Thursday, December 23, 2021

ငွေလဲနှုန်းကို ရိုက်ခတ်စေမယ့် အကြောင်းအရင်းများ

နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးကို ရေတိုမှာ၊ ရေရှည်မှာ မာစေမယ့် ဒါမှမဟုတ် ပျော့စေမယ့် အကြောင်းအရင်း အများအပြားရှိပါတယ်။ အောက်ပါအကြောင်းအရင်းတွေကတော့ နိုင်ငံတစ်ခုရဲ့ ငွေကြေးကို ရိုက်ခတ်စေမယ့် အဓိက အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ 

အတိုးနှုန်း။ ။ ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ အတိုးနှုန်းတက်လာရင် ငွေကြေးအတွက် ဝယ်လိုအားနဲ့ ငွေးကြေးတန်ဖိုးတွေ တက်လာပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီငွေကြေးကို ပိုင်ဆိုင်သူတွေဟာ ဒီငွေကြေးအတွက် အကျိုးအမြတ် ပိုပေးရတာကြောင့်ပါပဲ။

အစိုးရ ဘက်ဂျက်လိုငွေ။ ။ အစိုး ဘက်ဂျက်လိုငွေ များနေပြီဆိုရင် အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ပျော့လာမှာဖြစ်ပြီး လိုငွေနည်းနေရင်တော့ မာလာမှာဖြစ်ပါတယ်။

ကုန်သွယ်မှုမျှချေ။ ။ နိုင်ငံတွေကြားက ကုန်သွယ်မှုမှာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ အတွက် ဝယ်လိုအားကိုဖြစ်စေပြီး အခြားတစ်ဘက်ကကြည့်ရင် ဒီလိုကုန်သွယ်မှု လုပ်ဖို့အတွက် နိုင်ငံတစ်ခုရဲ့ ငွေကြေးအတွက် ဝယ်လိုအားကို ညွှန်ပြနေပါတယ်။ ဒါ့ကြောင့် ကုန်သွယ်မှုမျှချေမှာ ကွာဟမှု မြင့်တက်လာမယ်ဆိုရင် နိုင်ငံတစ်ခုရဲ့ ငွေကြေးကို ပျော့သွားစေမှာ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွခြင်း။ ။ နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှုအခြေအနေ မြင့်လာပြီဆိုရင် ဒါမှမဟုတ် ငွေကြေးဖောင်းပွမှု မြင့်လာမယ်လို့ ယူဆရပြီဆိုရင် အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးဟာ ကျသွားပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ပစ္စည်းတွေဟာ ဈေးပိုကြီးလာပြီး ငွေကြေးအတွက် ဝယ်လိုအားဟာလည်း ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုကိုတုံ့ပြန်ဖို့ ဗဟိုဘဏ်က အတိုးနှုန်းတက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိတာကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာပေမယ့် တစ်ခါတစ်ရံမှာ ငွေကြေးတန်ဖိုး မာနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ 

စီးပွားရေးတိုးတက်မှု။ ။ GDP၊ အလုပ်ရရှိမှု၊ အလုပ်လက်မဲ့နှုန်းနဲ့ လက်လီရောင်းချမှုနှုန်းတွေက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ တောင့်တင်းမှုကို အသေးစိတ်ဖော်ပြနေပါတယ်။ ယေဘုယျအားဖြင့်တော့ တိုင်းပြည်ရဲ့စီးပွားရေး တောင့်တင်းပြီး တက်လာလေလေ၊ အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုးက ပိုကောင်းလာလေလေဖြစ်ပြီး ငွေကြေးဝယ်လိုအားတွေလည်း ပိုပြီး ရှိလာမှာ ဖြစ်ပါတယ်။ 

နိုင်ငံရေးအခြေအနေ။ ။ ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ နိုင်ငံရေးအခြေအနေတွေနဲ့ အဖြစ်အပျက်တွေကလည်း ငွေကြေးဈေးကွက်အပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိနိုင်ပါတယ်။ အစိုးရ ကသောင်းကနင်းဖြစ်တာ။ အခုလက်ရှိ ဒါမှမဟုတ် နောက်တက်လာမယ့် အာဏာရပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီ၊ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြား တင်းမာမှု၊ ထိပ်တိုက်တွေ့မှု အန္တရာယ်တွေ မြင့်တက်လာတာ စတဲ့ အခြေအနေတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါတယ်။ 

No comments:

Post a Comment

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...