Monday, March 20, 2023

Trading သမား အမှား (၃) ဖြာ


ဒီနေ့တော့ Trading Psychology နဲ့ပတ်သက်ပြီးမျှဝေပါရစေ။ Trading သမား (Traders) တွေတော့ သိကြမှာပါ။ Trading မှာ Psychology က တခြားအရာထက် ပိုပြီးအရေးကြီးတယ်ဆိုတဲ့အကြောင်းပါ။ 

ဒီစာမှာတော့ Psychology နဲ့ပတ်သက်ပြီး မှားလေ့ရှိကြတဲ့ အမှား (၃) ခုကို ဆွေးနွေးပေးပါမယ်။ 
တနည်းအားဖြင့် 3 Common Psychological Mistakes ပေါ့။ 
Psychology ကို Psychology လို့ခေါ်တာပိုကောင်းလိမ့်မယ် ထင်တယ်နော်။ ဒါမှမဟုတ် မြန်မာလိုပြောရင်တော့ စိတ်နေစိတ်ထားပေါ့။ 
ဒီတော့ Traders တွေမှားလေ့ရှိကြတဲ့ စိတ်နေစိတ်ထားအမှား (၃) ဖြာကတော့.....

(၁) FOMO (Fear of Missing Out)
လွဲမှာ၊ နောက်ကျမှာကြောက်တဲ့စိတ်ပါ။ ဒီစိတ်မျိုးက လောဘ
နဲ့ယှဉ်ပြီးဖြစ်လာတဲ့ စိတ်နေစိတ်ထားလို့ ပြောလို့ရပါတယ်။ “ဒီအချိန်မှမဝင်လိုက်ရရင် အခွင့်အရေးထပ်မလာတော့ဘူး”တို့၊ “ဒီတကြိမ်နောက်ကျသွားရင် နောက်ဒါမျိုးထပ်ရဖို့ မလွယ်ဘူး”တို့စသဖြင့် ကိုယ်မြင်တာ၊ ကြားတာကို “တသက်မှာတခါသာကြုံတဲ့ အခွင့်အရေးကြီးလို”သဘောထားပြီး အရောင်းအဝယ်လုပ်မိစေတဲ့ စိတ်နေစိတ်ထားမျိုးပါ။ 
ဒီလိုစိတ်မျိုးဝင်သွားရင် Over Trade လုပ်မိတာ၊ မြင်သမျှ Trade မိတာ၊ Risk Rules တွေကနေ ရှောင်ဖယ်မိတာတွေ ဖြစ်လာနိုင်ပါတယ်။ 
ပြောရရင် အခွင့်အရေးဆိုတာ တကြိမ်တည်းမလာပါဘူး။ အထူးသဖြင့် History Repeating Itself လို့ တဆာဆာအော်ပြီး အခွင့်အရေးလက်လွတ်မှာကြောက်လို့ မြင်သမျှ Trade နေရင် Forex Trader အစစ်မဟုတ်နိုင်တော့ပါဘူး။ 
ဒီတော့ FOMO ကင်းစေဖို့ ကိုယ့်ကိုကိုယ်သာ တာဝန်ယူပါ။ အထူးသဖြင့် FOMO ဝင်စေတဲ့ အခြားသူတွေရဲ့ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေ၊ အမြတ်ရကြောင်း Screen Shot တွေ၊ မစားရဝခမန်းကြော်ငြာတွေနဲ့ ဝေးဝေးနေဖို့ လိုပါတယ်။

(၂) Revenge (လက်စားချေခြင်း)
Traders တိုင်း တခါမှမရှုံးဘူးတဲ့သူဆိုတာမရှိနိုင်ပါဘူး။ 
အရှုံးကို သင်ခန်းစာယူပြီး ရှေ့ဆက်တဲ့သူတော့ နည်းနိုင်ပါ
တယ်။ လူတိုင်းအမှားနဲ့ မကင်းနိုင်ဘူးပေါ့။ Trading မှာ
လည်း ရှုံးရင်းကနေ ဖြစ်လာတဲ့ နောက်ထပ် 
Psychological Mistake တခုက Revenge လို့
ခေါ်တဲ့ လက်စားချေခြင်းပါ။ ဘယ်လိုလည်းဆိုတော့ "ရှုံးတာ
တွေကို ပြန်ရအောင် ယူမယ်တို့" "အရှုံးကိုပြန်ကာမိအောင်လုပ်မယ်" တို့ဆိုတဲ့ စိတ်မျိုးနဲ့ အရောင်းအဝယ်ထပ်လုပ်ကြ
တာပါ။ သာမန်အားဖြင့် အရှုံးကြောင့် ဖြစ်လာတဲ့ အားတခုကို မှန်မှန်ကန်ကန်အသုံးချပြီး ရှုံးတာကို ပြန်ယူမယ်ဆိုတဲ့ အထိတော့ မှန်ပါသေးတယ်။ 
ဒီမှာတော့ အဲလိုမဟုတ်ဘဲ Revenge သဘောဝင်လာပြီး 
ရှေ့ကမှားခဲ့ ရှုံးခဲ့သလောက်ကို တကြိမ်တည်း ပြန်ယူမယ်ဆို
ပြီး (Out of Logic) Risk Rules တွေက ဖယ်ခွါကာ 
စိတ်ခံစားမှုနဲ့အရောင်းအဝယ်လုပ်ကြတော့ ပိုဆိုးတဲ့ဆီရောက်
ကုန်ပါတယ်။ ဥပမာ.. အရှေ့က (၅) ခါရှုံးတယ်။ ( ၅% )ရှုံး
တယ်ဆိုပါစို့၊ (၆) ခါမြောက်မှာ လက်စားခြေမယ်ဆိုပြီး အရှုံး
ကာမိအောင် (၅%) Risk ယူပြီးလုပ်လိုက်တာ၊ ထပ်ရှုံးတော့ (၁၀%) ကုန်ရောပေါ့။ 
ဒီလို Revenge Trading မဖြစ်ဖို့ စကတည်းက Risk 
ကိုသေချာတွက်ချက်ပြီးဆောင်ရွက်ခြင်း၊ Logic မှန်နောက်
ပဲလိုက်ပြီး Emotion နောက်ကိုမလိုက်ခြင်း၊ နေ့စဉ် သို့မ 
ဟုတ် Trade အကြောင်းတိုင်းမှာ ငွေရှာဖို့/အမြတ်ရဖို့ဆိုတဲ့ 
စိတ်မျိုးကို ဖျောက်ဖို့လိုပါတယ်။

(၃) Gambler's Fallacy
Fallacy ဆိုတာအယူအဆမှား (Wrong Logic / Faulty Reason) ကိုဆိုလိုတာပါ။ ဒီတော့ Gambler's Fallacy ကို ‌လောင်းကစားသမားရဲ့ လော
ဂျစ် သို့မဟုတ် လောင်းကစားသမားရဲ့ အယူအဆမှားလို့ဆို
နိုင်ပါတယ်။ သူကဘယ်လိုမှားနေလည်းဆိုတော့ .. အရှုံးပြီး
ရင် အမြတ်လာတော့မယ်ဆိုတဲ့ အယူအဆအမှားမျိုးကို 
လက်ကိုင်ထားနေတာ။ 
ခေါင်းပန်းလှန်တဲ့ ကစားနည်းကို ဥပမာ.. ကြည့်ရအောင်၊ ဒီ
နည်းက ဘယ်ချိန်လှန်လှန်ခေါင်းနဲ့ပန်းကျနိုင်ချေက 50/50 
ပဲရှိပါတယ်။ အကြိမ် (၁၀၀) လှန်ပြီးလို့ (၉၉) ကြိမ်ထိက 
ပန်းတွေချည်းကျလို့ဆိုပြီး နောက်ဆုံးတကြိမ်မှာ ခေါင်းကျနိုင်
တဲ့ ရာခိုင်နှုန်း (Probability) က တိုးမလာပါဘူး။ 
ဘယ်နှစ်ကြိမ်လှန်ပြီးပြီး ခေါင်းနဲ့ပန်းကျနိုင်ချေက အတူတူ 50/50 သာရှိပါတယ်။ ဒါကိုမှာ လောင်းကစားသမားလော
ဂျစ်က အဲလိုမမြင်ပါဘူး။ သူမြင်တာက ပန်းကြီးပဲ (၉၉) 
ကြိမ်ကျပြီးပြီးမို့လို့ ပန်းကျဖို့ပိုများ၊ ပန်းပဲကျတော့မယ်ဆိုပြီး 
မြင်ပါတယ်။ 
Trading မှာလည်း ထိုသဘောပါ။ အရှေ့မှာ ဘယ်လောက်
ရှုံးရှုံး၊ မြတ်မြတ် ဖြစ်လာခဲ့ပါစေ၊ သူ့နောက်မှာ ထပ်လုပ်တဲ့ 
အသစ်အသစ်သော အရောင်းအဝယ်တိုင်းဟာ မြတ်မယ်လို့ 
အပိုင်ပြောလို့မရပါဘူး။ ဒီတော့.. Trading လုပ်ရင် ဒီလို 
Gambler’s Fallacy မျိုးမဖြစ်အောင် "Trade တစ်
ကြောင်းဆီကို လွတ်လပ်စွာချဉ်းကပ်ဖို့နဲ့ သူ့အရှေ့က ပြီးခဲ့တဲ့ 
Trade တွေနဲ့ ယှဉ်တွဲမစဉ်းစားမိဖို့ လေ့ကျင့်ရင်း" 
ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အရှေ့မှာ ( ၉) 
ကြောင်းတောင် ( SL) ထိခဲ့တယ် ဒီတကြောင်းကတော့ 
သေချာပေါက်မြတ်မယ့်အကြောင်းဆိုတဲ့ စိတ်၊ ရှေ့မှာ 
၉ကြောင်းလုံးက မြတ်ခဲ့တယ်၊ ဒီနေ့တော့ ငါ့နေ့ပဲ ဆိုတဲ့ စိတ်
မျိုး မွေးထားမယ်ဆိုရင်တော့ something wrong ပါ။။ အဲလိုစိတ်မျိုးလည်း မမွေးသင့်ပါဘူး။ 

အချုပ်အားဖြင့်တော့ အထက်က ( ၃ ) ချက်ကို ဖတ်မှတ်
နားလည်ပြီးရင် မေတ္တာစကားဖြစ်တဲ့ "Forex Market is NOT a Place for Weak Emotional People" ကို ထပ်ခါထပ်ခါ နှလုံးသွင်းစေလိုကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။

Warning ⚠️ (အထူးသတိပေးတားမြစ်ချက်)
FX Trading လုပ်ငန်းသည် High Risk More Profit ဖြစ်သောကြောင့် လူတိုင်းနှင့် မသင့်တော်ပါ။ မိတ်ဆွေများ ဗဟုသုတ အလို့ငှာ တင်ပြခြင်းဖြစ်ပြီး FX Trading တွင် မိတ်ဆွေအနေဖြင့် ၀င်ရောက် ရင်းနှီးလုပ်ကိုင်မည် ဆိုပါက မိတ်ဆွေ၏ စီးပွားရေးနှင့် စား၀တ်နေရေး အတွက် ထိခိုက်နိုင်သော ငွေကြေးရင်းနှီး မြုပ်နှံမှု ကို ရှောင်ရှားသင့်ပြီး မိမိအနေဖြင့် ရင်းနှီးလုပ်ဆောင်မည် ဆိုပါက ဆုံးရှုံးခံနိုင်သော ငွေပမာဏဖြင့်သာ လုပ်ဆောင်သင့်ပြီး ငွေပူ မဖြစ်ရန် အထူးလိုအပ်ပါသည်။


Post အားလုံးဖတ်ရန်

No comments:

Post a Comment