ကျွန်တော်တို့အားလုံးမှာ အိပ်မက်ရူပါရုံတွေ ရှိပါတယ်။ အတွေးထဲမှာ သင့်ကိုယ်သင်၊ သင့်မိသားစု၊ သင့်အနာဂတ်အတွက် ပုံဖော်ထားတာတွေ ရှိမှာပါ။ မေးခွန်းက သင့်ပုံဖော်မှုက ဘယ်လိုပုံစံလဲ။ သင့်ကိုယ်သင် အမြင့်ရောက်နေတာ၊ အခက်အခဲ ကျော်လွှားနေတာ၊ ကြွယ်ဝသောအသက်တာ ရရှိနေတာကို မြင်နေရဲ့လား။ ဒါမှမဟုတ် သင့်ကိုယ်သင် ရုန်းကန်နေရတာ၊ ရှုံးနိမ့်နေတာ၊ ဆေးစွဲနေတာ၊ အဝ လွန်နေတာ၊ အခွင့်အလမ်းကောင်းတွေ မရတာတွေကို ပုံဖော်နေလား။ သင့်အတွေးထဲမှ ပုံရိပ်တွေက သင်အသက်ရှင်ရမယ့်ဘဝကို ဆုံးဖြတ် သွားမှာပါ။ သင့်ရူပါရုံက ကန့် သတ်ချက်ရှိနေရင် သင့်ဘဝလည်း ကန့် သတ်ချက်ရှိလာမယ်ကျမ်းစာမှာ လူဟာ စိတ်ထင်တဲ့အတိုင်း ဖြစ်တယ် လို (သုတ္တံ ၂၃း၇) ပြောထားတယ်။
သင့်အိပ်မက်မပြည့်စုံခင်မှာ သင့်ကိုယ်သင် အိပ်မက်ပြည့်စုံ နေတာကို မြင်တတ်ရမယ်။ ဒါကို ပုံဖော်မြင်တတ်ရမယ်။ ရာထူး မတိုးခင်၊ မကောင်းတဲ့စွဲလမ်းမှုကို မဖြတ်နိုင်ခင် သင့်အတွေးထဲမှာ ရာထူးတိုးနေမှုမကောင်းတဲ့စွဲလမ်းမှုကိုဖြတ်တောက်နိုင်မှုကိုမြင်တတ်ရမယ်။ သင့်ရူပါရုံ အတွက် ဒီပုံဖော်မှုက သင့်စိတ်ဝိညာဉ်ထဲကို ရောက်ရှိရုံမက မသိစိတ် ထဲကိုလည်း ဝင်ရောက်သွားမှာပါ။ တစ်စုံတစ်ခုက မသိစိတ်ထဲရောက် လာရင် ဒါကို သင်ကစဉ်းစားနေစရာမလိုပဲ သင့်ကို ဆွဲခေါ်သွားမှာပါ။
လူအများစုရဲ့ မသိစိတ်ထဲမှာ မကောင်းတဲ့ပုံရိပ်တွေ ရှိနေကြ တယ်။ ကိုယ့်ကိုယ်ကို အားနည်းတာ၊ ရှုံးနိမ့်တာ၊ နိမ့်ကျတာလို့ မြင်နေ ကြတယ်။ အမြဲရုန်းကန်နေရတယ်။ .. ကိုယ့်ကိုယ်ကို ... ဘယ်တော့မှ အားမရကြဘူး။ ဒါဟာ မကောင်းတဲ့ပုံရိပ်တွေကြောင့်ပါ။ ဒီပုံရိပ်တွေကို ပြောင်းလဲပြီး ဘုရားက သင့်ကိုမြင်တဲ့အတိုင်း ကောင်းချီးခံစားရတာ၊ ကြွယ်ဝတာ၊ ကျန်းမာတာသန်စွမ်းတာ၊ အရည်အချင်းရှိတာ၊ အော မြင်တာကို မြင်ကြည့်လိုက်ပါ။ ဒါဆိုရင် ကောင်းချီးမင်္ဂလာ၊ ကောင်းမြတ် ခြင်း၊ ရာထူးတိုးချီးမြှောက်ခြင်းကြွယ်ဝခြင်းဆီ သင်ရွေ့ လာမှာပါ။
ကျမ်းစာမှာ ရူပါရုံမရှိရင် လူတွေက အကျိုးနည်းကြတယ်လို့ (သုတ္တံ ၂၉း၁၈) ပြောထားတယ်။ ငွေမရှိရင်၊ အခွင့်အလမ်းမရှိရင်၊ အရည်အချင်းမရှိရင် အကျိုးနည်းတယ်လို့ မပြောထားဘူး။ ရူပါရုံမရှိ ခြင်းက ကျွန်တော်တို့ ကို ကန့် သတ်သွားမှာ။ အိပ်မက်မက်ရဲပါ၊ ကြွယ်ဝ သော အသက်တာအတွက် ကြီးမားသောရူပါရုံထားရှိပြီး ပြည့်စုံ ရမယ်လို့ ဘုရားအပေါ် ယုံကြည်ပါ။ ဘယ်လိုဖြစ်လာမလဲဆိုပြီး အဖြေ ရှာစရာမလိုဘူး။ သင်လုပ်ရမှာက ယုံကြည်ခြင်းရှိဖို့ပဲ။ ဘုရားကောင်း မြတ်ခြင်း တိုထိမှုတစ်ခုက ဘယ်အိပ်မက်မဆို ပြည့်စုံနိုင်ပါတယ်။ အပြင်မှာ လက်တွေ့ ဖြစ်မလာခင် အတွင်းထဲမှာ မြင်တတ်ဖို့ လိုပါမယ်။
ဒီစာမျက်နှာတွေကို ဖတ်ရှုနေရင်း သင့်ဘဝအတွက် ကြွယ်ဝ သောစိတ်ထားကို ထားရှိတတ်ဖို့.. ကျွန်တော်ကူညီပါမယ်။ မကြာမီ တစ်နေ့မှာတော့ သင့်အိပ်မက်တွေပြည့်စုံလာပြီး ... သင့်ရူပါရုံလည်း လက်တွေ့ ဖြစ်လာမှာပါ။
အခန်း (၁)
ကြွယ်ဝသော စိတ်ထားရှိပါ
သင့်ဘဝအတွက် ဘုရားအိပ်မက်ကတော့ သင်ဟာ ကောင်းချီး ခံစားရပြီး အခြားသူတွေအပေါ် ကောင်းချီးဖြစ်စေဖို့ပါပဲ။ ဒါဝိဒ်က “အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏” လို့ပြောထားတယ်။ ဘုရားက ပြည့်လျှံသောဘုရားပါ။ ဒီမှာအဓိကအချက်က - သင့်အနေနဲ့ ချို့တဲ့မှု၊ မလုံလောက်မှု၊ ရုန်းကန်မှုတွေကို တွေးနေရင်တော့ ကြွယ်ဝ လာဖို့ မမျှော်လင့်ပါနဲ့။ အချိန်အတော်ကြာ ဖိအားတွေ ခံစားပြီး စားသောက်ဖို့ ခက်ခဲလာတဲ့အခါ ကန့် သတ်ချက်စိတ်ထားက ပေါ်ထွက် လာတတ်ပါတယ်။ “ငါတော့ ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်တော့မှာ မဟုတ်တော့ဘူး။ ငါ့သားသမီးတွေကို ကျောင်းထားနိုင်ဖို့ ငွေကြေး အလုံအလောက်ရှိမှာ မဟုတ်တော့ဘူး” လောလောဆယ် လက်ရှိ နေရာမှာ သင်ရှိနေပေမယ့် အဲဒီမှာပဲ ဆက်နေဖို့မဟုတ်ပါဘူး။
ဘုရားက ကြွယ်ဝပြည့်စုံသော အနန္တတန်ခိုးရှင်ဘုရားပါ။ လုံလောက်ရုံမျှ၊ ကျော်ဖြတ်နိုင်ရုံမျှ ဘုရားမျိုး မဟုတ်ဘူး။ ဘုရားက ပြည့်လျှံသော ဘုရား၊ ကြွယ်ဝတိုးပွားသော ဘုရားပါ။
ဆာလံ ၃၅ မှာ “ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက် တော်မူသော ထာဝရဘုရားသည် … ဘုန်းကြီးတော်မူစေသတည်းဟု သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော” လို့ပြောထားတယ်။
သူတို့က အစဉ်မပြတ် “ဘုရားက ငါ့ကိုချမ်းသာတိုးပွားစေချင်အမျိုး လို. ပြောနေကြတာပါ။ ဒါဟာ ကြွယ်ဝသော စိတ်ထားမျိုးရှိသည် ဖြစ်လာပါတယ်။ သင့်ဘဝက အစဉ်မပြတ် သင်တွေးတောတဲ့အရားနဲ့ သွားနေပါတယ်။ ချို့တဲ့မှု၊ မလုံလောက်မှု၊ ရုန်းကန်မှုတို့ကို အစဉ်မပြတ် တွေးနေရင်တော့ မှားယွင်းတဲ့အရာဆီ သင်သွားနေမှာပါ။ တစ်နေ့လုံး ပြည့်လျှံမှု၊ ကြွယ်ဝမှု၊ ဘုရားက ငါ့အပေါ် ချမ်းသာတိုးပွားစေချင်တယ် အတွေးမျိုးကို ထားရှိပါ။
မလုံမလောက်လုံလောက်ရုံမျှ၊ ပိုလျှံမှု
ကျမ်းစာမှာ ဣသရေလလူတွေက နှစ်ပေါင်းများစွာ ကျွန်ခံခဲ့ရ ပါတယ်။ ဒါဟာ မလုံမလောက်နေရာပါ။ သူတို့ က ဒုက္ခတွေကို အောင် နေခဲ့ရတယ်။ တစ်နေ့ တော့ ဘုရားက သူတို့ ကို ကျွန်အဖြစ်မှ ကယ်တင် ခဲ့ပြီး ကန္တာရထဲ ခေါ်ဆောင်ခဲ့တယ်။ ဒါဟာ လုံလောက်ရုံမျှနေရာပါ။ လိုအပ်ချက်တွေ ပြည့်စုံရုံမျှဖြစ်ပြီး ပိုလျှံခြင်းမရှိခဲ့ဘူး။ နှစ်ပေါင်း ၄ဝ သူတို့အဝတ်အစားတွေက မဟောင်းနွမ်းခဲ့ဘူးဒါ့ကြောင့် သူတို့က ကျေးဇူးတင်ကြမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ လက်ရှိအဝတ် တွေကို နှစ်ပေါင်း ၄၀ အထိ ထပ်မဝတ်ချင်ပါဘူး။ ဝတ်ကိုဝတ်ရမယ် ဆိုရင်လည်း ကျွန်တော် မညည်းတွားပါဘူး။ ဒါပေမယ့် ဒါဟာ ကြွယ်ဝ သောအရာ မဟုတ်ဘူးလေ။ နောက်ဆုံးမှာ ဘုရားက သူတို့ကို ကတိ တော်ထားတဲ့ပြည်ထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါဟာ ပိုလျှံသောနေရာ ပါ။ အစားအစာပေါများတယ်။ စပျစ်ခိုင်တွေက ကြီးမားလွန်းလို့ လူ ၂ ယောက်တောင် သယ်ဆောင်ရတယ်။ နို့ နဲ့ ပျားရည် စီးဆင်းသောပြည် လို့ တောင် ခေါ်ဆိုကြတယ်။ စီးဆင်းတယ်ဆိုတာ ရပ်တန် မှုမရှိတာပါ။ ကုန်ခမ်းသွားတာမျိုး မရှိဘူး။ အစဉ်မပြတ် တိုးပွားချမ်းသာနေတာပါ။ အဲဒီနေရာကို ဘုရားက သင့်ကိုခေါ်ဆောင်နေတာပါ။
သင့်အနေနဲ့ မလုံမလောက်နေရာကို ရောက်ရှိနေမယ်။ နောက်အပတ်ထဲ ဘယ်လိုဖြတ်ကျော်ရမလဲ မသိဘူး။ မစိုးရိမ်ပါနဲ့။ ဘုရားက သင့်ကိုမမေ့ပါဘူး။ ဘုရားက လယ်ကွင်းထဲက တောနှင်းပင် တွေကို အဝတ်ပေးတယ်၊ မိုးကောင်းကင်က ဌက်တွေကို ကျွေးမွေးတယ်။ သင့်ကိုလည်း ဘုရားက စောင့်ရှောက်မှာပါ။
သင့်အနေနဲ့ လုံလောက်ရုံမျှနေရာကို ရောက်နေမယ်။ လိုအပ် ချက်တွေ ပြည့်စုံတယ်။ သင်က ကျေးဇူးတင်တယ်။ ဒါပေမယ့် အပို အလျှံတော့ သင့်မှာမရှိဘူး။ သင့်အိပ်မက်တွေ မပြည့်သေးဘူး။ ဘုရား က ပြောနေတယ် “မင်းကိုအသက်မှုတ်သွင်းထားတာ မလုံမလောက် နေရာမှာ နေဖို့မဟုတ်ဘူး။ မင်းကိုဖန်ဆင်းခဲ့တာ လုံလောက်ရုံမျှ နေရာမှာ နေဖို့မဟုတ်ဘူး” ဒီနေရာတွေက အခိုက်အတန့် စမ်းသပ် မူတွေပါ။ အမြဲတစေ နေဖိုမဟုတ်ဘူး။ အထိုင်မချနဲ့အုန်း။ ဒါကို ကျော်ဖြတ်ရမယ်။ ဒါဟာ ယာယီပဲ။ သင့်အတွက် ကတိတော်ထားတဲ့ ပြည်ရှိတယ်။ ဘုရားက သင့်အတွက် ချမ်းသာတိုးပွားသော၊ ပိုလျှံသော၊ အထောက်အပံ့တွေ အမြဲစီးဆင်းနေသော နေရာရှိတယ်။ သင်က အမြဲ ပိုလျှံသွားမှာပါ။
သင်က မလုံမလောက်နေရာမှာရှိနေရင် အဲ့မှာပဲ အထိုင်မချ လိုက်နဲ့ ။ အဲဒီနေရာက သင့်တည်နေရာပါ။ သင့်ဖြစ်တည်မှု မဟုတ်ဘူး။ သင်က အမြင့်ဆုံးသောဘုရားရဲ့ သားသမီးပါ။ ဘာပဲဖြစ်နေဖြစ်နေ ကြွယ်ဝသော စိတ်ထားကို ထားရှိပါ။ သင့်ကိုယ်သင် “ဘုရားက ငါ့ကို ချမ်းသာတိုးပွားစေချင်တယ်။ ငါက အမြီးမဟုတ်၊ ဦးခေါင်းပါ” လို့ အမြဲ သတိပေးပါ။
ကျမ်းစာမှာ “ဘုရားသခင်သည် ဘုန်းအာနုဘော်၌စံပယ်တော် မူသော စည်းစိမ်ရှိသည်အတိုင်း သင်တို အလိုရှိသမျှတို့ကို ယေရှုခရစ် အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်” (ဖိ ၄း၁၉) လို့ပြောထားတယ်။ မကြာခဏ ကျွန်တော်တို့က အခြေအနေကိုကြည့်ပြီး “ငါတော့ အရှေ့ မရောက်နိုင်ဘူး။ စီးပွားရေးက မကောင်း။ ငါဘယ်တော့မှ ရုန်းထွက်နိုင်မှာမဟုတ်တော့ဘူး” လို့ တွေးမိတတ်ကြတယ်။ သင့်မှာ ရှိတာနဲ့ မဆိုင်ဘူး။ ဘုရားမှာရှိတဲ့ စည်းစိမ်နဲ့ ဆိုင်တာပါ။ သတင်းကောင်း ဘုရားက အရာအားလုံးကို ပိုင်တယ်။ ဘုရားကောင်းမြတ်ခြင်း တို့ကိ တစ်ခုက သင့်ကို မလုံမလောက်နေရာမှ ပိုလျှံသောနေရာဆီ တွန်းပို ပေးနိုင်ပါတယ်။ ဘုရားက သင့်ဝင်ငွေထက်၊ သင်ခန့် မှန်းထားတာထက် တိုးပွားစေနိုင်သော နည်းလမ်းတွေရှိပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် “ဒါငါ့မှာရှိတာ အကုန်ပဲ။ တဖြည်းဖြည်းချင်း ငါမွဲလာပြီ။ မိဘတွေမှာ လည်း ဘာမှမရှိဘူး” လို့ မပြောပါနဲ့ ။ ဒါတွေကို ပထုတ်ပြီး ကြွယ်ဝသော စိတ်ထားကို ထားရှိပါ။ “ဒီနေရာမှာ ငါအမြဲနေမှာ မဟုတ်ဘူး။ ငါ ကောင်းချီးခံစားရသူကြွယ်ဝသူပိုလျှံသောနေရာဆီ ဦးတည်နေသူပါ" လို့ ပြောပါ။
ပိန်ကပ်သော ဆိတ် (သို) ဆူဖြိုးသော နွား
လူငယ်စုံတွဲတစ်တွဲထံမှ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ သူတို့က လစာနည်းတဲ့မိသားစုကနေ ကြီးပျင်းလာခဲ့ရသူပါ။ ငယ်စဉ် ကတည်းက ချို့ တဲ့မှု၊ ရုန်းကန်မှု၊ အရှေ့ မရောက်နိုင်မှုကို မြင်တွေ့ ခဲ့ရ တယ်။ သူတို့ မိသားစုက ဒါကို လက်ခံပေမယ့် သူတို့ ကတော့ လက်မခံ ပါဘူး။ သူတို့က Lakewood ဘုရားကျောင်းကို တက်ရောက်ကြပြီး မလုံမလောက် စိတ်ထားမျိုး မထားရှိခဲ့ကြဘူး။ ကြွယ်ဝသောစိတ်ထား ရှိခဲ့ကြပြီး ဘုရားက သူတို့ အတွက် ကတိတော်ထားတဲ့ပြည်ရှိမှန်း သိနေ ခဲ့ကြတယ်။ ယုံကြည်ခြင်း ခြေလှမ်းလှမ်းခဲ့ကြတယ်။ ပုံမှန်လစာငွေနဲသူတို့က ကိုယ်ပိုင်အိမ်တစ်လုံးကို ဆောက်ခဲ့ကြတယ်။ ချေးငွေလည်း မယူခဲ့ကြဘူး။ ရှိတဲ့ပိုက်ဆံနဲ့ ကိရိယာတွေဝယ်၊ ဆောက်လုပ်သမားတွေ ဌားခဲ့ကြတယ်။ နှစ်အနည်းငယ်အကြာမှာတော့ လှပတဲ့အိမ်လေးဆီ သူတို့ ပြောင်းရွေ့ နေထိုင်ခဲ့တယ်။ အကြွေးလည်း မရှိဘူး။ မကြာခင်မှာ သူတို့က အဲဒီအိမ်လေးကို တန်ဖိုး ၂ ဆကျော်နဲ့ ရောင်းချခဲ့ကြတယ်။ အမျိုးသမီးဖြစ်သူက “ကျွန်မတို့ ယနေ့လိုမျိုး ကောင်းချီးခံစားရမယ်လို့ မထင်ထားခဲ့ပါဘူး၊ ကျွန်မကဘိုးအဖွားတွေက အိမ်မှာ ဆန်တွေ၊ ပဲတွေရှိရင် လုံလောက်ပြီလို့ အမြဲပြောလေ့ရှိတယ်ဒါပေမယ့် ကျွန်မ ကတော့ တစ်နေ့တော့ အသားစားရမှာပါလို့ သိနေခဲ့တယ်” ဆိုပြီး ပြောပြတယ်။ သင်လည်း ဘုရားဖန်ဆင်းတဲ့အတိုင်း ဖြစ်ဖို့ဆိုရင် သူမ ကဲ့သို့ စိတ်ဆုံးဖြတ်တတ်ရမယ်။ ဆန်၊ပဲလောက်နဲ့ အထိုင်မကျလိုက် ပါနဲ့။ မလုံမလောက်နေရာ၊ လုံလောက်ရုံမျှနေရာမှာပဲ ရပ်တန့် မနေနဲ့။ ပိုလျှံသောနေရာဆီ မရောက်မချင်း ဆက်လက်ဆုတောင်းပါ၊ ယုံကြည် ပါ မျှော်လင့်ပါ၊ အိပ်မက်ထားပါလုပ်ဆောင်ပါ၊ သစ္စာရှိပါ။ ဆန်၊ပဲ ရှိတာက ဘာမှမမှားပါဘူး။ ဒါပေမယ့် ဘုရားက သင့်ကို ပိုပြီး အဝေးရောက်စေချင်တယ်။ သင့်မိသားစုအတွက် ဘုရားက စံချိန်သစ် ချမှတ်စေချင်တယ်။ ဘုရားက ပိုလျှံသောဘုရား၊ လိုတာထက် ပိုသော ဘုရားပါ။
ယေရှုက ပျောက်သောသားအကြောင်း ပြောပြတယ်။ လူငယ် လေးတစ်ဦးက အိမ်ကနေဆင်းပြီး ငွေတွေ၊ အမွေတွေအားလုံးကို ဖြုန်း တီးလိုက်တယ်။ နောက်ဆုံး သူ့ အိမ်ပဲ ပြန်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဖေဖြစ်သူက သားပြန်လာတာကို မြင်တဲ့အခါမှာ ကျွန်တွေကို “ဆူဖြိုး သော နွားကို သတ်ကြ။ ငါတို ့တွေ ပွဲကျင်းပကြမယ်” လို့ပြောတယ်။
အစ်ကိုအကြီးက ဒေါသထွက်ပြီး “အဖေ၊ ကျွန်တော်က အဖေ့အနားမှာ အမြဲရှိနေခဲ့တာတောင် အဖေက ကျွန်တော့်အတွက် ပိန်ကပ်သောဆိတ်တစ်ကောင်တောင် မပေးခဲ့ဘူး” လို့ ပြောခဲ့တယ်။
သင့်ကို ကျွန်တော် မေးပါရစေ။ သင်ကော ဆူဖြိုးသောနွား စိတ်ထားမျိုးရှိနေသလား၊ ဒါမှ မဟုတ် ပိန်ကပ်သောဆိတ် စိတ်ထားမျိုး ရှိနေသလား။ ဆန်၊ပဲလောက်နဲ့ လုံလောက်နေပြီလား။ သင့်အနေနဲ ပေါင်မုန့်နဲ့ရေရှိရင် မလုံမလောက်နေရာမှာ နေလည်းရပါတယ်။ လုံလောက်ရုံမျှနေရာမှာ သည်းခံပြီး နေလည်းရပါတယ်။ အသက်ရှင် နေရုံမျှ အိမ်လခ တတ်နိုင်ရုံမျှပေါ့။ ဒါပေမယ့် ဒါဟာ ဘုရားပေးမယ့် အကောင်းဆုံးအရာမဟုတ်ပါဘူး။ သင့်ကို အသက်မှုတ်သွင်းတဲ့ ကောင်းကင်ဘုံရှင်အဖဘုရားက “မင်းအတွက် ဆူဖြိုးသောနွား ငါ့မှာ ရှိတယ်။ ပိုလျှံသောနေရာမှာ မင်းအတွက် နေရာပြင်ဆင်ထားတယ်" လို့ ပြောနေပါတယ်။
သင့်အနေနဲ့ အရှေ့ မရောက်နိုင်တော့ဘူး၊ကောင်းတဲ့ နေရာမှာ မနေနိုင်တော့ဘူး၊ အိပ်မက်တွေမပြည့်စုံတော့ဘူးလို့ မတွေးပါနဲ့တော့။ ပိန်ကပ်သောဆိတ်ကဲ့သို့ စိတ်ထားမျိုးကို ဖယ်ရှားလိုက်ကာ ဆူဖြိုးသော နွားကဲ့သို့ စိတ်ထားမျိုး စတင်ထားရှိလိုက်ပါ။ ဘုရားက ကောင်းမြတ် ခြင်းတွေကို သင့်အပေါ်မှာ ပြည့်လျှံစီးဆင်းစေချင်ပါတယ်။ သင်မထင် ထားတဲ့ နည်းလမ်းတွေနဲ့ ဘုရားက သင့်ကိုတိုးပွားစေနိုင်ပါတယ်။
ဘုရားကောင်းမြတ်ခြင်း တို့ထိချက်တစ်ခုတယ်
အမျိုးသမီးတစ်ဦးဆီက စာတစ်စောင် ကျွန်တော်လက်ခံရခဲ့ပါ သူမက Single Mother ပါ။ ဥရောပကနေ အမေရိကားကို ရွေ့ ပြောင်းလာခဲ့တာပါ။ အင်္ဂလိပ်စကားက မိခင်ဘာသာစကား မဟုတ်ခဲ့ ပါဘူး။ ကလေး ၃ ယောက်ရှိပြီး ကလေးတွေကို ကောလိပ်ထားဖို့ ဘယ်လိုလုပ်တတ်နိုင်မလဲ။ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း၊ အသိ လည်း မရှိ၊ ကြည့်ရတာ အခြေအနေဆိုးပါတယ်။
သူမက အထင်ကရ တက္ကသိုလ်တစ်ခုမှာ အတွင်းရေးမှုးရာထူး ကို လျှောက်ခဲ့တယ်။ အဲဒီရာထူးကို လူတော်တော်များများ လျှောက်ထား ကြပါတယ်။ ပြိုင်ဘက်တွေကို မြင်တဲ့အခါမှာ မဟုတ်တဲ့အတွေးတွေက သူမရဲ့ စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်။ အဖြစ်ဆိုးချင်တော့ အင်တာ ဗျူးမယ့် အမျိုးသမီးကကြမ်းတမ်းပြီး မတန်မရာဆက်ဆံတယ်။ ဒါပေမယ့် သူမက စိတ်မပျက်ခဲ့ဘူး။ “အလကားဖြစ်ပါပြီ။ ငါ့မှာ အားနည်းချက် တွေရှိတယ်” လို့ နိမ့်ကျတဲ့ စိတ်ထားမျိုး မထားခဲ့ဘူး။ သူမမှာ ဆူဖြိုးသော နွားကဲ့သို့ စိတ်ထားမျိုးရှိခဲ့တယ်။ သူမဆီမှာ နည်းလမ်းမရှိပေမယ့် ဘုရားဆီမှာ နည်းလမ်းရှိကြောင်း သိနေခဲ့တယ်။
အလုပ်လျှောက်သူအားလုံးက ၅ မိနစ် စာစီစာရိုက် စာမေးပွဲကို ဝင်ဖြေရတယ်။ သူမက စာစီစာရိုက် မမြန်ပါဘူး။ အတတ်နိုင်ဆုံး ရိုက် ပေးခဲ့တယ်။ ၅ မိနစ် ခေါင်းလောင်းထိုးတော့ သူမက ရပ်ခဲ့တယ်။ အခန်းစောင့်အမျိုးသမီးက ဖုန်းပြောနေရင်း “ဆက်ရိုက်ထား” လို့ ပြော တော့ သူမက “ကောင်းပါပြီ” ဆိုပြီး နောက်ထပ် ၅ မိနစ်လောက် ထပ် ရိုက်နိုင်ခဲ့တယ်။ နောက်ဆုံးမှာ သူမက စာရိုက်တာ အမှတ်အများဆုံး ရခဲ့လို. အလုပ်ရခဲ့တယ်။ ဒီတက္ကသိုလ်မှာ အလုပ်ရခြင်း ကောင်းကျိုး တစ်ခုကတော့ ကလေးတွေကို အခမဲ့ကျောင်းထားနိုင်ခြင်းပါ။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကပါ။ ယနေ့မှာတော့ သူမရဲ့ ကလေးတွေဟာ ဒီနာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ တောင်ရနေပါပြီ။ ဒေါ်လာ ၇ သိန်း ဖိုး အခမဲ့ပညာသင်နိုင်ခဲ့ပါတယ်။
ဘုရားတို့ ထိချက်တစ်ခုက သင့်ကိုပိုလျှံသွားစေမှာပါ။ ဆင်ခြေ ပေးကာ အရှုံးမပေးလိုက်ပါနဲ့ ။ တစ်နေ့ တာလုံး “ငါကြွယ်ဝပြီ။ ပိုလျှံပြီ။ သူတစ်ပါးကို ချေးဌားနိုင်ပြီ” လို့ ပြောပါ။
ကြွယ်ဝခြင်းနေရာ
ဣသရေလလူတွေက လုံလောက်ရုံမျှနေရာ ကန္တာရထဲရောက် ချိန်မှာ သူတို့က နေ့စဉ်စားနေရတဲ့အစာအပေါ် ရိုးအီလာပြီး “မောရှေ၊ ငါတို့အသားဟင်း စားချင်တယ်” လို့ပြောလာကြတယ်။ သူတို့က ညည်းတွားနေပေမယ့် အနည်းဆုံးတော့ ဆူဖြိုးသောနွားကဲ့သို့ စိတ်ထား မျိုးရှိကြတယ်လေ။
မောရှေက “ဒါမဖြစ်နိုင်ဘူး။ ကန္တာရထဲမှာ လူသန်းပေါင်း ၂ သန်းအတွက် အသားဟင်းဘယ်ကရမလဲ” လို့တွေးလိုက်တယ်။ ကုန်ဆုံဆိုင်မရှိ၊ ဝယ်ယူဖို့ အသားဆိုင်တွေလည်း မရှိဘူး။ ဒါပေမယ့် ဘုရားဆီမှာ သင့်ကို တိုးပွားစေမယ့် သင်မတွေးဖူးထားသော နည်းလမ်း တွေရှိပါတယ်။ ဘုရားက လေတိုက်ရာလမ်းကြောင်းကို ပြောင်းစေ ခဲ့ပြီး ငုံးကောင်တွေကို သူတို့အနား ရောက်လာစေခဲ့တယ်။ အစာကိုလိုက်ရှာစရာမလိုပဲ အစာက သူတို့ဆီရောက်လာခဲ့တယ်။
စိတ်ဝင်စားဖို့ ကောင်းတာက ပုံမှန်အရ ငုံးဆိုတာ ရေနဲ့နီးရာမှာ နေတာပါ။ လေတိုက်နှုန်းမပြင်းထန်ခဲ့ရင် ကန္တာရထဲရောက်လာမှာ မဟုတ်ဘူး။ ဆိုလိုတာက ဘုရားက သင့်အတွက် ဘယ်လိုထောက်ပံ့ရမလဲဆိုတာ သိနေတယ်။
ခန့် မှန်းခြေတွက်ချက်မှုအရ ငုံးကောင်ရေ ၁ဝ၅ သန်းဝန်းကျင် ရှိမယ်လို့ ပြောကြပါတယ်။ ဘုရားက ကြွယ်ဝသောဘုရားပါ။ ဘုရားက လူတစ်ယောက်ကို ငုံး ၂ ကောင်ပဲပေးမယ်ဆိုရင် ငုံးကောင် ၄၊ ၅ သန်းလောက် ဆိုရပါပြီ။ ဒါပေမယ့် ဘုရားက သင်လိုအပ်တာကိုဖြည့် ပေးရုံမက ကြွယ်ဝစွာပြုလုပ်ပေးချင်ပါတယ်။ မေးစရာရှိတာက သ ပိန်ကပ်သော ဆိတ် (သို့) ဆူဖြိုးသော နွားအကြောင်း တွေးနေသလား။
“ဂျိုးလ်... ငါတော့ အိမ်ကောင်းကောင်း ဝယ်နိုင်မှာ မဟုတ်တော့ဘူး” ကျွန်တော်လေးစားစွာ ပြောပါမယ် - ပိန်ကပ်သော ဆိတ်ပါ။
“ငါ့သားသမီးတွေ သူတို ့တက်ချင်တဲ့ကျောင်းကို ငါထားပေး နိုင်မှာ မဟုတ်တော့ဘူး” ပိန်ကပ်သော ဆိတ်ပါ။
“မိဘမဲ့ဂေဟာ ငါဆောက်နိုင်မှာ မဟုတ်ဘူး။ အခြားမိသားစု တွေကို ငါထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။ ငါ့မိသားစုတောင် အနိုင်နိုင်” မိတ်ဆွေ၊ ဘုရားဆီမှာ သင့်အတွက် ဆူဖြိုးသော နွား၊ ကြွယ်ဝခြင်းနေရာတစ်ခု ရှိတယ်။ ဘုရားကို သင့်ပတ်ဝန်းကျင်၊ ကြီးပြင်းခဲ့ရပုံ၊ သင့်မှာ မရှိတာတွေနဲ့ကန် သတ်လို့ မရပါဘူး။ သင်ယုံကြည်တာနဲ့ ပဲ ကန့်သတ်သွားတာပါ။ နှစ်ပေါင်းများစွာ သင့်မှာ ပိန်ကပ်သောဆိတ် ရှိနေခဲ့မှာပါ။ ယနေ့ပဲ ကြေငြာလိုက်ပါ။ “ငါတို့ လမ်းခွဲကြစို့။ ကိုယ့် လမ်းကိုယ် လျှောက်ကြစို့”
ပိန်ကပ်သောဆိတ်က ငိုလာမယ်၊ ညည်းတွားလာမယ် “အသစ် တွေ့ နေလို့ လား” မေးလာမယ်။ ပြန်ဖြေလိုက်ပါ။ “ဟုတ်တယ်။ ဆူဖြိုးသောနွားကို ငါတွေ ပြီ။ မလုံမလောက်၊ လုံလောက်ရုံမျှတွေ ငါမတွေးတော့ဘူး။ အခုကစပြီး ပိုလျှံ ကြွယ်ဝမှု အတွေးမျိုးကို ငါတွေးပြီ”
ပြည့်လျှံစီးဆင်းလျှက်
ထိုကဲ့သို့ စိတ်ထားမျိုးရှိရင် ဘုရားက သင်မထင်ထားတဲ့ နည်းလမ်းတွေနဲ့ သင့်ကိုကောင်းချီးပေးမှာပါ။ ရုန်းကန်မှုများစွာ ကြုံနေ ရတဲ့ အမျိုးသမီးတစ်ဦးနဲ့ စကားပြောဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ သူမက အခက်အခဲတွေ့ကြုံနေရပေမယ့် အပတ်စဉ် ကျွန်တော်တို့ Lakewood ဘုရားကျောင်းကို … သားနှစ်ယောက်နဲ့အတူ တက်ရောက် ခဲ့တယ်။ အတားအဆီးတွေရှိပေမယ့် သူမဆီမှာ ပိန်ကပ်သောဆိတ် စိတ်ထားမျိုးမရှိခဲ့ဘူး။ သူတို့က လုံလောက်ရုံမျှ နေရာကို ရောက်နေ ပေမယ့် အထိုင်မချခဲ့ဘူး။ ဒါဟာ အမြဲတစေ နေရာမဟုတ်ဘူးဆိုတာ သူတို့ သိနေခဲ့တယ်။
ဒီမိခင်လိုပဲ သင်လည်း ကတိတော်ထားတဲ့ပြည်ထဲဝင်ဖို့ဆိုရင် ကန္တာရထဲမှာ သစ္စာရှိရပါမယ်။ အရာရာ ညတွင်းချင်းပြောင်းလဲမယ်လို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ စမ်းသပ်ကာလ၊ သက်သေပြရတဲ့ ကာလအချိန်ဆိုတာ ရှိမှာပါ။ အတွေးတွေက “အခြေအနေတွေ ပြောင်း လဲတော့မှာ မဟုတ်ဘူး” လို့ပြောလာခဲ့ရင် ဒီလိမ်ညာမှုတွေကို မယုံ လိုက်ပါနဲ့။ ရှိတဲ့နေရာမှာ သစ္စာရှိပါ၊ ဘုရားကို ရိုသေလေးစားပါ၊ ပြည့်လျှံခြင်းဆီ ရောက်ရှိတော့မယ့်အတွက် ဘုရားကို ကျေးဇူးတင်ပါ။
ဒီအမျိုးသမီးရဲ့သားဟာ ငယ်ငယ်ကတည်းက ကောလိပ်တက်ဖို့ ပညာသင်ဆုရရှိရမယ်လို့ အမြဲပြောလေ့ရှိပါတယ်။ သူ့ အနေနဲ့ “ငါတို့ က ဆင်းရဲတယ်။ အခွင့်မသာပါဘူး” လို့ တွေးလို့ ရပါတယ်။ ဒါပေမယ့် အမေဖြစ်သူက သူ့သားတွေကို ဘုရားဟာ ကြွယ်ဝခြင်းဘုရားဆိုတာ သင်ကြားပေးခဲ့တယ်။ မကြာခင်က သူမရဲ့သားက အဆင့် ၂ နဲ့ အထက် တန်းအောင်သွားခဲ့ပါပြီ။ ပညာသင်ဆု ၁ ခု မဟုတ်၊ ၂ ခု မဟုတ်၊ ၇ ခု မဟုတ်၊ ၉ ခုရရှိခဲ့ပြီး ဒေါ်လာ ၁. ၃ သန်းကျော်တန်ဖိုးရှိပါတယ်။
တက္ကသိုလ်တက်ဖို့ ၊ ဘွဲ့ကြိုကာလ၊ မဟာဘွဲ့ ၊ ဒေါက်တာဘွဲ့ အတွက် စရိတ်အားလုံးကို ပေးချေပြီးပါပြီ။ ဒါဟာ ပိန်ကပ်သောဆိတ် စိတ်ထားကို နှုတ်ဆက်ပြီး ဆူဖြိုးသောနွား စိတ်ထားကို ထားရှိတဲ့အခါ ဖြစ်လာရတာပါ။
ယေရှုက - သူတပါးအား ရက်ရောစွာပေးရင် သင်တို့အား သိပ်နှက်၊ လှုပ်ခါ၊ ပြည့်လျှံလျှက် ပြန်ပေးမယ်လို့ပြောထားတယ်။ (လုကာ ၆၃၈)
သင်က ပြည့်နေပြီ၊ ကောင်းချီးခံစားရနေပြီ၊ ကျန်းမာနေပြီ။ သင်လိုအပ်တာက ပညာသင်ဆု ၁ ခု။ သင်ရောင်းချင်တာက အိမ် ၁ လုံးလဲ။ သင်လိုချင်တာက ၁ ရက်၊ ၂ ရက်စာအတွက် ငုံးကောင် ဘုရားက ပြောနေတယ် “ရပါတယ်။ ဒါပေမယ့် ငါက ပြည့်လျှံသော ဘုရားပါ။ လိုတာထက် ပိုသောဘုရားပါ။ သိပ်နှက်လျှက် တိုးပွားခြင်း၊ ကောင်းမြတ်ခြင်းတွေကို မင်းကိုပြအုန်းမယ်”
ဘုရားက သိပ်နှက်ပြီးရင် လှုပ်ခါကာ အပြည့်ဖြည့်ဆည်းပေး မယ်။ ပြီးရင် လျှံထွက်သွားစေမယ်။ သင်က ပညာသင်ဆု ၁ ခုပဲ လိုချင် နေပေမယ့် ဘုရားက “ငါမင်းကို ၉ ခုပေးမယ်” လို့ ပြောနေတယ်။ သင် အိမ်ရောင်းထွက်ဖို ့သာ အလိုရှိပေမယ့် ဘုရားက “တောင်းတဲ့ငွေ ၂ ဆရစေမယ်” လို့ ပြောနေတယ်။ သင်က ၁ ရက်၊ ၂ ရက်စာအတွက် ငုံးကောင်ကို အလိုရှိပေမယ့် ဘုရားက “တစ်လလုံးစာ အသားဟင်း ပေးမယ်” လို ့ပြောနေတယ်။ ဒါဟာ ဘုရားနည်းလမ်းပါ။ ဘုရားနဲ သဘောတူညီလျှက် “ဘုရားသခင်၊ ကျွန်တော် အဆင်သင့်ဖြစ်ပြီ။ ကျွန် တော်က ပေးကမ်းနိုင်သူ။ ကျွန်တော့်မှာ ကြွယ်ဝခြင်းစိတ်ထားရှိတယ်။ ကိုယ်တော့်ရဲ့ ကောင်းမြတ်ခြင်းဟာ ကျွန်တော့်ဘဝမှာ သိပ်နှက်လျှက်၊ လှုပ်လျှက်၊ လျှံလျှက်စီဆင်းစေတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို. ပြောပါ။
ချို့တဲ့ခြင်းမှ ကောင်းမွန်ကျယ်ဝန်းသောမြေ
အသိမိတ်ဆွေရဲ့သားဟာ မကြာခင်က ကားမောင်းလိုင်စင်ရရှိခဲ့ပြီး ကားတစ်စီး လိုချင်ခဲ့တယ်။ အဖေဖြစ်သူက သားဖြစ်သူကို “ကား တစ်စီး ဘုရားပြင်ဆင်ပေးဖို့ ယုံကြည်ကြစို့" လို့ပြောတယ်။ သားက “ဘုရားက ပေးမှာမဟုတ်ဘူး။ အဖေပဲ ဝယ်ပေးပါလား” လို့ပြန်ပြော တယ်။ အဖေက “မဟုတ်ဘူး။ ဆုတောင်းကြစို့” လို့ပြောကာ ကား တစ်စီးရဖို့ ဆုတောင်းခဲ့ကြစို့။ ၂ လအကြာမှာ အလုပ်ရှင်က ဖြစ်သူကို ခေါ်ပြီး “လွန်ခဲ့တဲ့ ၂ နှစ်မှာ ငါတို့မင်းကို လစာလျှော့ပေးမိ ခဲ့တယ်။ ငါတို့ အမှားပါ” လို့ ပြောပြီး သူတို့ လိုချင်တဲ့ကားထက် ပိုများ တဲ့ ချက်လက်မှတ်တစ်ခုကို ပေးခဲ့တယ်။
ကျမ်းစာမှာ ဘုရားက “ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခု ရှိလိမ့်မည်လော” လို့ပြောထားတယ်။ သင်သာ ပိန်ကပ်သောဆိတ်လို စိတ်ထားမျိုး မရှိရင် ဘုရားက ကြီးကြီးမားမားလုပ်ပေးမှာပါ။ ဘုရားက သိပ်နှက်လျှက် တိုးပွားခြင်းကို အသစ်သောနည်းလမ်းဖြင့် ပြသမှာပါ။
ဘုရားက ထွက်မြောက်ရာကျမ်းမှာ “နို့နှင့်ပျားရည်စီးသော ပြည်သို့ ပို့ဆောင်မယ်” လို့ပြောထားတယ်။ ဒါဟာ သေးငယ်သော မြေ၊ ကျဉ်းကျပ်သောနေရာ၊ လူထူထပ် မလုံမလောက်တဲ့နေရာမဟုတ် ဘူး။ သင့်ဝိညာဉ်ထဲ လက်ခံလိုက်ပါ - ဘုရားက သင့်ကို ကျယ်ဝန်းသော မြေဆီ ပို့ဆောင်တော့မယ်။ လိုတာထက်ပိုလျှံသောမြေ၊ တိုးပွားခြင်း စီးဆင်းသောမြေ၊ အခွင့်အလမ်းကောင်း စီးဆင်းသောမြေ၊ လုံလောက် ရုံမက ပြည့်လျှံသွားမယ့်နေရာပါ။ ကျယ်ဝန်းသောနေရာ၊ အထောက် အပံ့၊ အခွင့်အလမ်း ပေါများသောနေရာပါ။ လက်ရှိနေရာက မကောင်း ဘူး၊ မကျယ်ဝန်းဘူးဆိုရင် အဲဒီမှာ အထိုင်မကျလိုက်ပါနဲ.။ ပိန်ကပ် သောဆိတ်လို စိတ်ထားမျိုး အမြစ်မတွယ်စေနဲ့။ ပဲနဲ့ထမင်းစားရရင် တော်ပါပြီလို့ မတွေးပါနဲ့။ ဒါဟာ သင်အမြဲတစေနေရမယ့် လိပ်စာ မဟုတ်ဘူး။ ဒါဟာ ယာယီပါ။ ဘုရားက သင့်ကို ကောင်းမွန်ကျယ်ဝန်း သောမြေဆီ ပို ဆောင်နေပါတယ်။
မင်းက … ချမ်းသာကြွယ်ဝခြင်းအကြောင် တရားဟောနေတဲ့ ဆရာတွေထဲကတစ်ယောက်လား” ကျွန်တော့်အတွက် ချမ်းသာကြွယ်ဝတယ်ဆိုတာ ငွေကြေးတင်မက၊ ကျန်းမာရမယ်၊ စိတ်ချမ်းသာရမယ်၊ ညဘက် ကောင်းမွန်စွာ အိပ် စက်နိုင်ရမယ်၊ အပေါင်းအသင်းကောင်းတွေရှိရမယ်။ ငွေကြေးနဲ့ ဝယ် လို့ မရတဲ့အရာတွေ များစွာရှိပါတယ်။ သေချာတာက - ကျွန်တော်ဟာ ဆင်းရဲတဲ့တရားဟောဆရာ မဟုတ်ပါဘူး။ ကျမ်းစာထဲမှာ ကျွန်တော်တို့ တွေဟာ မလုံမလောက်၊ လိုချင်တာမရ၊ စားကြွင်းစားကျန်နဲ့ အသက်ရှင် နေရမယ်လို့ ပြောထားတဲ့ကျမ်းချက် ရှာမတွေ့ ပါဘူး။ ကျွန်တော်တို့ ကို အမြီးမဖြစ်စေပဲ ဦးခေါင်းဖြစ်စေဖို့.… ဖန်ဆင်းထားတာပါ။ ယေရှုက ကျွန်တော်တို့တွေ ကြွယ်ဝသောအသက်တာရဖို့ (အသက်နှင့်ပြည့်စုံ စေခြင်းဌာ) လူ့လောကကို ဆင်းသက်လာတာပါ။ (ယော ၁၀း၁၀)
ကျွန်တော်တို့ က ကမ္ဘာမှာ အမြင့်ဆုံးသောဘုရားကို ကိုယ်စား ပြုနေတာပါ။ ကျွန်တော်တို့က ဘုရားကောင်းမြတ်ခြင်းရဲ့ ဥပမာတွေ ဖြစ်သင့်ပါတယ်။ ကောင်းချီးခံစားရခြင်း၊ ကြွယ်ဝခြင်း၊ ရက်ရောခြင်း၊ ပျော်ရွှင်ခြင်းတွေရဲ့ ဥပမာဖြစ်ကာ အခြားသူတွေက ကျွန်တော်တို့ကို အားကျသင့်ပါတယ်။
ကျွန်တော့်သားသမီး ၂ ယောက်ကို သင့်အိမ်ခေါ်လာမယ်။ သူတို့အဝတ်အစားတွေက စုတ်ပြတ်နေမယ်၊ ဖိနပ်က ပေါက်နေမယ်၊ ဆံပင်က မဖြီးထားဘူးဆိုရင် သင်က ကျွန်တော့်ကိုကြည့်ပြီး “ဘယ်လို အဖေမျိုးလဲ” လို့တွေးမှာပါ။ ကျွန်တော့်ပုံရိပ်က ဆိုးရွားမှာပါ။ ဒီလိုပဲ သင်က ကြည့်ကောင်းမယ်၊ ကောင်းကောင်းဝတ်မယ်၊ ကောင်းကောင်း နေနိုင်မယ်အလုပ်မှာ ထူးချွန်မယ်၊ ရက်ရောမယ်ဆိုရင် ဘုရားမျက်နှာ ပြုံးပျော်ရမှာပါ။ သင့်ကိုကြွယ်ဝစေဖို့ ဘုရားနှစ်သက်တယ်။
ချမ်းသာကြွယ်ဝမှု
ကျွန်တော့်အဖေက (Great. Depression) ကမ္ဘာ့စီးပွားပျက် ကပ်ကြီးကာလမှာ မွေးဖွားခဲ့ပါတယ်။ အရမ်းဆင်းရဲစွာ ကြီးပြင်းခဲ့ရပြီး ဆင်းရဲသားအတွေး ... စိတ်ထားရှိလာခဲ့တယ်။ ကျမ်းစာကျောင်းက ဘုရားအပေါ် မိမိကိုယ်ကို သန့်ရှင်းမြင့်မြတ်ကြောင်း ပြသရန် ဆင်းရဲ ရမယ်လို့... အဖေ့ကိုသင်ကြားပေးခဲ့တယ်။ အဖေ့ဦးဆောင်တဲ့ ဘုရား ကျောင်းကလဲ အဖေ့ကို သန့် ရှင်းမြင့်မြတ်စေလိုတဲ့အတွက် ဆင်းရဲစွာ နေစေခဲ့တယ်။ တစ်ပတ်မှာ ဒေါ်လာ ၁၀၀ ဝန်းကျင်ရရှိပြီး ကလေးတွေ ကိုပြုစုပျိုးထောင်ခဲ့ကာ လောက်ဌရုံမျှဖြစ်ခဲ့ရတယ်။ တစ်ခါက ဧည့်သည် အမှုတော်ဆောင်တစ်ဦးက အဖေနဲ့အမေအိမ်မှာ တစ်ပတ်တာ လာ နေထိုင်ခဲ့တယ်။ တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေးအပြီးမှာ စီးပွားရေး လုပ် ငန်းရှင်တစ်ဦးက အဖေ့ကို ဒေါ်လာတစ်ထောင် ချက်လက်မှတ်ရေးပေး ခဲ့တယ်။ ယနေ့ခေတ်အရ ဒေါ်လာငါးထောင်လောက် တန်ပါတယ်။ လုပ်ငန်းရှင်က “ဧည့်သည်အမှုတော်ဆောင်အတွက် ကုန်ကျစရိတ်လေး ဘာလေး သုံးရတာပေါ့” လို့ပြောခဲ့တယ်။ အဖေက ချက်လက်မှတ်ကို ကိုင်ပြီး စိတ်မသန့် ဖြစ်ခဲ့ရတယ်။ အဖေက “ကျွန်တော်လက်မခံချင်ဘူး။ ဘုရားကျောင်းအလှူငွေအတွက် ဖယ်ထားလိုက်ပါမယ်” လို့ ပြောခဲ့တယ်။ အလှူငွေပုံးထဲသွားနေစဉ်မှာ တစ်စုံတစ်ရာက “မလုပ်နဲ့ ။ ဘုရားပေးတဲ့ ကောင်းချီးကို လက်ခံလိုက်ပါ။ ဘုရားကောင်းမြတ်ခြင်းကို လက်ခံလိုက် ပါ” လို့ ပြောနေခဲ့တယ်။ အဖေက ခေါင်းခါပြီး အလှူငွေပုံးထဲ ထည့်ခဲ့ပါ တယ်။ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့။
ကျွန်တော်တို့အထဲမှာ တစ်စုံတစ်ရာက … ကျွန်တော်တို့တွေ ကောင်းချီးခံစားရမယ် ကြွယ်ဝသောအသက်တာနဲ့ ရှင်သန်ရမယ်လို့ ပြောနေမှာပါ။ ကျွန်တော်တို့ က ဘုရင့်သားသမီးတွေလေ။ ဖန်ဆင်းရှင် က ဒါကို ကျွန်တော်တို့ အထဲ ထည့်ပေးထားတာပါ။ အဓိကအချက်က သင့်ကိုကြွယ်ဝစေဖို့ ဘုရားကို အခွင့်ပေးရမယ်။ ချို့ တဲ့သော အတွေး စိတ်ထားမျိုးနဲ့ “ငါနှိမ့်ချတာသိစေဖို့ အကြွင်းအကျန်တွေပဲ ယူတော့မယ်။ ဘုရားက ငါ့ကိုအများကြီး မပေးချင်လောက်ဘူး။ လောဘကြီး သလို ဖြစ်သွားမယ်” လို့ မတွေးပါနဲ့ ။ မှားယွင်းသော နှိမ့်ချမှုအတွေးကို ဖယ်ရှားလိုက်ပါ။ ကြွယ်ဝသောအသက်တာနဲ ဝေးကွာသွားလိမ့်မယ်။ တရားဟောရာကျမ်း ၂၈ မှာ "ထာဝရဘုရားသည် သင်ပြုလေ
ရာရာ၌ ကောင်းချီးပေးခြင်းဌာ ဘဏ္ဍာတော်တိုက်တည်းဟူသော မိုဃ်း ကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည်အောက်၌မနေရပဲ အပေါ်၌သာ နေရသောအခွင့်ရှိလိမ့်မည်” လို့ပြောထားတယ်။ ကိုယ်ကို အပေါ်၌နေသောသူအဖြစ် မြင်တတ်ရမယ်။ အကြွင်းအကျန် တွေယူဖို့ ၊ လိုချင်တာမတတ်နိုင်ပဲ မလုံမလောက်မြေမှာ နေထိုင်ဖို့ မဟုတ်ဘူး။ ပိုလျှံသောနေရာသို့ လာရောက်ပါ။ ဒါတွေက သင့်အတွေး ထဲမှ စတင်ပါတယ်သင့်ကိုတိုးပွားစေဖို့ ဘုရားကို ခွင့်ပြုလိုက်ပါ။ ကောင်းသောအရာတွေနဲ့ သင့်ကိုကြွယ်ဝစေဖို့ ဘုရားကို ခွင့်ပြုလိုက်ပါ။
ကျွန်တော်တို့ တွေးမိကြတယ် “အိမ်ကောင်းကောင်းမှာနေဖို့၊ ကားကောင်းကောင်းစီးဖို့မှားနေလား။ ငါ့အိပ်မက်တွေပြည့်စုံဖို ငွေလိုချင်တာ မှားနေလား။ သားသမီးတွေအတွက် အမွေထားခဲ့ဖို မှားနေလား”ပေါ့။ ဘုရားက “မမှားဘူး။ ငါက မင်းကိုကြွယ်ဝစေချင် တယ်” လို့ပြောနေပါတယ်။ အရင်းအမြစ်၊ ကြွယ်ဝခြင်း၊ ချမ်းသာခြင်း တွေရှိခြင်းက မှားယွင်းတယ်ဆိုရင် ဘုရားက ဘာဖြစ်လို့ အာဗြဟံနဲ့ ပဋိညာဉ်အသစ်ကို စတင်မှာတုန်း။ အာဗြဟံကို ယုံကြည်ခြင်းဖခင် လို့ခေါ်တယ်။ ကျမ်းစာမှာ အာဗြဟံသည် သိုး၊နွား၊ရွှေ၊ငွေတို့ဖြင့် အလွန်ချမ်းသာတယ်လို့ ပြောထားတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ သူက ဘေလ်ဂိတ်စ် (Bill Gates) ပေါ့။ ဘုရားက တခြားသူကို ရွေးချယ် လို့ရပေမယ့် အလွန်ချမ်းသာပြီး ကောင်းချီးခံစားရသူ အာဗြဟံကို ရွေးချယ်ခဲ့တယ်။
ဒါဝိဒ်က ဗိမာန်တော်တည်ဆောက်ရန် .. သားဖြစ်သူအတွက် ဒေါ်လာဘီလျံ (ယနေ့ ခေတ်စကားအရ) များစွာထားခဲ့တယ်။ ဒါဝိဒ်ကို “ထာဝရဘုရား စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ” လို့ခေါ်တယ်။
ဒါကြောင့် “ဘုရားက ငါ့ကိုအများကြီး မရှိစေချင်ဘူး” ဆိုတဲ့အတွေးကိုဖယ်ရှားလိုက်ပါ။ ပြောင်းပြန်ပါပဲ။ သင်ကြည့်ကောင်းလေ၊ ဘုရားလည်းကြည့်ကောင်းလေပါ။ သင်က ကောင်းချီးခံစား၊ကြွယ်၀၊ အောင်မြင်ရင်ဘုရားကို ဂုဏ်တက်စေပါတယ်။ ကျွန်တော်ပိုင်ဆိုင်တာအားလုံး ဘုရားဆီကလာမှန်း နားလည် တယ်။ ကျွန်တော်ဝတ်တဲ့အဝတ်အစား၊ ကား၊ အိမ်၊ အရင်းအမြစ်တွေ အားလုံးက ဘုရားကောင်းမြတ်ခြင်းတွေပါ။ သင့်ဘဝအပေါ် ဘုရား ပြုပေးတဲ့အရာအပေါ် တောင်းပန်စရာမလိုပါဘူး။ သင့်ကောင်းချီး မင်္ဂလာကို ကောင်းကောင်းဝတ်ဆင်လိုက်ပါ။
ကျမ်းစာမှာ“စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင် ပေးတော်မူ၏” (တရား ၈း၁၈) လို့ ပြောထားတယ်။ ငွေရှိတာ မမှားပါ ဘူး။ အဓိကအချက်က - ငွေက သင့်အပေါ် မအုပ်စိုးဖို့ ပဲ။ ငွေကို သင့် ဘဝရဲ့ အဓိကမဖြစ်စေဖို့ပဲ။ အထောက်အပံ့ကို မရှာပါနဲ့။ ထောက်ပံ့ ပေးသူ ဘုရားကိုရှာပါ။ ငွေဆိုတာ သင့်ပန်းတိုင်ပြည့်စုံဖို နဲဘုရား နိုင်ငံတော်ရှေ့ဆက်ဖို့အတွက် ကိရိယာတန်ဆာပလာတစ်ခုလောက် ပါပဲ။
အဆအထောင်များစွာ
ဇနီးဗစ်တိုးရီးယား (Victoria) နဲ. ကျွန်တော့်မှာ အိပ်မက်ကြီး တွေ ရှိပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ငွေသန်း ပေါင်းများစွာ လိုမှာပါ။ မိဘမဲ့ဂေဟာတွေ ဆောက်ဖို့၊ ဆေးခန်းတွေ ဆောက်ဖို့ အိပ်မက်တွေပါ။ ဒါတွေအတွက် ကျွန်တော့်မှာ ကန် သတ် ချို့ တဲ့သော စိတ်ထား “ဘုရားက ငါ့ကိုအများကြီး ရှိစေချင်မှာ မဟုတ် ပါဘူး” ရှိနေလို့ မရဘူး။ အဖဘုရားက အရာရာကို ပိုင်ဆိုင်ကြောင်း ကျွန်တော်သိတယ်။ ဘုရားက လမ်းကိုရွှေနဲ့ခင်းသူပါ။ ကြွယ်ဝသော အသက်တာအပေါ် ယုံကြည်လိုက်လို့.. ကောင်းကင်ဘုံမှာ ဒေဝါလီ မခံသွားရပါဘူး။ သင့်မှာကြွယ်ဝသော စိတ်ထားရှိပြီး ဘုရားနိုင်ငံတော်
ကိုရှေ့ဆက်ဖို့ ဆန္ဒရှိရင် ဘုရားက ကောင်းသောအရာတွေနဲ့ သင့်ကို ပြည့်လျှံစေမှာပါ။ ဘုရားက မိုးကောင်းကင် တံခါးပေါက်ကိုဖွင့်ပြီး သင့်အိပ်မက်တွေကို ပြည့်စုံစေရုံမက ကမ္ဘာကြီးအတွက်ပါ သင့်ကို ကောင်းချီးဖြစ်စေမှာပါ။
ကျွန်တော်က သင့်အတွက် တရားဟော ၁း၁၁ မှာ “ထာဝရ ဘုရားသည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေတော်မူပါ စေသော” လို့ ပြောထားသလို ဆုတောင်းပေးပါတယ်။ သင့်ဝိညာဉ်ထဲ မှာ ဒါကိုလက်ခံနိုင်ပါသလား။ အရင်းအနှီး အဆအထောင်။ ကောင်း မြတ်ခြင်း အဆအထောင်။ ဝင်ငွေအဆအထောင်။ အချိန်ပေါင်းများစွာ ကျွန်တော်တို့ အတွေးတွေက ပိန်ကပ်သောဆိတ်လို ချို့ တဲ့နေတတ်ကြ တယ်။ ဒါကို ဖြတ်တောက်ဖို့ အချိန်တန်ပြီ။ ဆူဖြိုးသောနွား စိတ်ထား ရှိဖို့ အချိန်ရောက်ပြီ။ ဘုရားက အချို့ အရာတွေကို သိပ်နှက်ပေးတော့ မှာပါ။ တိုးပွားခြင်းအတွက် ဘုရားက နေရာလွတ်လုပ်နေပါပြီ။ မနက် တိုင်းမှာ “အဖဘုရား၊ ယနေ မိုးကောင်းကင်ပြတင်းပေါက်ကို ဖွင့်ပြီး ကောင်းမြတ်ခြင်းတွေ ရွာသွန်းပေးလို ၊ ကောင်းတဲ့အရာတွေ ပြည့်လျှံ
စေလို့ ကျေးဇူးပါ။ ကျွန်တော် ကြွယ်ဝပြီ” လို ့ပြောပါ။ ဒီလိုကြွယ်ဝသော စိတ်ထားရှိမယ်ဆိုရင် ကျွန်တော်ယုံကြည် လျှက် ကြေငြာပါတယ် မလုံမလောက်နေရာ၊ လုံလောက်ရုံမျှ နေရာမှာ သင်မနေရတော့ပဲ ပိုလျှံသောနေရာဆီ ဝင်ရောက်နိုင်တော့ မှာပါ။
အခန်း (၂)
မိမိကိုယ်ကို နောက်တစ်ဆင့်တက်ရောက်နေမှန်း မြင်တတ်ပါ
မိမိကိုယ်ကို ဘုရားရဲ့နည်းလမ်းဖြင့် မြင်တတ်ရာမှာ အရေးကြီး ဆုံး ရှုထောင့်တွေထဲက တစ်ခုကတော့ ကြွယ်ဝချမ်းသာသော စိတ်ထား ကို ပျိုးထောင်ခြင်းပါ။ မိမိကိုယ်ကို ဘယ်လိုမြင်သလဲက သင့်ကို ကြီးပွား စေနိုင်တယ် ဒါမှမဟုတ် ဆိုးယုတ်စေနိုင်တယ်။
နားလည်ထားဖို့က - ဘုရားဟာ သင့်အတွက် ကြွယ်ဝသော အသက်တာရရှိဖို့ ရန် လိုအပ်တာမှန်သမျှ တပ်ဆင်ပေးထားပြီးပြီ။ သင့် အထဲမှာ ဖြစ်နိုင်ခြေတွေ၊ ကြီးမားသော အလားအလာ၊ ဖန်တီးနိုင်မှု အကြံဉာဏ်တွေ၊ အိပ်မက်တွေနဲ့ ပြည့်နှက်နေသော “မျိုးစေ့”တွေကို ဘုရားက စိုက်ပေးခဲ့တယ်။ ဒီအရာတွေက အထဲမှာရှိရုံနဲ့ ဘာမှဖြစ်လာ မှာမဟုတ်ပါဘူး။ သင့်အနေနဲ့ပျိုးထောင်ရမယ်။ ဆိုလိုတာက သင့်မှာ လိုတာတွေ ရှိနေပြီလို့ သံသယမရှိ ယုံကြည်ရမယ်။ စိတ်ထဲမှာ စွဲနေဖို့ က သင်ဟာ အမြင့်ဆုံးသောဘုရားရဲ့ သားသမီးဖြစ်ပြီး သင့်ကိုကြီးမားတဲ့ အရာတွေလုပ်ဆောင်ဖို့ ဖန်ဆင်းခဲ့တယ်။ ဘုရားက သင့်ကို ထူးချွန်ဖို့ ဖန်ဆင်းခဲ့ပြီး အစွမ်း၊ အရည်အချင်း၊ ဉာဏ်ပညာတွေ ပေးထားပါတယ်။ ဘုရားပေးထားတဲ့ပန်းတိုင်ကို ရောက်ရှိဖို့ သင့်မှာ လိုအပ်တာမှန်သမျှ ရှိနေတယ်။
ဧဖက် ၁း၃ မှာ ဘုရားက ခပ်သိမ်းသော ဓမ္မမင်္ဂလာ (ဝိညာဉ် ကောင်းချီးမင်္ဂလာ) တွေကို ပေးထားပြီးပြီလို့ ပြောထားတယ်။ ကျွန်တော် ကို တွေ့ အောင်မြင်ဖို့ ရန် လိုအပ်တာတွေကို ကျွန်တော်တို့အထဲမှာ ပေးထားပြီးပါပြီ။ အခုချိန်မှာ မိမိအထဲမှာ ပိုင်ဆိုင်ထားတဲ့အရာကို အသုံးပြုဖို့ က ကျွန်တော်တို့ အပေါ် မူတည်ပါတယ်။
အာရြဟံလည်း ဒီအတိုင်းလုပ်ခဲ့တာပါ။ ကလေးမရခင် ပေါင်း ၂ဝ မှာ ဘုရားက အာဗြဟံကို “သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်” လို့ ပြောလာခဲ့တယ်။ အာဗြဟံအနေနဲ့ “ကျွန်တော့်ကို
ပြောတာလား။ ကျွန်တော်က ဖခင်တစ်ယောက် မဟုတ်ဘူး။ ကျွန်တော့်မှာ ကလေးတောင်မရှိတာ” လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အာဗြဟံက ဘုရားစကားကို ယုံကြည် ခဲ့တယ်။ အာဗြဟံရဲ့ စိတ်ထားက “ဘုရားသခင်၊ သဘာဝအရ ဒါမဖြစ် နိုင်ပေမယ့် ကိုယ်တော့်စကားကို ကျွန်တော်သံသယမရှိပါဘူး။ တူပါတယ်။ ဒီအသက်ရွယ်မှာတောင် စာရာနဲ့ကျွန်တော့်ကို သဘော ကလေး ပေးမယ်လို့ ကိုယ်တော်ပြောတဲ့အတိုင်း ကျွန်တော်ယုံတယ်” လို့ထားရှိ ခဲ့တယ်။
ဘုရားက အာဗြဟံကို ကလေးပေးဖို့ စီစဉ်ထားပြီးသားပါ။ အာဗြဟံအနေနဲ့ဘုရားကိုယုံဖို့တော့ လိုပါမယ်။ နှစ်ပေါင်း ၂ဝ အကြာမှာတော့ အာဗြဟံနဲ စာရာမှာ ဣဇက်ဆိုတဲ့ သားလေးကို ရရှိခဲ့ ပါတယ်။
ဒီလိုပါပဲ ကျမ်းစာထဲမှာ ဘုရားက သင့်အတွက် ကြီးမြတ်တဲ့ အရာတွေကို ပြောထားပါတယ်။ ဒီကောင်းချီးမင်္ဂလာတွေက အလိုလို ဖြစ်လာမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ မိမိကိုယ်ကို ကောင်းချီးခံစားရ ကြောင်း ယုံကြည်ရမယ်၊ မြင်တတ်ရမယ်၊ နေထိုင်ရမယ်။ ဒါမှသာ ကတိတော်က သင့်ဘဝမှာ လက်တွေ့ ဖြစ်လာမှာပါ။
ဥပမာအားဖြင့် ကျမ်းစာထဲမှာ “ငါတို့သည် ခပ်သိမ်းသော အမှုတို့ကိုခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏” (ရောမ ၈း၃၇) လို့ ပြောထားတယ်။ ကျမ်းစာက ကျွန်တော်တို့ သန်မာလာမှအသက် ကြီးလာမှ၊ ဝိညာဉ်ရေးရာ ရင့်ကျက်လာမှ အောင်မြင်ကြမယ်လို့ မပြော ထားဘူး။ လက်ရှိအချိန်မှာပင် ကျွန်တော်တို့ က အောင်မြင်နေတယ်လို့ ပြောနေတာပါ။ “ဂျိုးလ်..... ဒါတော့ ငါ့ဘဝမှာ မဖြစ်နိုင်ဘူး။ ငါ့မှာ ပြဿနာတွေ အများကြီး။ အခက်အခဲတွေလည်း အများကြီး။ ဒါတွေကိုရုန်းထွက်နိုင်မှ ငါအောင်မြင်သူဖြစ်မှာလေ” မဟုတ်ဘူး။ ဘုရားက လက်ရှိအချိန်မှာပင် သင့်ကိုအောင်မြင် သောသူလို့ ကြေငြာနေတယ်။ သင့်ကိုယ်သင် အောင်မြင်သူအဖြစ် နေထိုင်မယ်၊ ပြောဆိုမယ်၊ မြင်တတ်မယ်ဆိုရင် သင်က ကြွယ်ဝအောင် မြင်သော ဘဝကို နေထိုင်ရမှာပါ။ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်း မြောက်ခြင်းတွေအတွက် အဖိုးအခကို ပေးပြီးပြီဆိုတာ သင်နားလည် ထားရမယ်။ ဘုရားက သင့်အတွက် ထားရှိပေးထားတဲ့အရာတွေပါ။
ဘုရားပေးမယ့်အကောင်းဆုံးအရာတွေကို မလွဲစေနဲ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဥရောပကနေ အမေရိကန်ကို သွားချင်နေတဲ့ လူတစ်ယောက်ရှိခဲ့တယ်။ သူက တစ်နိုင်သမျှ ငွေစုပြီး နောက်ဆုံးမှာ ခရီးသည်တင် သင်္ဘောတစ်စီးရဲ့ လက်မှတ်တစ်စောင် ဝယ်နိုင်ခဲ့တယ်။ ပင်လယ်ကြီးကို ဖြတ်သန်းဖို့ ၂ ပတ် ၃ ပတ်လောက် ကြာပါမယ်။ ဒါကြောင့် သူက အိတ်တစ်လုံးဝယ်ပြီး ဘီစကွတ်ပွကြွပ် (crackers) ကို အိတ်ထဲအပြည့်ထည့်ခဲ့တယ်။ သူတတ်နိုင်တာ အကုန် ပါပဲ။
သဘော်ပေါ်ရောက်တော့ အခြားခရီးသည်တွေက အစား ကောင်းကောင်း စားဖို့ကြီးမားလှပတဲ့ထမင်းစားခန်းကို သွားနေချိန် သူကတော့ အခန်းထောင့်လေးမှာ ဘီစကွတ်တွေကို စားနေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်သွားခဲ့တယ်။ အရသာရှိ ဟင်းလျာ တွေ အနံ့ ကို သူခံစားနေရပေမယ့် သူ့ မှာ ငွေအပိုမရှိခဲ့ပါဘူး။ တစ်တလေ ဟင်းလျာတွေအကြောင်း အိပ်မက်တောင် မက်ခဲ့ရတယ်။ ခရီးစဉ်နောက်ဆုံးနေမှာ လူတစ်ဦးက သူဆီလာပြီး “ကျွန် တော် သတိထားမိတယ်။ ခင်ဗျားက ထမင်းစားချိန်မှာ ဘီစကွတ်တွေ၊ ဘာလို့ စားနေတာလဲ။ ကျွန်တော်တို့ နဲ့ အတူ ညစာဝင်စားပါလား” လို့ မေးလိုက်တယ်။
သူက ရှက်သွားပြီး “ အမှန်အတိုင်းပြောရရင် ကျွန်တော်က လက်မှတ်ဖိုးပဲ တတ်နိုင်ခဲ့တာပါ။ ထမင်းဝယ်စားဖို့ တော့ ကျွန်တော့်မှာ အပိုငွေမရှိဘူး” လို့ ဖြေခဲ့တယ်။
တစ်ဖက်လူက ခေါင်းခါပြီး “လက်မှတ်ဖိုးထဲမှာ ထမင်းဖိုးကော ပါပြီးသားဆိုတာ မသိဘူးလား။ ထမင်းဖိုးက ပေးပြီးသားလေ” လို့ ပြော ပြခဲ့တယ်။
ဒီဇာတ်လမ်းအကြောင်းကြားရတော့ ထမင်းဖိုးပေးပြီးတာကို မသိလိုက်လို့ ကျွန်တော်တို့ တွေကော ဘုရားရဲ့အကောင်းဆုံး အရာတွေ ကို လွတ်ခဲ့ရပြီလဲ။ ကျွန်တော်တို့က “ငါမတတ်နိုင်ဘူး။ ငါ့မှာ လိုအပ် တာတွေ မရှိဘူး” လို့ပြောကာ ဘီစကွတ်တွေကို စားနေခဲ့ရတယ်။ အချိန်တိုင်း ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေပူပန်မှုတွေရှိနေခြင်းဟာ ဘီစကွတ်စားနေရတာပါ။ မိတ်ဆွေကျွန်တော်ကတော့ ဘီစကွတ်တွေ မစားချင်တော့ဘူး။ ဘုရားပြင်ဆင်ထားတဲ့ စားပွဲဆီ ဝင်ရောက်ဖို့ အချိန် တန်ပြီ။ ဘုရားက သင့်အတွက် ဟင်းပွဲတွေ၊ ကောင်းတဲ့အရာတွေ ပြင် ဆင်ပြီးပါပြီ။ အဖိုးအခလည်း ပေးပြီးပါပြီ။ သင်လိုအပ်တာမှန်သမျှ ပျော်ရွှင်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပြန်လည်ကျန်းမာခြင်း၊ ငြိမ်သက်ခြင်း၊ ရောဂါငြိမ်းခြင်းတွေက ဘုရားပြင်ဆင်ထားတဲ့ စားပွဲမှာ သင့်ကိုစောင့် နေပါတယ်။ သင့်အတွက်ပြင်ဆင်ထားတဲ့နေရာကို ထိုင်ခုံဆွဲပြီး ထိုင် လိုက်ပါ။
သင့်အနေနဲ့ ဘဝမှာ ကြီးမားသောစိတ်ပျက်မှုအချို့ ၊ အခက် အခဲအချို့ ကို ရင်ဆိုင်နေရမှာပါ။ ဒါပေမယ့် သတိရဖို့က - သင်ဟာ အမြင့်ဆုံးသော ဘုရားရဲ့သားသမီးပါ။ သင်ထင်ထားသလို ဖြစ်မလာတာ တစ်စုံတစ်ယောက်က သင့်အပေါ် စိတ်ပျက်စေတာတွေဟာ သင့်ဖြစ် တည်မှုကို မပြောင်းလဲပါဘူး။ အိပ်မက်တစ်ခုသေဆုံးခဲ့ရင် နောက် အိပ်မက်တစ်ခုကို မက်လိုက်ပါ။ လဲကျခဲ့ရင် ပြန်ထပြီး ဆက်သွားပါ။ တံခါးတစ်ချပ်ပိတ်သွားရင် ဘုရားဟာ ပိုကြီးမားကောင်းမွန်သော တံခါးကို အမြဲပြန်ဖွင့်ပေးလိမ့်မယ်။ ခေါင်းကိုမော့ပြီး သင့်ဘဝအတွက် ဘုရားပြုစေလိုတဲ့ အသစ်သောအရာကို ရှာဖွေပါ။ ဘဝရဲ့ အခန်းထောင့် ကိုသွားပြီး ဘီစကွတ်တွေ စားမနေပါနဲ့ ။
သင့်အနေနဲ့ ဘဝကို ကြမ်းတမ်းစွာ အစပြုခဲ့ရမယ်။ ဒါမှမဟုတ် ဆိုးရွားတဲ့ ဆင်းရဲမှု၊ စိတ်ပျက်မှု၊ အကြမ်းဖက်မှု၊ ငယ်စဉ်အခါ မကောင်း မှုတွေကို ကြုံခဲ့ကောင်းကြုံခဲ့ရမှာပါ။ ဘဝမှာ အစမကောင်းခဲ့လို အဆုံးသတ်လည်း ကောင်းမှာမဟုတ်တော့ဘူး.. မဆိုလိုပါဘူး။ သင့် ဘဝအတွက် ဘုရားပြုလုပ်ပေးနိုင်တဲ့အရာအပေါ် အမြင်သစ်ထားရှိပြီး ကြွယ်ဝသောစိတ်ထားကို ပျိုးထောင်ပါ။
သင့်အနေနဲ့ မကောင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့မယ်၊ လက်ရှိသင့်မှာ ပိုင်ဆိုင်မှုတွေ.. ဘာမှမရှိဘူးဖြစ်နေမယ်။ ရပါတယ်။ ဘုရားမှာ သင့်အနာဂတ်အတွက် ကောင်းတဲ့အရာတွေ များစွာရှိတယ်။ သတိပေးချင်တာက - ဆင်းရဲတဲ့ပုံရိပ်ကို သင့်အထဲမှာ အမြစ်တွယ်ခွင့် မပေးလိုက်ပါနဲ့။ ချို့ တဲ့စွာနေခြင်း၊ ရေသာခိုခြင်းတွေကို အကျင့်မလုပ် မိစေနဲ့။ “ငါတို့က အမြဲဆင်းရဲနေမှာ။ ဒီလိုပဲ ဖြစ်နေတော့မှာလေ” ဆိုပြီး လက်မခံလိုက်ပါနဲ့ ။
ယုံကြည်ခြင်း မျက်လုံးဖြင့် မိမိကိုယ်ကို နောက်တစ်ဆင့် တက်ရောက်နေမှန်း မြင်တတ်ပါ။ မိမိကိုယ်ကို ကြွယ်ဝနေကြောင်း မြင်တတ်ပြီး သင့်နှလုံးသားထဲ စိတ်ထဲမှာ စွဲမြဲစေပါ။ ဆင်းရဲမှုကို သင့် အထဲမှာ နေထိုင်ခွင့်မပေးပါနဲ့ ။
ကျမ်းစာမှာ “ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက် တော်မူသော ဘုရား” လို့ပြောထားတယ်။ ဘုရားသားသမီးတွေက ဝိညာဉ်ရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပိုင်ဆိုင်မှုတွေ ကြွယ်ဝတိုးပွားခြင်းဟာ ဘုရားကို ကျေနပ်ပျော်ရွှင်စေပါတယ်။ ဘ၀အပေါ် ဆင်းရဲတဲ့စိတ်ထား နဲ့ ရှင်သန်ရင်တော့ ဘုရားဘုန်းတော်ထင်ရှားစေမှာ မဟုတ်ပါဘူး။ ဘုရားကို ဂုဏ်ပြုရာမရောက်ပါဘူး။ ကျွန်တော်ကို တွေ ဘ၀မှာ နိမ့် စိတ်ဓာတ်ကျအခြေအနေတွေကြောင့် အားငယ်နေတာကို ဘုရားက မနှစ်သက်ပါဘူး။ ကြွယ်ဝသောစိတ်ထားကို ပျိုးထောင်မှ ဘုရားက ကျေနပ်နှစ်သက်မှာပါ။
မကြာခဏ 'ကျွန်တော်တို့က ဘဝအပေါ် အထိုင်ကျမိတတ် ကြတယ်။ “ငါ့အစွမ်းရှိသလောက် လုပ်ပြီးပြီ။ ဒီထက်ရာထူးတိုးမှာ မဟုတ်တော့ဘူး။ ဘဝပေးသလောက်ပေါ့”
မှားနေတယ်။ သင့်ဘဝက အမြဲတိုးတက်ရမှာပါ။ သင့်ဘဝက ကျော်လွှားနိုင်သူကြွယ်ဝစွာနေထိုင်နိုင်သူပါ။ ဘီစကွတ်တွေ စားမနေ ပါနဲ့တော့။ ညစာခန်းမကြီးထဲ ဝင်လာလိုက်ပါ။ ကြီးမားတဲ့အရာတွေ လုပ်ဆောင်ဖို့ ဘုရားက သင့်ကိုဖန်ဆင်းခဲ့တာပါ။
ဘုရားက သင့်ကို ဘုရင့်သားလို မြင်နေပေမယ့် မိမိကိုယ်ကို ဆင်းရဲနိမ့်ကျသူလို့ မြင်နေရင်လို့ စိတ်မကောင်းစရာပါပဲ။ ဓမ္မဟောင်း ကျမ်းမှာ “မေဖိဗောရှက်” အမည်ရှိလူငယ်လေးက ဒီလိုပဲဖြစ်ခဲ့ရတာပါ။
ရွက်ကြမ်းရေကျို ဘဝအပေါ် အထိုင်မကျလိုက်နဲ
မေဖိဗောရှက်က ဘုရင်ရှောလုရဲ့မြေးဖြစ်ပြီး၊ ယောနသန်ရဲ့သားပါ။ ရှောလုသား ယောနသန်နဲ့ ဒါဝိဒ်က အခင်မင်ဆုံး သူငယ်ချင်း တွေပါသွေးသောက်ညီအစ်ကိုသဖွယ် ချစ်ခင်ကြပါတယ်။ ဆိုလိုတာက တစ်ယောက်ပိုင်တာကို နောက်တစ်ယောက်ကပိုင်ပါတယ်။ ယောနသန် က အစားအစာ၊ အဝတ်အစား၊ ငွေကြေး တစ်ခုခုလိုအပ်လာရင် ဒါဝိဒ် ဆီသွားပြီး ကြိုက်တာယူလို့ရတယ်။ ဒါ့အပြင် … မတော်လို့တစ်ခုခု ဖြစ်သွားခဲ့ရင်လည်း ကျန်ခဲ့တဲ့တစ်ယောက်က အခြားတစ်ယောက်ရဲ့ မိသားစုကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။
ဘုရင်ရှောလှနဲ့ ယောနသန်က တစ်ရက်တည်း စစ်ပွဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီသတင်းကိုကြားတော့ အထိန်းတော်တစ်ဦးက မေဓိဖောရှက်ကို ချီပြီးထွက်ပြေးခဲ့တယ်။ ယေရ ယောနသန်ရဲ့သားလေး ရှလင်မြို့ မှ အလျင်အမြန်ထွက်ပြေးစဉ် အထိန်းတော်က ချော်လဲခဲ့လို မော်ဗောရှက်လည်း ခြေကျိုးသွားကာ ဒုက္ခိတဖြစ်ခဲ့ရတယ်။ အထိန်း တော်က မေဖိဗောရှက်ကို အဆင်းရဲဆုံးရွာလေးတစ်ရွာဖြစ်တဲ့ လောဒေ တရွာကို ခေါ်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့. ဘုရင့်မြေးမေဖိဗောရှက်က ဘဝတစ်လျှောက် အဲဒီရွာမှာပဲ နေထိုင်ခဲ့တယ်။ စဉ်းစားကြည့်ပါ ဘုရင့်မြေးက အခြေအနေဆိုးထဲမှာ နေထိုင်နေခဲ့ရတယ်။
ဒါဝိဒ်က ရှောလုနေရာကို ဆက်ခံခဲ့တယ်။ နှစ်ပေါင်းများစွာ အကြာဒါဝိဒ်က သူ့ကျွန်တွေကို “ငါသည် ယောနသန်အတွက် ကျေးဇူးပြုခြင်းဌာ၊ ရှောလု အဆွေအမျိုး ကျန်ကြွင်းသေးသလော” လို့ မေးလိုက်တယ်။ ရှောလုမိသားစုဝင် အများစုက သေဆုံးနေပါပြီ။
ကျွန်တစ်ဦးက “ကျန်ပါသေးတယ်။ ယောနသန်ရဲ့သားက အခုထိအသက်ရှင်နေဆဲပါ။ ဒါပေမယ့် ဒုက္ခိတဖြစ်နေပြီး လောဒေဗာ ရွာမှာ နေထိုင်ပါတယ်” လို့ ဖြေခဲ့တယ်။
ဒါဝိဒ်က “သူ့ ကို နန်းတော်ထဲ ခေါ်ခဲ့ကြ” လို့ ပြောလိုက်တယ်။ မေဖိဗောရှက်က နန်းတော်ထဲရောက်တော့ ကြောက်ရွံ့ နေခဲ့ ပါတယ်။ အဘိုးရှောလုက ဒါဝိဒ်ကိုသတ်ဖို့ လိုက်ဖမ်းနေခဲ့သူပါ။ အခု တော့ ခဲ့တယ်။ ဒါဝိဒ်က သူ့ကိုသတ်တော့မယ်လို့ မေဖိဗောရှက် ခံစားမိနေ
ဒါပေမယ့် ဒါဝိဒ်က “မေဖိဗောရှက်၊ မကြောက်နဲ ။ မင်းအဖေ ယောနသန်မျက်နှာကို ထောက်ပြီး ငါမင်းအပေါ် ကြင်နာမှုပြမှာပါ။ မင်းအဘိုး ဘုရင်ရှောလုပိုင်ဆိုင်ခဲ့သမျှကို ငါပေးမယ်။ ဒီနေ့ကစပြီး ငါနဲ့ အတူ စားပွဲ၌စားရမယ်” လို့ ပြောခဲ့တယ်။ ဒါဝိဒ်က မေဖိဗောရှက် ကို တော်ဝင်မျိုးနွယ်သဖွယ် ဆက်ဆံခဲ့တယ်။ တကယ်ဆို သူလည်းဘုရင့်မြေးပါ။
မေဒိဗောရက်ဘဝက ချက်ချင်းပြောင်းလဲခဲ့ရပါပြီ။ အရင်က ညစ်ပတ်ပေတေတဲ့ လောဒေဗာရွာမှာ နေခဲ့ရတဲ့နှစ်တွေကို စဉ်းစား ကြည့်ပါ။ မေဇိဗောရှက်က သူ့ ကိုယ်သူ တော်ဝင်မျိုးရိုးမှန်း သိတယ်။ သူ ရပိုင်ခွင့်တွေ ရှိမှန်းလည်း သိတယ်။ ဒါပေမယ့် သူက နန်းတော်ဆီ သွားပြီး "ဘုရင်ဒါပိဒ်၊ ကျွန်တော်က ယောနသန်ခဲ့သားပါ။ အခုတော့ လောဒေဗာရွာမှာ နေထိုင်နေရတယ်။ ကျွန်တော်အဖေနဲ့ ဘုရင်ဒါဝိဒ် တို့ကြား ခင်မင်မှုကြောင့် ကျွန်တော်ရပိုင်ခွင့်တွေကို ပြန်ပေးပါ” လို့ အစကတည်းက မပြောခဲ့တာလဲ။
ဘာဖြစ်လို့ မေဖိဗောရှက်က ရွက်ကြမ်းရေကျို ဘဝနဲ့ နေထိုင် ခဲ့တာလဲ။ သူပြန်ဖြေတဲ့အဖြေကနေ သိရှိနိုင်ပါတယ်။ ကျမ်းစာမှာ မေ ဗောရှက်က ပြပ်ဝပ်လျှက် “ကျွန်တော့်လို ခွေးသေကောင်ကို ကြည့်ရှ ရလောက်အောင် ကျွန်တော်က အဘယ်သို့ သောသူ ဖြစ်ပါသနည်း”လို့ ပြောခဲ့တယ်။ သူ့ကိုယ်သူ ဘယ်လိုမြင်နေသလဲ။ သူ့ ကိုယ်သူ အရှုံးသမား၊ ခွေးသေကောင်၊ အပယ်ခံလို့ မြင်နေတာပါ။ ဘုရင့်မြေးဖြစ်သော်လည်း သူ့ ကိုယ်သူ မြင်နေတဲ့ပုံရိပ်ကြောင့် ရပိုင်ခွင့်တွေ မရခဲ့တာပါ။
ကျွန်တော်တို ့တွေကော အဲလိုမျိုးဘယ်နှစ်ကြိမ်လောက် လုပ် မိနေကြပြီလဲမိမိကိုယ်ကို မြင်နေတဲ့ပုံရိပ်က ဘုရားမြင်နေတဲ့ပုံရိပ်နဲ ဆန့်ကျင်ဘက်ဖြစ်နေလို့ အကောင်းဆုံးအရာတွေ … ဝေးကွာခဲ့ရပြီ။ ဘုရားက ကျွန်တော်တို့ ကို ချန်ပီယံလို့ မြင်နေတယ်။ ကျွန်တော်တို့က မိမိကိုယ်ကို ခွေးသေကောင်လို့ မြင်နေတယ်။
မေဖိဗောရှက်က “ခွေးသေကောင် စိတ်ထား” ကို စွန့် လွှတ်ပြီး ကြွယ်ဝသောစိတ်ထားကို အစားထိုးခဲ့သလို ကျွန်တော်တို့တွေလည်း ထိုနည်းအတိုင်း လုပ်ဆောင်ရမယ်။ သင့်အနေနဲ့ဘဝမှာ အမှားတွေ လုပ်ခဲ့မိမှာပါ။ ဒီအမှားတွေအပေါ် ရိုးသားစွာတောင်းပန်ပြီး မှန်ကန်စွာ စတင်လုပ်ဆောင်မယ်ဆိုရင် အပြစ်ရှိသလိုခံစားမှု၊ ရှက်ကြောက်မှုတွေ နဲ့ အသက်ရှင်စရာမလိုတော့ပါဘူး။ လောလောဆယ် သင်ဖြစ်ချင်တာတွေ ဖြစ်နေမှာမဟုတ်ပါဘူးသင့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ဒုက္ခိတဖြစ်နေမယ်။ ဒါပေမယ့် ဘုရားနဲ သင်နဲ့ကြား ခင်မင်မှုဆက်ဆံရေးက မပြောင်းလဲပါဘူး။ သင်က အမြင့် ဆိုးသော ဘုရားရဲ့သားသမီးဖြစ်နေဆဲပါ။ သင့်အတွက် ဘုရားက ကြီးမားတဲ့အရာတွေ ရှိနေဆဲပါ။ ရဲရင့်စွာဖြင့် သင့်ရပိုင်ခွင့်တွေကို ရယူ တောင်းဆိုလိုက်ပါ။ ဆင်းရဲစွာ၊ မိမိကိုယ်ကို အထင်သေးပြီး ခွေးသေ ကောင်စိတ်နဲ့ “လောဒေဗာ” ရွာမှာနေရင်တော့ ဘုရားနှစ်သက်မှာ မဟုတ်ပါဘူး။
သင့်သားသမီးတွေက ဒီလိုမျိုးစိတ်ထားရှိနေရင် သင်ဘယ်လို ခံစားမလဲ။ စဉ်းစားကြည့်ပါ - ညစာစားဖို့ အတွက် သင်က အရသာရှိတဲ့ ဟင်းလျာတွေကို ပြင်ဆင်ပြီးပြီ။ စားပွဲပေါ်မှာ ဟင်းတွေချထားပြီး အဆင်သင့်စားရုံပဲ။ ဒါပေမယ့် သင့်သားသမီးတစ်ယောက်က ခေါင်းငုံ ပြီး စားပွဲဆီလာဖို့ ငြင်းနေတယ်။ ကြမ်းပြင်ပေါ်မှာ လှဲပြီး စားကြွင်း စားကျန်တွေကို မျှော်နေတယ်။ သင်က “ဒါဘာလုပ်နေတာလဲ။ ထိုင်ခုံ ပေါ်မှာ ထိုင်လေ။ မင်းအတွက် ငါချက်ထားတာ။ မင်းက ငါ့မိသားစု။ ခွေးတစ်ကောင်လို အကြွင်းအကျန်မျှော်နေတာက ငါ့ကိုစော်ကားတာ” လို့ ပြောမှာပဲလေ။
ဘုရားကလဲ ဒီလိုပါပဲ “မင်းက ငါ့မိသားစုဝင်ပါ။ ဘီစကွတ်တွေ ချထားတော့။ မင်းပိုင်ဆိုင်ခွင့်တွေကို ရယူလိုက်ပါ” လို့ ပြောနေပါတယ်။
ဟိုးတုန်းက ကျွန်တော့်အိပ်ခန်းထဲမှာ (La-Z-Boy) ဇိမ်ခံထိုင်ခုံ ၂ လုံးရှိခဲ့တယ်။ ထိုင်ခုံတွေက သက်သောင့်သက်သာထိုင်လို့အရမ်း ကောင်းပါတယ်။ ဘောလုံးပွဲကြည့်တာဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ်၊ ဆုတောင်းတာပဲဖြစ်ဖြစ် ကျွန်တော်က အိပ်ခန်းထဲမှာ တံခါးပိတ်ပြီး ထိုင်လေ့ရှိတယ်။ အနားယူဖို့ ကောင်းတဲ့နေရာတစ်ခုပါ။
တစ်နေ့ ကျွန်တော်အိမ်ပြန်လာတော့ သားလေး ဂျွန်နသန် ကို ရှာမရဖြစ်ခဲ့တယ်။ အဲ့တုန်းက သားလေးက ၄ နှစ်လောက်ပဲ ရှိမှာပါ။ ကျွန်တော်စိတ်ပူသွားတယ်။ သူသွားနေကျနေရာတွေဖြစ်တဲ့ သူ့ အခန်း၊ ကစားခန်းမီးဖိုချောင်တွေမှာ လိုက်ရှာခဲ့တယ်။ ကားဂိုဒေါင်နဲ့အပြင်တစ်ဝိုက်လည်း ရှာခဲ့ပေမယ့် မတွေ့ ခဲ့ဘူး။ နောက်ဆုံး ကျွန်တော့်အိပ်ခန်း ဆီသွားတော့ တံခါးပိတ်ထားတာ တွေ့ ခဲ့တယ်။ တံခါးကိုဖွင့်လိုက်တော့ သားလေးက ကျွန်တော့်ကိုင်ခုံမှာ ဇိမ်ကျကျနဲ့ထိုင်နေခဲ့တယ်။ လ တစ်ဖက်က မုန့်တစ်ထုပ်၊ နောက်တစ်ဖက်က တီဗွီခလုတ် Remole ကိုင် ထားတယ်။ ကျွန်တော်လည်း သူ့ကိုမြင်တော့ စိတ်သက်သာရာရပြီး ပြုံးခဲ့ရတယ်။ ဂျွန်နသန်က ကျွန်တော့်ကိုကြည့်ပြီး “အဖေရေ၊ ဒါမှဘဝ” လို့ပြောခဲ့တယ်။ ကျွန်တော် မရီမိအောင် အောင့်ထားခဲ့ရတယ်။ သူ့စကားက အဖေတစ်ယောက်အနေနဲ့ ကြားရတာ ပျော်ရွှင်မိခဲ့ပါတယ်။ ကျွန်တော့် အခန်းထဲဝင်ပြီး ကျွန်တော့်စိတ်ကြိုက်ထိုင်ခုံမှာ သူထိုင်ရဲတဲ့ စိတ်ဓာတ် ကို ဝမ်းမြောက်မိတယ်။ ကျွန်တော်ပိုင်တာတွေအားလုံး သူပိုင်ကြောင်း၊ သူက မိသားစုဝင်ဖြစ်ကြောင်း သိနေခဲ့လို့ ကျွန်တော်ဝမ်းသာတယ်။
သင်ကော သင့်ကောင်းကင်ဘုံရှင်အဖကို ပျော်ရွှင်စေသလား။ ဒါဆိုရင် စားပွဲဆီ လာခဲ့ပါ။ အဖဘုရားရဲ့ ကောင်းချီးတွေကို ခံစားလိုက် ပါ။ ဘီစကွတ်တွေချထားပြီး ထမင်းစားခန်းမထဲ ဝင်လာလိုက်ပါ။ စိုးရိမ် ရှက်ကြောက်ပြီး၊ အပြစ်တင်ခံရမှာဆိုးပြီး အသက်ရှင်မနေပါနဲ့ ။ ဘဝကို စိတ်ပူပြီး ကြောက်ရွံ့ ခြင်းတွေနဲ. ဖြတ်သန်းမနေပါနဲ့။ အဖိုးအခတွေ ပေးပြီးပါပြီ။ သင့်နေရာကို ယူလိုက်ပါ။ လွတ်မြောက်ခြင်း အဖိုးအခက လက်မှတ်ထဲမှာ ပါပြီးသားပါ။ အဖေ့ထိုင်ခုံဆီ ဝင်လိုက်ပြီး ကြွယ်ဝသော စိတ်ထားပျိုးထောင်ကာ ဘုရားဖန်ဆင်းထားတဲ့ တော်ဝင်မျိုးရိုးအဖြစ် မိမိကိုယ်ကို မြင်တတ်စေပါ။
အခန်း (၃)
သင့်မျှော်လင့်ချက်တွေကို မြှင့်တင်ပါ
ကျွန်တော်တို မျှော်လင့်ချက်တွေက ကျွန်တော်တို့ ဘဝတွေကို ကန့်သတ်ထားတယ်။ နည်းနည်းပဲမျှော်လင့်ရင် နည်းနည်းပဲရမယ်။ ပိုကောင်းအောင် မလုပ်ဆောင်ရင် ပိုကောင်းလာမှာ မဟုတ်ပါဘူး။ ပိုများတဲ့ ကောင်းမြတ်ခြင်း၊ ပိုများတဲ့အခွင့်အလမ်းကောင်း၊ ရာထူး၊ တိုးပွားခြင်းတွေကို သင်မျှော်လင့်ရင် အသစ်သော ကောင်းမြတ်ခြင်း၊ ကြွယ်ဝခြင်းတွေကို မြင်တွေ့ ရမှာပါ။
မနက်တိုင်း နိုးထတဲ့အခါ ဒီလိုကြေငြာသင့်ပါတယ် - “ဒီနေ ကောင်းတဲ့အရာတစ်ခုခု ဖြစ်လာတော့မယ်” နေ ရက်တိုင်းကို ကောင်း တာနဲ့ အစပြုရမယ်။ မျှော်လင့်တတ်တဲ့စိတ်ထားမျိုးကို တစ်နေ့ တာလုံး ထားရှိသင့်ပါတယ်။
လက်ဆောင်ရလို့ ဖွင့်ကြည့်နေတဲ့ ကလေးတစ်ယောက်လို သင်လည်း “ဘာဖြစ်လာမလဲ ငါမစောင့်နိုင်တော့ဘူး” ဆိုပြီး တွေးနေမျှော်လင့်နေသင့်ပါတယ်။
လူအများစုက “ ကောင်းတာတွေ ငါ့မှာဘာမှဖြစ်မလာဘူး” ဆိုပြီး တွေးနေကြပါတယ်။ အဲဒီလိုတွေးနေမယ့်အစား အခွင့်အလမ်း ကောင်းတွေကို ရှာဖွေနေပါ။ အချိန်မှန်နေရာမှန်ဖြစ်ဖို့ မျှော်လင့်ပါ။ သင့်အိပ်မက်တွေပြည့်ဝဖို့ မျှော်လင့်ပါ။ အောင်မြင်သူဖြစ်ဖို့ မျှော်လင့်ပါ။
လူတွေသင့်ကို နှစ်သက်မှာမဟုတ်ဘူးဆိုပြီး အခန်းထဲကို မဝင် ပါနဲ့ ။ လိုချင်တာရှိမှာ မဟုတ်ဘူးဆိုပြီး ဆိုင်ထဲမဝင်ပါနဲ့ ။ အလုပ်ရမှာ မဟုတ်ဘူးဆိုပြီး အင်တာဗျူးပင်မဖြေပါနဲ့။ သင့်မျှော်လင့်ခြင်းက သင့်ယုံကြည်ခြင်းကို အလုပ်လုပ်စေတာပါ။ ကောင်းတာတွေ မျှော်လင့် နေတာ၊ လူတွေ သင့်ကိုနှစ်သက်ဖို့ မျှော်လင့်နေတာ၊ ကောင်းမွန်တဲ့ တစ်နှစ်တာဖြစ်ဖို့မျှော်လင့်နေတာက သင့်ယုံကြည်ခြင်းကို ထုတ်ပြနေ ခြင်းပါ။ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ခွင့်ပြုလိုက်ခြင်းပါ။
မျှော်လင့်ချက်တွေက ဦးတည်ရာ ၂ ခုရှိတယ်။ မနက်မိုးလင်းလို့ ဒီနေ့က နေ့ရက်ဆိုးပဲဖြစ်မယ်လို့ မျှော်လင့်နေမယ်၊ အခွင့်အလမ်း ကောင်းရဖို့ ၊ လူတွေ နှစ်သက်လာဖို့ မမျှော်လင့်ရင်တော့ အဲဒီအတိုင်း ဖြစ်လာမှာပါ။ သင်ယုံကြည်သလို ဖြစ်လာတာလေ။ မှားယွင်းတဲ့ဦးတည် ရာအပေါ် သင့်ယုံကြည်ခြင်းကို အသုံးပြုနေလို့ပါ။
သင့်မျှော်လင့်ချက်တွေကို မြှင့်ပါ
လူငယ်လေးတစ်ဦးက သူ့နောက်ဆုံးစာမေးပွဲအပေါ် စိုးရိမ် နေကြောင်း ကျွန်တော့်ကို ပြောပြတယ်။ သူက စာကိုသေချာကျက်မှတ် ပြင်ဆင်ထားပေမယ့် စိုးရိမ်စိတ်များတတ်လို့ စာတွေမေ့သွားကာ အမြဲ အမှတ်နည်းခဲ့ရတယ်။
သူက “ဂျိုးလ်. . . ငါ့အတွက်ဆုတောင်းပေးပါ။ ဒါမျိုး ထပ် ဖြစ်တော့မယ် ထင်တာတယ်” လို့ပြောပြတယ်။
သူက စာတွေဖို့ မျှော်လင့်နေတာလေ။ ကျွန်တော်လည်း သူ့ ကို မှားယွင်းတဲ့အရာအပေါ် သူမျှော်လင့်နေတာလို့ ပြောပြခဲ့တယ်။ ကျွန်တော်က “မင်းမျှော်လင့်တာတွေကို ပြောင်းရမယ်။ တစ်နေ့ တာလုံး ဒီစာမေးပွဲကို ကောင်းစွာဖြေနိုင်ရမည်လို့ မိမိကိုယ်ကိုပြောပါ။ ကျက်ထားတာတွေ အကုန်မှန်မိပြီ။ စိတ်အေးအေးနဲ့ ဖြေနိုင်ပြီ” လို ပြောတတ်စေရန် သူ ကိုရှင်းပြခဲ့တယ်။
ရက်အနည်းငယ်အကြာမှာ သူပြန်ရောက်လာခဲ့ပြီး စာမေးပွဲကို အကောင်းဆုံးဖြေနိုင်ခဲ့ကြောင်း ပြောလာခဲ့တယ်။
သင့်ကို ကျွန်တော်မေးပါရစေ - ဘာတွေကို သင်မျှော်လင့်နေ သလဲ။ ကြီးမားတဲ့အရာလား၊ သေးငယ်တဲ့အရာလား၊ ဘာမှမမျှော်လင့် ဘူးလား။ အဆိုးဆုံးကို မျှော်လင့်ဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် သင့်မျှော်လင့်ခြင်းကို ဦးတည်ရာပြောင်းပြီး ... အကောင်းဆုံးဖြစ်ဖို့ ထူးချွန်ဖို့၊ အိပ်မက်တွေပြည့်စုံဖို့ မျှော်လင့်မယ်ဆိုရင် ကောင်းချီး မင်္ဂလာနဲ့ ကောင်းမြတ်ခြင်းတွေက ရောက်လာမှာပါ။
အချို့ လူတွေက မကောင်းတဲ့အတွေးတွေ ရှိနေတာ ကြာလွန်း တော့ ကိုယ့်ကိုယ်ကို သတိမထားမိကြတော့ဘူး။ အလိုလို မကောင်းတာ တွေးနေကြတာ။ ဘာပဲဖြစ်ဖြစ် အဆိုးဆုံးကိုပဲ ယူဆကြပြီး အဆိုးဆုံး တွေပဲ အဖြစ်များလာတယ်။ လူတွေ မနှစ်သက်ဖို့ မျှော်လင့်နေမှတော့ လူတွေလည်း သူတို့ အပေါ် မနှစ်သက်တာများလာတယ်။
ဘဝမှာ အဆိုးများစွာကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကို ကျွန်တော် သိခဲ့တယ်။ သူမက လူတွေဟာ သူမအပေါ် နာကျင်အောင်လုပ်ကြမယ် လို့ မျှော်လင့်တဲ့အတိုင်း ဖြစ်လာခဲ့ရတယ်။ လူတွေ သူမအပေါ် လိမ်မယ် လို မျှော်လင့်တဲ့အတိုင်း ဖြစ်လာခဲ့ရတယ်။ အလုပ်ပြုတ်ဖို့ မျှော်လင့်နေ တော့ နောက်ဆုံးအလုပ်ပြုတ်ခဲ့ရတယ်။
သူမရဲ့မျှော်လင့်ချက်တွေအတိုင်း ... အဆိုးတွေဖြစ်လာခဲ့တယ်။ တစ်နေ့ သူမက ဒီသဘောတရားကို နားလည်လာပြီး အပြောင်းအလဲ တွေ စလုပ်ခဲ့ပါတယ်။ အဆိုးတွေအစား အကောင်းဆုံးအရာတွေကို စောင့်မျှော်တတ်လာတယ်။ အခွင့်အလမ်းကောင်းတွေရဖို့ မျှော်လင့် တတ်လာတယ်။ ၊ လူတွေ သူမအပေါ် သဘောကောင်းဖို့ မျှော်လင့်တတ် လာတယ်။ ယနေ့မှာတော့ သူမက လုံးဝပြောင်းလဲနေပြီး ကြွယ်ဝသော ဘဝနဲ့ ရှင်သန်နေပြီလေ။
သင်လည်း စိတ်ပျက်မှုတွေ၊ မတရားတဲ့အခြေအနေတွေ ကြုံ ရမှာပါဒါပေမယ့် အဆိုးမြင်အတွေးတွေနဲ့ အသက်ရှင်မိတဲ့အမှားမျိုး မလုပ်လိုက်ပါနဲ့ ။ အရာရာမပြောင်းလဲတော့ဘူးလို့ တွေးနေမယ့်အစား အခြေအနေတွေပြောင်းလဲလာဖို့ မျှော်လင့်ကြည့်ပါ။ သာမန်လောက် ဖြစ်ဖို့ မတွေးပဲ ထူးချွန်လာဖို့တွေးပါ။ အခက်အခဲကျော်လွှားနိုင်သူ အဖြစ် မျှော်လင့်ပါ။
မနက်တိုင်း မိမိကိုယ်ကို အောင်မြင်သူအဖြစ် သတိပေးပါ။ သင့်အကြီးမားဆုံးအောင်ပွဲတွေက အနာဂတ်မှာပါ။ မှန်ကန်သောလူ၊ မှန်ကန်သော အခွင့်အလမ်းတွေက သင့်အနာဂတ်မှာ ရှိနေပြီးသားပါ။
ဒါကြောင့် လက်ရှိနေရက်အပေါ် စိတ်လှုပ်ရှားပါ။ အရာရာ သင့်စိတ်ကြိုက်ဖြစ်လာဖို့ မျှော်လင့်ပါ။ သင့်စိတ်ထားက “အခွင့်အလမ်း ကောင်းတွေ၊ မှန်ကန်သောလူတွေ၊ လုပ်ငန်းတိုးပွားခြင်းတွေ၊ ငါ့သား သမီးတွေ ပြန်လိမ္မာတာတွေ၊ ငါ့ကျန်းမာရေးပြန်ကောင်းလာတာတွေကို ငါမျှော်လင့်တယ်။ အချိန်မှန်နေရာမှန်ရောက်ရှိဖို့ ငါမျှော်လင့်တယ်” လို ထားရှိပါ။
အဆိုးမြင်မျှော်လင့်ချက်တွေက သင့်ဘဝကို ကန့်သတ်မသွားစေနဲ့ လူငယ်တစ်ဦးက “ကျွန်တော် အများကြီးမမျှော်လင့်ချင်ဘူး။ ဒါမှ မျှော်လင့်ထားသလိုဖြစ်မလာရင် စိတ်မပျက်မှာ” လို့ပြောတယ်။ တိုးပွားခြင်း၊ ရာထူးတိုးခြင်း၊ အခွင့်အလမ်းကောင်းတွေကို မမျှော်လင့်ရင် သင့်ယုံကြည်ခြင်းကို ထုတ်ပြနေတာမဟုတ်ဘူး။ ယုံကြည် ခြင်းကသာ ဘုရားကို အလုပ်လုပ်ဆောင်စေတာပါ။ မျှော်လင့်ထားသလို ဖြစ်မလာရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ တစ်ရက်နီးလာပြီလို သိထားလိုက်ပါ။ နောက်နေ့ မနက်နိုးထပြီး ထပ်မျှော်လင့်လိုက်ပါ။
အောင်နိုင်သူတွေက ကောင်းတဲ့အရာတွေကို မျှော်လင့်တဲ့ ငြင်းပယ်လို့မရတဲ့ အရည်အသွေးရှိကြတယ်။ ဘာမှမလုပ်ပဲ စွမ်းရည် အလားအလာတွေ၊ ဘုရားပေးမယ့်အကောင်းဆုံးအရာတွေကို ရမှာမဟုတ်ပါဘူး။ မကောင်းတာတွေဖြစ်မလာဖို့.. မျှော်လင့်နေရုံနဲ့ မလုံ လောက်သေးပါဘူး။ ကောင်းတဲ့အရာတွေကို တက်တက်ကြွကြွ မျှော် သိရပါတယ်။ သင့်အိပ်မက်တွေပြည့်စုံဖို့ မျှော်လင့်နေလား။ ဒီနှစ်က အရင်နှစ်ထက် ပိုကောင်းဖို့ မျှော်လင့်နေလား၊ အသက်ရှည်ကျန်းမာပြီး ကြွယ်ဝသောအသက်တာနဲ နေထိုင်နိုင်ဖို့ မျှော်လင့်နေလား။ သင် မျှော်လင့်နေတာတွေကို သတိပြုပါ။ သင်က အိမ်ထောင်ပြုချင်တဲ့ ဆန္ဒရှိနေတယ်။ ဒါဆိုရင် “ငါတော့ အိမ်ထောင်ဖက်ကောင်းတွေ့မှာ မဟုတ်တော့ဘူး။ အချိန်ကြာနေပြီ။ ငါလည်း အိုလာပြီ” လို့ မတွေးပါနဲ့ ။ အဲလိုတွေးမယ့်အစား အချိန်မှန်နေရာမှန်ဖြစ်စေဖို့ မျှော်လင့်ထားပါ။
ကောင်းမွန်တဲ့အဆက်အသွယ်တွေ ... သင့်လမ်းကြောင်းပေါ် လာနေပြီလို့ ယုံကြည်ထားပါ။ မှန်ကန်တဲ့လူတွေ သင့်ကိုနှစ်သက်မယ်လို့ ယုံကြည်ထားပါ။“ဖြစ်မလာခဲ့ရင်ကော”ယုံကြည်ပြီး တစ်ခုခုဖြစ်လာခဲ့ရင်ကော။ သေချာတာကတော့ မယုံရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါဝိဒ်က ဆာလံကျမ်းမှာ “အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာ ကို တစ်သက်လုံးခံစားမယ်” လို့ပြောထားတယ်။ အတိတ်မှာ သင်က စိတ်ပျက်မှုတွေအခက်အခဲတွေ ကြုံခဲ့ရမှာပါ။ သင့်အနေနဲ့ ဖြစ်မလာ ခဲ့တာတွေကို ထားခဲ့လိုက်ပါ။ အမှားတွေအရှုံးတွေကို ထားခဲ့လိုက်ပါ။
သင်ဘယ်သွားသွား ကျေးဇူးနဲ့ကရုဏာက သင့်နောက်လိုက် နေဖို့ မျှော်လင့်ထားပါ။ တစ်ခါတလေ နောက်ပြန်လှည့်ပြီး “ကျေးဇူးနဲ့ ကရုဏာတို့ရေ...ငါ့အနောက်မှာရှိနေတာ အဆင်ပြေကြရဲ့လား” လို့ မေးလိုက်ပါ။
တချို့လူတွေက ဖြစ်လာမယ့် ပြဿနာတွေ၊ ဖြစ်လာမယ့် အရှုံးတွေ ဖြစ်လာမယ့် ကံဆိုးမှုတွေကို ရှာဖွေနေကြမှန်းတောင် သတိ မထားမိကြတော့ဘူး။ သင်ရှာဖွေနေတာကို ပြောင်းလဲလိုက်ပါ။ ကောင်း မြတ်ခြင်း၊ ကျေးဇူး၊ ကရုဏာ၊ တိုးပွားခြင်း၊ ချီးမြှောက်ခြင်းတွေကို စတင်ရှာဖွေပါတော့။ ဒါတွေကသာ သင့်အနောက်ကို လိုက်နေသင့်တာပါ မျှော်လင့်ခြင်းရဲ့ နောက်အဓိပ္ပာယ်တစ်ခုက “ကောင်းတ တစ်ခုခုအပေါ် ပျော်ရွှင်စွာ စောင့်စားခြင်း” ဖြစ်တယ်။ တစ်ခုခုကို စောင့်စားတဲ့အရာ အဲဒါက သင့်ကိုပျော်ရွှင်မှုပေးမယ်၊ စိတ်ထက်သန်မှု ပေးမယ်။ သင့်အိပ်မက်တွေ ပြည့်စုံဖို့ မျှော်လင့်တဲ့အခါ နေ့ ရက်တိုင် အပေါ် သင့်ခြေလှမ်းတွေက ပေါ့ပါးလာမယ်။ ကောင်းတဲ့အရာကို မစောင့်စားရင်တော့ ဘဝအပေါ် စိတ်ထက်သန်မှုမရှိ ရုန်းကန်ရှင်သန် သွားရမှာပါ။
ကျွန်တော် မာနကြီးတာမဟုတ်ပါဘူး၊ ဒါပေမယ့် လူတွေ ကျွန်တော့်အပေါ် နှစ်သက်ဖို့ မျှော်လင့်တယ်။ ဘယ်ကိုပဲသွားသွား ကျွန်တော်က စိတ်မလှုံမခြုံ၊ ကြောက်ရွံ့ ပြီး “လူတွေ ငါ့ကိုနှစ်သက်မှာ မဟုတ်ဘူး။ ငါ့အတင်းတောင် ပြောနေကြမှာ” လို့ မတွေးပါဘူး။
လူတွေ ကျွန်တော့်အပေါ် ခင်မင်ဖို ့မျှော်လင့်ထားတယ်။ TV မှာ ကျွန်တော့်ကိုမြင်ရင် လူတွေကြည့်ဖို့ ယုံကြည်ထားတယ်။ စာအုပ် ဆိုင်တွေမှာ ကျွန်တော့်စာအုပ်ကိုမြင်ရင် စွဲဆောင်မှုရှိဖို့ ကျွန်တော် တွေးထားတယ်။
ကောင်းတဲ့အရာတွေကို မျှော်လင့်တတ်တဲ့စိတ်ထားရှိဖို့ ပြော နေတာပါ။ သင့်မျှော်လင့်ချက်ကို ထုတ်ထားရမယ်သင်အသုံးမပြုတာ ၆ နှစ်လောက်ရှိကောင်းရှိနေမယ်။ ပိုကောင်းတဲ့အရာတွေကို စတင်ပြီး မျှော်လင့်လိုက်ပါတော့။
တက်ရမယ့် တောင်တန်းအသစ်တွေသွားရမယ့် နယ်မြေ အသစ်တွေရှိပါတယ်။ အမြင့်ရောက်ဖို့ မျှော်လင့်ပါ။ အခက်အခဲတိုင်း ကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါ။ တံခါးတွေပွင့်လာဖို မျှော်လင့်ပါအလုပ်မှာ မျက်နှာသာရဖို့၊ အိမ်မှာ မျက်နှာသာရဖို့၊ စတိုးဆိုင်မှာ မျက်နှာသာရဖို့ ၊ ဆက်ဆံရေးတွေမှာ မျက်နှာသာရဖို့ မျှော်လင့်ပါ။
ကောင်းတာကို သတိရပါ
နာကျင်မှု၊ စိတ်ပျက်မှု၊ ရှုံးနိမ့်မှုတွေကို ကြုံရတဲ့အခါမှာ သင့် အတွေးကို ကာကွယ်ထားပါ။ တစ်နေ့ တာလုံး သင့်အတွေးထဲ တွေးနေ မယ့်အရာကို သတိပြုပါ။ သင့်မှတ်ဉာဏ်က အလွန်အစွမ်းထက်တယ်။
ကားမောင်းနေရင်း သင့်သားသမီးနဲ. ကြည်နူးခဲ့တာကို သတိ ရပါ။ လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ခဲ့တာဖြစ်မယ် - ပွေ့ ဖက်မှု၊ အနမ်းတစ်ခု၊ ပျော်ရွှင်မှုတစ်ခုခုပေါ့။ ဒီလိုအခိုက်အတန့်တွေကို သတိရရင် သင့်ကို ပြုံးပျော်စေမှာပါ။ အဲဒီတုန်းက ခံစားချက်တွေ၊ နွေးထွေးပျော်ရွှင်မှုတွေ ကို ပြန်လည်ခံစားမိစေမှာပါ။ အခုထပ်ပြီး ဖြစ်လာသလိုပေါ့။
တစ်ဖက်မှာလည်း … သင့်အနေနဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ၊ မတရားတဲ့ ဖြစ်ရပ်တွေကို သင်ပြန်သတိရမိနိုင်ပါတယ်။ ဒါဆို မကြာခင် သင်က ဝမ်းနည်းလာမယ်၊ စိတ်ဓာတ်ကျလာမယ်၊ စိတ်ထက်သန်မှုတွေ ပျောက်လာမယ်။
ဘာက သင့်ကိုဝမ်းနည်းစေတာလဲ။ မှားယွင်းတဲ့ အမှတ်တရ တွေကို ပြန်စဉ်းစားမိလို့ပါ။ ဘာက သင့်ကိုပျော်ရွှင်စေတာလဲ။ မှန် ကန်တဲ့ အမှတ်တရတွေကို ပြန်စဉ်းစားမိလို့ပါ။ လေ့လာတွေ့ ရှိချက် အရ လူ့အတွေးက မကောင်းတဲ့အရာဆီ အလိုလိုသွားနေတတ်တယ် လို့ တွေ့ရှိထားတယ်။ ကောင်းတဲ့အမှတ်တရနဲ့ ဆိုးတဲ့အမှတ်တရကို ဦးနှောက်ရဲ့ မတူညီသောအစိတ်အပိုင်းတွေက ထိန်းချုပ်ထားတယ်။ ဆိုးတဲ့အမှတ်တရကတော့ ပိုအလုပ်လုပ်ရလို့ နေရာပိုယူပါတယ်။ ရလဒ်ကတော့ ကောင်းတဲ့ဖြစ်ရပ်ထက် ဆိုးတဲ့ဖြစ်ရပ်တွေကို သင်ပိုပြီး သတိရမိစေတယ်။
လေ့လာတွေ့ရှိချက်အရ လူဟာ ဒေါ်လာ ၅၀ ရတာထက် ဒေါ်လာ ၅၀ ဆုံးရှုံးတာကို ပိုသတိရတယ်။ မကောင်းတဲ့အရာက ကောင်းတဲ့အရာထက် ပိုသက်ရောက်စေပြီး ပိုလေးလံတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ တရားဟောပြီးတဲ့ အခါ လူတစ်ရာလောက်က “ဂျိုးလ်.... ဒီနေ့ ပြောတာ အရမ် ကောင်းတယ်။ တကယ်ခွန်အားရတယ်” လို့လာပြောကြတယ်။ ဒါ မယ့် ကျွန်တော်က လူတစ်ယောက်ပြောတဲ့ “ဒီနေ့ဟောတာကို ငါ နားမလည်ဘူး။ ခွန်အားမရဘူးကွာ" ဆိုတဲ့စကားကို ပိုသတိရနေတယ်။
အရင်ကဆို ဒီအဆိုးစကားတွေကို ကျွန်တော်တွေးနေမိတာပါ။ ထပ်ခါထပ်ခါ အတွေးထဲမှာ ပြန်တွေးမိတယ်။ ဒါဟာ လူ့ သဘာဝပါ။ ဦးနှောက်ထဲမှာ ဆိုးတဲ့အမှတ်တရတွေကို သိမ်းဆည်းထားပုံပါ။ အဆိုး က အကောင်းထက် ပိုနေရာယူတယ်လေ။
ကောင်းတဲ့အမှတ်တရကို ဖွင့်ပါ
ဦးနှောက်အလုပ်လုပ်ပုံကို သိထားမယ်ဆိုရင် သင့်အနေနဲ့ကြိုတင်ပြင်ဆင်ရမယ်။ ဆိုးတဲ့အမှတ်တရတွေ အတွေးပိတ်ကားပေါ် ရောက်လာတဲ့အခါ လူအများစုက ထိုင်ခုံမှာထိုင်၊ ပေါက်ပေါက်စားရင်း ထပ်ခါထပ်ခါ ကြည့်မိတတ်ကြတယ်။ “သူတို့ ငါ့ကိုလုပ်ရက် လိုက်ကြတာ၊ လုံးဝမတရားဘူး” လို့ ပြောကြမယ်။
ဒါပေမယ့် ဇာတ်လမ်းက ဒီတစ်ပုဒ်ထဲရှိတာ မဟုတ်ဘူး။ သင့် ရှုံးနိမ့်မှု၊ စိတ်ပျက်မှုတွေ မပြသတဲ့ အခြားရုပ်သံလိုင်းတစ်ခု ရှိပါတယ်။ အဲဒီလိုင်းမှာ သင်အောင်မြင်ခဲ့တာတွေ၊ မှန်ကန်တဲ့ ဆုံးဖြတ် ချက်ချခဲ့မှုတွေကို ပြသနေပါတယ်။
အဲဒီ အမှတ်တရကောင်းတွေ ပြတဲ့ရုပ်သံလိုင်းမှာ ရာထူးတိုး ခဲ့တာတွေ၊ လူကောင်းတွေနဲ့ ခင်မင်ခဲ့တာတွေ၊ အိမ်ကောင်းကောင်း ဝယ်ခဲ့တာတွေသင့်ကလေးတွေ … ကျန်းမာပျော်ရွှင်ခဲ့တာတွေကို ပြန်လည် ပြသနေပါတယ်။
မကောင်းတဲ့ ရုပ်သံလိုင်းကို ကြည့်မယ့်အစား အောင်မြင်ရေး ရုပ်သံလိုင်းကို ပြောင်းလိုက်ပါ။ မကောင်းတာတွေကိုပဲ ထပ်ခါထပ်ခါ ပြန်ကြည့်နေမယ်ဆိုရင် ကောင်းမွန်တဲ့နေ့ရက်တွေဆီ သင်သွားနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့အားလုံးမှာ ဆုံရှုံးမှု၊ စိတ်ပျက်မှုတွေ ရှိခဲ့ပါတယ်။ ဒါတွေကသင့်ဆီကိုမကြာခဏပြန်လာနေအုန်းမှာပါ။ ဒါပေမယ့်ကောင်းတာ တစ်ခုက သင့်မှာ အဝေးထိန်း ခလုတ် (Remote Control) ရှိတယ်လေ။ တစ်စုံတရာ မှတ်မိတာနဲ့ အဲဒါမှာ အချိန်ကုန်ဖို့မဟုတ်ဘူး။ လိုင်းပြောင်း တတ်အောင် လေ့လာပါ။
အဖေဆုံးပြီး နှစ်အနည်းငယ်ကြာတော့ အမေ့အိမ်မှာ တစ်ခုခု ယူစရာရှိလို့ဝင်ခဲ့တယ်။ အိမ်မှာ ဘယ်သူမှပြန်မရောက်သေးဘူး။ အိမ်ထဲ ဝင်လိုက်တာနဲ့ အဖေကွယ်လွန်ခဲ့တဲ့ ညကို ချက်ချင်း သတိရမိလာတယ်။ အခန်းထဲမှာ နှလုံးရောဂါနဲ့ ကြမ်းပြင်မှာ လဲကျနေတာတွေ မြင်ခဲ့တယ်။ အဲဒီညက ဆရာဝန်တွေက သူနှလုံးပြန်ခုန်အောင် ကြိုးစားနေကြတယ်။ အဲဒီညကအရာတွေ ကျွန်တော့်အတွေးထဲ ပြန်မြင်ရောင်ပြီး ခံစားရပါတယ်။
သင့်ကို ပြောသလို ကျွန်တော်လုပ်ခဲ့တယ်။ ကျွန်တော်က “ရပြီ၊ အဲဒီညကို ပြန်လည် မတမ်းတတော့ဘူး။ အဲဒီခံစားမှု၊ စိတ်ဓာတ် ကျမှုတွေ ငါ မခံစားတော့ဘူး” လို့ ပြောလိုက်တယ်။
ကျွန်တော် ရုပ်သံလိုင်းပြောင်းဖို့ ရွေးချယ်ခဲ့တယ်။ အဖနဲ့ အရင်က အတူတူရှိခဲ့တဲ့ အချိန်တွေကို ပြန်လည် သတိရခဲ့တယ်။ အတူတူ ရယ်မောခဲ့တာ၊ ပျော်ရွှင်ခဲ့တာ၊ ကမ္ဘာ ပတ်ခဲ့တာတွေပေါ့။ အမေဇုန်မြစ်ထဲ ခုန်ဆင်း ခဲ့တာတွေ၊ ကျွန်တော့်သား ဂျွန်နသန်နဲ့အဖေ ကစားခဲ့တာတွေ ကို အာရုံထားခဲ့တယ်။
ဒါဟာ အခြားလိုင်းလေ။ ကျွန်တော်ပြောင်းခဲ့တယ်။ သင်ကော လိုင်းပြောင်းဖို့လိုနေပြီလား။နာကျင်မှု၊ စိတ်ဓာတ်ကျမှု၊ မကောင်းမှုတွေ ကို ပြန်လည် တွေးတောခံစားနေတာလား။ မကောင်းတာတွေကို ပြန်ကြည့်ရှုနေရင် သင့်ဒဏ်ရာ လုံးဝပျောက်ကင်းမှာ မဟုတ်ပါဘူး။ ဒဏ်ရာကျက်ခါနီးအနာကို ပြန်လည်ထိုးနှက်ရင် ပိုဆိုးလာမှာပါ။
စိတ်ဒဏ်ရာတွေလည်း အတူတူပဲ။ အဲဒီဒဏ်ရာတွေကို သင့်စိတ်ဇာတ်လမ်းထဲမှာ အမြဲတမ်း ကြည့်ရှုမယ်၊ သူငယ်ချင်းတွေကို ပြောပြနေမယ်ဆိုရင်တော့ ဒါက အနာဟောင်းကို ပြန်ဆွနေတာပါပဲ။
ရုပ်သံလိုင်းပြောင်းဖို့ သင်လိုတယ်။ သင့်ဘဝကို ပြန်ကြည့်ရင် ကောင်းတာတစ်ခုခု ဖြစ်ခဲ့တာရှိလား။ ဘုရားက သင့်ကိုကယ်တင်ခဲ့တဲ့ အချိန်၊ရာထူးတိုးစေခဲ့တဲ့ အချိန်၊ ကာကွယ်ခဲ့တဲ့ အချိန်၊ ရောဂါပျောက် ကင်းစေတဲ့ အချိန်တွေကို မှတ်မိသေးလား။ အဲဒီလိုင်းကို ပြောင်းလိုက် ပါ။ သင့်စိတ်ကို ဦးတည်ရာအရပ်သစ်ဆီ သွားစေပါ။
မကြာသေးမီက သတင်းထောက်တစ်ယောက် ကျွန်တော်ကို မေးတယ်။ ကျွန်တော့်အကြီးမားဆုံးနောင်တ၊ ဆုံးရှုံမှုကဘာလဲတဲ့။ ကျွန်တော် မာနကြီးပြီးပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အကြီးမားဆုံး ဆုံးရှုံမှုကို ကျွန်တော် မမှတ်မိဘူး။ ကျွန်တော် အဲဒါကို စဉ်းစားမနေ ဘူးလေ။ အဲဒီလိုင်းကို ကျွန်တော် ကြည့်နေတာမဟုတ်ဘူး။
ကျွန်တော်တို့အားလုံး အမှားတွေ လုပ်ခဲ့တယ်။ အဲဒီအမှားတွေ ကနေ လေ့လာလို့ ရတယ်လေ။ သင့်စိတ်ထဲမှာ ရှေ့တန်းတင်ထားဖို့ မဟုတ်ဘူး။ မှန်ကန်တဲ့ လုပ်ရပ်တွေကိုသာ ရှေ့တန်းတင်ပါ။ အောင်မြင် ခဲ့တဲ့ အချိန်တွေ၊သွေးဆောင်ဖျားယောင်းမှုကိုကျော်လွှားခဲ့တဲ့ အချိန်တွေ၊ သူစိမ်းတွေအပေါ် ကြင်နာခဲ့တဲ့ အချိန်တွေကို သတိရပါ။
တစ်ချို့လူတွေ ဘာလို့ မပျော်ရွှင်လဲဆိုတော့ သူတို့က အရင် ၁၉၂၇ တုန်းက လုပ်ခဲ့တဲ့အမှားတွေကို မှတ်မိတမ်းတနေလို့ပဲ။ လိုင်းကိုပြောင်းလိုက်ပါ။ သင်လိုတာမဖြစ်ခဲ့တာ၊ စည်းကမ်းမရှိခဲ့တာ၊ ကျောင်းထွက်ခဲ့တာ သားသမီးတွေနဲ့ အချိန်မယူခဲ့တာတွေကို တမ်းတ မနေပါနဲ့တော့။
သင့်အနေနဲ့ လဲကျခဲ့ကောင်း လဲကျခဲ့လိမ့်မယ်။ ဒါပေမယ့် သင် ပြန်ထနိုင်ခဲ့တာကိုပဲ အာရုံထားပါ။ ဒီနေ့ ဒီနေရာကို သင်ရောက်နေပြီ။ ဆုံးဖြတ်ချက်တွေ ညံ့ခဲ့ရင်လည်း ကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုပဲ သတိ ရပါ။ အားနည်းခဲ့ပေမယ့် အားကြီးခဲ့တာကို သတိရပါ။ မှားတာထက်မှန်တာကို အာရုံထားပါ။ သင့်ကိုယ်သင် ခွင့်မလွှတ်ရင် သင့်ကိုဖန်ဆင်း ခဲ့တဲ့အတိုင်း ဖြစ်လာမှာ မဟုတ်ဘူး။ သင့်စိတ်ကို ပြန်လည် ထိန်းကျောင်း ပါ၊ သင်စဉ်းစားတွေးတောနေတာကို စည်းကမ်းရှိစေပါ။
ဟိုးတုန်းကဆို ကျွန်တော့်သား ဂျွန်နသန်နဲ့ ဘက်စကက်ဘော ကစားခဲ့တယ်။ တစ်ယောက်ချင်းဆီပေါ့။ ပထမဆုံးအကြိမ် ဘဝမှာ သူက ကျွန်တော့်ကို အနိုင်ရခဲ့တယ်။ မျှမျှတတပဲ။ ၁၅ မှတ် - ၁၄ မှတ်။ သူ့ ကို လက်ဝါးချင်းရိုက် ဂုဏ်ပြုခဲ့တယ်။
ပွဲကစားနေတုန်း သူက ကျွန်တော့်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘယ်ကနေ ဘယ်လို လုပ်လိုက်မှန်းမသိ အချိန်ကိုက်ပဲ ဘောလုံးကိုတားနိုင်ခဲ့ပြီး ဘောလုံးမှာ မြက်ခင်းပေါ် ရောက်သွားတယ်။
ကျွန်တော်လည်း NBA စူပါစတား ကစားသမား တစ်ယောက်လို ခံစားလိုက်ရတယ်။ ရက်အနည်းငယ်ကြာတော့ ကျွန်တော် တို့ သားအဖနှစ်ယောက် သူငယ်ချင်းအချို့နဲ့ လေ့ကျင်ခန်းသွားလုပ်ကြ တယ်။ ဂျွန်နသန်က “ဟိုနေ့က အဖြစ်အပျက်တွေ ပြောပြလိုက်အုန်း လေ” လို့ပြောတယ်။
ကျွန်တော်က “ဟုတ်သားပဲ။ ဒီလိုဗျ၊ ဂျွန်နသန် ပစ်လိုက်တဲ့ ဘောလုံးကို ကျွန်တော်လည်း အမြင့်ကြီး ခုန်ပြီး ကာကွယ်လိုက်တာ” လို့ ပြောပြတယ်။
ဂျွန်နသန်က “အဲဒါမဟုတ်ဘူး။ အဖေ့ကို ကျွန်တော် ပထမဆုံးအကြိမ် နိုင်သွားတာကို ပြောခိုင်းတာ။
ရယ်ဖို့ကောင်းတာက ကျွန်တော်က ရှုံးခဲ့တာကို မမှတ်မိပဲ ကျွန်တော် လုပ်ပြနိုင်ခဲ့တာကို ပိုမှတ်မိနေတာပါ။ ကျွန်တော့် စိတ်ထဲမှာ အရှုံးဆိုတာထက် ကောင်းကွက်လေး လုပ်ခဲ့တာကို မှတ်မိနေတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က စိတ်ကို ကောင်းတာပဲတွေးတတ် အောင် လေ့ကျင့်ခဲ့တာလေ။
လူအများစုက ဆန့်ကျင်ဘက်ပေါ့။ သူတို့က နိုင်ရင်တောင် အမှားတွေပဲ သတိရနေကြတာ။ ဘယ်တော့မှ ကောင်းတာကို မခံစားကြ ဘူး။ မှားခဲ့တာတွေပဲ အာရုံက ရောက်နေတာ။
ဒါတွေက သင့်စိတ်ကို လေ့ကျင့်ထားပုံပါ။ သင်ကြည့်နေတဲ့ ရုပ်သံလိုင်းပေါ် မူတည်တယ်။ မေ့သင့်တာတွေ၊ နာကျင်မှုတွေ၊ စိတ်ပျက် မှုတွေ၊ ရှုံးနိမ့်မှုတွေကို သတိရနေတဲ့ အမှားမျိုးမလုပ်ပါနဲ့တော့။ သင်သတိရသင့်တာက အောင်မြင်မှုတွေ၊ ဆိုးရွားချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့မှုပါပဲ။
အတိတ်က ကောင်းတာတွေကို စုစည်းထားပါ
ဓမ္မဟောင်းကျမ်းမှာ ဘုရားက သူ့လူတွေကို အမှတ်တရပွဲတွေ ကျင်းပဖို့ မိန့်မှာခဲ့တယ်။ အကြောင်းကတော့ ဘုရားပြုခဲ့တာတွေကို သူတို့ သတိရဖို့ပါပဲ။ တစ်နှစ်အတွင်းမှာ အလုပ်တွေကို ရပ်နားခိုင်းပြီး အားလပ်ရက်တွေ ရှိပါတယ်။ ဘုရားက သူတို့ကို ကျွန်ဘဝမှ လွတ် စေခဲ့တာ၊ ရန်သူကို ချေမှုန်းခဲ့တာသူတို့ကို ကာကွယ်ခဲ့တာကို သတိရ ချီးမွမ်းနိုင်ဖို့ပါ။ အဲဒါတွေကို ပြန်သတိရဖို့ လိုတယ်။
ပြီးတော့ အမှတ်ရစေတဲ့ ကျောက်တုံးတွေ (Memorial Stones) အကြောင်းလည်း ပြောသေးတယ်။ အဲကျောက်တုံးတွေက အကြီးကြီးတွေအခုတော့ သမိုင်းဝင်တွေပေါ့အဲဒီကျောက်တုံးတွေက … အောင်ပွဲတွေကို သတိရစေဖို့ပါ။ အဲဒီကျောက်တုံးတွေကို ဖြတ်သွားတိုင်း သူတို့က အရင် ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိလာတယ်။
“ဒီကျောက်တုံးက ကျွန်ဘဝမှ လွတ်ခဲ့လို့။ ဒီကျောက်တုံးက ကလေးကိုနေပြန်ကောင်းစေလို့။ ဒီတစ်ခုက ဘုရားသခင်လိုအပ်တာတွေ ဖြည့်ပေးလို့ ဒီလိုအမှတ်တရထားရှိခြင်းက ဘုရားကောင်းမြတ်ခြင်းကို စိတ်ထဲမှာ အသစ်တဖန် ပြန်သတိရစေပါတယ်။ ဒီလိုပဲကျွန်တော်တို့ဘဝမှာကိုယ်ပိုင်အမှတ်ရစရာကျောက်တုံးတွေရှိသင့်ပါတယ်။ သင့်ဘဝကိုပြန်တွေးလိုက်ရင် ရှုံးခဲ့တာ၊လင်မယားကွာရှင်းတာ၊ စီးပွားရေးကျရှုံးခဲ့တာ၊ အချစ်ဆုံးသူတွေ ဆုံးရှုံးခဲ့တာ၊ သူဌေးက မှားတာတွေကို သတိရဖို့ မဟုတ်၊ အဲဒါတွေက မေ့ရမယ့်အရာတွေပါ။
ရုပ်သံလိုင်းကို ပြောင်းဖို့ လိုနေပြီ။ သင့်အချစ်ကို စတွေ့ခဲ့တာ၊ ကလေးရခဲ့တာ၊အလုပ်ရခဲ့တာ၊ပြဿနာတွေ ရုတ်တရက်ပြေလည်ခဲ့တာ၊ သင့်ချစ်ရတဲ့လူဆုံးသွားပေမယ့် ငြိမ်သက်ခြင်းရခဲ့တာတွေကို သတိရဖို့ပါ။
ခက်ခဲချိန်ကရှိခဲ့တဲ့ ခွန်အားတွေကို သတိရပါ။ သင်မပျော်တော့ ဘူးလို့ ထင်တဲ့အချိန်မှာ ဘုရားက သင့်ကို ပျော်ရွှင်စေခဲ့တာ၊ ပြာမှုန့် အတွက် လှပမှုပေးခဲ့လို့ ယနေ့ မှာ သင်ဟာ ပျော်ရွှင်၊ကျန်းမာ၊ သန်စွမ်း နေပြီလေ။ ဒီလိုမျိုး အမှတ်ရစေမယ့်ကျောက်တုံးမျိုး ရှိသင့်ပါတယ်။
ကျွန်တော့် အမေ ကင်ဆာရောဂါကို အောင်မြင်ခဲ့တဲ့ ၃၇ နှစ် ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၃၇ နှစ်က ဆရာဝန်တွေက အမေ့ကို ရက်အနည်းငယ် သာ အသက်ရှင်တော့မယ်လို့ ပြောပြခဲ့ပေမယ့် အမေက အခုချိန်ထိ ကျန်းမာသန်စွမ်း ပြည့်စုံနေဆဲပါ။ ဒါဟာ သူမရဲ့ အမှတ်တရကျောက် တုံးပါ။
ကျွန်တော့် အမှတ်တရ ကျောက်တုံးကတော့ ဒီဇင်ဘာ ၁ ရက်၊ ၂၀၀၃ ခုနစ်မှာ မြို့တော်ဝန်က ဟူစတန်မြို့ ရှိ ဘုရားကျောင်းအသစ်ရဲ့ သော့ကို ကျွန်တော့် လက်ထဲပေးခဲ့တာပါ။ ဒီအဆောက်အအုံက အမှတ် တရ ကျောက်တုံးတစ်ခုပါ။ နောက်တစ်ခုက လက်ဝတ်ရတနာဆိုင်မှာ ကျွန်တော်ဇနီး ဗစ်တိုးရီးယားကို ပထမဆုံး စတွေ့ခဲ့တာပေါ့။ ကျွန်တော့် ဆုတောင်းသံကို ဘုရား နားညောင်းခဲ့တယ်။
နောက်ထပ် အမှတ်တရ ကျောက်တုံးက အဖေဆုံးသွားချိန်မှာ ဘုရားကျောင်းကို ဘယ်လိုဦးဆောင်ရမလဲ ကျွန်တော်မသိခဲ့ပေမယ့် ဘုရားကျေးဇူးတော်ကြောင့် ကျွန်တော်ဦးဆောင်နိုင်ခဲ့တယ်။
ဒီလို … ကောင်းတာတွေကိုပဲ ကျွန်တော် အမြဲသတိရ နေပါတယ်။ မေးစရာက သင့်မှာကော အမှတ်တရ ကျောက်တုံးတွေ ရှိပါသလား။ သင့်မှတ်မိတာတွေက သင့်ဘဝကို ပုံဖော်ပေးနိုင်ပါတယ်။
ရှုံးနိမ့်မှုစိတ်ပျက်မှုနာကျင်မှုတွေကို မှတ်မိနေရင်တော့ သင်ရပ်တန့် သွားမှာပါ။
သင်သတိရနေတာတွေကို ပြောင်းပြီး သင့်အောင်မြင်မှုတွေကျော်လွှားချိန်တွေကို သတိရမယ်ဆိုရင် အသစ်သော ဘုရားကောင်း မြတ်ခြင်း အဆင့်တွေဆီ ရောက်လာမှာပါ။သင့်အနေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရမယ်။ ဒါပေမယ့် သင်ဟာ ကောင်းတာတွေ ကို သတိရနေရင် “ဒီပြဿနာက ကြီးလိုက်တာ။ ဒီရောဂါနဲ့သေမှာပါ” လို့ ပြောမှာမဟုတ်ပါဘူး။ အဲဒီလိုပြောမယ့်အစား “ဘုရားသခင်၊ ကျွန်တော်အပေါ် ကောင်းခဲ့ပါတယ်။ ဆက်လက်ပြီး ကောင်းမယ်ဆိုတာ ကျွန်တော်သိပါတယ်'လို့ ပြောမှာပါ။
ဒါဝိဒ်က သူ့ထက်နှစ်ဆကြီးတဲ့ ဂေါ်လျတ်နဲ့ ရင်ဆိုင်တုန်းက ဒီလိုပဲ လုပ်ခဲ့တာပါ။ သူ့အနေနဲ့ ဂေါ်လျတ်ကြီးကြောင်း၊ အတွေ့အကြုံ ပိုများကြောင်း၊ လက်နက်တွေ ပိုစုံလင်ကြောင်း အာရုံစိုက်လို့ ရပါတယ်။ ဒါတွေသာ အာရုံစိုက်ရင် သူ စိတ်ပျက်မှာပါ။
ကျမ်းစာမှာ ဒါဝိဒ်က ခြင်္သေ့နဲ ဝက်ဝံကို လက်ဗလာနဲ့ သတ်ခဲ့ ကြောင်း ပြန်လည်သတိရခဲ့တယ်လို့ ပြောတယ်။ ဒါဝိဒ် ဘာလုပ်နေတာ လဲ။ သူအောင်မြင်ခြင်းတွေ ပြန်သတိရနေတာ။ သူ့ အစ်ကိုတွေ သူ့အပေါ် မကောင်းတာ၊ သူ့အဖေ သူ့ကိုမလေးစားတာတွေ သတိရလို့ ရတာပဲ။ ကျွန်တော်တို့လိုပဲ သူ့ဘဝမှာလည်း မကောင်းတာတွေ ဖြစ်ပျက်ခဲ့မှာပါ။ ဒါပေမယ့် ဒါဝိဒ်က ဒီသဘောတရားကို နားလည်တယ်။ အရှုံးတွေ၊ မတရားမှုတွေကို တမ်းတနေရင် ရှေ့ ဆက်နိုင်မှာ မဟုတ်ဘူး။
ဒါဝိဒ်က သူအောင်မြင်မှုတွေကို သတိရပြီး ဘုရားဖန်ဆင်းတဲ့ အတိုင်းဖြစ်ခဲ့တယ်။ သင်လဲ ပြဿနာကြီးကြီးနဲ့ ရင်ဆိုင်နေတယ်လို့ ခံစားကောင်း ခံစားနေမှာပါ။ အားအင်ပြည့်နဲ့ ကျော်လွှားနိုင်ဖို့ဆိုရင် ဒါဝိဒ်လို လုပ်ဖို့တော့ လိုမယ်။
မဖြစ်နိုင်တော့ပါဘူးလို့ စဉ်းစာနေမယ့်အစား နေ့စဉ်အောင်မြင်ခဲ့ တာတွေကို သတိရပါ။ အမှတ်တရကျောက်တုံးကို ထုတ်ပြီး“ဘုရားသခင် အခက်အခဲတွေကြားမှ ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးပါ။ ရာထူးတွေ ပေးခဲ့လို့၊ အမှားတွေကို ပြုပြင်ပေးခဲ့တာကို မှတ်မိပါတယ်” လို့ ပြောပါ။ သင့်အောင်မြင်ခြင်းတွေကို ပြန်လည်မြင်လိုက်ပါ။ ကောင်းတာကို သတိရခြင်းက သင့်ကိုအားတက်စေပါတယ်။
ပျော်ရွှင်ခဲ့တာတွေ ပြန်လည်အသက်သွင်းပါ
၂၀၀၇ Miss USAမှာ ရေချယ်လ် စမင့်သ် (Rachel Smith) အနိုင်ရခဲ့ပါတယ်။သူမက ကမ္ဘာပတ်ပြီး ဒုက္ခရောက် ကလေးတွေကို ကူညီနေတဲ့ ထက်မြတ်သူ မိန်းကလေးပါ။ အဲနှစ်မှာ သူမက Miss Universe ဝင်ပြိုင်ခဲ့ပါတယ်။ စင်ပေါ်မှာ လမ်းလျှောက်တုန်း သူမ ချော်လဲခဲ့ပါတယ်။ ကမ္ဘာတစ်လွှမ်း သန်းပေါင်းများစွာသော လူတွေက ကြည့်ရှုနေတာပါ။ သူမလည်း အရှက်ရကာ မြန်မြန်ထပြီး ပြန်လည် ပြုံးပြခဲ့ပါတယ်။ ပရိသတ်တွေထဲမှာ ရီသူကရီ၊ လှောင်သူက လှောင်ပေါ့။ သူမလည်း တော်တော် မျက်နှာပျက်ခဲ့ရတယ်။
ဒီလိုချော်လဲတာတောင် သူမက ထိပ်ပိုင်း ၅ ယောက်ထဲပါခဲ့တယ်။ နောက်ပိုင်း မေးခွန်းတွေဖြေရမယ့် အလှည့်ရောက်တော့ သူမ ချော်လဲ ခဲ့တဲ့ နေရာဆီ ထွက်လာခဲ့တယ်။ လူသန်းပေါင်းများစွာက သူမရဲ့ မေးခွန်းကို စိတ်ဝင်စားနေတယ်။ သူမကို မေးတဲ့မေးခွန်းက “သင့်ရဲ့ ဘဝအခိုက်အတန့်မှာ ဘယ်အခိုက်အတန့်ကို ပြန်အသက်ရှင်လိုသလဲ” လို့မေးတယ်။
လွန်ခဲ့တဲ့မိနစ် ၂၀ ခန့်က သူမဘဝရဲ့ အရှက်ရဆုံး အခိုက် အတန် ကို ကြုံတွေ့ ခဲ့တာပါ။ ကျွန်တော်တို အများစုကတော့ “ခုနက ချော်လဲခဲ့တဲ့ အခိုက်အတန့် ကို ပြန်ရောက်ချင်တယ်။ အဲလိုမဖြစ်အောင် ပြန်လုပ်ချင်တယ်” လို့ပြောမိမှာပါ။
ဒါပေမယ့် ချက်ချင်းသူမက “ပြန်လည်အသက်ရှင်ရမယ် ဆိုရင် ကျွန်မကတော့ အာဖရိက မိဘမဲ့ကလေးတွေဆီ ပြန်သွားပြီး သူတို့ အပြုံးတွေ၊ ပွေ့ဖက်မှုတွေကို ပြန်လည်ခံစားချင်တယ်” လို့ဖြေခဲ့တယ်။
အရှက်ကွဲ အကျိုးနည်းခဲ့တဲ့ အခိုက်အတန့်အစား ပျော်ရွှင်ခြင်း၊ ဂုဏ်ယူခြင်းတွေကို ရွေးချယ်ခဲ့တယ်။ ကျွန်တော်တို့လည်း ကျရှုံး တာတွေ ရှိပါတယ်။ အမှားတွေ လုပ်ခဲ့တယ်။ အရှက်ရစရာ၊ မတရားတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။
ဒါတွေက သင့်စိတ်အတွေးထဲမှာ မကြာခဏ ပေါ်လာ မှာပါ။ ရေချယ်လ်လိုပဲ အောင်မြင်ခြင်းလိုင်းကို ပြောင်းပြီး သင်အော မြင်ခဲ့တာတွေကို သတိရလိုက်ပါ။
ဣသရေလလူတွေအတွက် ဘုရားက အံ့ဩဖွယ် တစ်ခုပြီး တစ်ခု လုပ်ပြခဲ့တယ်။ ကျွန်အဖြစ်မှ ရွေးနုတ်ခဲ့တယ်။ ရန်သူတွေအပေါ် ကပ်ဆိုးတွေ ဘုရားသခင်က ကျရောက်စေခဲ့တယ်။ ကပ်ဆိုးတွေက အနီးအနားက ဣသရေလလူတွေအပေါ် သက်ရောက်မှုမရှိခဲ့ဘူး။ ပင်လယ်နီကို ရောက်တော့ လမ်းဆုံးသွားခဲ့ပြီး အနောက်မှာ ဖာရောနဲ့ စစ်တပ်က လိုက်လာနေပြီ။ ကြည့်ရတာ သူတို့ဘဝတော့ သွားပြီလို့ ထင်ရပေမယ့် ပင်လယ်ရေ နှစ်ခြမ်းကွဲခဲ့တယ်။
သူတို့ လည်း ခြောက်သွေ့ တဲ့မြေပေါ်မှ ဖြတ်သန်းနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားက ကျောက်ထဲက ရေကို ထွက်စေခဲ့တယ်။ နေ့ရောညပါ တိမ်တိုက်နဲ့အတူ ဘုရားလမ်းပြခဲ့တယ်။ ဒါပေမယ့် သူတို့တွေ ဘုရားကတိတော်ထားတဲ့ ပြည်ကို ဝင်ခွင့်မရခဲ့ဘူး။ ဆာလံ ၇၈ မှာ ဘာကြောင့်လဲလို့ပြောထားတယ်။ ဣသရေလလူတွေဟာ ဘုရား ပြုလုပ်ခဲ့တာတွေကို မေ့ခဲ့တယ်။ ဘုရားပြခဲ့တဲ့ အံ့ဖွယ်နိမိတ်တွေကို သတိမရခဲ့ဘူး။
သင်လည်း သတိရသင့်တာတွေကို မေ့ခဲ့မယ်ဆိုရင် ကတိတော် ထားတဲ့ပြည်ထဲ ဝင်ရမှာမဟုတ်ဘူး။ ဣသရေလလူတွေက စိတ်ပျက်ပြီး ညည်းတွားကာ မောရှေကို “ဘာလို့ ငါတို့ကို သဲကန္တာရမှာ သေဖို့ ခေါ် လာတာလဲ” လို့ မေးခွန်းတွေ ထုတ်ကြတယ်။
ရန်သူတွေနဲ့ ရင်ဆိုင်ရင်လည်း သူတို့က “နိုင်ဖို့ မဖြစ်နိုင်ဘူး” ၂ းကြတယ်။ အရင်က ဘုရားရဲ့ အံ့ဖွယ်တွေကို မြင်ခဲ့ဖူးတယ်။ ဖြစ်နိုင်တာကို ဘုရားလုပ်ပေးခဲ့ကြောင်း မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် တွေကို သူတို့မေ့ခဲ့ပြီး ကြောက်ရွံ့၊ စိုးရိမ်ပြီး အဆိုးမြင်လာခဲ့ကြတယ်။ ဒီလိုနဲ့ ပန်းတိုင်လွဲခဲ့ရတယ်။
ဘုရားက ထပ်မံလုပ်နိုင်ပါတယ်
သင်ကော ဘုရားပြုခဲ့တာတွေကို မေ့နေပြီလား။ တစ်ချိန်က အံ့ဖွယ်တွေက အခု ရိုးသွားပြီလား။ သင့်အနောက်ကို လှည့်ကြည့်ပြီး ကြီးကြီးသေးသေး အောင်မြင်ခဲ့တာတွေကို သတိရဖို့ လိုတယ်။ သိထား ဖို့က အရင်က ဘုရားလုပ်ခဲ့သလို အခုလည်း ထပ်လုပ်နိုင်သေးတယ်။
စိတ်ဓာတ်ကျပြီး“ဒီပြဿနာကို ဘယ်လိုလွတ်မလဲ။ အကြွေးတွေ မဆပ်နိုင်တော့ဘူး။ ငါ ပြန်မကျန်းမာနိုင်တော့ဘူး” လို့ ထင်နိုင်ပါတယ်။ အဲလိုဖြစ်လာရင် ဘုရားက သင့်ရဲ့ ပင်လယ်နီကို ဖြတ်ခဲ့တာကို သတိရ လိုက်ပါ။ ရန်သူတွေမှ ကာကွယ်ခဲ့တာကို သတိရလိုက်ပါ။ တိုက်ပွဲတွေ၊ ခွန်အားတွေကောင်းမြတ်ခြင်းမျက်နှာသာတွေကို သတိရလိုက်ပါ။
လူတိုင်းမှာ ဘုရားပြုခဲ့တာတွေ ရှိပါတယ်။ ဣသရေလလူတွေ အပေါ် ဘုရားပြုခဲ့သလို သင့်အတွက် ပိတ်ထားတဲ့ တံခါးတွေ ဖွင့်ပေး ခဲ့တာ ရှိပါတယ်။ သင်မတတ်နိုင်တဲ့ အရာတွေကို ကူညီခဲ့ပါတယ်။ ဘုရားက ကာကွယ်ခြင်း၊ ချီးမြှောက်ခြင်း၊ အခွင့်အရေးတွေ ပေးခဲ့ပါတယ်။
တံခါးအသစ်တွေ ဖွင့်ဖို့၊ အခြေအနေဆိုးတွေ ပြန်ကောင်းဖို့ ခွန်အားယူနိုင်တဲ့ အဓိက အရာကတော့ - ဘုရားလုပ်ခဲ့တာတွေကို မမေ့ဖို့ပါပဲ။ ကျမ်းစာမှာ ကျွန်တော်တို့ကလေးတွေ၊ မြေးတွေကိုပါ ပြန်ပြောပြခိုင်းပါတယ်။ ဘုရားကောင်းမြတ်ခြင်းအကြောင်းတွေကို ကျွန်တော်တို့ ကလေးတွေဆီ လက်ဆင့်ကမ်းသင့်ပါတယ်။
ဓမ္မဟောင်းကျမ်းမှာလူတွေကိုင်ဆောင်တဲ့ တောင်ဝှေးအကြောင်း ဖတ်မိကြမှာပါ။ တောင်ဝှေးတွေက လမ်းလျှောက်ဖို့အတွက် သားရဲတွေကို မောင်းနှင်ဖို့အတွက်ပဲ အသုံးပြုဖို့ မဟုတ်ပါဘူး။ အဲဒါထက် ပိုပါတယ်။
အဲဒီခေတ်က လူတွေက ရေကြည်ရာ မြက်နုရာ သွားလာနေကြ တာပါ။ ကျွန်တော်တို့လို ကွန်ပျူတာတွေ၊ စာရွက်တွေ မရှိဘူးလေအဲဒီတော့ သူတို့က အရေးကြီးတဲ့ပွဲတွေ၊ နေ့စွဲတွေကို တောင်ဝှေးမှာ ရေးမှတ်ကြတာပါ။
ဒါဟာသူတို့ရဲ့ မှတ်သားပုံပါ။ ငါတို့ ဒီနေ့မှာ ရန်သူတွေကို အနိုင် ယူခဲ့တယ်။ ဒီနေ့ သားလေးမွေးတယ်။ ဒီနေ့မှာ ဘုရားက ကျွန်အရာမှ ရွေးနုတ်ခဲ့တယ်' စသည်ဖြင့် မှတ်သားကြတယ်။
သူတို့ တောင်ဝှေးက ဘုရားနဲ့ သူတို့အတိတ်ကို မှတ်ထား ပေးတယ်။ပင်လယ်နီကိုဖြတ်တော့မောရှေကဘာလုပ်လဲ။ သူ့တောင်ဝှေးကို မြှောက်ပြီး “ဘုရားသခင် အတိတ်မှာ ပြုခဲ့တာတွေအတွက် ကျေးဇူးပါ။ အချိန်တိုင်းမှာ ပို့ဆောင်ခဲ့တာတွေကို သတိရပါတယ်” လို့ပြောတယ်။
မောရှေက ဘုရားပြုခဲ့တာတွေကို သတိရနေတယ်။ ဒါဝိဒ်က ဂေါ်လျတ်နဲ့ရင်ဆိုင်တော့ လောက်လွှဲကိုပဲယူလာတာမဟုတ်ပါ။ ကျမ်းစာ မှာ သူရဲ့တောင်ဝှေးကိုပါ ယူခဲ့တယ်လို့ ပြောတယ်။ တောင်ဝှေးပေါ် မှာ'အဲဒီနေ့မှာငါခြင်္သေ့ကိုလက်ဗလာနဲ့သတ်ခဲ့တယ်။ အဲဒီနေ့မှာငါဝက်ဝံကို သတ်ခဲ့တယ်၊ အဲဒီနေ့မှာ ရှမွေလကငါ့ကို ဘုရင်ဖြစ်ဖို့ဘိသိက်ပေးခဲ့တယ်’ လို့ ရေးထားမှာ သံသယရှိစရာမလိုပါဘူး။
ဒါဝိဒ်က ဘုရားအတိတ်ကကူညီခဲ့တာတွေကို အသိပေးဖို့ သူ့ တောင်ဝှေးကို ယူလာခဲ့တယ်။ ကျွန်တော်ထင်တယ်- သူတိုက်ပွဲမဝင်ခင် တစ်ခေါက်လောက် ပြန်ဖတ်ပြီး အားယူခဲ့မှာပါ။ သူက “ဘုရားသခင် အရင်က ကျွန်တော်အတွက် ပြုခဲ့သလို ယခုလည်း ပြုနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်' လို့ သဘောထားမှာပါ။
သင်ကောလူသန်ကြီးတွေနဲ့ ရင်ဆိုင်နေရလား။ သင့်ပြဿနာ ရာက အရမ်းကြီးနေလား။ သင့်အိပ်မက်တွေ မဖြစ်နိုင်လောက်ဘူးလား။ တောင်ဝှေးကို သွားယူလိုက်ပါ။ စိတ်ဓာတ်ကျမယ့်အစား အောင်မြင် ခဲ့တာတွေကို ပြန်လည်သတိရလိုက်ပါ။ ဘုရား ကယ်တင်ခဲ့တာတွေကို လောင်သတိရလိုက်ပါ။ ဘုရား တံခါးဖွင့်ခဲ့တာတွေ၊ ရာထူးပေးခဲ့တာတွေ၊ မိသားစုဝင်တွေကို ကျန်းမာစေခဲ့တာတွေ၊ အချိန်မှန် နေရာမှန် ဖြစ်ခဲ့တာတွေကိုပြန်လည်တွေးလိုက်ပါ။ မမေ့လိုက်ပါနဲ့။ ပုံမှန် သင့်ရဲ့ အမှတ်တရ ကျောက်တုံး၊
တောင်ဝှေးတွေက အောင်မြင်မှုတွေကို ပြန်လည် ဖတ်လိုက်ပါ။ မကောင်းတဲ့ အမှတ်ရမှု၊ ရှုံးနိမ့်မှု၊ စိတ်ပျက်မှုတွေဟာ လူတိုင်း ဆီကို ဝင်လာဆဲပါ။ လူအများက အဲဒီရုပ်သံလိုင်းကို မှားကြည့်နေပြီး ကောင်းတာတွေကို မမျှော်လင့်တော့ဘူး။ သတိထားပါ။ ဒီရုပ်သံလိုင်း တစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ အဝေးထိန်းခလုတ်ကိုယူပြီး အောင်မြင်ခြင်း လိုင်းကို ပြောင်းလိုက်ပါ။
လွတ်မြောက်မှုကို မျှော်လင့်ပါ။ ပြဿနာတွေ ဖြေရှင်းဖို့မျှော်လင့် ပါ။ နောက်ထပ်အဆင့်ရောက်ဖို့ မျှော်လင့်ပါ။ သင့်ရဲ့အကြီးမားဆုံး အောင်မြင် မှုကို သင်မတွေ့ရသေးပါဘူး။ သင့်ရဲ့ အကြီးမားဆုံး အိပ်မက်တွေ မပြည့်စုံ သေးပါဘူး။ တောင်တန်းအသစ်၊ ဝင်ရိုးစွန်းအသစ်တွေ ရှာဖွေဖို့ ရှိဆဲပါ။
အရင်ကစိတ်ပျက်မှုတွေကြောင့် သင့်စိတ်ထက်သန်မှု အခိုးမခံရ ပါစေနဲ့။ တစ်ယောက်ယောက်က သင့်ကို ဆက်ဆံပုံကြောင့် သင့်ဘဝကို မချဉ်သွားပါနဲ့။ ဘုရား တတ်စွမ်းနိုင်ပါတယ်။ အရင်က မဖြစ်ခဲ့တာတွေ အနာဂတ်မှာ ဖြစ်နိုင်ပါတယ်။
သဲပေါ်မှာ စည်းဆွဲပြီး “တော်ပြီ။ နိမ့်ကျတဲ့ မျှော်လင့်ချက်တွေ ငါမထားတော့ဘူး။ သာမန်လို မနေတော့ဘူး။ မျက်နှာသာပေးမှု၊ တိုးပွားမှု၊ ရာထူးတက်မှု၊ ကောင်းချီးတွေ ငါ့နောက်လိုက်မှုတွေကို မျှော်လင့်မယ်။ ဒီနှစ်ဟာ ငါ့ဘဝရဲ့ အကောင်းဆုံး နှစ်ဖြစ်ဖို့ မျှော်လင့်တယ်” လို့ ပြောပါ။
သင်သာ မျှော်လင့်ချက်ကို တိုးမြှင့်မယ်ဆိုရင် ဘုရားသခင်က သင်မမက်ဘူးတဲ့ အိပ်မက်တွေဆီ ခေါ်ဆောင်သွားမှာပါ။ အဘယ်သူမျှ မပိတ်နိုင်တဲ့ တံခါးတွေကို ဖွင့်ပေးမှာပါ။ သင်မကျော်နိုင်တဲ့ အခက်အ တွေကို ကျော်လွှားနိုင်ဖို့ဘုရားကူညီမှာပါ။ ဘုရားကောင်းမြတ်ခြင် တွေကို အံ့ဖွယ်သောနည်းလမ်းတွေနဲ့ သင့်မြင်တွေ့ ရမှာပါ။
အခန်း (၄)
စွမ်းအားကို မြှင့်တင်ပါ
သင့်ဘဝမှာ ဘုရားကို လေးစားမယ်၊ ပထမနေရာမှာ ထားမယ် ဆိုရင် ဘုရားက ချမှတ်ပေးအပ်ထားသော ကောင်းချီးမင်္ဂလာကို သင့်အား ပေးမှာပါ။ ချမှတ်ပေးအပ်ထားတဲ့ ကောင်းချီးမင်္ဂလာက သံလိုက်တစ်ခုလိုပါ။ မှန်ကန်တဲ့လူကောင်းတဲ့အရာ၊ ကန်ထရိုက်တွေ၊ အကြံဉာဏ်တွေ၊ အရင်းအမြစ်တွေဩဇာလွှမ်းမိုးမှုတွေကို ဆွဲယူပေး တယ်။ ဒါတွေနောက်ကို သင်လိုက်နေစရာ မလိုပါဘူး။ သင့်အစွမ်းအစ၊ စွမ်းရည်တွေနဲ. ကြိုးစားနေစရာ မလိုပါဘူး။ သင်လုပ်ဖို့က ဘုရားကို လေးစားဖို့ပါပဲ။ ဒါဆိုရင် မှန်ကန်တဲ့လူတွေက သင့်ကိုလာရှာမှာပါ။ မှန်ကန်တဲ့ အခွင့်အလမ်းတွေက သင့်လမ်းကြောင်းဆီ ရောက်လာမှာပါ။ မျက်နှာသာပေးမှု၊ ဉာဏ်ပညာ၊ သက်သေထူခြင်းတွေက သင့်နောက်ကို လိုက်လာမှာပါ။ ဘာဖြစ်လို့လဲ။ သင်က ဘုရားကောင်းမြတ်ခြင်းတွေ အတွက် သံလိုက်တစ်ခု ဖြစ်လာလို့ပါ။
စစ်တပ်မှာ အပူနောက်လိုက်တဲ့ ဒုံးကျည်ရှိပါတယ်။ ပစ်မှတ် တစ်ခုကို ကွန်ပျူတာကနေ မှတ်ပြီး ဒုံးကျည်ကို လွှတ်လိုက်တယ်။ အဲဒီ ဒုံးကျည်က မိုင်ပေါင်းများစွာ သွားနိုင်တယ်။ ပစ်မှတ်က လေထဲမှာ ဟိုဟိုဒီဒီ လှုပ်ခါပြီး ရှောင်လွှဲဖို့ ကြိုးစားပေမယ့် မရပါဘူး။ အပူနောက် လိုက် ဒုံးကျည်က ပစ်မှတ်နောက်ကို ဘယ်သွားသွား လိုက်နေခဲ့တယ်။ နောက်ဆုံးမှာ ပစ်မှတ်ကို ထိမှန်သွားခဲ့တယ်။
ဒီလိုပါပဲ ဘုရားကို ပထမနေရာမှာ ထားမယ်ဆိုရင် နောက်လိုက် ဒုံးကျည်လိုပဲ ကောင်းချီးမင်္ဂလာတွေကို က သ လွှတ်လိုက်မှာပါ။ မျက်နှာသာပေးမှုတွေ သင့်ဆီရောက်လာမှာပါ။ မထင်မှတ်ထားပဲ ကောင်းတဲ့အရာတွေ ရောက်လာမယ်။ ရုတ်တရက် သင့်ကျန်းမာရေး တိုးတက်လာမယ်။ ရုတ်တရက် အိမ်အကြေးတွေဆင့် နိုင်မယ်။ မထင်မှတ်ထားပဲ အိပ်မက်တစ်ခု ပြည့်လာမယ်။ ဒါတွေက ကံကောင်းလို့မဟုတ်ဘူး၊ တိုက်ဆိုင်လို မဟုတ်ဘူး။ သင့်ဘဝအတွက် ချမှတ်ပေးအပ်ထားတဲ့ ကောင်းချီးမင်္ဂလာတွေပါ။ သံလိုက်တစ်ခုလို ဘုရားရဲ့ ကောင်းမြတ်ခြင်းတွေကို သင်ဆွဲယူနေတာပါ။
တရားဟောရာကျမ်း ၂၈ မှာ ထာဝရဘုရား၏ အလိုတော် အတိုင်း အသက်ရှင်ပြီး ဘုရားကို ပထမနေရာမှာ ထားမယ်ဆိုရင် ကောင်းချီးမင်္ဂလာတွေက သင့်နောက်ကို လိုက်လာမယ်လို. ပြောထား ပါတယ်။ ဘာသာပြန်တစ်ခုက “ ကောင်းချီးမင်္ဂလာတွေအတွက် သင်က သံလိုက်တစ်ခု ဖြစ်လာမယ်” လို့ ဆိုထားတယ်။ ဆိုလိုတာက ဘုရားကို လေးစားမယ်ဆိုရင် လက်ရှိအချိန်မှာပဲ တစ်ခုခုကို သင်ဆွဲယူနေပါပြီ။ ကြောက်ရွံ့မှု၊ ဖျားနာမှု၊ စိတ်ဓာတ်ကျမှု၊ ကံဆိုးမှုတွေ မဟုတ်ပါဘူး။ အပူနောက်လိုက် ဒုံးကျည်လိုပဲ မျက်နှာသာပေးမှုတွေက သင့်နောက် ကို လိုက်လာမယ်။ ရာထူးတိုး ချီးမြှောက်ခြင်းတွေ သင့်လမ်းကြောင်းဆီ ရောက်လာမယ်။ အဆက်အသွယ်တွေ သင့်ကို လာရှာမယ်။ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို သင်က ဆွဲယူနေလို့ပါ။
ဖျားနာမှုကို သင်ကြုံကောင်းကြုံနေရမှာပါ။ “ငါတော့ နေပြန် ကောင်းမယ် မထင်တော့ဘူး။ ဆေးမှတ်တမ်းကိုလည်း ကြည့်လိုက်ပါဦး” လို့ တွေးမယ့်အစား “ရောဂါငြိမ်းခြင်းတွေ ငါ့ကိုလာရှာနေပြီ။ ပြန်လည် ပြည့်ဝမှုတွေ ငါ့နောက်လိုက်နေပြီ” ဆိုပြီး စိတ်နေသဘောထားရှိပါ။ ငွေရေးကြေးရေး ရုန်းကန်နေရင်ရင်လည်း “ငါအကြွေးတွေ ဆပ်နိုင်မှာ မဟုတ်တော့ဘူး။ ငါ့အိပ်မက်တွေ ပြည့်တော့မှာ မဟုတ်ဘူး” လို့ တွေး နေမယ့်အစား “ကြွယ်ဝမှုတွေ ငါ့ကိုရှာနေပြီ။ မျက်နှာသာပေးမှုတွေ ငါ့
အနာဂတ်မှာ ကောင်းတဲ့အရာတွေ ငါ့နောက်ကို လိုက်နေပြီ” လို ကိုယ်ကို ပြောဖို့ လိုမယ်။ သင်က လူပျိုအပျိုဖြစ်နေရင်လည်း ငါ ထောင်ကျမှာ မဟုတ်တော့ဘူး။ အရမ်းအိုနေပြီ။ ကြာလည်း ကြာ နေပြီ” လို့ အဆုံးမသတ်လိုက်ပါနဲ... “မှန်ကန်တဲ့ အိမ်ထောင်ဖက်က ကို ရှာနေပြီ။ အဆက်အသွယ်တွေ ငါ့နောက်လိုက်နေပြီ။ ဒါတွေက ၃သနာက်ထဲမှာပါ။ သံလိုက်တစ်ခုလိုပဲ ဒါတွေကို ငါဆွဲယူနေပြီ” လို့ ကြေငြာပြောဆိုဖို့ လိုမယ်။
အကောင်းဆုံး ဆက်လုပ်ပါ
ကျွန်တော့်ဘဝကို ပြန်ကြည့်လိုက်ရင် ကောင်းမြတ်ခြင်းတွေ၊ အခွင့်အလမ်းကောင်းတွေ အများစုက ကျွန်တော့်ဆီ ရောက်လာခဲ့တာ ထင်ရှားပါတယ်။ ကျွန်တော်က အကောင်းဆုံးလုပ်ဆောင်နေပြီး ဘုရား က ကျွန်တော် တောင်းဆိုတာ (သို့) တွေးတောတာထက် ပိုသာလွန် စွာ ပြုလုပ်ပေးခဲ့ပါတယ်။ လူတွေအရှေ့ မှာ မတ်တပ်ရပ်ပြီး အမှုတော် ဆောင်ရမယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိပါဘူး။ ၁၇ နှစ်တိုင်တိုင် ကျွန်တော်က Lakewood ဘုရားကျောင်းရဲ့ နောက်ကွယ်ကနေ ရုပ်သံ ထုတ်လွှင့်မှုကို လုပ်ဆောင်နေခဲ့တာပါ။ ကျွန်တော် မောက်မာတာတော့ မဟုတ်ပါဘူး။ ဒီ ၁၇ နှစ်လုံးမှာ ကျွန်တော် သစ္စာရှိခဲ့တယ်၊ အကောင်း ဆုံး ပေးဆပ်ခဲ့တယ်။ အဖေ့ကို ကျွန်တော်တတ်နိုင်သမျှ အထင်ပေါ်ဆုံး ဖြစ်အောင် လုပ်ပေးခဲ့တယ်။ အလင်းပေးမှု၊ ကင်မရာ အနေအထားတွေ မှန်ကန်အောင် ကြိုးစားလုပ်ဆောင်ပေးခဲ့တယ်။ စနေနေ ညတိုင်း မိဘ အိမ်ကိုသွားပြီး နောက်တစ်နေ့ အဖေဝတ်ဖို ့ အင်္ကျီနဲ. နက်ခ်တိုင်ကို ရွေးပေးပါတယ်။ အမေက “ဂျိုးလ်. . . . အဖေက အရွယ်ရောက်နေသူ ပါ။ အပတ်တိုင်း လာစရာမလိုပါဘူး။ သူ့ အဝတ်အစားတွေ သူရွေးတတ် ပါတယ်” လို့ပြောလေ့ရှိပါတယ်။ ကျွန်တော်က ရုပ်သံထုတ်လွှင့်မှုကို အကောင်းဆုံးဖြစ်ချင်တယ်။ Lakewood ရဲ့ သင်းအုပ်ဆရာဖြစ်ဖို့ မရည် ရွယ်ထားပါဘူး။ နောက်ကွယ်မှာ နေရတာကို ကျွန်တော်ကျေနပ်တယ်။
ဒါပေမယ့်.. အဟုန်းတော်ဝင်စားသွားတဲ့အခါမှာ ဒီအခွင့်အနေ ကျွန်တော့်ကို လာရှာခဲ့တယ်။ ကျွန်တော် မစီစဉ်ခဲ့ပေမယ့် ကျွန်း နောက်ကို လိုက်လာခဲ့ပါတယ်။
သင့်ဘဝအတွက် ဘုရားရဲ့ အကြံအစည်က သင်ကြံစည်း ထက် ပိုကြီးမားပါတယ်။ ရှိတဲ့နေရာမှာ အကောင်းဆုံးလုပ်ဆောင် ဆိုရင် မျက်နှာသာပေးမှု၊ ရာထူးတိုးမှု၊ သင်ထင်တာထက် ပိုကြီးမား အခွင့်အလမ်းတွေဆီ ဝင်ရောက်လာမှာပါ။ ဒါတွေနောက်ကို သင်လိုက် နေစရာ မလိုပါဘူး။ သင့်ဆီကို ဒါတွေ ရောက်လာမှာပါ။ သံလိုက်လုံး ဒါတွေကို သင်ဆွဲယူလိုက်မှာပါ။ ကျွန်တော့် အသက်
၂ဝ လောက်က … လက်ဝတ်ရတနာ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားခဲ့ချိန် ဗစ်တိုးရီးယားကို ပထမဆုံးအကြိမ် တွေ့ ခဲ့ပါတယ်။ သံလိုက်တစ်ခုလိုပဲ သူမက ကျွန်တော့်ကို မကြိုက်ပဲ မနေနိုင် ခဲ့ပါဘူး။ (ဒါကျွန်တော့်ရဲ့ တစ်ဖက်သတ် ဇာတ်လမ်းပါ) ဒါနဲ့ ကျွန်တော် တို့ ပထမအကြိမ် ချိန်းတွေ့ခဲ့ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အခုဘုရား ဝတ်ပြုအစည်းအဝေးလုပ်နေတဲ့ အရင် Compaq Center မှာ ချိန်းတွေ့ ခဲ့တာပါ။ နောက်တစ်ပတ်မှာတော့ ဗစ်တိုးရီးယားက သူမအိမ်မှာ ညစာ စားဖို့ အလည်ဖိတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရယ်ရယ်မောမောနဲ့ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ရက်မှာ ကျွန်တော်က အလုပ်ကနေ ကျေးဇူး တင်ကြောင်းပြောဖို့ ဖုန်းဆက်ခဲ့ပေမယ့် သူမက အလုပ်များနေလို့ စကားမပြောဖြစ်ခဲ့ပါဘူး။ ညနေ အိမ်ရောက်တော့ ကျွန်တော်ဖုန်းထပ် ဆက်ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ နောက်တစ်နေ ပြီး တစ်နေ့ ကျွန်တော် ဖုန်းဆက်ခဲ့ပါတယ်။ သူမက အလုပ်များနေတာနဲ့ မအား တာနဲ့ အကြောင်းတစ်ခုခုကြောင့် စကားမပြောနိုင်ခဲ့ပါဘူး။ နောက်ဆုံး ကျွန်တော်သိခဲ့ရတယ်။ ကျွန်တော့်ကို ရှောင်နေတာကိုး။ ကျွန်တော့်ကို မမြင်ချင်ခဲ့လို့ပါ။ ကျွန်တော်က “ရပါတယ်။ နောက်ဖုန်းမဆက်တော့ ဘူး” လို့ တွေးလိုက်ပါတယ်။ ၂ ပတ်လောက်အကြာ ကျွန်တော် မနက် စာစားနေတုန်းမှာ ဗစ်တိုးရီးယားက ဝင်လာခဲ့ပါတယ်။ ကျွန်တော့်ကားကြွယ်ဝခြင်း စိတ်ထားအပြင်မှာ ရပ်ထားတာကို သူမ မြင်နေခဲ့လို့ ၀င်လာပြီး “ဂျိုးလ်. . . န်းဆက်တိုင်း လွဲခဲ့ရတာကို့စိတ်မကောင်းပါဘူး” လို့ပြောပါတယ်။ မ အခုတော့ အသိတရား ဝင်လာပြီး ကျွန်တော့်ကို လာရှာနေပါပြီ။ ပါသည်။ ကျွန်တော့်ရဲ့ တစ်ဖက်သတ် ဇာတ်လမ်းပါ။ လက်တွေ့မှာ မက မနက်စာစားပြီး ကျွန်တော်ငွေရှင်းလိုက်ရပါတယ်) မိတ်ဆွေ၊ သင့်အနာဂတ်အတွက် ဘုရားဆီမှာ မှန်ကန်တဲ့လူ
တွေ ရှိပါတယ်။ ဘုရားကို လေးစားမယ်ဆိုရင် ဘုရားသတ်မှတ်ထားတဲ့ မှန်ကန်တဲ့သူက သံလိုက်လိုပဲ သင့်ဆီကို ရောက်လာမှာပါ။ ဘာမှ မစိုး နှိမ်ပါနဲ့ ။ လူတွေ သင့်ကိုနှစ်သက်လာဖို့ လိုက်လုပ်နေစရာ မလိုပါဘူး။ သင့်ကို မနှစ်သက်ရင်လည်း ထွက်ခွာခွင့်ပေးလိုက်ပါ။ သင့်အပေါ် တန်ဖိုးမထားကြရင်လည်း ရှေ့ဆက်သွားပါ။ ဆွဲမထားပါနဲ့။ မှန်ကန် တဲ့သူက သင်မရှိပဲ မနေနိုင်ပါဘူး။ သင့်အတွက် ဘုရားသတ်မှတ်ထား တဲ့သူက သင့်ကို ကမ္ဘာမှာ အကြီးမားဆုံးအရာလို့ ထင်နေမှာပါ။ ရှိတဲ့ နေရာမှာ အကောင်းဆုံးလုပ်မယ်၊ ဘုရားကို လေးစားမယ်ဆိုရင် ကျွန် တော့်လိုပဲ ဘုရားက သင့်အပေါ် လုပ်ဆောင်ပေးမှာပါ။ အချိန်မှန် နေရာမှန် ဘုရားက သင့်ကိုထားရှိပေးမှာပါ။ ကောင်းမွန်တဲ့ အဆက် အသွယ်တွေက သင့်လမ်းကြောင်းပေါ်ကို ရောက်လာမှာပါ။
အချိန်တန်တဲ့အခါ ဖြစ်လာမှာပါ
သင့်အတွက် ဘုရားထားရှိတဲ့ အကြံအစည်က သင်ထင်ထား တာထက် ပိုမိုကြီးမားပါတယ်။ ဘုရားပို ့ပေးမယ့် ကောင်းမြတ်ခြင်း၊ ရာထူးချီးမြှောက်ခြင်း၊ အရှိန်အဝါလွှမ်းမိုးခြင်းတို့ ကို လက်ရှိ သင့်အား ပြသလိုက်မယ်ဆိုရင် သင့်အတွေးတွေကို လွှမ်းခြုံသွားမှာပါ။ ကျွန်တော့် လိုမျိုး သင်လည်း အရည်အချင်းအရှိဆုံး မဟုတ်ဘူးလို. ထင်မိမှာပါ။ သင့်မှာ ပင်ကိုစရိုက် (သို့ ) အရည်အချင်း မရှိဘူး။ ဒါဘာမှ မဖြစ်ပါဘူး။ ဒါတွေက သင့်အရည်အချင်း၊ ပင်ကိုစရိုက်၊ အလုပ်ကြိုးစားမှုကြောင့် ဖြစ်လာမှာ မဟုတ်ပါဘူး။ သင့်ဘဝအပေါ် ချမှတ်ပေးအပ်ထားတဲ့ကောင်းချီးမင်္ဂလာတွေကြောင့် ဖြစ်လာမှာပါ။ သင့်အပေါ် သိသိက်က သင့်စွမ်းရည်၊ သင့်ပညာရေး၊ သင့်မျိုးရိုးထက် ပိုအရေးကြီး ပါတယ်။ သင့်မှာ အရည်အချင်းနည်းပေမယ့် ဘုရားရဲ့ မျက်နှာသာပေး မှုကြောင့် အရည်အချင်းပိုရှိတဲ့လူတွေထက် သင်ကပိုပြီး အဝေးကို ရောက်သွားမှာပါ။ ဒါတွေ ဘယ်လိုဖြစ်လာမလဲ သင်မြင်ချင်မှ မြင်မှာပ ဖြစ်နိုင်စရာ မထင်ရဘူး။ ဒါတွေကို သင်လိုက်စဉ်းစားနေစရာ မလိုပါဘူး။ လက်ရှိနေရာမှာ အကောင်းဆုံးလုပ်ဆောင်မယ်၊ အလုပ်ကို အချိန်မှန် သွားမယ်၊ သင်လုပ်နိုင်တာထက် ပိုလုပ်ပေးမယ်၊ ထူးချွန်ရိုးသားတဲ့ ဖြစ်အောင်နေမယ်ဆိုရင် မှန်ကန်တဲ့သူ၊ မှန်ကန်တဲ့အခွင့်အလမ်းတွေက သင့်နောက်ကို လိုက်လာမှာပါ။ ဘုရားရဲ့
အခြေအနေတွေက သင့်အချိန်စာရင်းအတိုင်း ဖြစ်မလာလို့ စိတ်ပျက်မနေပါနဲ့ ။ စာမေးပွဲအချို့ ကို သင်ကျော်ဖြတ်လိုက်ပါ။ လက်ရှိ နေရာမှာ သစ္စာရှိကြောင်း ဘုရားကို ပြသလိုက်ပါ။ ကန္တာရထဲမှာတောင် သစ္စာမရှိရင် ကတိတော်ထားတဲ့ပြည်ထဲမှာ သစ္စာရှိမယ်ဆိုတာ ဘုရား ဘယ်လိုယုံလို့ ရမလဲ။ သင်ထင်သလိုဖြစ်မလာရင်လည်း ကောင်းမွန်တဲ့ စိတ်နေသဘောထားကို … ထားရှိရမယ်။ ချီးကျူးမှုမခံရရင်လည်း အကောင်းဆုံးကို ဆက်လုပ်ရမယ်ခက်ခဲနေချိန်မှာ မှန်တာကို လုပ်ပါ။ ဒါမှ သင့်ပင်ကိုစရိုက်က တိုးတက်လာမှာပါ။ ဒီစာမေးပွဲတွေကို သင် ကျော်ဖြတ်နိုင်တဲ့အခါ ဘုရားက သင်ရှိရမယ့်နေရာဆီကို ပို့ ဆောင်ပေး မှာ အသေအချာပါပဲ။ မှန်ကန်တဲ့လူတွေက သင့်အနာဂတ်ထဲမှာပါ။ မှန်ကန်တဲ့ အခွင့်အလမ်းတွေ၊ ကောင်းမြတ်ခြင်းတွေ၊ ဉာဏ်ပညာ၊ ကန်ထရိုက်၊ အိမ်တွေက သင့်အနာဂတ်မှာပါ။ ဘုရားက “ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ” လို့ (ဆာလံ ၈၄း၁၁) ပြောထားပါတယ်။
ကျွန်တော်လေ့လာမိတဲ့အချက်က ဘုရားရဲ့ မျက်နှာသာပေးမှုမှာ တစ်ဘဝလုံး သင့်အစွမ်းအစနဲ့ လုပ်ဆောင်နေတာထက် ပို သလွန်အောင် ပြုလုပ်ပေးနိုင်ခြင်းပါ။ “ငါတော့ နောက်ကျကျန်ရစ်ပြီ။ ငှက်တွေ လုံးဝ မအောင်မြင်တော့ဘူး” လို့မတွေးလိုက်ပါနဲ့။ ဆန်အနာဂတ်အတွက် ကြီးမားတဲ့ကောင်းချီးမင်္ဂလာတွေ ဘုရားဆီမှာနေပါတယ်။ သင့်ကို နှစ်ပေါင်းများစွာ တွန်းပို့ပေးမယ့် ကောင်းချီး မင်္ဂလာတွေ ဘုရားဆီမှာ ရှိနေပါတယ်။
သင့်အနေနဲ့ “ဂျိုးလ်. . . ဒါတွေက နားထောင်ရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ငါ့မှာအရည်အချင်းမရှိဘူး။ မှန်ကန်တဲ့လူ တွေကို ငါမသိဘူး။ ငါ့မှာ ငွေမရှိဘူး” လို့ ပြောနိုင်ပါတယ်။ ရပါတယ်။ ဘုရားမှာ ရှိပါတယ်။ သင်လိုတာမှန်သမျှ ဘုရားက တန်းစီထားပြီးပါပြီ။ သင့်နာမည်ပါတဲ့ ကောင်းမွန်တဲ့အရာတွေ ရှိနေပါတယ်။ သင့်နာမည် ပါတဲ့ ကန်ထရိုက်တွေ၊ အဆောက်အအုံတွေ၊ လုပ်ငန်းတွေ ရှိနေပါတယ်။ သင့်နာမည်ပါတဲ့ အကြံဉာဏ်တွေ၊ တီထွင်မှုတွေ၊ စာအုပ်တွေ၊ ရုပ်ရှင် တွေ၊ သီချင်းတွေ ရှိနေပါတယ်။ ဘုရားကို လေးစားမယ်၊ အကောင်းဆုံး လုပ်ဆောင်မယ်ဆိုရင် သံလိုက်လိုပဲ သင့်နာမည်ပါတဲ့အရာတွေကို ဆွဲ ယူလိုက်မှာပါ။
ဒါတွေ … ဘယ်တော့ဖြစ်လာမှာလဲ။ အချိန်တန်တဲ့အခါပေါ့။ လက်ရှိ ဖြစ်မလာသေးလို ့ စိတ်ဓာတ်မကျလိုက်ပါနဲ့။ ဘုရားက သူ အလုပ် သူသိပါတယ်။ စောစောကတည်းက ဖြစ်လိုက်ရင် အကောင်းဆုံး အချိန် ဟုတ်မှာ မဟုတ်ပါဘူး။ လက်ရှိနေရာမှာ သစ္စာရှိပြီး ကောင်းတာ တွေ သင့်လမ်းကြောင်းပေါ် လာနေပြီဆိုတဲ့ စိတ်နေသဘောထားနဲ ဆက်လက် နေထိုင်သွားပါ။
ဒီလိုသာ လုပ်မယ်ဆိုရင် သံလိုက်လိုပဲ သင့်နာမည်ပါတဲ့အရာ တွေကို ဆွဲယူလိုက်မှာပါ။ သင့်နာမည်ပါတဲ့ ရောဂါငြိမ်းခြင်းရှိတယ်။ သင့်နာမည်ပါတဲ့ သင့်အတွက် အိမ်ထောင်ဖက်ရှိတယ်။ ကလေးရဖို သင်ယုံကြည်နေတယ် ဆိုရင်လည်း သင့်နာမည်ပါတဲ့ သင့်အတွက်ကလေးတစ်ဦးရှိတယ်။ ဘုရားက သင့်အတွက်ရွေးချယ်ထားကြီးပါ။ သင့်နာမည်ပါတဲ့ စီးပွားရေးလုပ်ငန်း၊ နံပတ်တစ် ရုပ်ရှင်ရှိတယ်။ အင်္ဂ နာမည်ပါတဲ့ ကမ္ဘာကို တို့ထိစေမယ့် တီထွင်မှုတစ်ခု ရှိတယ်။
သင့် “နောက်ဆုံးမှာတော့” က သင့်နောက်လိုက်လာမှာပါ
အဓိကသော့ချက်က ဒီမှာပါ။ သင့်အနေနဲ့ ကောင်းချီးမင်္ဂလာတွေကို လိုက်ရှာနေစရာ မလိုပါဘူး။ ဘုရားကိုသာ ရှာပါ၊ ကောင်းချီး မင်္ဂလာတွေက သင့်ကို လာရှာပါလိမ့်မယ်။ ဒီအချက်ကို ကျွန်တော်တို့ လွဲချော်နေခဲ့တာပါ။ မကြာခဏ ကျွန်တော်တို့က “ငါဒီရာထူးကို နေ ဖြစ်မယ်။ ငါဒီလူကို တွေ့မှဖြစ်မယ်။ ငါ့အသက်မွေးဝမ်းကျောင်းကို မြန်မြန် လုပ်မှဖြစ်မယ်” လို့ တွေးမိတတ်ကြပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အစွမ်းအစတွေကို အသုံးပြုရမယ်၊ စိတ်ဆုံးဖြတ်ချက် ရှိရမယ်၊ ယုံကြည်ခြင်း ခြေလှမ်း လှမ်းရမယ်။ ဒါပေမယ့် သင့်အနေနဲ့ စိတ်ငြိမ်သက်စွာ နေလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို လေးစားမယ်ဆိုရင် မှန်ကန်တဲ့သူတွေက သင့်ကိုလာရှာမယ်ဆိုတာ သင်သိနေလို့ပါ။ မှန်ကန်တဲ့ အခွင့်အလမ်းတွေက သင့်နောက်ကို လိုက်လာမှာပါ။
သုတ္တံကျမ်းမှာ “အပြစ်ရှိသောသူ၏ စည်းစိမ်မူကား ဖြောင့်မတ် သော သူတို့အဘို့ သိုထားလျက်ရှိ၏” လို့ ပြောထားတယ်။ သတိထား ကြည့်ပါ။ သင်က ဖြောင့်မတ်တဲ့အတွက် ဘုရားမှာ သိုထားတဲ့အရာ တစ်ခုရှိပါတယ်။ သတင်းကောင်းကတော့ အချိန်တန်တဲ့အခိုက် နောက် ဆုံးမှာတော့ ... သင့်ဆီရောက်လာမှာပါ။ လက်ရှိအချိန်မှာ တစ်ခုခုက သင့်ကို ရှာနေပြီ။ ရှုံးနိမ့်မှု၊ ရုန်းကန်မှု၊ ချို့ တဲ့မှုတွေ မဟုတ်ပါဘူး။ သင် ဖြောင့်မတ်သောသူပါ။ မျက်နှာသာပေးမှုတွေ သင့်ကိုရှာနေပြီ။ အခွင့်အလမ်းကောင်းတွေ သင့်ကို ရှာနေပြီ။ ရောဂါငြိမ်းခြင်းတွေ သင့် ကို ရှာနေပြီ။ အရှိန်အဝါလွှမ်းမိုးမှုတွေ သင့်ကိုရှာနေပြီ။ ဒါတွေကို မမြင်ရသေးလို့ စိတ်ဓာတ်မကျလိုက်ပါနဲ ။ ဘုရားကို ဆက်လက်ရိုသေပါ။
နောက်ဆုံးမှာတော့ ဒါတွေသင့်နောက်ကို လိုက်လာမယ်လို့ ဘုရား ထုတ်ပေးထားပါတယ်။ အရင် Coming Center က ကျွန်တော်တို့ အတွက် “နောက် မှာတော့ အရာတစ်ခုပါ။ ကျွန်တော်တို့ အတွက် သိုထားတဲ့ အရာပါ။ ကျွန်းသော်တို့ နာမည်ပါရှိတယ်။ အချိန်တန်တဲ့အခါ ကျွန်တော်တို့ကို ရှာတွေ့ ခဲ့ပါတယ်။ ဒီအဆောက်အအုံကြီးကို ၁၉၇၀ အစောပိုင်းအချိန် က တည်ဆောက်ခဲ့ပြီး Compaq Center the Summit လို့ ခေါ်ဆိုကြတယ်။ နောက်ပိုင်းမှာ လို့ ပြောင်းခဲ့ပြီး အခုတော့ Lakewood ဘုရားကျောင်း ဖြစ်လာခဲ့ပါပြီ။ ဒါကို ဆောက်လုပ်ကတည်းက ဘုရားဟာ ကျွန်တော်တို့ အတွက် စီစဉ်ထားပြီးသားပါ။ နောက်ဆုံးမှာတော့ ဘုရားက “ကောင်း ပြီ။ ဒါကို လွှဲပြောင်းဖို့ အချိန်ရောက်ပြီ” လို့ ပြောနေသလိုပါ။
ဒီလိုပါပဲ သင့်အနာဂတ်အတွက် “နောက်ဆုံးမှာတော့” အချို့ ရှိပါတယ်။ သတင်းကောင်းက အဲဒါတွေနောက်ကို သင်လိုက်နေစရာ မလိုပါဘူး။ ဘုရားနောက်ကိုသာ လိုက်ပါ။ ဘုရားကို ပထမနေရာမှာ ထားပါ။ ထူးချွန်ဖြောင့်မတ်တဲ့ အသက်တာနဲ့ အသက်ရှင်ပါ။ ဒါဆိုရင် “နောက်ဆုံးမှာတော့” က သင့်လက်ထဲကို ရောက်လာမယ်လို့ ဘုရား ကတိပေးထားပါတယ်။ ယေရှုကလည်း ဒီလိုပြောထားတယ် “ဘုရား သခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြ လော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့” သင့်ပန်းတိုင် အတွက် လိုအပ်တာမှန်သမျှကို သိုထားပြီးပါပြီ။ လက်ရှိမှာ ဘုရားစိတ် ကျေနပ်စေဖို့ ပထမနေရာထားလိုက်ပါ။ တစ်နည်းဆိုသော် စုံစမ်းသွေး ဆောင်ခြင်းတွေကို အရှုံးမပေးခင် “ဘုရား စိတ်ကျေနပ်စေဖို့ ငါ ဒါကို မလုပ်ဘူး။ ငါ့ပန်းတိုင်ကို ရောက်ချင်တယ်။ ငါ့ရဲ့ ‘နောက်ဆုံးမှာတော့” ဆီ ရောက်ချင်တယ်” လို ခိုင်ခိုင်မာမာ ပြောပါ။ တစ်စုံတစ်ယောက်ကို မဆဲဆိုမှီ “ဘုရား စိတ်ကျေနပ်စေဖို့ ငါ့ပါးစပ်ကို ပိတ်ထားမယ်” လို့ ပြောဆိုပါ။ ရုံးမှာ လူတွေက သင့်အပေါ် မကောင်းကြလို့ လက်လျှော့ ချင်စိတ်၊ ပျင်းရိစိတ် ရှိလာခဲ့ရင်လည်း .. “ဘုရား စိတ်ကျေနပ်စေဖို ငါအကောင်းဆုံး လုပ်ဆောင်မယ်။ လူတွေအတွက် ငါအလုပ်လု မဟုတ်ဘူး။ ဘုရားအတွက် ငါအလုပ်လုပ်တာ” လို ပြောပါ။ ဒီလိုသာ သင်အသက်ရှင်မယ်ဆိုရင် ဘယ်မကောင်းဆိုးဝါးမှ သင့်ပန်းတိုင် ချော်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘုရားကျောင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ကျွန်တော်က ဘုရားကျောင်း နောက်ကိုလိုက်နေတာ မဟုတ်ပဲ ကျွန် တော့်ဆီကို ရောက်လာခဲ့တာပါ။ ၂ ကြိမ်တိုင်တိုင် ကျွန်တော်က ဝယ်ပြီး ဘုရားကျောင်းသစ် ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ၂ ကြိမ်လုံးမှာ ပိုင်ရှင်တွေက ကျွန်တော်တို့ အနောက်ကလူကိုသာ ရောင်းချခဲ့တယ်။ ကျွန်တော်က “ငါတို့တော့ သွားပါပြီ။ နေရာလွတ်ကလည်း မရှိတော့ ဘူး။ ထပ်ချဲ့ဖို့လည်း နည်းလမ်းမရှိတော့ဘူး” လို့တွေးခဲ့ပါတယ်။ တစ်ရက်တော့ ရုတ်တရက်လိုလို မိတ်ဆွေဟောင်းတစ်ဦးက တစ်စုံ တစ်ရာ ပြောဆိုဖို့အတွက် ဖုန်းခေါ်ခဲ့ပါတယ်။ သူက “ဂျိုးလ် Houston Rockets ဘက်စကတ်ဘောအသင်း Compaq Center ကနေ ပြောင်းရွေ့ တော့မယ်။Lakewood အတွက် ဒါအဆောက်အအုံ ကောင်းတစ်ခုပဲ” လို့ ပြောတယ်။ သူပြောလိုက်တဲ့အခါ ကျွန်တော့်အထဲ မှာ တစ်ခုခုက အသက်ဝင်လာခဲ့ပါတယ်။ ဒီလို လှပထူးခြားတဲ့အရာမျိုး ရရှိမယ်လို့ ကျွန်တော်လုံးဝ မထင်ထားခဲ့ပါဘူး။ ဒါဟာ အမေရိကန်၏ စတုတ္ထမြောက် အကြီးဆုံးမြို့ တော်ရဲ့ ထိပ်တန်းအဆောက်အအုံကြီးပါ။ အမေရိကန်ရှိ ဒုတိယမြောက် လူသွားအများဆုံး လမ်းမကြီးအပေါ်မှာပါ။ ကျွန်တော့်လိုပဲ … သင့်အတွက် ဘုရားတန်းစီပေးထားတဲ့ “နောက်ဆုံးမှာတော့” က သင့်ကို လွှမ်းမိုးအံ့ဩစေမှာပါ။ သင်တောင်း ဆိုတာ၊ တွေးတောတာထက် ပိုမိုသာလွန်မှာပါ။ ဒါတွေကို ဘုရားက စီစဉ်ထားရုံမက နောက်တစ်ဆင့်ဆီ ခေါ်ဆောင်နေပါပြီ။ ဒါတွေအပေါ်
မှာ သင့်နာမည်ကို ထားရှိပြီးပါပြီ။ သင့်ပန်းတိုင်ရဲ့ အစိတ်အပိုင်တစ်ခုအဖြစ် မှတ်သားပြီးပါပြီ။ သင့်ဘက်က ဘာလုပ်ရမလဲ။ စိုးရိမ်ရမလားရုန်းကန်ရမလား။ ဖြစ်လာဖို့ ကြိုးစားနေရမလား။ လူတွေကိုကြိုးစားပြီး သင်အပေါ် ကောင်းလာအောင် လုပ်ရမလား။ မဟုတ်ပါဘူး၊ လူ ပေါ် ခြယ်လှယ်နေစရာ မလိုပါဘူး။ လူတွေအပေါ် ခွင့်တောင်း နေရာ မလိုပါဘူး။ သင်က သူတောင်းစားမဟုတ်ဘူး။ အမြင့်ဆုံးသော များရဲ့ သားတော်ပါ။ သင့်အသွေးထဲမှာ တော်ဝင်မျိုးရိုးရဲ့ သွေးတွေ ဦးဆင်းနေပါတယ်။ ကောင်းမြတ်ခြင်း သရဖူကို သင်ဆောင်းထားပါ၊ စကြဝဠရဲ့ ဖန်ဆင်းရှင်းက သင့်ကို ခေါ်နေတယ်၊ ပြင်ဆင်ပေး နွားတယ်၊ အစွမ်းပေးထားတယ်၊ ရွေးချယ်ထားပါတယ်။
သင်လုပ်ရမှာက ဘုရားကို ရိုသေလေးစားဖို့ပါပဲ။ ဒါဆိုရင် ကောင်းချီးမင်္ဂလာတွေက သင့်ကိုလာရှာမှာပါ။ မှန်ကန်တဲ့လူတွေ ပေါ် လာမယ်၊ သင့်ကို ကူညီမယ့်သူတွေ ပေါ်လာမယ်။ အခွင့်ကောင်းတွေ၊ လုပ်ငန်းတွေ၊ ကန်ထရိုက်တွေက သင့်နောက်ကို လိုက်လာမယ်။ ဖုန်း ခေါ်ဆိုမှု တစ်ခု၊ သင့်ကို ကူညီဖို ဘုရားသတ်မှတ်ထားတဲ့ လူတစ်ဦးက သင့်ဘဝလမ်းကြောင်းကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါတွေ ဘယ်လို ဖြစ်လာမလဲ။ သင့်စွမ်းရည်၊ အရည်အချင်း၊ ကြိုးစားမှုကြောင့်လား။ အဓိကအချက်က ဘုရားကို ရိုသေလေးစားဖို့ပါပဲ။ ဒါမှ ဘုရားရဲ ကောင်းချီးမင်္ဂလာတွေက သင့်အပေါ် လွှမ်းခြုံသွားမှာပါ။ ဒါဟာ ဘုရားရဲ့ ကောင်းမြတ်ခြင်းအတွက် သင်ကို သံလိုက်တစ်ခုဖြစ်စေတာပါ။
ကြီးမားသော အိပ်မက်၊ ကြီးမားသော ယုံကြည်ခြင်း၊ ကြီးမားသော ဆုတောင်းခြင်း
သင်က သန်မာအစွမ်းထက်သော သံလိုက်တစ်ခုမှန်း ကျွန်တော် သိပါတယ်။ သင်ဆုတောင်းနေတာ၊ ယုံကြည်နေတာတွေနဲ့ အရမ်းကို နီးကပ်လာပါပြီ။ သင်က ဘုရားကို ရိုသေလေးစားတယ်။ သစ္စာရှိတယ်။ အခု ဘုရားက သင့်ဘဝအတွက် “နောက်ဆုံးမှာတော့” ကို စေလွှတ် ပေးတော့မှာပါ။ သင်ထင်ထားတာထက် ဒါက ပိုမိုကြီးမားမှာပါ။ သင် ထင်ထားတဲ့ အိမ်ထောင်ဖက်ထက် အဲဒီလူက ပိုမိုကောင်းမွန်မှာပါ။ သင်စောင့်ခဲ့ရတာ ကြာခဲ့ပေမယ့် အဲဒီလူပေါ်လာချိန်မှာတော့ သင်က“စောင့်ရကျိုးနပ်ပါတယ်” လို့. သင်ပြောလာမှာပါ။
“ဂျိုးလ်... မင်းက မျှော်လင့်ချက်တွေ ပေးနေတာပါ” မှန်ပါတယ်။ အရင်ဆုံး မျှော်လင့်ချက်မရှိပဲ ယုံကြည်ခြင်းမရှိနိုင်ပါဘူး ။ ဘုရားသိမ်းထားတဲ့အရာတွေရဲ့ အပေါ်ယံကိုတောင် သင်မသိသေးဘူး။ သင်တို့ ထဲက အချို့ ဟာ ကမ္ဘာကိုတို့ ထိစေမယ့် စာအုပ်၊ ရုပ်ရှင်သီချင်းတွေ ပြုလုပ်မှာပါ။ အကြံဉာဏ်တွေ သင့်ဆီလာမယ်။ အဓိက ကမ္ဘာကို တွန်းပို ပေးမယ့် လုပ်ငန်းတွေကို စတင်တော့မယ်။ အချို့က နိုင်ငံတကာကို လှုပ်ကိုင်စေမယ့် အဖွဲ့ အစည်းတွေ ထူထောင်လာမယ်။ အချို့က သမ္မတ (သို့) ကမ္ဘာ့ခေါင်းဆောင် သမိုင်းဝင်ဖြစ်လာမယ့် ကလေးကို ပျိုးထောင်ပေးပါမယ်။ သင့်အနာဂတ်အတွက် ဘုရားထားရှိ တဲ့ “နောက်ဆုံးမှာတော့” က သင့်ကိုလွှမ်းခြုံသွားမှာပါ။ သင်မြင်ဖူးတာ တွေနဲ့ တူမှာမဟုတ်ပါဘူး။ ဘုရားနိုင်ငံတော်အတွက် သင့်ကို နောက် တစ်ဆင့် မြင့်တင်ပေးနေပြီး အဘယ်သူမျှမရောက်သေးတဲ့ နေရာဆီ ပို့ ဆောင်ပေးမှာပါ။
အိပ်မက်ကြီးကြီး၊ ယုံကြည်ချက်ကြီးကြီး၊ ဆုတောင်းချက် ကြီးကြီး ထားရှိပါ။ သင့်ဘဝအတွက် အသစ်သောအရာတစ်ခုခုကို ဘုရားပြုလုပ်စေဖို့ နေရာလုပ်ထားပါ။
ဟိုတုန်းက ကျွန်တော့်ကို ကမ္ဘာတစ်ဝှမ်း အမှုတော်ဆောင် ရမယ်၊ စာအုပ်တွေ ဘာသာစကားအမျိုးမျိုးနဲ့ ထုတ်ဝေရမယ်လို့ လာပြောခဲ့ရင် “မဖြစ်နိုင်ပါဘူး။ ဘာပြောရမှန်း ငါမသိဘူး” လို့ တွေးမိ ခဲ့မှာပါ။ ဒါပေမယ့် ဘုရားက သင့်အထဲကို ထည့်ပေးထားတဲ့ စွမ်းရည် တွေ၊ အရည်အချင်းတွေ၊ အလားအလာတွေကို သိနေပါတယ်။ သင့် အထဲမှာ ကြီးမြတ်တဲ့မျိုးစေ့တွေ ရှိပါတယ်။ အဘယ်သူမျှ မပိတ်နိုင်တဲ့ တံခါးတွေ ပွင့်လာတော့မှာပါ။ သင်မသိထားတဲ့ အရည်အချင်းတွေက ထွက်ပေါ်လာတော့မှာပါ။ ဘုရားက မှန်ကန်တဲ့သူတွေနဲ့ သင့်ကို ချိတ် ဆက်ပေးမှာပါ။ သင့်ပန်းတိုင်ဆီ နောက်တစ်ဆင့်တွန်းပို့မယ့် အခွင့် အလမ်းတွေ ဘုရားပေးစွမ်းတော့မှာပါ။
အဖေအသက်ရှိစဉ်က အိန္ဒိယကို တစ်နှစ် ၂ ကြိမ်လောက် ကျွန်တော်နဲ့ စစ်တိုးရီးယား လိုက်သွားလေ့ရှိပါတယ်။ တစ်ခါတော့ ဆင်းရဲတဲ့ မိသားစုကနေ ဆင်းသက်လာသော သင်းအုပ် သော တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။ အဲဒီမှာ လျှပ်စစ်မီးမရှိ၊ ရေမရှိပဲ ကွင်းပြင်ကြီးထဲက တဲကလေးမှာ သူတို့တေတွေ နေထိုင်ကြတယ်။ ဘေး အိမ်အနီး လူက အရမ်းချမ်းသာပါတယ်။ သူ့မှာ ကျွဲ၊နွား ထောင်ချီရှိ - သည်။ စပါးသီးနှံတွေ စိုက်တယ်။ ရွာထဲက လူတွေကို နို့နဲ့ ဟင်းသီး ဟင်းရွက်တွေ ရောင်းတယ်။ ဒါပေမယ့် သူက လောဘကြီးလွန်းပြီး ဈေးကြီးကြီးနဲ့ ရောင်းတာပါ။ လူအများစုက မဝယ်နိုင်ကြဘူးလေ။
တစ်နေ့ တော့ ချမ်းသာတဲ့လယ်သမားကြီးရဲ့ နွား ၁ဝ ကောင် သင်းအုပ်ဆရာနေတဲ့ တဲကလေးဆီ ရောက်လာပါတယ်။ နွား ၁ ကောင်ဆိုရင်တောင် နို့ နဲ့ အခြားနို့ ထွက်ထုတ်ကုန်တွေ ရောင်းချနိုင်လို့ လုံလောက်နေပါပြီ။ အလုပ်သမားတွေက ထိုနွား ၁၀ ကောင်ကို ပြန် လာယူပြီး ခြံထဲထည့်ထားလိုက်တယ်။ နောက်တစ်နေ့မှာ အဲဒီနွား ၁၀ ကောင်က သင်းအုပ်ဆရာနေတဲ့နေရာဆီ ပြန်လာခဲ့ပါတယ်။ ထပ်ခါ ထပ်ခါ ဒီလိုမျိုး ဖြစ်နေတော့ ပိုင်ရှင်လည်း စိတ်ပျက်လာပါတယ်။ ဒါနဲ့ ပိုင်ရှင်က သူ့အလုပ်သမားတွေကို “သင်းအုပ်ဆရာကို ပြောလိုက်ပါ၊ အဲဒီနွားတွေ ယူလိုက်တော့” ဆိုပြီး ပြောခိုင်းလိုက်ပါတယ်။ ပိုင်ရှင်က သူ့ ကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။
သင်းအုပ်ဆရာလည်း အရမ်းဝမ်းသာပြီး နို့နဲ့ အခြားနို့ထွက် ထုတ်ကုန်တွေကို … ရွာအနားကလူတွေအား စတင်ရောင်းချခဲ့တယ်။ ဈေးပေါပေါသီသီနဲ့ ရောင်းချခဲ့တာပါ။ မကြာခင် သူ့ အိမ်ရှေ့ မှာ လူတွေ တန်းဆီပြီး ဝယ်ဖို့စောင့်နေခဲ့ကြပါတယ်။ သူက နွားတွေ ထပ်ဝယ်ခဲ့ တယ်။ သူ့လုပ်ငန်းက အရမ်းအောင်မြင်လွန်းလို့ ချမ်းသာတဲ့လူက သူ့ ဆီလာပြီး “မင်းကြောင့် ငါ့လုပ်ငန်းတွေ နှေးကွေးကုန်ပြီ။ မင်းနဲ့ ငါ မပြိုင်နိုင်တော့ဘူး။ ငါ့ကုမ္ပဏီကို မင်းဝယ်ပါလား” လို့ ပြောခဲ့တယ်။ သင်းအုပ်ဆရာကလည်း တန်ဖိုးအနည်းငယ်နဲ့ ကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။ ဒီမှာတော့ သူ ကုမ္ပဏီက အရမ်းအောင်မြင်နေပြီး သမားများစွာ ခန့်အပ်ထားပါတယ်။ ဒါတွေအားလုံး နွား ၁ဝ လ က သူ့ဆီရောက်လာပြီး ၈ခဲ့ရတာပါ။ ဘာဖြစ်သွားတာလဲ၊ သံလိုက် တစ်ခုလိုပဲ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို သူဆွဲယူခဲ့တာပါ။ သင့်အနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုပြီး အဖြေလိုက်ရှာစရာမလိုပါဘူး၊ နွားတွေ သင့်ကိုဘယ်လိုလာရှာရမလဲ ဘုရားသိပါတယ်။ သင့်နာမည်ပါရှိတဲ့ အိမ်ခြံမြေတွေ၊ အခွင့်အလမ်းတွေ၊ လုပ်ငန်းတွေ ကောင်းမြတ်ခြင်းတွေက နောက်ဆုံးမှာ သင့်လက်ထဲကို ရောက်လာမှာ ပါ။ သုတ္တံကျမ်းမှာ “အပြစ်ရှိသောသူတို့ ကို ဘေးလိုက်တတ်၏။ ဖြော မတ်သော သူတို့မူကား ကောင်းသောအကျိုး (ကောင်းချီးမင်္ဂလာ)ကို ခံရလိမ့်မည်” လို့ ပြောထားတယ်။ သင်က ဖြောင့်မတ်သောသူပါ။ ကောင်းမြတ်ခြင်းတွေ သင့်နောက်ကို လိုက်နေပြီ၊ ရာထူးတိုးခြင်းတွေ သင့်နောက်ကို လိုက်နေပြီ။ ရောဂါငြိမ်းခြင်းတွေ သင့်နောက်ကို လိုက် နေပြီ။ နွားတွေ သင့်ကိုလိုက်နေလောက်ပါပြီ။ အောင်မြင်ခြင်းတွေ သင့်လမ်းကြောင်းဆီ လာနေပါပြီ။
အစွမ်းကို မြှင့်တင်ပါ
“ငါအကြွေးဆပ်နိုင်မှာ မဟုတ်တော့ဘူး” “ငါအိမ်ထောင် ပြု ဖြစ်မှာ မဟုတ်တော့ဘူး” “ငါပြန်ပြီး ကျန်းမာတော့မှာမဟုတ်တော့ဘူး” လို့မပြောပါနဲ့။ ဒါတွေက ဘာတွေလည်း သိပါသလား။ သင့်သံလိုက် စွမ်းအားကို ကျစေတာပါ။ ဆွဲငင်ခြင်းအစွမ်းကို ဖယ်ရှားနေတာပါ။
ကျွန်တော် ကလေးဘဝတုန်းက သံလိုက်နဲ ့ဆော့ကစားလေ့ ရှိတယ်။ တစ်နေ့ တော့ သံလိုက်က သူ့ အစွမ်းတွေ ကုန်ဆုံးသွားတယ်။ သံလိုက်အစွမ်းမရှိတဲ့အရာ ဖြစ်သွားခဲ့တယ်။ အပြင်ပန်းကတော့ ဒီအတိုင်းပါပဲ။ ဒါပေမယ့် ဘာကိုမှ မဆွဲယူတော့ဘူး။ ဒီလိုပါနဲ့ မဟုတ် တဲ့အတွေးတွေဖြစ်တဲ့ ငါမလုပ်နိုင်ဘူး၊ ဖြစ်လာမှာမဟုတ်ဘူး စတဲ့အရာ တွေအပေါ် စဉ်းစားနေမယ်ဆိုရင် သံလိုက်အစွမ်းကို ကျဆင်းစေမှာပါ။
သင်ပိုင်တဲ့အရာကို ဆွဲယူပေးမယ့် အစွမ်းကို ဖယ်ရှားနေခြင်းပါ။ ဒီနေ့ ကျွန်တော်ဘာလုပ်နေသလဲ သင်သိပါသလား။ သင့် ပင်အားကို မြှင့်တင်ပေးဖို့ ကျွန်တော်ကူညီနေတာပါ။ ဘုရားဆီမှာ သင့် ဘဝအတွက် ချမှတ်ထားသော ကောင်းချီးမင်္ဂလာတွေ ရှိနေ့မှန်း သင်နားလည်သွားတဲ့အခါ နေ့ရက်တိုင်းမှာ ကောင်းတာ တစ်ခုခု ဖြစ်လာမယ်ဆိုတဲ့ စိတ်သဘောထားနဲ. သင်ဖြတ်သန်းမှာပါ။ ဒါဆိုရင် က မျှော်လင့်ထားတာထက် ပိုလွန်အောင်၊ ကြွယ်ဝ ပိုလျှံအောင် လုပ်မှာပါ။
ကျွန်တော်တို့ ဘဝမှာ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို မထင်မှတ် ကြုံတွေခဲ့ရတာတွေ ရှိမှာပါ။ သင်က သွားရှာစရာမလိုပဲ သင့်ဆီ ရောက်လာခဲ့တဲ့အရာတွေပေါ့။ အတိတ်မှာ ပြုလုပ်ခဲ့သလို ဘုရားက အနာဂတ်မှာပါ ထပ်ပြုလုပ်ပေးအုန်းမှာပါ။ ဘုရားဆီမှာ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေကို သင့်ဆီစေလွှတ်နေပါပြီ။ သင်ထင်တာထက် နောက်တစ်ဆင့်ဆီ ပိုမိုကြီးမားစွာ တွန်းပို့ ပေးမှာပါ။ တစ်နေ့ မှာ သင်က နောက်လှည့်ကြည့်ပြီး “ငါဘယ်လိုဖြစ်ပြီး .. ဒီကိုရောက်လာခဲ့တာလဲ။ ငါက အတော်ဆုံး၊ အရည်အချင်းအရှိဆုံး မဟုတ်ခဲ့ဘူး၊ အတွေ့ အကြုံ တွေ ငါ့မှာမရှိဘူး” လို့ ပြောမိမှာပါ။ သင့်မှာ မရှိပေမယ့် ဘုရားမှာ ရှိပါ တယ်။ သင်ရောက်မယ့်နေရာကို ဘယ်လိုပို့ဆောင်ရမလဲ ဘုရားသိပါ တယ်။ နေ့စဉ် ဒီစကားကိုအမြဲပြောပါ “ငါကောင်းချီးခံစားရပြီ”
ယနေ ကျွန်တော်ယုံကြည်တာက သင့်သံလိုက်အစွမ်းကို မြှင့် တင်လိုက်ပါပြီ။ အခွင့်အလမ်းကောင်းတွေ၊ ရာထူးချီးမြှောက်ခြင်း၊ အနာ ရောဂါငြိမ်းခြင်း၊ မျက်နှာသာရရှိခြင်း။ အကြံဉာဏ်၊ ကန်ထရိုက်၊ တီထွင် မှုတွေကို သင်ဆွဲယူတော့မှာပါ။ သင့်နာမည်ပါရှိတဲ့အရာတွေကို ဘုရား က ထုတ်လွှင့်ပေးမှာပါ။ ဒါတွေကို သင်လိုက်ရှာစရာမလိုပါဘူး၊ သင့်ဆီ ရောက်လာပါမယ်။ သင်ထင်ထားတာထက် ပိုမိုကြီးမားမယ်။ သင်တွေး ထားတာထက် ပိုမိုစောလျင်စွာ ရောက်လာမယ်။ သင့်ပန်းတိုင်ဆီ အပြည့်အဝရောက်ရှိပြီး ဘုရားဖန်ဆင်းတဲ့အတိုင်း ဖြစ်လာတော့မှာပါ။
အခန်း (၅)
တစ်စုံတစ်ယောက်ရဲ့ နိမိတ်လက္ခဏာဖြစ်စေပါ
လူအများစုက နိမိတ်လက္ခဏာအတွက် ဆုတောင်းနေကြ တယ်။ လူတွေက “ဘုရားသခင်၊ မိတ်ဆွေတစ်ဦးလောက် လွှတ်ပေးပါ။ ဘုရားသခင်၊ ဒီကလေးတွေကို ကူညီမယ့်သူလိုတယ်။ သင်တန်းတွေ ကျွန်တော်တက်ဖို့လိုတယ်။ ဘုရားသခင်၊ အခွင့်အလမ်းကောင်းတစ်ခု လိုတယ်” ဆိုပြီး ပြောနေကြတယ်။ ကျွန်တော်တို့ နားလည်ထားဖို့က ကျွန်တော်တို့ဟာ သူတို့လိုအပ်နေတဲ့နိမိတ်လက္ခဏာ ဖြစ်လာလို့ ရပါ တယ်။ ။ ဘုရားက လူတွေကို အသုံးပြုတယ်။ အနာငြိမ်းစေဖို့ ကျွန်တော် တို့လက်တွေကလွဲရင် အခြားလက်တွေ ဘုရားမှာမရှိပါဘူး။ ခွန်အား ပေးဖို့ ကျွန်တော်တို့ အသံကလွဲရင် အခြားအသံတွေ ဘုရားမှာမရှိပါဘူး။ ပွေ့ ဖက်ဖို့ ကျွန်တော်တို့ လက်မောင်းတွေကလွဲရင် အခြားလက်မောင်း တွေ ဘုရားမှာမရှိပါဘူး။ ကျွန်တော်တို့ လမ်းကြောင်းပေါ်ကို ဘုရားက လူတွေအား ခေါ်ဆောင်လာမှာပါ။ ဒါမှ သူတို့ဆုတောင်းတဲ့အဖြေကို ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်တယ်။
သင်နားလည်ချင်မှ နားလည်မှာပါ။ သင်က ဖြစ်လာတော့မယ့် နိမိတ်လက္ခဏာတစ်ခုပါ။ သင့်အသိတစ်ယောက် အထီးကျန်နေတယ်။
မိတ်ဆွေတစ်ဦးရဖို့ ဆုတောင်းနေတယ်။ သင်က သူတို စောင့်မျှော်နေ တဲ့ နိမိတ်လက္ခဏာပါ။ တစ်စုံတစ်ယောက်က ဆေးစစ်မှတ်တမ်းဆိုး တစ်ခု ရခဲ့လို့ “ဘုရားသခင်၊ ကျွန်တော့်ကို လက္ခဏာတစ်ခုခုပြပါဦး၊ ကိုယ်တော်က အရာရာထိန်းချုပ်နေဆဲဖြစ်ကြောင်း ကျွန်တော့်ကို သိစေ ပါ” ဆိုပြီး ဆုတောင်းနေတယ်။ သင်က သူမျှော်လင့်နေတဲ့ လက္ခဏာပါ။ ဖုန်းတစ်ချက်ဆက်ပြီး “ငါမင်းအကြောင်း တွေးနေတာ။ အရာရာ အဆင်ပြေသွားမယ်ဆိုတာ ငါလှမ်းပြောတာပါ” လို့ပြောဆိုခြင်းဟာ သူတို့အတွက် သင်ဟာ နိမိတ်လက္ခဏာဖြစ်လိုက်တာပါပဲ။ တစ်စုံ တစ်ယောက်က စိတ်ဓာတ်ကျပြီး “ဘုရားသခင်၊ ဒီဘာသာရပ်ကို နားမလည်ဘူး။ ဒီသင်ခန်းစာတော့ ကျပါပြီ။ တစ်ယောက်ယောက် စေလွှတ်ပေးပါ” လို့ပြောနေတယ်။ သင်က သူစေလွှတ်ဖို့ပြောနေတဲ့ သူပါ။
နိမိတ်လက္ခဏာဖြစ်လာဖို့ အချိန်ပေးပါ။ သင့်ဘဝထဲက လူတွေကို သတိပြုပါ။ သူတို့က မတော်တဆ ရောက်လာတာမဟုတ် ပါဘူး။ ဘုရားက တမင်တကာ ထားရှိပေးထားတာပါ။ ဒါဟာ သင်က နိမိတ်လက္ခဏာအပြည့်ဖြစ်နေလို့ပါ။ သင့်အထဲမှာ အနာငြိမ်းခြင်းတွေ ရှိတယ်။ ပြန်လည်ပြည့်ဝခြင်းမိတ်ဆွေဖွဲ့ ခြင်းအသစ်သောအစပြုခြင်း တွေ ရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းချက်အဖြေကို သင် ဖြည့်ဆည်းပေးရင် ဘဝကြီးက ကျေနပ်ပီတိဖြစ်ဖွယ်ကောင်းလှပါတယ်။ လဲကျနေသူကို သင်ထူပေးနိုင်တယ်။ ကျိုးပဲ့နေသူကို သင်ပြန်လည် ဖြည့်ဆည်းပေးနိုင်တယ်။ သူစိမ်းတစ်ယောက်အပေါ် သင်ကြင်နာပေး နိုင်တယ်။ တစ်စုံတစ်ယောက်ရဲ့ နိမိတ်လက္ခဏာ သင်ဖြစ်လာနိုင်တယ်။
ဖြစ်လာတော့မယ့် နိမိတ်လက္ခဏာ
ကျွန်တော့်အစ်ကို ပေါလ် (Paul) က ခွဲစိတ်ဆရာဝန်ပါ။ သူကအာဖရိမှာ ချို့ တဲ့နေတဲ့လူတွေကို ကုသပေးနေသူပါ။ မြို့ နဲ့အရမ်းဝေး တဲ့ ရွာလေးတစ်ရွာမှာပေါ့။ ရွာမှာရှိတဲ့ဆေးခန်းက လျှပ်စစ် ပိုးရရုံ ဆေးဘက်ဆိုင်ရာ အထောက်အပံ့နည်းနည်းနဲ့ ဆရာဝန်က တစ်ယောက်ထဲ ရှိတယ်။ ဟိုးအရင်တုန်းက ညဘက်ကြီး လူငယ်လေး တစ်ဦး ဆင်စွယ်နဲ့ ထိုးခံရလို့ ဆေးခန်းလာပြခဲ့တယ်။ ပေါလ်က သူ့ ကို ခွဲစိတ်ခန်းထဲ ခေါ်ပြီး အသက်ကယ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ပြဿနာက ဆေးခန်းမှာ လူနာသွေးသွင်းဖို့အတွက် သွေးအပို မရှိခဲ့ဘူး။ ပေါလ် အနေနဲ့ “သွားပါပြီကွာ။ ငါမင်းကို ကယ်ချင်ပေမယ့် သွေးသွင်းဖို မရှိခဲ့ဘူး။ မင်းကံဆိုးတဲ့နေ့ပဲ” လို့တွေးလို့ရပါတယ်။ ခွဲစိတ်မှုမပြုခင် ပေါလ်က မိနစ် ၃၀ ခန့် သွေးလှူခဲ့တယ်။ လူငယ်လေးကို ခွဲစိတ်ပြီး ပေါလ်ရဲ့ သွေးနဲ့ ပြန်အားဖြည့်ပေးခဲ့တယ်။ ပေါလ် ဘာလုပ်နေတာလဲ။ နိမိတ်လက္ခဏာလုပ်နေတာပါ။ ပေါလ်အနေနဲ့ “ဘုရားရေ. . . ဒီလူ အခြေအနေမကောင်းဘူး။ နိမိတ်လက္ခဏာပြတော်မူပါ” လို့ ဆုတောင်း လို့ရပါတယ်။ ဒါပေမယ့် ပေါလ်က “ငါက မင်းရဲ့ နိမိတ်လက္ခဏာ” လို့ သဘောပေါက်ခဲ့ပါတယ်။
ဘုရားက ကြီးမားတဲ့အရာတွေ လုပ်ဆောင်နိုင်မှန်း ကျွန်တော် တို့ အားလုံး သိကြပါတယ်။ ဘုရားက နိမိတ်လက္ခဏာတွေ လုပ်ဆောင် နိုင်မှန်း ကျွန်တော်တို့ သိကြတယ်။ ဒါပေမယ့် ကျွန်တော်မြင်စေချင်တာ က - ဘုရားက နိမိတ်လက္ခဏာတွေကို ကျွန်တော်တို့အထဲမှာ ထည့် ထားပေးတယ်ဆိုတာပါ။ တစ်ယောက်သောသူရဲ့ ဆုတောင်းချက်အဖြေ ကို ကျွန်တော်တို့ ဖြည့်ဆည်းပေးနိုင်တယ်။ တစ်ယောက်သောသူရဲ့ လို အပ်ချက်ကို သင်ကူညီပေးနိုင်တယ်။ အသက်ကယ်ရလောက်တဲ့အထိ ဟုတ်ချင်မှဟုတ်မယ်။ လုပ်ဖော်ကိုင်ဖက်ကို သင်တတ်ထားတဲ့စွမ်းရည် တွေ ပြပေးတာလည်း ဖြစ်မယ်။ ဒါမှမဟုတ် အိမ်ဌားခ မတတ်နိုင်တဲ့ မိသားစုကို ကူညီပေးတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သင့်ကလေးနဲ့အတူ ဘေ့စ်ဘောကစားဖို့ အခြားကလေးကိုပါ ခေါ်ဆောင်သွား တာလည်း ဖြစ်နိုင်တယ်။ သင့်အတွက် အသေးအဖွားဖြစ်နိုင်ပေမယ့် သူတို့အတွက်တော့ ဒါဟာ နိမိတ်လက္ခဏာတစ်ခုပါ။ သူတို့ပန်းတိုင် ဆီ တွန်းပို့လိုက်ခြင်းပါ။
“ငါဟာ ဖြစ်လာတော့မယ့် နိမိတ်လက္ခဏာတစ်ခု” ဆိုတဲ့ “တစ်ခါတလေ စိတ်ထားမျိုး ကျွန်တော်တို့အားလုံးမှာ ရှိမယ်ဆိုရင် ဒီကမ္ဘာကြီးက ဘယ်လိုမျိုးဖြစ်လာမလဲ။ ကျွန်တော်ကြားဖူးတယ် ကျွန်တော်တို့လိုနေတာ နိမိတ်လက္ခဏာမဟုတ်ဘူး။ လူသားအချင်းချင်း ပါ” သင့်ဘဝထဲမှာ ဘယ်သူတွေရှိလဲ ကြည့်လိုက်ပါ။ သူတို့ ပြောနေ တာကို နားထောင်ပါ။ သင်ကူညီပေးနိုင်တဲ့အရာ တစ်နည်းနည်းများ ရှိနေသလား။ ရုံးမှာ သူတို့ မျက်နာရစေဖို့ စကားကောင်းများ သင်ပြော ပေးနိုင်လား။ ပွဲတက်ဖို့ အဝတ်အစား သူတို့ လိုအပ်နေချိန်မှာ သင့် ဗီရိုထဲက မဝတ်တော့မယ့် အဝတ်အစားတွေ ရှိနေသလား။ သူတို မိသားစုတွေ အဝေးရောက်နေလို့ တစ်ယောက်တည်းအထီးကျန်နေ သလား။ တစ်ခါတလေ နေ့လည်စာ အတူစားဖို့ သင်ဖိတ်လို့ ရတယ်။ သူတို့ကို ကြိုဆိုလိုက်ပါ။ ဒါဟာ သူတို့အတွက် သင်က နိမိတ် လက္ခဏာဖြစ်လာစေဖို့ အခွင့်အလမ်းတွေပါ။
အခြားသူတွေကို လန်းဆန်းစေတဲ့အခါ
အသိမိတ်ဆွေတစ်ဦးက ဆင်းရဲတဲ့ရပ်ကွက်မှာ ကြီးပြင်းခဲ့ရပါ တယ်။ မိဘတစ်ဦးပဲရှိပြီး အိမ်ကအမြဲ မငြိမ်သက်ခဲ့ပါဘူး။ သူက စာဖတ်၊ စာရေးခြင်းကို နှစ်သက်ပြီး သူ့အိပ်မက်က (Joumalist) ဖြစ်ဖို့ပါ။ သူက Ivy League တက္ကသိုလ်မှာ ပညာသင်ဆု သတင်းစာဆရာ ရရှိခဲ့တယ်။ သူက အာဖရိကန်-အမေရိကန်လူမျိုးပါ။ သူ့ အခန်းဖော် က ဂုဏ်ရှိအရှိန်အဝါကြီးမားတဲ့ မိသားစုကပါ။ သူတို့နှစ်ယောက်က အခင်မင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ်။ သူက သူ့ အခန်းဖော် ကို သတင်းစာဆရာဖြစ်ချင်ကြောင်း ပြောပြခဲ့တယ်။ သူ့ အခန်းဖော်က သတင်းစာဆရာဖြစ်ဖို့ဆိုရင် စကားလုံးအသုံးအနှုံး ကြွယ်မှရမယ်။ မင်းက စကားလုံးအသုံးအနှုံး မကြွယ်သေးဘူး” လို့ ပြောတယ်။ နေ့စဉ် အခန်းဖော်က သူ့ ကို အဘိဓာန်ထုတ်ပြီး စကားလုံးအသစ်တွေ သင်ပေး ဝါကျဖွဲ့ ခိုင်းတယ်။ ၄ နှစ်တိတိ သင်ပေးခဲ့တယ်။ ဒီအခန်းဖော်က ၁၁လုပ်နေတာလဲ။ နိမိတ်လက္ခဏာ ဖြစ်ပေးနေတာပါ။ အခန်းဖော်က သူငယ်ချင်းအပေါ် စောင့်ရှောက်ပေးတယ်။ ဘဝမှာ အကြောင်းရှိလို ဆုံတွေ့ရမှန်း နားလည်ခဲ့တယ်။ ယနေ့မှာတော့ ဒီလူငယ်လေးက အမေရိကန်ရဲ့ ထိပ်တန်းသတင်းစာဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ သူက သတင်းဌာနကြီးတစ်ခုအလုပ်လုပ်ပြီး နာမည်ကြီးသတင်းအစီ အစဉ်များကို ကြီးကြပ်နေရပါပြီ။ တကယ်လို့ သူ့ အခန်းဖော်သာ သူ့ အတွက် နိမိတ်လက္ခဏာဖြစ်စေဖို့ အချိန်မပေးခဲ့ရင် ဒီလူငယ်လေးလဲ ဘယ်ရောက်နေမလဲ ကျွန်တော်တွေးမိပါတယ်။
သင့်အနေနဲ့ “ငါတော့ သူများအတွက် နိမိတ်လက္ခဏာမဖြစ် ချင်ပါဘူး။ ငါက နိမိတ်လက္ခဏာ လိုချင်နေတာ” လို့ပြောနိုင်ပါတယ်။ အဓိကအချက်က သင်က နိမိတ်လက္ခဏာဖြစ်လာရင် ဘုရားက - သင်လိုချင်တဲ့ နိမိတ်လက္ခဏာတွေကို အမြဲဖြည့်ဆည်းပေးမှာပါ။ ဒီလို မျိုးစေ့တွေကို စိုက်နေသရွေ့ မှန်ကန်သောလူတွေအခွင့်အလမ်း တွေက သင့်အနာဂတ်မှာရှိနေမှာပါ။ သုတ္တံ ၁၁း၂၅ မှာ - “သူတပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့် မည်” လို့ ပြောထားတယ်။ သင့်အိပ်မက်ပြည့်စုံချင်ရင် သူတပါးရဲ့ အိပ်မက်ပြည့်စုံဖို့ ကူညီပေးလိုက်ပါ။ နိမိတ်လက္ခဏာ သင်လိုနေရင် ကိုယ်တိုင် နိမိတ်လက္ခဏာဖြစ်လိုက်ပါ။ သူတပါးအပေါ် အချိန်ပေးရင် သင်စိုက်တဲ့မျိုးစေ့တွေက သင့်ဆီအမြဲပြန်လာမှာပါ။
မကြာသေးမီ နှစ်အနည်းငယ်က ဝတ်ပြုအစည်းအဝေးအပြီး အမျိုးသမီး ၂ ယောက်နဲ့ ကျွန်တော်ဆုံခဲ့တယ်။ ကျွန်တော် ထင်တာက အမေနဲ့ သမီးပေါ့။ အသက်ကြီးသူ အမျိုးသမီးက “မဟုတ်ဘူး။ ဒါပေ မယ့် ကျွန်မရဲ့ သမီးလိုပါပဲ” လို့ပြောပြခဲ့တယ်။ ဒါနဲ့ ဒီအမျိုးသမီးက ကျွန်တော်တို့ အရင်ဘုရားကျောင်းနေရာကနေ အခုနေရာသစ်ဆီ ပြောင်းခဲ့ချိန် လာနိုင်ပါ့အုန်းမလား စိတ်ပူနေခဲ့တာ။ မုဆိုးမ ဖြစ်ပြီး လမ်းမကြီးပေါ် ကားလည်းမမောင်းရဲခဲ့ဘူး။ တစ်နေ့ ဝတ်ပြုအစည်း အဝေး အပြီးမှာ သူမက ဒီအကြောင်းကို မိတ်ဆွေတွေအား ပြောပြ ခဲ့တယ်။ အနားကဖြတ်သွားတဲ့ အမျိုးသမီးငယ်လေးက ကြားသွားပြီး "အန်တို့ကို တနင်္ဂနွေနေ့ တိုင်း သမီးလာကြိုပေးမယ်” လို့ ပြောခဲ့တယ်။ သူမလည်း အရမ်းအံ့ဩသွားပြီး “တကယ်ပြောတာလား။ သမီးက ဘယ်မှာနေတာလဲ” လို့ မေးခဲ့တယ်။ သူတို့ အိမ်က မိနစ် ၃ဝ လောက် ဝေးကွာပါတယ်။ အမျိုးသမီးငယ်လေးက ဒီလိုတွေးလို့ လည်းရပါတယ် -
“ကူညီချင်ပေမယ့် ဝေးလိုက်တာ။ ငါ့အလုပ်ကလည်း ရှိသေး၊ ပြီးတော့ ဆီဈေးကလည်း တက်နေတယ် ” ဒါပေမယ့် အမျိုးသမီးငယ်လေးက ဒါဟာ နိမိတ်လက္ခဏာဖြစ်ဖို့ အခွင့်အရေးတစ်ခုလို့ မြင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူမက တနင်္ဂနွေနေ မနက်တိုင်း အန်တို့ကို သွားကြို ပြီး ဘုရားကျောင်းကို ခေါ်လာပေးနေတယ်။ ဒီအကြောင်းကို ပြောပြ နေချိန်မှာ အသက်ကြီးသူအမျိုးသမီးက သူမကို ပွေ့ဖက်ပြီး “ဂျိုးလ်၊ သူမက ကျွန်မရဲ့ နိမိတ်လက္ခဏာပဲ” လို့ ပြောခဲ့တယ်။
လူတိုင်းကို မကူညီနိုင်ရင်တောင် တစ်စုံတစ်ယောက်ကို ကူညီ နိုင်ပါတယ်။ ဘုရားက သင့်လမ်းကြောင်းပေါ်မှာ လူတွေကို ထားရှိပေး ထားပြီး သူတို့က သင့်ပန်းတိုင်နဲ့ ချိတ်ဆက်နေပါတယ်။ သူတို့ကို ကူညီရင် သင်လည်း မြင့်သထက် မြင့်မားလာမှာပါ။ သူတို့လိုအပ်ချက် ကို ဖြည့်ဆည်းပေးရင် ဘုရားက သင့်လိုအပ်ချက်တွေကို ကြွယ်ဝလျှက် ဖြည့်ဆည်းပေးမှာပါ။ သင်က နိမိတ်လက္ခဏာဖြစ်လာရင် ဘုရားက သင့်ကို နိမိတ်လက္ခဏာတွေ ပေးမှာပါ။ ဒီလိုပဲ ဆန့်ကျင်ဘက်အရာ လည်း မှန်ပါတယ်။ တစ်စုံတစ်ယောက်ကို မကူညီနိုင်လိုက်အောင် ကျွန်တော်တို့ အလုပ်များနေရင် ကျွန်တော်တို့လိုအပ်တဲ့ အကူအညီ လည်း ရမှာမဟုတ်ပါဘူး။ အခြားသူတွေအပေါ် အချိန်မပေးပဲ မိမိ အိပ်မက်တွေအတွက်သာ အချိန်ကုန်နေမယ်၊ အခြားသူကို ခွန်အားမပေးပဲ မိမိပြဿနာတွေအတွက် စိုးရိမ်နေမယ်ဆိုရင် ကျွန်တော်တို့ ရပ်တန့် သွားမှာပါ။ သင့်စွမ်းရည်အမြင့်ဆုံး ရောက်ရှိဖို့ က အခြားသူရဲ့ စွမ်းရည်အမြင့်ဆုံးရောက်အောင် ကူညီပေးမှုအပေါ် မူတည်နေတယ်။ “သွားအပြန် သဘောမျိုးပါ။ အခြားသူ အမြင့်ရောက်အောင် ကူညီရင် သင်လည်း အမြင့်ကို တက်လှမ်းနိုင်မှာပါ။
သင်က နိမိတ်လက္ခဏာအပြည့်ပါ
ရှင်လုကာ (ကျမ်းစာ) မှာ ယေရှုက လူတစ်ယောက် လမ်းသွားနေတုန်း ဓားပြတွေနဲ့ တွေ့ ပြီး ရိုက်နှက်ခံရကာ မြေပေါ်မှာ သေလုမတတ်ဖြစ်ခဲ့ရတယ်။ ခဏအကြာမှာ ယဇ်ပုရောဟိတ်တစ်ဦး ဖြတ်သွားတုန်း သူ့ကိုမြင်ကာ “ဒီလူတော့ အခြေအနေဆိုးတာပဲ။ သေချာတယ် သူတော့ နိမိတ်လက္ခဏာလိုအပ်နေပြီ။ ငါဆုတောင်းပေး ပါမယ်” လို့ပြောကာ ထွက်သွားခဲ့တယ်။ ခဏအကြာ လေဝိလူတစ် ယောက် ဖြတ်သွားတုန်း သူ့ကိုမြင်တော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ “ဒါမတရားလိုက်တာကွာ။ တစ်ယောက်ယောက် လာကူရင် ကောင်းမှာပဲ” လို့ တွေးပြီး ထွက်သွားခဲ့တယ်။
တတိယမြောက် ရှမာရိ လူတစ်ယောက်ရောက်လာခဲ့တယ်။ အရှေ့ က နှစ်ယောက်လို သူလည်း “ဒီလူ နိမိတ်လက္ခဏာ လိုနေပြီ” လို့ တွေးလိုက်တယ်။ ဒါပေမယ့် သူက “ကဲ. . . ငါက သူလိုနေတဲ့နိမိတ် လက္ခဏာ။ အချိန်မှန် နေရာမှန် ငါရောက်နေတယ်။ ဘုရားက ငါ့ကို သူနဲ့ ဆုံခိုင်းတော ငါ့အနေနဲ့ ရောဂါငြိမ်းပေးသူ၊ ပြန်လည်ကျန်းမာစေ သူ၊ သူ့ကို အသစ်သောအစပြုခြင်းပေးစွမ်းသူ ဖြစ်စေချင်လို့ ပဲ" လို ပြောခဲ့တယ်။ ရှမာရိလူက သူ့ကိုဂရုစိုက်ပေးကာ ရေတိုက်ခဲ့တယ်။ အနာတွေကို အဝတ်နဲ့စည်းပေးခဲ့ပြီး တိရစ္ဆာန်ပေါ် ချီတင်ပေးခဲ့တယ်။ အနီးဆုံး မြို့ ဆီ တစ်မိုင်ပြီးတစ်မိုင် ခရီးနှင်ခဲ့ကြတယ်။ စရပ် တစ်ခုဆီ ရောက်တော့ ပိုင်ရှင်အား ငွေကြိုပေးကာ “ဒီလူကို စောင့်ရှောက်ပါ။ သူနေချင်သလောက် ဒီမှာနေပါစေ။ သူလိုအပ်တာတွေ လုပ်ပေးပါ။
ကျွန်တော်ပြန်လာတဲ့အခါ ကုန်သမျှကို ထပ်ပေးအုန်းမယ်” လို့ပြောခဲ့ တယ်။
ကျွန်တော် မေးချင်တာက => သင်ကော ဘယ်လိုလူမျိုးလဲ။ အလုပ်များပြီး “အခြားသူကို ကူဖို့ အချိန်မရှိဘူး။ ငါ့ပြဿနာတွေနဲ ငါအလုပ်ရှုပ်နေတာ” လို့တွေးမိတတ်ကြတယ်။ အခြားသူတွေကို ကူညီခြင်းက သင့်အခြေအနေကို တမျိုးပြောင်းလဲနိုင်မှာပါခွန်အာ ပေးဖို့ လိုအပ်နေသူ၊ ကားကြုံစီးဖို့ လိုအပ်နေသူ၊ သွေးလိုအပ်နေသူ၊ အိပ်မက်ပြည့်စုံဖို့ အကူအညီလိုအပ်နေသူတွေကို သင်မြင်တဲ့အခါ သူတို့ ဟာ သင့်ကို အမြင့်နောက်တစ်ဆင့်ရောက်စေမယ့် အခွင့်အလမ်း တွေပါ။
စိတ်ဝင်စားဖို ့ကောင်းတာက ယေရှုဟာ ဒီဇတ်လမ်းမှာ ယဇ်ပုရောဟိတ်တစ်ပါးကို ဥပမာအဖြစ် သုံးခဲ့တယ်။ ယဇ်ပုရောဟိတ် က ဗိမာန်တော်သွားနေတာပါ။ ဘာသာရေးတာဝန်တွေ လုပ်ရမယ်လေ။ ဒီလူနဲ့ အချိန်ဖြုန်းလို့ မရဘူးပေါ့။ တကယ်လို့များ ဒီလူကို ကူညီခဲ့ မယ်ဆိုရင် သူဝတ်လာတဲ့ အဖြူရောင်ဝတ်ရုံက သွေးတွေပေမယ်၊ ညစ် ပတ်သွားမယ်။ ဒါဆိုရင် ဗိမာန်တော်မှာ အမြင်မတော်ဖြစ်လာမယ်။ ဆင်ခြေတွေ သူ့မှာရှိတယ်။ ဒါပေမယ့် စစ်မှန်တဲ့ဘာသာရေးဆိုတာ ညစ်ပေနိုင်တယ်။ စစ်မှန်တဲ့ဘာသာရေးဆိုတာ အကောင်းစား အဝတ် အစားတွေ အနောက်မှာ ပုန်းကွယ်စရာမလိုဘူး။ စစ်မှန်တဲ့ဘာသာ ရေးဆိုတာ လိုအပ်တဲ့နေရာဆီ သွားတာပါ။
တစ်စုံတစ်ယောက်ကို ဆွဲထူခြင်းက ဘုရားအမြင်မှာ အမြင့် ဆုံးသော အရာပါ။ ဘုရားရဲ့ စိတ်သဘောနဲ့ အနီးဆုံးဖြစ်ဖို့က နာကျင် နေသူကို ကူညီခြင်းပါ။ ကြေကွဲနေသူကို နှစ်သိမ့်မယ်၊ သူတို့အနာကို ဆေးလိမ်းပေးမယ်၊ ခွန်အားပေးမယ်၊ မျက်ရည်သုတ်ပေးမယ်၊ အသစ် သောအစပြုခြင်းတွေ ရှိသေးကြောင်း သူတို့ကို ပြောပြမယ်ဆိုရင် ဒါဟာ ယေရှုပြောနေတဲ့ ဘာသာရေးပါပဲ။ စစ်မှန်တဲ့ဘာသာရေးက လူတွေကို အကူအညီပေးဖို့ ထိုက်တန်လား၊ မတန်လား မစီရင်ဘူး။
“သူမက အကူအညီလိုနေတယ်။ ဒါပေမယ့် သူမ နေပုံထိုင်ပုံ မမှန်ဘူး” “သူနာကျင်နေတယ်။ ဒါသူ အမှားလေ။ မကောင်းတာ စွဲလမ်းတာကိုး။ ကိုယ့်ဒုက္ခ ကိုယ်ရှာတာ” ဆိုပြီး မစီရင်ဘူး။
ယေရှုက “ကျန်းမာသောသူတို သည် ဆေးသမား (ဆရာဝန်) ကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏” လို့ ပြောထား တယ်။ လူတွေကို စီရင်ဖို့ ဘုရားက ကျွန်တော်တို့ကို မပြောပါဘူး။ လူတွေကို ကုသပေးဖို့ ဘုရားပြောနေတာပါ။ လူတွေကို ပြန်လည်ဖြည့် ဆည်းပေးဖို့ ဘုရားက ကျွန်တော်တို့ကို ခေါ်နေတယ်။ လူတွေရဲ့ နိမိတ်လက္ခဏာဖြစ်လာဖို့ ဘုရားက ကျွန်တော်တို့ကို ခေါ်နေတယ်။ အပြစ်ရှာတာက လူတိုင်းလုပ်တတ်ပါတယ်။ ဝေဖန်ကဲ့ရဲ့တာ၊ ဆင်ခြေ ပေးတာက လူတိုင်းလုပ်တတ်ပါတယ်။ လွယ်တာကိုး။ ဒါပေမယ့် ဂရုစိုက် ဖို့ အချိန်ပေးမယ့် လူတွေကဘယ်မှာလဲ။ ဖေးထူ၊ ညစ်ပတ်ခံနိုင်ပြီး ချစ်ခြင်းမေတ္တာပြမယ့် လူတွေကဘယ်မှာလဲ။
တတိယ ရှမာရိလူက ချက်ချင်းပဲ လူနာကို ကူညီပေးခဲ့တယ်။ နှစ်ခါတောင် မစဉ်းစားဘူး။ သူက နိမိတ်လက္ခဏာဖြစ်ပေးခဲ့တယ်။ ဒီလိုလူမျိုး ကျွန်တော်တို့ ဖြစ်သင့်တာပါ။ ဖြတ်သွားခဲ့တဲ့လူတွေလို မဖြစ်စေပါနဲ့။ အလုပ်မှာ ၊ ဘုရားကျောင်းမှာ အလုပ်တွေ အရမ်းများ မနေပါနဲ့။ ဒုတိယလူလို “မဖြစ်သင့်တာ။ စိတ်မကောင်းဘူးကွာ။ ဆုတောင်းပေးပါမယ်” ဆိုပြီး ထွက်သွားတဲ့လူ မဖြစ်စေနဲ့။ နိမိတ် လက္ခဏာဖြစ်လိုက်ပါ။ ဘုရားက ကျွန်တော်တို့ကို အားကိုးနေတယ်။ သင်က လဲကျသူကို ဖေးထူပေးနိုင်တယ်။ သင်က နာကျင်သူကို ကုသပေးနိုင်တယ်။ သင်က အထီးကျန်သူကို အဖော်ပြုပေးနိုင်တယ်။ အိပ်မက်တစ်ခုဖြည့်ဆည်းဖို့… သင်ကူညီနိုင်တယ်။ သင်က နိမိတ် လက္ခဏာအပြည့်ပါ။
လိမ်းဆေး ဆီလောင်းပါ
နာမည်ကြီး ခရစ်ယာန် အမျိုးသမီးအဆိုတော် တမ်မီထရန် (Tammy Trent) o ကျွန်တော့်မိတ်ဆွေပါ။ အိမ်ထောင်သက် ၁၁ နှစ် ပြည့် အထိမ်းအမှတ်အနေနဲ့ သူမနဲ့ ခင်ပွန်းဖြစ်သူက အပူပိုင်းဒေသ ကျွန်းတစ်ခုစီ အပျော်ခရီးထွက်ခဲ့ကြတယ်။ ခင်ပွန်းက ရေငုပ်ကျွမ်းကျင် သူပါ။ လေရှူစက်မပါပဲ ရေထဲမှာ ၆ မိနစ် ၇ မိနစ် အသက်အောင့်နေ နိုင်ပါတယ်။ ကမ်းခြေရောက်တဲ့နေ့ သူတို့လည်း စိတ်လှုပ်ရှားခဲ့တယ်။ ခင်ပွန်းက ရေထဲဆင်းပြီး ရေအောက်လှိုဏ်ဂူတွေကို စူးစမ်းခဲ့တယ်။ တမ်မီကတော့ လှပတဲ့ရှုခင်းတွေကို ကြည့်ရှုနေခဲ့တယ်။ မိနစ်ခန့် အကြာ သူမရဲ့ ခင်ပွန်းကို မတွေ့တော့ စိုးရိမ်စိတ် ဝင်လာခဲ့ရတယ်။ မိနစ် ၂ဝ ကြာသည့်တိုင် ခင်ပွန်းရဲ့ အရိပ်အယောင်တောင် မတွေ့ ရပါ။ ဒါနဲ့ သက်ဆိုင်ရာကို သူမ အကြောင်းကြားခဲ့တယ်။ သက်ဆိုင်ရာက လှေသဘောတွေနဲ့ လိုက်ရှာကြတယ်။ ကံဆိုးစွာဖြင့် နောက်နေ့မှာ ခင်ပွန်းရဲ့အလောင်းကို တွေ့ ရှိခဲ့ပါတယ်။
တမ်မီက အရမ်းအံ့အားသင့်ပြီး စိတ်ကြေကွဲခဲ့ရတယ်။ အခြား နိုင်ငံမှာ အသိမရှိ အထီးကျန်နေခဲ့ရတယ်။ မိဘတွေက နောက်နေ့ အတွက် လေယာဉ်လက်မှတ် ပြင်ဆင်ပေးခဲ့တယ်။ ဒီဖြစ်ရပ်က (World Trader Center အကြမ်းဖက်ခံရတဲ့) စက်တင်ဘာ ၁၁၊ ၂၀၀၁ မတိုင်ခင် စက်တင်ဘာ ၁ဝ မှာ ဖြစ်ခဲ့တာပါ။ နောက်နေ့မှာ လေယာဉ်တွေ အားလုံး ရပ်နားခဲ့ရလို တမ်မီလည်း အိမ်မပြန်နိုင်ပဲ တစ်ယောက်တည်း ဖြစ်နေခဲ့တယ်။ ဘာမှလည်း စဉ်းစားလို့မရတော့ဘူး။ နောက်ဆုံးမှာ သူမက “ဘုရားသခင်၊ သမီးကို ဂရုစိုက်သေးရင် တစ်ယောက်ယောက် စေလွှတ်ပေးပါ။ ကိုယ်တော်ရှိကြောင်း သိရဖို. တစ်ယောက်ယောက် စေလွှတ်ပေးပါ” လို့ ဆုတောင်းခဲ့တယ်။
မိနစ်အနည်းငယ်အကြာ သူမရဲ့ ဟိုတယ်အခန်း တံခါးခေါက် သံကြားခဲ့ရတယ်။ ဂျမေကာလူမျိုး သန့်ရှင်းရေးအမျိုးသမီးပါ။ သူမက “ကျွန်မ စပ်စုတာတော့ မဟုတ်ပါဘူး။ ဟိုဘက်ခန်းမှာ သန့်ရှင်းရေးလုပ်နေတုန်း ဒီအခန်းက ငိုသံကို ကျွန်မ ကြားနေခဲ့ပါတယ်။ ကျွန်မ ဆုတောင်းပေးဖို့ လိုမလား” လို့ ပြောခဲ့တယ်။ တမ်မီလည်း ဖြစ်စဉ်ကို ရှင်းပြခဲ့တယ်။ သန့်ရှင်းရေးအမျိုးသမီးက တမ်မီကို သမီးအရင်းကဲ့သို့ ပွေ့ဖက်ခဲ့တယ်။ ဒီအခိုက်အတန့်လေးကြောင့် တမ်မီက ဘုရားက အရာရာထိန်းချုပ်နေဆဲလို့ သိခဲ့တယ်။ သန့်ရှင်းရေးအမျိုးသမီးက ရောဂါငြိမ်းသူအဖြစ် အချိန်ပေးခဲ့တယ်။ အနားမှာရှိတဲ့သူရဲ့ ငိုသံကို ကြားခဲ့တယ်။ မျက်ရည်တွေကို သုတ်ပေးဖို့ အဲဒီနေရာမှာ ရှိနေခဲ့တာ။ သန့် ရှင်းရေးအမျိုးသမီးက တမ်မီရဲ့ ဝေဒနာကို လိမ်းဆေး ဆီလောင်း ခဲ့ပြီး နိမိတ်လက္ခဏာဖြစ်လာခဲ့တယ်။
ဂရုစိုက်ကြောင်း ပြသပါ
ကျမ်းစာမှာ ဘုရားက မျက်ရည်အားလုံးကို တစ်နေ့ကျရင် သုတ်ပတ်ပေးမယ် ပြောထားတယ်။ ဝမ်းနည်းဖွယ်ဖျားနာမှုဝေဒနာ တွေ ရှိတော့မှာမဟုတ်ပါဘူး။ လောလောဆယ်မှာတော့ ဘုရားက ကျွန်တော်တို့ကို သူတပါးမျက်ရည်တွေ သုတ်ပေးဖို့ အားထားနေပါ တယ်။ လဲကျနေသူကို သင်က ထူပေးနေလား။ ကြေကွဲနေသူကို ပြန် လည်ပြည့်ဝအောင် သင်လုပ်ဆောင်လား။ လိုအပ်နေသူကို အချိန်ပေး ကူညီနေလား။ ဘုရားကျောင်းလာပြီး ချီးမွမ်းတာကောင်းပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒါပေမယ့် တကယ့်တာဝန်က ဘုရားကျောင်းက ပြန်သွားတဲ့အချိန်ပါ။ ဘေးဘယ်ညာကြည့်ပြီး … စိတ်အားငယ်နေသူကို ရှာပါ။ ကကူအညီတောင်းနေတဲ့ အသံတွေကို နားပါ။ နားနဲ မကြား ရင်တောင် နှလုံးသားနဲ့ နားထောင်ပါ။ တစ်စုံတစ်ယောက်က လဲကျ နေမယ်။ ရုတ်တရက် သင်က ကရုဏာစိတ်ဝင်ပြီး “ငါသူတို့ကို ညစာ ကျွေးဖို့လိုမယ်။ သူတို့ကို ငါအားပေးဖို့ လိုမယ်” လို့တွေးမိလာခဲ့ရင် လုပ်လိုက်ပါ။ ဖြတ်လျှောက်သွားသူတစ်ယောက် မဖြစ်စေနဲ့ ။ ဘုရားက သင့်ကို ရောဂါငြိမ်းသူအဖြစ် အလိုရှိနေတာပါ။ သင်သုတ်ပေးရမယ့် မျက်ရည်ရှိနေပါတယ်။
ဟိုးအရင်တုန်းက နေ့လည်စာစားဖို့ စားသောက်ဆိုင်ဆီ ကျွန်တော်သွားခဲ့တယ်။ ကောင်တာမှာ မှာစားရတာပါ။ ကောင်တာကို သွားနေတုန်း စားပွဲခုံမှာ တစ်ယောက်တည်းထိုင်စားနေတဲ့ လူတစ်ဦးကို မြင်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို ခေါင်းငြိမ့်ပြတယ်။ ချက်ချင်းပဲ သူ့ အပေါ် ကျွန်တော်စာနာစိတ်ဝင်မိခဲ့တယ်။ သူ့ကို တစ်နည်းနည်းနဲ့ အားပေးဖို့ ကျွန်တော်ခံစားမိခဲ့တယ်။ သူ့ ပုံစံကတော့ သန့် သန့်ပြန့် ပြန့် ဝတ်စားထားသူပါ။ ကျွန်တော်ကတော့ ဘောင်းဘီတိုဝတ်ထားတယ်။ ကျွန်တော်နဲ့အတူ ၂ နှစ်အရွယ် သားလေး ‘ဂျော်နသန်’ လည်းပါ တယ်။ ကျွန်တော်တွေးလိုက်တယ် “ဒီလူ့ကို အားမပေးတော့ပါဘူး။ ကြည့်ရတာ သူအဆင်ပြေနေတာပဲ” လို့ စိတ်ထဲမှာ ပြောမိနေခဲ့တယ်။
နေ့လည်စာ မှာပြီး ကျွန်တော်ပြန်လှည့်လာခဲ့တယ်။ သူက ကျွန်တော့်ကို ခေါင်းငြိမ့်ပြတော့ ကျွန်တော် သူ့စားပွဲနားကိုသွားကာ “ဟဲလို၊ အဆင်ပြေလား” လို့ နှုတ်ဆက်ခဲ့တယ်။
သူက ရယ်မောပြီး “သိပ်တော့ မပြေဘူး။ အခြေအနေတွေက ခက်ခဲနေတယ်” ချက်ချင်း ကျွန်တော်လည်း ပြုံးပြီး “ပြန်ကောင်းလာမှာပါ” လို့ပြောခဲ့တယ်။
သူက ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။ ဒါနဲ ကျွန်တော်လည်း ထွက်လာခဲ့တယ်။ စကားခဏလေးပဲ ပြောဖြစ်ခဲ့ကြ တာပါ။
လအနည်းငယ်ကြာတော့ သူ့ဆီကနေ စာတစ်စောင် လက်ခံ ရရှိခဲ့တယ်။ သူက ပြောပြတယ် - အဲဒီအချိန်တုန်းက သူက စိတ်ဓာတ် အကျဆုံး ဖြစ်နေခဲ့တာပါ။ အိမ်ထောင်ကွဲခဲ့လို့သူ့ကမ္ဘာပျက်စီးနေခဲ့ တာပါ။ လပေါင်းများစွာ သူက စိတ်ဓာတ်ကျနေခဲ့တယ်။ စာထဲမှာ သူက ပြောပြတယ် - “ခင်ဗျား ကျွန်တော့်ကို ပြန်ကောင်းလာမှာပါလို ပြောတဲ့အခါ ကျွန်တော့်အထဲမှာ တစ်ခုခုက လှုံ့ ဆော်လာသလို ခံစား မိခဲ့တယ်” အဲဒီနေ့က သူ့ဘဝ အလှည့်အပြောင်းဖြစ်ခဲ့ရတယ်။ စိတ်ဓာတ်ကျခြင်းမှ သူရှန်းထွက်နိုင်ခဲ့တယ်။ စိတ်ခွန်အားတွေ ပြန်ရခဲ့တယ်။ နမှာတော့ သူရှေ့ ဆက်သွားနေပါပြီ။ ကျွန်တော်က လေးနက်တဲ့အရာ ဘာမှပြောခဲ့တာမဟုတ်ဘူး။
အချိန်ယူပြီး သူ့ ကို ဂရုစိုက်ကြောင်း ပြသခဲ့ရုံပါ။ ကျွန်တော်တို့ အထဲမှာ စကြဝဠာရဲ့ အစွမ်းထက်ဆုံးအားအင် ရှိနေတယ်။ သာမန်အရာလို့ သင်ရတဲ့အရာက ဘုရားလုပ်ဆောင်တဲ့အခါ ထူးခြားတဲ့အရာဖြစ်လာခဲ့ တယ်။ ရိုးရှင်းတဲ့ ကြင်နာမှုတစ်ခု၊ ပွေ့ ဖက်မှုတစ်ခု၊ ခွန်အားပေးစကား တွေက ဘဝအပြောင်းအလဲ ဖြစ်စေနိုင်တယ်။ သင့်ဘက်က ဂရုစိုက် ကြောင်း ပြသလိုက်ပါ။ သူတို့ဘဝကို ပြန်ရှင်သန်စေမယ့် မီးတောက် ဖြစ်သွားနိုင်ပါတယ်။
ကယ်တင်ပေးသော ပွေဖက်မှုများ
၁၉၉၅ မှာ အမျိုးသမီးတစ်ဦးက အမွှာမိန်းကလေး ၂ ဦးကို မွေးဖွားခဲ့တယ်။ လမစေ့ပဲ မွေးဖွားခဲ့တာပါ။ ကလေးတစ်ဦးက ပြင်းထန် တဲ့နှလုံး ပြဿနာခံစားခဲ့ရလို. အသက်ရှင်ဖို့မလွယ်လှပါဘူး။ ဆေးရုံ စည်းကမ်းအရ ကလေးတွေကို သီးခြား Incubator ထဲ ထားခဲ့ရတယ်။ ရက်ပေါင်းများစွာအကြာ ဒီကလေးရဲ့အခြေအနေက ဆိုးရွားလာခဲ့ပြီး သေဆုံးခါနီး ဖြစ်ခဲ့လာပါပြီ။ သူနာပြုတစ်ယောက်က ဒီကလေးကို မိခင် ဝမ်းဗိုက်ထဲကလို အခြားအမွှာလေးနဲ့ အတူ Incubator တစ်ခုတည်းမှာ ထားရှိသင့်တယ်လို ခံစားမိခဲ့တယ်။ ကလေး ၂ ယောက်ကို အတူတူ ထားရှိဖို့ အတွက် ဆေးရုံမှ ခွင့်ပြုပေးရန် တောင်းဆိုတော့ ခွင့်ပြုခဲ့တယ်။ ညဘက်မှာ ကျန်းမာတဲ့ကလေးက ဖျားနေတဲ့ညီမလေးကို ပွေ့ဖက် နေခဲ့တယ်။ အားလုံးရဲ့ အံ့အားသင့်ဖွယ် ဖျားနေတဲ့ကလေးရဲ့ ကျန်းမာ ရေးမှာ တိုးတက်လာခဲ့တယ်။ ကိုယ်အပူချိန်က ပုံမှန်အတိုင်းဖြစ်လာခဲ့ တယ်။ နှလုံးခုန်သံလည်း ငြိမ်လာခဲ့တယ်။ တဖြည်းဖြည်း တစ်နေ့ပြီး တစ်နေ့ နေပြန်ကောင်းလာခဲ့တယ်။ ယနေ့မှာတော့ အမွှာညီမ ၂ ယောက်လုံးက ကျန်းမာပကတိဖြစ်နေခဲ့ပါပြီ။ သူတို့ငယ်ငယ်တုန်းကပွေ့ဖက် နေတဲ့ ဓာတ်ပုံလေးကို (Rescuing Hug) “ကယ်တင်ပေးသော ပွေ့ဖက်မှု” လို့ ခေါ်ခဲ့တယ်။
ကျွန်တော်တို့ က မိမိတို့ ရဲ့ အစွမ်းကို အမြဲသတိပြုမိမှာ မဟုတ် ပါဘူး။ ဘုရားက သင့်အထဲမှာ ကုသခြင်းတွေ ထည့်ပေးထားတယ်။ သင့်ပွေ့ ဖက်မှုက လူတွေကို ပိုကောင်းတဲ့သူဖြစ်စေနိုင်တယ်။ ကြင်နာ ဖွယ် သင့်စကားတွေက လူတွေကို ပြန်မတ်တည်ပေးနိုင်တယ်။ ကျမ်းစာ မှာ “ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏” လို့ပြောထားတယ်။ ဖုန်းခေါ်ဆိုမှုတစ်ခု၊ ကားကြုံပို့မှုတစ်ခု၊ ညစာကျွေးမှုတစ်ခု၊ လူတွေ အိပ်မက်တွေအပေါ် အားပေးမှုတွေဟာ သင့်အထဲက ဖြစ်လာမယ့် နိမိတ်လက္ခဏာတွေပါ။ အချို့ လူတွေ လိုအပ်နေတာက သူတို့အပေါ် သင့်ယုံကြည်မှုပါ။ သင်က “မင်းအံ့ဖွယ်ကောင်းလိုက်တာ။ ကြီးမြတ် တဲ့အရာတွေ မင်းလုပ်တော့မှာ။ ငါမင်းအတွက် ဆုတောင်းပေးနေမယ်” လို့ ပြောဆိုခြင်းက သင့်အတွက်ရိုးရှင်းပေမယ့် အခြားသူအတွက်တော့ ခွန်အားဖြစ်စေမှာပါ။ သူတို့ကို ဖန်ဆင်းခဲ့တဲ့အတိုင်း ပွင့်လန်းစေဖို အကူအညီဖြစ်စေပါတယ်။
ကျမ်းစာထဲမှာ မောရှေက တောင်ထိပ်ပေါ်ကနေ စစ်ပွဲတစ်ခု ကို ကြည့်နေခဲ့တယ်။ သူက လှံတံကိုင်လျှက်လေထဲမှာ မြှောက်ထား တယ်။ လှံတံက လေထဲမှာရှိနေသရွေ့ စစ်တိုက်နေကြတဲ့ ဣသရေလ လူတွေက အနိုင်ရနေတယ်။ စစ်ပွဲက တစ်နာရီပြီးတစ်နာရီ ကြာညောင်း လာတော့ မောရှေ လက်ညောင်းလာခဲ့တယ်။ သူ့လက်ကိုချလိုက်တိုင်း ရန်သူ(အာမလက်)လူတွေက ပြန်အနိုင်ရလာခဲ့တယ်။ နောက်ဆုံးမှာ မောရှေက အရမ်းပင်ပန်းလာခဲ့တယ်။ “အာရုန်”နဲ့ မိတ်ဆွေဖြစ်သူ “ဟုရ တို့ကလည်း တောင်ထိပ်မှာ ရှိနေကြတယ်။ သူတို့အနေနဲ့“ဘုရား သခင်၊ ကျွန်တော်တို့ နိမိတ်လက္ခဏာ လိုနေပြီ။ ရန်သူတွေ ကျွန်တော် တို့ကို မနိုင်ပါစေနဲ့” လို့ ဆုတောင်းလို့ ရပါတယ်။ ဒါပေမယ့် သူတို့ “ငါတို့လည်း နိမိတ်လက္ခဏာဖြစ်နိုင်တယ်” ဆိုတဲ့ စိတ်ထားမျိုး ထားရှိခဲ့တယ်။ သူတို့က မောရှေရဲ့ တစ်ဖက်စီမှာနေပြီး မောရှေလက်ကို မကြတယ်။ သူတို့ ကိုယ်တိုင် နိမိတ်လက္ခဏာဖြစ်လာခဲ့လို့ ဣသ ရေလလူတွေလည်း စစ်ပွဲအနိုင်ရသွားခဲ့တယ်။
ကျွန်တော်တို့ဘဝမှာလည်း လူတွေရဲ့လက်ကို ဝိုင်းပြီးကူညီ မြှောက်ပေးဖို့ ဘုရားက ထားရှိပေးမှာပါ။ သင်မပါပဲ သူတို့ အနိုင်ရမှာ မဟုတ်ဘူး။ သင့်အားပေးမှုတွေ သူတို့ လိုအပ်နေတယ်။ သင့်ရဲ့ ကယ်တင် ပေးသော ပွေ့ ဖက်မှုတွေ သူတို့ လိုအပ်နေတယ်။ သူတို့ အပေါ် ဂရု စိုက်ကြောင်း သူတို့ သိဖို့ လိုနေတယ်။ သူတို့ က နိမိတ်လက္ခဏာအတွက် ဆုတောင်းနေကြတယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့ ။ အာရုန် နဲ့ ဟုရလို နိမိတ်လက္ခဏာဖြစ်လာစေပါ။
သတင်းတစ်ပုဒ် ဖတ်မိတယ်။ မီဂန် (Meghan) အမည်ရှိ မိန်းကလေးတစ်ဦးက အထက်တန်းကျောင်းမှာ တာဝေးအပြေးသမားပါ။ မီတာ ၁၆၀၀ ပြည်နယ်အပြေးပြိုင်ပွဲမှာ သူမက ဆုရခဲ့တယ်။ နောက် ပြိုင်ပွဲ မီတာ ၃၂ဝဝ မှာ သူမက ဆက်ပြိုင်ခဲ့တယ်။ ပန်းဝင်ခါနီး မီတာ ၅၀ အလိုမှာ အရှေ့ က ပြိုင်ဘက်မိန်းကလေးက မောပန်းပြီး မြေပေါ် လဲသွားခဲ့တယ်။ အဲဒီဖြစ်ရပ်ကတော့ သတင်းကြီးသွားခဲ့တယ်။ မီဂန်က ပြိုင်ဘက်ကို ကျော်တက်နိုင်မယ့် အခွင့်အရေး ရသွားပေမယ့် မီဂန်က ဆက်မပြေးပဲလဲကျနေသူ မိန်းကလေးကို ဆွဲထူပြီး ပွေ့ဖက်တွဲကာ ပန်းတိုင်ကို ခေါ်ဆောင်သွားခဲ့တယ်။
ပရိတ်သတ်တွေလည်း ချီးကျူးခဲ့ကြတယ်။ ပန်းဝင်ခါနီးမှာ မီဂန်က ပြိုင်ဘက်ကို အရင်ပေးဝင်ခဲ့တယ်။ ပြိုင်ပွဲစည်းကမ်းအရ ၂ ဦး စလုံး ပြိုင်ပွဲက ထုတ်ခံခဲ့ရမှာပါ။ ပြေးနေတုန်း အခြားအပြေးသမားကို မထိရဘူးလေ။ ဒါပေမယ့် ဒိုင်တွေက သူတို့ကို ခြွင်းချက်ပေးခဲ့ပြီး ပန်းဝင်စေခဲ့တယ်။ ပွဲအပြီးမှာ မီဂန်က “သူမ (ပြိုင်ဘက်) ကို ကူညီခဲ့ တာက ဆုရတာထက် ပိုပြီးပီတိဖြစ်စေပါတယ်” လို့ ပြောခဲ့တယ်။
သင့်အလင်း ပေါ်ထွန်းလာမယ်
နိမိတ်လက္ခဏာ လက်ခံရရှိတာက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်တိုင်နိမိတ်လက္ခဏာဖြစ်လိုက်တာထက် ပိုကောင်းတဲ့ခံစားချက် မရှိပါဘူး။ ဘယ်သူတွေကို သင်ဖေးထူနေသလဲ။ ပန်းဝင်စေဖို့ ဘယ်သူ တွေကို ကူညီနေသလဲ။ သင့်ပန်းတိုင်က အခြားသူတွေကို ကူညီခြင်းနဲ့ ချိတ်ဆက်နေပါတယ်။
ဟေရှာယ ၅၈ မှာ - မွတ်သိပ်သောသူကို အစာကျွေးတဲ့အခါ၊ အဝတ်မရှိသောသူကို အဝတ်ပေးတဲ့အခါ၊ အကူအညီလိုသူကို ကူညီတဲ့ အခါ သင်၏အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း လာမယ်လို့ ပြောထားတယ်။ နိမိတ်လက္ခဏာဖြစ်လာဖို့ သင်လုပ် ဆောင်ရင် ဘုရားကလည်း သင့်ကို နိမိတ်လက္ခဏာတွေပေးမှာပါ။ ဘုရားရဲ့ကောင်းချီးမင်္ဂလာ၊ ကြွယ်ဝမှုတွေကို သင်ဘယ်တော့မှ လက် လွှတ်ဆုံးရှုံးမှာ မဟုတ်ပါဘူး။
မိတ်ဆွေ၊ သင်က တစ်စုံတစ်ယောက်သောသူရဲ့ ဆုတောင်း ချက်အဖြေပါ။ ဒီအပတ်ထဲမှာ ကယ်တင်ပေးသော ပွေဖက်မှုကို နိုင်တယ်။ သူငယ်ချင်းပန်းဝင်အောင် ကူညီနိုင်တယ်။ သင်က လူတွေ မျှော်လင့်ယုံကြည်နေတဲ့ နိမိတ်လက္ခဏာပါ။ နေ့ရက်တိုင်းမှာ “ငါက ဖြစ်လာတော့မယ့် နိမိတ်လက္ခဏာပဲ” ဆိုတဲ့ စိတ်ထားမျိုးကို ထားရှိပါ။ နိမိတ်လက္ခဏာရဖို့ သာ မစဉ်းစားပဲ ကိုယ်တိုင် ဘယ်လိုနိမိတ်လက္ခဏာ ဖြစ်လာရမလဲဆိုပြီး အသက်ရှင်မယ်ဆိုရင် ဘုရားကတိပေးခဲ့တဲ့ အတိုင်း သင့်အလင်းက ပေါ်ထွန်းလာမှာပါ။ သင့်ရဲ့အနာငြိမ်းခြင်း၊ ချီးမြှောက် ခြင်း၊ တရားမျှတခြင်းတွေ အမြန်ရောက်ရှိလာမှာပါ။
သင့်ဆီကကြားချင်ပါတယ်
အပတ်စဉ်နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှုပြီးတိုင်း ကျွန်တော်က ပရိသတ်ကို ယေရှုအား ကယ်တင်ရှင်အဖြစ် လက်ခံဖို့ အခွင့်အရေး ပေးပါတယ်။ ဒီအခွင့်အရေးကို သင့်အား ကျွန်တော်ပေးချင်ပါတယ်။
သင်ဘုရားနဲ့ ငြိမ်းချမ်းရေးရှိလား။ လူတိုင်းရဲ့ နှလုံးသားမှာ ဘုရားပဲ ဖြည့်ဆည်းနိုင်တဲ့ လေဟာနယ် တစ်ခုရှိတယ်။ ကျွန်တော်က ဘုရားကျောင်း ရှာဖို့ ၊ ဘာသာရေး ရှာဖို့ ပြောနေတာ မဟုတ်ပါဘူး။ ဘဝ၊ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ရှာဖို့ ကျွန်တော်ပြောနေတာပါ။ ဒီနေ့ ကျွန်တော်နဲ့ အတူ ဆုတောင်းနိုင်မလား။ ဒီလိုပြောပါ“ယေရှုဘုရား၊ ကျွန်တော့်အပြစ်တွေဝန်ချပါတယ်၊ ကျွန်တော်နှလုံးသားထဲလာဖို့ ဖိတ်ခေါ် ပါတယ်။ ကျွန်တော့်ရဲ့ သခင်၊ ကယ်တင်ရှင်အဖြစ် ထားပါတယ်”
မိတ်ဆွေ၊ သင်ဒီလိုရိုးရှင်းစွာ ဆုတောင်းလိုက်ရင် “အသစ် တဖန် မွေးဖွားလာမယ်'လို့ ကျွန်တော်ယုံကြည်တယ်။ ကောင်းမွန်တဲ့ ကျမ်းစာအခြေပြုဘုရားကျောင်းကို တက်ပြီး ၊ ဘုရားကို ပထမနေရာမှာ ထားဖို့ ကျွန်တော်တိုက်တွန်းချင်တယ်။ သင့်ဝိညာဉ်ရေးရာ တိုးတက်ဖို့ ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။
ဗစ်တိုးရီးယားနဲ့ ကျွန်တော်က သင့်ကိုချစ်တယ်။ ဆုတောင်း ပေးနေတယ်။ သင့်အတွက် ဘုရားရဲ့အကောင်းဆုံးတွေကို ကျွန်တော်တို့ ယုံကြည်နေတယ်။ ဒါမှ သင့်အိပ်မက်တွေ အကောင်အထည်ပေါ်လာ မှာပါ။ သင့်ဆီက ကျွန်တော်တို့ ကြားချင်ပါတယ်။