Saturday, March 25, 2023

ဆုံးရှုံးနိုင်ချေကို စီမံခန့်ခွဲခြင်း (Risk Management) (အပိုင်း 2)



Risk Management နဲ့ပတ်သက်ပြီး ပထမပို့စ်မှာ ဖြစ်
နိုင်ချေရှိတဲ့ Risk တွေအကြောင်းပြောပြီးနောက်မှာ အခုပို့စ်
မှာတော့ ဒီ Risk တွေလျော့ပါး၊ သက်သာအောင် စတင်က
တည်းက ဘာတွေကို လိုက်နာသင့်သလည်းဆိုတာကို တင်ပြ
ပေးပါမယ်။ အဓိကက Risk ဆိုတဲ့ ဆုံးရှုံးနိုင်ချေကြောင့် မိမိ
တို့ရဲ့ ကိုယ်အား၊ စိတ်အား၊ ငွေကြေးအင်အားတွေ ယုတ်
လျော့မှုမရှိအောင် စဉ်းစားမိစေဖို့ပါ။

Risk ကို ကောင်းစွာ Manage လုပ်နိုင်ဖို့ နည်းစနစ်တွေ၊ 
လိုက်နာရမှာတွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲကမှာ 
(၄) ချက်ကို ဆွေးနွေးပေးလိုက်ပါတယ်။ ကျွန်တော်တို့ တင်ပြ
တာက မဖြစ်မနေလိုက်လံလုပ်ဆောင်ဖို့၊ မလုပ်ဆောင်ဖို့ မ
ဟုတ်ပါဘူး။ မိတ်ဆွေများ Forex Trading နယ်ပယ်ကို 
ဝင်ရောက်တဲ့အခါမှာ စဉ်စားသင့်သည်များကို စဉ်းစားမိစေ
ရန်သာဖြစ်ပါတယ်။ 

❶ သင်ယူပါ။
ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က Forex Trading 
နယ်ပယ်ထဲကို ကြားစကားတွေ၊ သရေကျစရာရလဒ်တွေမြင်
လို့ ဝင်ရောက်တာမျိုးမဖြစ်ဖို့ပါ။ Forex Trading နယ်
ပယ်ဆိုတာက ကိုယ်တိုင် သင်ယူလေ့လာ၊ လေ့ကျင့်ပြီးမှ ဝင်
ရောက်ပြီး ကိုယ့်ကိုကိုယ် တာဝန်ယူရမယ့် နေရာဖြစ်ပါ
တယ်။။ သင်ယူတဲ့အခါမှာလည်း သင်တန်းတွေကနေတဆင့် 
လေ့လာမှုလိုအပ်သလို၊ ကိုယ်တိုင်လေ့လာမှုလည်း လိုအပ်ပါ
တယ်။ သင်တန်းများကတော့ နယ်ပယ်အသစ်၊ ပညာရပ်အ
သစ်အတွက် ချောမွေ့တဲ့ အစခရီးကို ဖြစ်စေနိုင်ပါတယ်။ မိမိ
ဘာသာ လေ့လာရင် ဘယ်ကနေစပြီး လေ့လာရမလည်းဆို
တာမသိတာနဲ့ အဆင့်ကျော်ပြီး ပိုရှုပ်သွားတာတွေ ဖြစ်နိုင်ပြီး
တော့ သင်တန်းကနေတဆင့်ဆိုရင်တော့ အဲအဆင့်တွေကို 
ကောင်းစွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် 
သင်တန်းကြီးပဲလည်း မလုံလောက်ပါ၊ ကိုယ်တိုင်လေ့လာရုံနဲ့
လည်း မလုံလောက်ပါ။ တခါလေ့လာရုံနဲ့လည်း မလုံလောက်
ပါဘူး။ ဒီတော့ သင်ယူမှုကို အရင်ဆုံးလုပ်ပါလို့ တိုက်တွန်းပါ
ရစေ။ 

❷ Demo Account ဖြင့် စတင်ပါ။
အများအားဖြင့်တော့ Trading စမယ်ဆိုရင် Demo 
Account လေးတော့ အရင်သုံးကြည့်ဖူးကြတဲ့သူတွေပါ။ 
ဒါပေမယ့် Demo Account ကို စနစ်တကျ၊ အကျိုးရှိရှိ 
သုံးတဲ့သူကတော့ အရေအတွက်နည်းမယ်လို့ယူဆပါတယ်။ 
Demo Account ဆိုတာ ကျနော်တို့ FX Life မှာ
အစောဆုံးထိတွေ့ရတဲ့ အကောင့်ဖြစ်သလို အနာဂတ် Fx 
Life အတွက်လည်း Practice Account တခုဖြစ်ပါ
တယ်။ ဒါကြောင့် Demo Account ကို စနစ်တကျသုံး
ပြီး လာမယ် Real Account အတွက် အကျိုးရှိဖို့ရန်
အတွက် 

(i). Demo Account ကို ဖြစ်သင့်သော Deposit ပမာဏနဲ့သာ ဖွင့်လှစ်ခြင်း။
တချို့က Demo Account ကို Virtual Dollar (ငွေ
အစစ်မဟုတ်) သိန်းနဲ့ချီပြီး ဖွင့်ကြပါတယ်။ မဖွင့်ရဘူးလို့ မ
ဆိုလိုပါ။ တကယ် Real Trade တဲ့အခါကျရင် 
Deposit သိန်းချီထည့်ပြီးစမလား? ဆိုတာ ပြန်စဥ်းစားပြီးမှ ဆောင်ရွက်သင့်ပါတယ်။ ဒါကြောင့် Demo Account ကို မိမိ Real Account အတွက် အကူအညီ (Carry) ဖြစ်အောင် စဥ်းစားပြီး အသုံးပြုစေချင်ပါတယ်။

(ii).Demo Account ကို Real Account ကဲ့သို့ သဘောထား၍ အသုံးပြုခြင်း။
Demo Account ဆိုတာ ကျနော်တို့ရဲ့ Money, 
Method, Management (3M) ကို နေရာမှန်
အောင် သုံးစွဲဖို့ လေ့ကျင့်တဲ့ အကောင့်ဖြစ်တဲ့အတွက် 
Demo Account ကိုအသုံးပြုတဲ့အခါ ကိုယ်ရဲ့ 
Strategy, Risk Management, Position 
Sizing စတာတွေကို Real လိုသဘောထားပြီး လေး
လေးနက်နက်တွက်ချက် ဆောင်ရွက်ရပါမယ်။ ဒါမှ Real 
Account ကျရင် အထိုက်အလျောက် အကျိုးခံစားရမှာ
ဖြစ်ပါတယ်။ Demo Account ကို သေချာအသုံးပြု
တောင်မှ Real ကျရင် အပြည့်အဝမခံစားနိုင်သေးပါဘူး။ 
ဒီတော့ Demo Account ကိုဖြစ်သလိုဖွင့်၊ ဖြစ်သလို 
အော်ဒါတွေပေးကြရင်ဖြစ် Demo က Demo, Real 
က Real ဖြစ်ပြီး Demo နဲ့ ဘယ်လောက်ပဲ လေ့ကျင့်
နေပါစေ။ Real အတွက် အကျိုးမရှိပါဘူး။

(iii). Risk ခံနိုင်ရည်ကို ကြိုတင်စဉ်းစားထားပါ။
အထက် နံပါတ် i မှာပြောသလိုပါ။ ကိုယ်ဆုံးရှုံးခံနိုင်တဲ့ 
ပမာဏကို ကြိုတင်စဉ်းစားထားရမယ်။ မနိုင်မနင်းတွေ 
အရောင်းအဝယ်လုပ်၊ မားကတ်ကလှုပ်ခတ်၊ SL ကသေချာမ
ထား၊ SL ကထိခါနီး၊ ငွေကထပ်ဖြည့်ချင်၊ ဘယ်လိုလုပ်ရမ
လည်း မသိ စတာတွေက မကောင်းတဲ့ အလေ့အကျင့်တွေဖြစ်
ပါတယ်။ အဲဒီအချက်တွေကလည်း ကိုယ်ရဲ့ ဗဟုသုတ၊အတွေ့
အကြုံ၊ ရင်းနှီးမြုပ်နှံမှုရဲ့ ရည်ရွယ်ချက်စတာတွေပေါ်မူတည်
တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံနဲ့ရင်းရတဲ့လုပ်ငန်း၊ ရေရှည်
သွားမယ့် ဒီခရီးအတွက် တပွဲထိုးဆိုတဲ့ စိတ်ကိုဖျောက်ပြီး 
ဖြေးဖြေးမှန်မှန် ရာသက်ပန်ဆိုတဲ့အတိုင်း ခရီးဆက်ဖို့ လိုအပ်
ပါမယ်။

❸ မလိုအပ်တဲ့ ငွေပိုငွေလျှံအနည်းငယ်ကိုသာ အသုံးပြုပါ။
ဒီအချက်က Forex Trading လုပ်တော့မယ့်သူတွေ
အတွက် နံပါတ် (၁) စည်းမျဉ်းတစ်ခုအဖြစ် မှတ်သားသင့်ပါ
တယ်။ မလိုအပ်တဲ့ ငွေပိုငွေလျှံဆိုတာက နေ့စဉ်စားဝတ်နေ
ရေးကိစ္စတွေကို မထိခိုက်စေဘဲ ရင်းနှီးမြုပ်နှံလို့ရတဲ့ ငွေကို
ပြောတာမျိုးပါ။ ရှိတာတွေ ပေါင်နှံ၊ ရောင်းချပြီး ရင်းနှီးမြုပ်နှံ
မှု ဘယ်သောအခါမှ မလုပ်ရပါဘူး။ Forex Trading ဟာ
လည်း စီးပွါးရေးလုပ်ငန်းတစ်ခုပဲဖြစ်တယ်။ ဒါကြောင့်မို့ သူ
မှာလည်း Risk ရှိပါတယ်။ ငွေပိုငွေလျှံကိုတောင်မှာ နည်း
စနစ်ကျကျ ရင်းနှီးမြုပ်နှံဖို့ လိုပါတယ်။ ဒီလိုနည်းစနစ်ကျကျ
ထဲမှာ လိုအပ်တဲ့ ပညာသင်ကြားမှုမှာ ပထမဆုံးသုံးစွဲခြင်း၊ 
Demo Account, Cent Account များဖြင့် လေ့
ကျင့်ခြင်း၊ ရည်မှန်းထားတဲ့ အရင်းအနှီးရဲ့ (၃)ပုံမှာ ( ၁ )ပုံ
ခန့်ဖြင့်သာ စတင်ရင်းနှီးမြုပ်နှံခြင်းစတာတွေအတိုင်း နမူနာပြု
ပြီး ရင်းနှီးမြုပ်နှံရမှာဖြစ်ပါတယ်။ ပညာသင်ကြားမှုမှာလည်း 
လေးလေးနက်နက် ထိထိရောက်ရောက် စိတ်အားပါပါနဲ့ လေ့
လာသင်ကြားရမယ်။ Demo Account, Cent 
Account များနဲ့ လေ့ကျင့်တဲ့အခါမှာလည်း တကယ့် 
Real အကောင့်လို နည်းစနစ်ကျကျ၊ စည်းကမ်းရှိရှိ၊ အတိ
အကျလိုက်နာဆောင်ရွက်မှသာ ယင်းအလေ့အကျင့်က 
Real Trading အတွက် အထိုက်အလျောက် (Carry) 
ရစေမှာဖြစ်ပါတယ်။ 

❹ Stoploss(SL) ကို မဖြစ်မနေထားပါ။
Stoploss ထားခြင်းဖြင့် ကြိုတင်သတ်မှတ်၊ ‌ဆုံးဖြတ်ထား
သော အရှုံးခံနိုင်သော ပမာဏရောက်ရင် မားကတ်ထဲကနေ 
အလိုအလျောက်ထွက်ပေးမှာဖြစ်ပါတယ်။ Stoploss ကို 
ထားခြင်းဖြင့် အရှုံးကိုကန့်သတ်ပြီးဖြစ်သလို၊ မမျှော်လင့်
သော မားကတ်အခြေအနေများမှာလည်း သတ်မှတ်ထားတဲ့ 
ပမာဏထက်ပိုပြီး မရှုံး၊ အကောင့်မပြုတ်သွားအောင် တား
ဆီးပေးနိုင်မှာလည်းဖြစ်ပါတယ်။ အရေးကြီးတဲ့ တချက်တော့ 
Stoploss က အာမခံချက်တခုမဟုတ်ဘူးဆိုတာပါ။ ဘာ
လို့လည်း? တခါတရံ Stoploss ထားပေမယ့် ကျော်ထွက်၊ ချော်ထွက်သွားတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဒါမျိုးကို
တော့ Slippage လို့ခေါ်တာပေါ့။ ဒီလို Slippage အခြေ
အနေမှာ Stoploss က သတ်မှတ်ထားသလို အလုပ်မလုပ်
နိုင်တော့ဘူး။ မားကတ်ရဲ့ လှုပ်ရှားမှုကို သူက အချိန်ကိုက်
လိုက်မတုန့်ပြန်နိုင်ဘူးဖြစ်သွားတဲ့သဘောပေါ့။ ဒါပေမယ့် အဲ
လိုဖြစ်တတ်လို့ မထားရဘူးမဟုတ်ပါဘူး။ ကိုယ်ယူမယ့် 
Risk ပမာဏကို သတ်မှတ်ပြီး မဖြစ်မနေကို Stoploss 
ထားရမယ်။ Stoploss ထားနည်းတွေ အိုင်ဒီယာတွေလည်း များစွာရှိပါတယ်။ 
(ဆက်လက်ဖေါ်ပြပေးပါမည်)

အားလုံးကျန်းမာ၊ သုတပြည့်ဝကြပါစေ 

Post အားလုံးဖတ်ရန်

No comments:

Post a Comment