💦 Reversal Candlestick Pattern ( ၃) မျိုးရှိသည့်အနက် Single Line Candlestick Patterns အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Single Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။
💦1.) Hammer
💦2.) Inverted Hammer
💦3.) Shooting Star
💦4.) Hanging Man တို့ဖြစ်ပါသည်။
💦1. ) Hammer
Downtrend တစ်ခုရဲ့အဆုံးမှာဖြစ်ရမယ်။ Bull ( or) Bear မည်သည့် ဖြစ်ဖြစ်ရပါတယ်။ Real Body သေးပြီး Down Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမယ်။ Downtrend တစ်ခုရဲ့ အဆုံးမှာဖြစ်နေပြီဆိုရင် စျေးပြန်တက်မယ့် Signal တစ်ခုပါပဲ။ Support Line နီးကပ်မှုလည်းရှိရပါမယ်။
💦2. ) Inverted Hammer
Hammer ရဲ့ ပြောင်းပြန်ပုံစံဖြစ်ပါတယ်။ Real Body သေးပြီး Up Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမည်။ Downtrend တစ်ခုရဲ့ အဆုံးမှာပေါ်ရပါမည်။ စျေးကျပြီနောက်ပြန် လှည့်နိုင်သောနေရာများတွင်တွေ့ရပါမည်။ Bull or Bear မည်သည့် Candle ဖြစ်ဖြစ်ရပါတယ်။
💦3. ) Shooting Star
Uptrend တစ်ခုရဲ့ အဆုံးပိုင်းမှာပေါ်ရမည်။ Real body သေးပြီး Up Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမယ်။ စျေးတက်ပြီး နောက်ပြန်လှည့်သောနေရာများတွင်တွေ့ရပါတယ်။ Bull or Bear မည်သည့် Candle ဖြစ်ဖြစ်ရပါတယ်။ Bear Candle ဆိုပိုကောင်းပါတယ်။ Shooting Star ရဲ့အမြင့်ဆုံးရောက်ခဲ့တဲ့နေရာကို Resistance အဖြစ်သုံးနိုင်ပါတယ်။
💦4. ) Hanging Man
Hammer နဲ့ပုံစံတူပါတယ်။ Uptrend ရဲ့အပေါ်နားမှာဖြစ်ရပါမယ်။ Real Body သေးပြီး Down Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမယ်။ Bull or Bear မည်သည့် Candle ဖြစ်ဖြစ်ရပါတယ်။ Bear ဆိုပိုကောင်းပါတယ်။ Uptrend တစ်ခုရဲ့ အဆုံးနားမှာပေါ်ရင်တော့ Downtrend ပြောင်းဖို့ Signal Signal တစ်ခုပါပဲ။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment