Thursday, December 23, 2021

Forex Trading ပြုလုပ်တဲ့ခါ သိထားသင့်သော အခြေခံ အခေါ်အဝေါ် ဗဟုသုတများ

1. Balance (အကောင့်ထဲရှိတာ)

2. Equity (တကယ်ပိုင်ဆိုင်တာ)

Equity = Balance + or – Floating Profit/Loss

3. Free Margin

မိမိ အကောင့်မှာ နောက်ထပ်အရောင်းအဝယ် ထပ်လုပ်လို့ရသော ပမာဏ

Free Margin=Equity – Margin

4. Margin Level

ကို့အကောင် ခံနိုင်ခြေရှိသော နောက်ဆုံး ပမာဏ

တနည်း Auyo cut မဲ့ Percentage

Margin Level = (Equity / Margin) x 100

5. Margin

အရောင်းအဝယ် တစ်ခုမှာ သုံးရတဲ့ ငွေပမာဏ

ဥပမာ Leverage 100 ယူထားပါက $1000 တန်ကြေးရှိသော ပစ္စည်း၀ယ်ပါက မိမိအကောင့်ထဲမှ $10 အသုံးပြုရပါမယ်။

-Margin တွက်နည်းက Broker ပေါ်မူတည်ပါတယ်

Base In Lot

Base In Price ဆိုပီး နှစ်မျိုးရှိပါတယ်။

Margin =

7. Margin Call Level

မိမိအကောင့်ထဲတွင် အနည်းဆုံးရှိနေရမည့်၊ထိန်းထားရမည့် Margin Level ရာခိုင်နှုန်း

၄င်းကို မိမိ Broker မှ သတ်မှတ်ပါသည်။

8. Spread

၀ယ်စျေးနှင့်ရောင်းစျေးကြား ကွာဟချက်ကို Spread လို့ခေါ်ပါတယ်။Exchange counter မြင်နေရတဲ့

We Buy and We Sell ဆိုတဲ့ စျေးနှုန်းနှစ်ခုကြားထဲက ကွာဟချက်ဖစ်ပါတယ်။

Spread 0.50 ရှိ Market ပေါက်စျေး 1320 ရှိတဲ့ XAUUSD(Gold) ကို အဝယ် လုပ်ပါက

Spread ပေါင်းပီး 1320.50 ဖြင့်ဝယ်ရမှာ ဖစ်ပါတယ်။

9. Swap

ညအိပ်ခလို့လည်း ခေါ်ကြပါတယ်။ အကြောင်းအမျိုးကြောင့် မိမိဖွင့်ထားသော အော်ဒါတစ်ခုခုသည် နေ့ကူးသွားပါက Broker မှ သတ်မှတ်ထားသော Swap ကို ပေးရပါတယ်။

10. Ask/Sell

အရောင်းအော်ဒါတက်ခြင်းကိုခေါ်ပါတယ်။

Limit/Stop များမပါသောကြောင့် Market Excuetion (လက်ရှိမားကတ်တွင်ဖြစ်နေသော စျေးအတိုင်း) အရောင်းအော်ဒါပေးခြင်းကိုခေါ်ပါတယ်။

လက်ရှိရောက် နေတဲ့စျေးမှာ အရောင်းအဝယ် (Buy/Sell order) လုပ်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ လက်ရှိစျေး 1554 ဆိုရင် 1554 မှာ Buy လိုက်ခြင်း၊

Sell လိုက်ခြင်း ကို ဆိုလိုပါတယ်။

11. Bid/Buy

အ၀ယ်အော်ဒါပေးခြင်းကိုခေါ်ပါတယ်။

Limit/Stop များမပါသောကြောင့် Market Excuetion (လက်ရှိမားကတ်တွင်ဖြစ်နေသော စျေးအတိုင်း) အ၀ယ်အော်ဒါပေးခြင်းကိုခေါ်ပါတယ်။

12. Market Order (or) Market Execution

လက်ရှိဖြစ်နေသော စျေး (Ask Price, Sell Price) တွင် အော်ဒါစဖွင့်ခြင်းပုံစံ။

13. Sell Limit

လက်ရှိစျေးကွက်တွင် ဖြစ်ပေါ်နေသော စျေး၏ အထက်စျေးတစ်ခုခုသို့ရောက်လျှင် အရောင်းအော်ဒါစဖွင့်မည့် တနည်းအားဖြင့် စရောင်းမည်ဟုဆိုလိုသော ကြိုတင်အရောင်းအော်ဒါအမျိုးအစား၊

Sell Limit order တွေကို လက်ရှိရောက်နေတဲ့ ရောင်းစျေး ထက် များတဲ့ စျေးတန်းမှာ ရောင်းရန် ကြိုတင် order ဖွင့်ထားခြင်း ဖြစ်ပါတယ်။ ဥပမာ လက်ရှိစျေး 1554 ဆိုရင် 1556 မှာ Sell Orderပွင့်

ရန် Sell limit order ကြိုတင်ထားလိုက်ခြင်းကို ဆိုလိုပါတယ်။

14. Sell Stop

လက်ရှိစျေးကွက်တွင် ဖြစ်ပေါ်နေသော စျေး၏ အောက် စျေးတစ်ခုခုသို့ရောက်လျှင် အရောင်းအော်ဒါစဖွင့်မည့် တနည်းအားဖြင့် စရောင်းမည်ဟုဆိုလိုသော ကြိုတင်အရောင်းအော်ဒါအမျိုးအစား။

Sell Stop order တွေကို လက်ရှိရောက်နေတဲ့ ရောင်းစျေးထက် နည်းတဲ့ စျေးတန်းမှာ ရောင်းရန် ကြိုတင်orderဖွင့်ထားခြင်း ဖြစ်ပါတယ်။ 
ဥပမာ လက်ရှိစျေး 1554 ဆိုရင် 1552 မှာ Sell Orderပွင့်

ရန် Sell Stop order ကြိုတင်ထားလိုက်ခြင်းကို ဆိုလိုပါတယ်။

15. Buy Limit

လက်ရှိစျေးကွက်တွင်ဖြစ်ပေါ်နေသော စျေး၏ အောက် စျေးတစ်ခုခုသို့ရောက်လျှင် အ၀ယ်အော်ဒါစဖွင့်မည့် တနည်းအားဖြင့် စ၀ယ်မည်ဟုဆိုလိုသော ကြိုတင်အ၀ယ်အော်ဒါအမျိုးအစား။

Buy Limit order တွေကို လက်ရှိရောက်နေတဲ့ ဝယ်စျေး ထက် နည်းတဲ့ စျေးတန်းမှာ ဝယ်ရန် ကြိုတင် order ဖွင့်ထားခြင်း ဖြစ်ပါတယ်။

ဥပမာ လက်ရှိစျေး 1554 ဆိုရင် 1552 မှာ Buy order ပွင့်ရန် Buy Limit order ကြိုတင်ထားလိုက်ခြင်းကို ဆိုလိုပါတယ်။

16. Buy Stop

လက်ရှိစျေးကွက်တွင်ဖြစ်ပေါ်နေသော စျေး၏ အထက် စျေးတစ်ခုခုသို့ရောက်လျှင် အ၀ယ်အော်ဒါစဖွင့်မည့် တနည်းအားဖြင့် စ၀ယ်မည်ဟုဆိုလိုသော ကြိုတင်အ၀ယ်အော်ဒါအမျိုးအစား။

Buy Stop order တွေကို လက်ရှိရောက်နေတဲ့ ဝယ်စျေး ထက် များတဲ့ စျေးတန်းမှာ ဝယ်ရန် ကြိုတင် order ဖွင့်ထားခြင်း ဖြစ်ပါတယ်။ ဥပမာ လက်ရှိစျေး 1554 ဆိုရင် 1556 မှာ Buy Order ဖွင့်ရန် Buy Stop Order ကြိုတင်ထားလိုက်ခြင်းကို ဆိုလိုပါတယ်။

17. Base Currency

Currency Pair တစ်ခုတွင် ပထမဆုံးတွေ့ရသော ငွေကြေး၊ EURUSD တွင် EUR သည် Base Currency ဖြစ်သည်။

ဒါ့အပြင် ဥပမာအနေဖြင့် EURUSD=1.300 လို့ Quote လုပ်ထားပါက 1Euro သည် 1.3USD တန်တယ်၊ပေါက်တယ်လို့ မှတ်သားရမှာဖြစ်ပါတယ်။

18. Quote Currency

အထက်ကဖေါ်ပြထားသော Base Currency ရဲ့ ဆန့်ကျင်ဘက် ငွေကြေးကိုခေါ်သည်။ Counter Currency လို့လည်းခေါ်ကြသည်၊ Currency Pair တစ်ခု၏ ဒုတိယမြောက်ငွေကြေးကိုခေါ်ခြင်းဖြစ်သည်။ EURUSD တွင် USD သည် Qoute Currency (or) Counter Currency ဖြစ်သည်။

19 Profit

အမြတ်ဖြစ်ပါတယ်။

Sell Profit/Loss = Sell Price – Closed Price

Buy Profit/Loss = Buy Price + Closed Price

20. Leverage (မြှင့်တင်မှု)

ပြန်ရငွေ(အမြတ်)တိုးလာစေရန်အသုံးပြုသော အငှားအရင်းနှီး၊ တနည်းအားဖြင့်မိမိအကောင့်ထဲရှိ ငွေပမာဏထက်ပိုသော ပမာဏရှိသော ငွေကြေးအတွဲများကို အရောင်းအ၀ယ်လုပ်နိုင်စွမ်းအားဖြစ်သည်။

ပြန်ရချက်များသလို၊ အရှုံးလည်းများနိုင်မြန်နိုင်သည်။ Ratio ဥပမာ 100:1 ကဲ့သို့ဖေါ်ပြပြီး၊ မိမိ၏ Margin account ရှိ စုစုပေါင်းပမာဏထက် အဆ ၁၀၀ အရောင်း၊အ၀ယ်လုပ်နိုင်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် Leverage 100 ယူထားပြီး သင့်အကောင့်ထဲတွင် ဒေါ်လာ ၁၀၀ ရှိပါက သင့်အနေဖြင့် ဒေါ်လာ ၁၀၀၀၀ တန်ကြေးရှိသော ငွေကြေးအတွဲများကို အော်ဒါဖွင့်နိုင်မယ်ဖြစ်ပါတယ်။

(Balance * Leverage = ၀ယ်ယူနိုင်သောတန်ဖိုး)

(ပိုင်ဆိုင်တယ်လို့ မဆိုလိုပါ၊ — တန်ဖိုးရှိသော အရာများကို အရောင်းအ၀ယ်လုပ်နိုင်ခြင်းကိုဆိုလိုတာ သာဖြစ်ပါသည်။)

Risk ကတော့ ဘယ်လုပ်ငန်းမဆို Risk ရှိတာပေါ့ 
.. မိမိ Deposit ထည့်ထားတဲ့ငွေနဲ့မမျှတဲ့ Lot Size နဲ့ အရောင်းဝယ်လုပ်မယ်ဆိုရင်တော့ ခဏလေးနဲ့ဆုံးရှုံးသွားနိုင်ပါတယ်။ ဥပမာ 500USD Deposit ထည့်ထားရင် 0.01 နဲ့ပဲ Trade သင့်ပါတယ် ။ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ဆိုရင် အန္တရာယ်ကင်းပါတယ်။ လောဘ
မကြီးရပါ။ Money Management လေးထားပါ ..
Money Management အကြောင်းလည်းသင်ကြား
ပေးမှာဖြစ်ပါတယ်။

ပုံမှန်နေ့စဉ်အကျိူးမြတ် ရယူပါ။
 500USD နဲ့ဆိုတစ်ရက် 3 USD မှ 10USD ထိ သာ
risk ကင်းကင်းရှာဖွေပါ။  စီးပွားဖြစ်ကြီးကြီး
လုပ်ချင်ရင် Deposit  များများထည့် Lot Size များများအရောင်းဝယ်လုပ်ပါ။ ဥပမာ (5000usd နဲ့တစ်ရက် 30usd to 100usd )ရှာဖွေပါ။


Take Profit and Stop Loss ဆက်တင်ပြုလုပ်ခြင်း

၀ယ်/ရောင်းပြုလုပ်လိုသည်နှုန်းကို ကြိုတင်တွက်ချက်တာ ဆက်တင်ပြုချိန်တွင် Take Profit and Stop Loss တို့ကိုလည်း တခါတည်း ဆက်တင်ပြုလုပ်ထားနိုင်ပါတယ်။ ဒီဆက်တင်နှစ်ခုကတော့ အများကြီး အသုံး၀င်လှပါတယ်။

Take Profit
ကိုယ့်အနေနဲ့ အရောင်းအ၀ယ်ကို စောင့်ပြီး ကြည့်မနေနိုင်ခဲ့ဘူးဆိုရင်တောင် 
ကိုယ်သတ်မှတ်ပေးထားတဲ့ အမြတ်ကို ရပြီဆိုတာနဲ့ အရောင်းအ၀ယ်ကို ပိတ်ထားပေးမှာ ဖြစ်ပါတယ်။

Stop Loss
မိမိအနေနဲ့ အရောင်းအ၀ယ်ကို စောင့်ပြီးမကြည်နိုင်တဲ့အခါမျိုးမှာ ဈေးနှုန်းတွေက ကိုယ်ခန့်မှန်းသလို မဟုတ်ဘဲ ဆက်တိုက်ထိုးကျနေတာမျိုးတွေ.ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်သတ်မှတ် ပေးထားတဲ့ အရှံးတန်ဖိုးတစ်ခုကို ရောက်ပြီဆိုတာနဲ့ အရောင်းအ၀ယ်ကို ချက်ချင်း ပိတ်ထားပေးမှာ ဖြစ်တဲ့အတွက် မိမိရဲ့ ငွေကြေးအားလုံးကို 

ကိုယော

Post အားလုံးဖတ်ရန်

No comments:

Post a Comment