Forex ဆိုတာကတော့ Foreign (နိုင်ငံခြား) နှင့် Exchange (လဲလှယ်ခြင်း) ကို ပေါင်းစပ်ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံခြားငွေကြေးလဲလှယ်ခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံများရဲ့ ငွေကြေးတစ်ခုကနေ တစ်ခုကို လဲလှယ်ခြင်း ကို Foreign Exchange (Forex) လို့ ခေါ်ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် ငွေကြေး အရောင်းအဝယ်ပြုလုပ်ခြင်းလို့ လဲ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
Forex Trader တစ်ယောက်ဖြစ်ခြင်းအားဖြင့် အခြားသော Professional များနဲ့ မတူတဲ့ Lifestyle တစ်ခု အံသြဖွယ် Life style ကို ရရှိပါလိမ့်မယ်။
ဒါပေမယ့် ဒီလို Forex Trader တစ်ယောက်ဖြစ်ဖို့ကတော့ လွယ်ကူလွန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားသူ၊ စည်းကမ်းစနစ်ကောင်းမွန်သူဆိုရင် ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားနိုင်ပါတယ်။
Forex Market မှာ ဝင်ရောက်ဖို့ ပညာရှင်တွေညွှန်ပြတဲ့ လိုအပ်တဲ့ Skill တွေကတော့
- Ability – စွမ်းဆောင်ရည်
(ဒါကတော့ စိတ်ပိုင်းဆိုင်ရာအားပါမှု လိုအပ်တာကို ဆိုလိုပါတယ်။ စိတ်ဆန္ဒမရှိရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး)
- Confidence – မိမိကိုယ်ကို မိမိယုံကြည်မှု
(တနည်းအားဖြင့် မိမိနဲ့မိမိရဲ့ Trading စနစ်တွေယုံကြည်မှုရှိရပါမယ်။ ယုံကြည်မှုရှိရမယ်ဆိုတာက Over Confidence ကို မဆိုလိုပါဘူး။)
- Dedication – ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်မှု
(မိမိအနေနဲ့ Professional Forex Trader တစ်ယောက်ဖြစ်အောင် ရည်းမှန်းအကောင်အထည်ဖေါ်နေရပါမယ်။)
- Discipline – စည်းကမ်းစနစ်ကျမှု
(စိတ်အားထက်သန်မှုနဲ့အတူ မိမိဆောင်ရွက်ရမယ့် ဆောင်ရွက်သင့်တဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမယ်၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုရှိရမယ်လို့ ဆိုလိုပါတယ်။)
- Flexibility – ပျော့ပြောင်းရမယ်၊ ပြင်လွယ်ပြောင်းလွယ်ရမယ်။
( လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့ မားကတ်အခြေနေနဲ့ ပြောင်းလဲမှုတွေအတိုင်း လိုက်ပါပြောင်းလဲနိုင်ပြီး အောင်မြင်အောင်ဆောင်ရွက်ရမယ်။)
- Focus – အာရုံစူးစိုက်မှုကောင်းရမယ်။
(ဆိုလိုတာက မိမိရဲ့ Trading Plan တွေ၊ Strategy တွေမှာ စူးစိုက်မှုကောင်းကောင်းနဲ့ အလုပ်လုပ်ရမယ်။)
- Logic – ယုတ္တိကျရမယ်။
(ဆိုလိုတာက မားကတ်မှာဖြစ်နေတာတွေကိုကျော်ပြီး တကယ်ပြင်ပမှာ ဖြစ်နေနိုင်တာက ချိန်ထိုးစဉ်းစားရမယ်)
- Organization – ကောင်းမွန်သော အလေ့အကျင့်များကို စုစည်းအားကောင်းအောင်ဆောင်ရွက်ရမယ်။
- Patience – စိတ်ရှည်သည်းခံနိုင်မှုရှိရမယ်။
(သဘောက မားကတ်ထဲကို ဝင်မယ်ဆိုရင် တကယ်အမြတ်ရနိုင်ချေ၊များနိုင်ချေအခြေနေကို စောင့်ပြီး အရောင်းအဝယ်လုပ်ရမယ်)
- Realism – အမှန်တရားကိုသိရမယ်။
(ဆိုလိုတာက Trading လုပ်ခြင်းဖြင့် ကောက်ကာငင်းကာ ချမ်းသာသွားတာမျိုးကို မစဉ်းစားဖို့နဲ့ Market နဲ့ Trading ရဲ့ တကယ်အမှန်အခြေနေကိုမြင်ဖို့ပါ။)
- Savvy – ဗဟုသုတပြည့်ဝရမယ် (မားကတ်နဲ့ပတ်သတ်တဲ့ နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေးအခြေနေများကိုလည်း မျက်ခြေမပြတ်လေ့လာနေရမယ်။)
- Self-Control – မိမိကိုယ်ကို မိမိထိန်းချုပ်နိုင်ရမယ်၊ (မိမိနိုင်သလောက်သော အရင်းအနှီးပမာဏနဲ့သာ အရောင်းအဝယ်လုပ်ရမယ်၊ အခြားသော မိမိအတွက် မသင့်တော်တဲ့အပြုအမူမျိုးမလုပ်မိစေရဘူး)
Post အားလုံးဖတ်ရန်
No comments:
Post a Comment