းရိုက်
သွင်းမိပြီး စတော့တမျိုးကို $600 billion ဖိုး အော်ဒါ
တင်မိခဲ့ပါတယ်။ ကံကောင်းတာက ယင်းအော်ဒါအများစုဟာ
Pending အခြေအနေမှာရှိနေ (Matching မလုပ်ရ
သေး) လို့ ပြန်ပြီး ပယ်ဖျက်နိုင်ခဲ့ပါတယ်။
အထက်မှာပြောခဲ့သလို Fat Finger Error ဟာ Man
Made Error (Human Error) တမျိုးသာဖြစ်
ကြောင်း၊ Financial Market မှာ Input ကိုမှားယွင်း
စွာ ထည့်သွင်းမိလို့ဖြစ်ကြောင်းနဲ့ ဆိုင်ရာ Institution များ
က ယင်းအမှားအယွင်းမျိုးမဖြစ်အောင် ယင်းတို့ရဲ့
Trading Platform တွေမှာ Filter တွေခံထားပေးကြောင်း မျှဝေလိုက်ရပါတယ်။
ယနေ့ရွှေဈေး (၁) မိနစ်အတွင်း ဈေးနှုန်းမြောက်မြားစွာ ထိုး
ဆင်းမှု ဖြစ်ပေါ်ပြီး B Book order နှင့် AB Book
order များက ဈေးနှုန်းအတွက် ဆန့်ကျင်ဘက်ဖြင့်အထိုက်
အလျောက် System ဖြင့် ထိန်းထားနိုင်ပီး အော်ဒါများ ၀င်
ရောက်ခွင့်မရနိုင်ပေ။ A Book Order များကတော့
ရောက်ရှိသောဈေးအတိုင်း အော်ဒါ ၀င်ခြင်း ကိုခွင့်ပြုပေး
ပါသည်။
အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment