Sunday, January 30, 2022

Forex Trading မှာ အမြတ်ရဖို့ ဘယ်လောက်ကြာအောင် လေ့လာရမလဲ


ဒီမေးခွန်းက အတော်အမေးများတဲ့ မေးခွန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မေးခဲ့ဖူးတဲ့ မေးခွန်းဖြစ်ပါတယ်။

တချိုဆိုရင်ပြောကြတယ် “အကို! ကျွန်တော် Advanced Class အထိ ဆက်တက်ရမလား? ကျွန်တော် Basic တော့ နည်းနည်းပါးပါး သိထားတယ်” ဆိုတာမျိုးပေါ့။

ဒါက တကယ်တော့ မေးသင့်တဲ့ မေးခွန်းပါ။

အဲ့တာကို ကျွန်တော် ပြန်ဖြေလေ့ရှိတဲ့ အဖြေကတော့ “မလိုပါဘူး” လို့ပဲ ထပ်ခါထပ်ခါ ပြန်ဖြေဖြစ်ပါတယ်။

ထားပါတော့!!

ကျွန်တော်တို့ ပညာရပ် တစ်ခုကို ဘယ်လောက်ကြာကြာ လေ့လာသလဲဆိုတာက အရေးမကြီးပါဘူး။
လေ့လာနေချိန် အတွင်းမှာ ဘယ်လောက် အားစိုက်ပြီး ကြိုးစားခဲ့ သလဲဆိုတာက ပိုအရေးကြီးပါတယ်။

ဆိုလိုတာက၊ ဥပမာဆိုကြပါစို့။

ဒီစာကို ဖတ်နေတဲ့ သူထဲမှာ ဂီတာတီးတတ်တဲ့ သူတွေ ပါကြမယ်ထင်ပါတယ်။
ကျွန်တော်ဆို ဂီတာတီးလာတာ လွန်ခဲ့တဲ့ ၉ နှစ်လောက်က တီးလာတာပါ။ ဆိုလိုတာက ဂီတာတီးတဲ့ သက်တန်း ၉ နှစ်ရှိပြီပေါ့။
ဒါပေမဲ့ ကျွန်တော်လွန်ခဲ့တဲ့ တစ်နှစ်လောက်က မှ တီးတတ်တဲ့ လူငယ်တစ်ယောက်နဲ့ ယှဉ်ပြိုင်ပြီး ဂီတာ မတီးနိုင်ဘူးဆိုရင် ခများတို့ ယုံနိုင်ပါ့မလာ??

ဒါဟာဖြစ်နိုင်ပါတယ်။
ဘာလို့ဆို အဲ့လူငယ်က တကယ့်ဆရာ့ဆရာတွေနဲ့ အခြေခံပိုင်အောင်သင်ထားတဲ့ အပြင် အဆင့်မြင့်တီးနည်း၊ Show ပွဲအတွေ့ကြုံ စတာတွေကို နေတိုင်း Train ပေးခံထားရတဲ့ လူငယ်တစ်ယောက်နဲ့ ခများရော ကျွန်တော်တို့ရော မယှဉ်​ပြိုင် နိုင်ဘူးဆိုတာကို လက်ခံရမယ်။

ဒါဟာ ဘာကို ဆိုလိုတာလဲဆိုရင် ဘယ်လောက်ကြာကြာ လေ့လာခဲ့လဲဆိုတာထက် လေ့လာတဲ့ အချိန်မှာ ဘယ်လောက် အားစိုက်ခဲ့ သလဲဆိုတာက အရေးကြီးပါတယ်။

အဲ့လိုပဲ Forex Trading မှာလည်း အချိန်တစ်ခု ကြာအောင် Trade နေပြီးအချိန်ကုန်နေတာဟာ အဖြေ မဟုတ်ပါဘူး။
အဲ့ Trade နေတဲ့ အချိန်တိုင်းမှာ ဘယ်လောက် အသေးစိတ်ဆန်လဲ ဘယ်လောက် လေ့လာထားလဲ ဘယ်လောက်စည်းကမ်းလိုက်နာလဲ စတဲ့ အချက်တွေ အပေါ်မှာ မူတည်ပြီး ကိုယ်ရဲ့ ကျွမ်းကျင်မှုဟာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အဲ့တာကြောင့် ကျွန်တော်တို့ဟာ ပညာရပ်တခုမှာ ကျွမ်းကျင်မှုတစ်ခု ရဖို့ဆိုတာ အချိန်ဘယ်လော​က်ကြာနိုင်လဲ ဆိုတာထက် ဘယ်လောက် တစိုက်မက်မက် လေ့လာလဲ ဆိုတဲ့အပေါ် မှာပဲမူတည်ပါတယ်။

ဒါဆို Forex Trading မှာ ပုံမှန် လစဉ် Stable Profit ရဖို့ ဘာ​တွေ လိုအပ်မလဲ??? ဆိုတဲ့ မေးခွန်းကို တစ်ချက်ပြန်သွားလိုက်ရအောင်။

ကျွန်တော်တို့ Stable Profit ရဖို့ဆိုရင် ကျွန်တော်တို့မှာ Trading Plan ရှိရမယ် Strategy ရှိရမယ် Rules & Disciplines ရှိရမယ် Risk & Reward Management စတဲ့ အရာတွေ ရှိဖို့လိုအပ်မယ်။

ဒီလို ပြောလိုက်ရင်တော့ လွယ်တာပေါ့။ ဒါပေမဲ့ ဒါတွေက ဘာတွေ လဲဆိုတာကိုတော့ အသေးစိတ်သိမှရမယ်။

ဒီလို အသေးစိတ်အချက်မပြောခင်မှာ ဒီမေးခွန်းရဲ့ အဖြေကို အပိုင် 3 ပိုင်းနှင့် ခွဲပြီးလေ့လာဖို့ လိုပါတယ်။

1. Technical (TA)
2. Rules & Disciplines
3. Market Experiences
တို့ဖြစ်ပါတယ်။

1. Technical (TA)

ဟုတ်ပြီ အဲ့တော့ ကျွန်တော်တို့ Trading လုပ်ဖို့ဆိုရင် ပထမဆုံး စသင်ရမှာက Technical ဆိုတဲ့ နည်းပညာပိုင်းတွေကို စပြီးသင်ကြရပါတယ်။

TA ဆိုတဲ့ နေရာမှာ စကားပြောစရာတွေရှိလာပါတယ်။

ဘယ်လောက် အတိုင်းအတာ အထိ တတ်ရမလဲ? ဘာတွေ တတ်ရမလဲဆိုတာအရမ်းအရေးကြီးပါတယ်။

Forex Trading မှာ နည်းပညာ TA တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အကုန်လုံး တတ်စရာမလိုသလို အများကြီးလည်း တတ်စရာမလိုပါဘူး။ဥပမာ အလွယ်ဆုံး Trend တွေ R/S တွေနဲ့ သေချာလေး Trade ရင်ကို မြတ်တဲ့အရာပါ။ဒါဟာ တကယ်​ ပြောတာပါ။ ဒီစာကိုဖတ်နေတဲ့ သူတွေလည်း အနည်းအကျဉ်းတော့ လေ့လာထားကြလိမ့်မယ်လို့ ထင်ပါတယ်။

မိမိဟာ Price Action နဲ့ Trade ချင်တာလား၊ Indicator တွေကို သုံးပြီး Trade ချင်တာလား၊ Fibonacci နဲ့ လား၊ D1 Time Frame လား၊ H4 Time Frame၊ Double Time Frame နဲ့ Trade ချင်တာလား၊ အစရှိတဲ့ နည်းပညာတွေ အချိန်တွေ ထဲက မှ ကိုယ်နဲ့သင့်တော်မဲ့ အရာ၊ ကိုယ့်အတွက် အဆင်ပြေမဲ့ Ta တစ်ခုခုကို သေချာလေးရွေးပြီး Trade ရင်ကို အမြတ်ရနိုင်ပါတယ်။

TA တွေအများကြီး သိချင်ရင်တော့ လေ့လာဖို့ အကြံပေး ပေမဲ့ Trade ရင်တော့ ကိုယ်ပိုင် Trading Style တစ်ခု ထားပြီးပဲ Trade ဖို့အကြံပေးပါတယ်။

(ကျွန်တော်တို့ ၁၀ တန်းဘဝက သင်ခဲ့ရတဲ့ “Too Much Knowledge Maketh Fools" ဆိုတဲ့ English စာ Unit တစ်ခုကို မှတ်မိကြမယ် ထင်ပါတယ်။)

Forex Trading မှာလည်း ဒီလိုပါပဲ၊ Indicator တစ်ခုက စျေးအတက်၊ တစ်ခုက စျေးအကျ၊ MA မှာ စျေးအတက်၊ Pattern က စျေးအကျ စတဲ့ နည်းပေါင်းဆုံတွေ ရောလာတဲ့ အခါ ရောင်းရမလား ဝယ်ရမလား ဝေခွဲမရတာတွေ ကြုံရပြီး Market မှာ အရှုံးပေါ်သွားတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။

TA တွေ အများကြီးတတ်ပြီးရှုံးနေတာထက်၊ ကိုယ်သိထားတဲ့ TA ကို သေချာ အကြိမ်ကြိမ် စမ်းသပ်ပြီး Market ကိုအနိုင်ယူဖို့ပဲ အရေးပါတယ်။( Forex Trading လောကထဲမှာ Ta တစ်ခုချင်းစီကို ခရေစီတွင်းကျသိပြီး Market ကို အနိုင်မယူနိုင်တဲ့ သူတွေ ဒူးနဲ့ဒေးရှိပါတယ်။)

ဒါကြောင့် ကိုယ်ပိုင် Style TA တစ်ခုခုနဲ့ Demo မှာအကြိမ်ကြိမ် စမ်းသပ်ပြီးမှ Market ထဲကို ဝင်ဖို့ အကြံပေးပါတယ်။

(ကျွန်တော်ဟာ Fundamental Trader တစ်ယောက်မဟုတ်တာကြောင့် FA အကြောင်း ထည့်သွင်းရေးသား သွားမည်မဟုတ်ပါ။)

2. Rules & Disciplines

Rules & Disciplines ဆိုတာ အရမ်းအရေးကြီးပါတယ်။ “အရေးကြီးပါတယ်" ဆိုတဲ့ စကားထက်ကို အရေးကြီးပါတယ်။

ဘာလို့ဆိုရင် Trader တော်တော်များများဟာ ဒီအချက်ကြောင့် Market ကနေ အရှုံးနဲ့ထွက်သွားရတာဖြစ်ပါတယ်။

ဘာလို့ ဒီအချက်ဟာ အဲ့လောက် အရေးကြီးနေရလဲဆိုရင် ကျွန်နော်တို့ Trader တွေရဲ့ အဓိက ရန်သူဖြစ်တဲ့ Emotion (Greed + Fears+FOMO) စတာတွေကို အနိုင်ယူနိုင်လို့ပဲဖြစ်ပါတယ်။

ဆိုကြပါစို!!

အလွယ်ကူဆုံး မြင်သာအောင် ပြောရရင် Trader တစ်ယောက်က R/S, Trend, Pattern စတဲ့ ဒီ Technical သုံးခုနဲ့ပဲ အရောင်းအဝယ်လုပ်နေတယ် ဆိုကြပါစို့။

ဒါဆို ဒီ Trader ဟ ဒီ သုံးခုနဲ့ ပတ်သတ်တဲ့ စည်းမျဉ်း ၊ စည်းကမ်းတွေကို မပျက်မကွက် လိုက်နာရပါမယ်။

ဥပမာ - Resistance တစ်ကြောင်း ကိုမဖောက်ရင်ရောင်း
မယ်၊ ဖောက်ရင်ဝယ်ရမယ်။
ဒါဟာအလွယ်ကူဆုံး Theory ပါ။ ဒါပေမဲ့ လက်တွေ့မှာ ဒီ Resistance ကို ဖောက်လာမဖောက်လား ကို ကျွန်တော်တို့ ရေရေရာရာ မသိကြတဲ့ အခါ အရှုံးနဲ့ ရင်ဆိုင်လာရပါတယ်။အဲ့ဒီအခါကျရင် ဒီ Theory က အသုံးမဝင်ပါ ဘူးဆိုပြီးထင်သွားကြပြန်ပါတယ်။

ဒါ့အပြင် R/S သုံးပြီး Trade ကြတဲ့ Beginner တွေရဲ့ အဓိက အကြီးဆုံးအမှားကတော့ Resistance နဲ့ Support စျေးတန်းအထိ မစောင့်ပဲ ကြားစျေးတန်းဖြစ်တဲ့ တွေ့ကရာ စျေးတန်းမှာ အရောင်းအဝယ်လုပ်ကြတာပဲ ဖြစ်ပါတယ်။
ဒီတော့ R/S ရဲ့တစ်ခုတည်းသော Rule ကိုမလိုက်နာတဲ့အတွက် ဒီ Theory က​တော့ Profits ရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

နောက်ထက် ဥပမာ တစ်ခုကို Technical Pattern တစ်ခုနဲ့ဆက်ရရင်၊ Chart တစ်ခုမှာ Hammer Pattern တစ်ခုပေါ်ရင် Buy ရမယ်ဆိုနဲ့ Theory ရှိပါတယ်။ သိသိမသိသိ Buy ရပါမယ်။ Slကို Lower Shadow အောက် အနည်းငယ်မှာထားပြီး Price ဟာ Lower Shadow အောက်ရောက်ရင် အရှုံးနဲ့ ထွက်ရပါမယ်။
ဒါဟာ သူရဲ့ စည်းကမ်းပါ။ အကယ်၍ “Pattern ပေါ်ပြီးစျေးကျသွားရင်ရော?" ဒါဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ်သိတဲ့ TA မှာပါတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း အရောင်းအဝယ်လုပ်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ဟာ စည်းမျဉ်း စည်းကမ်း အတိုင်းလိုက်နာပါရက်နဲ့ အရှုံး ပေါ်သွားတဲ့ Order တွေအပေါ်မှာ Emotion ဝင်နေလို့မဖြစ်ပါဘူး။

ဒါ့အပြင် မိမိ သတ်မှတ်ထားတဲ့လ Risk & Reward ကိုလည်း သတ်မှတ်ထားသလို လိုက်နာရပါမယ်။
Tp 5 Pip, SL 5 Pip (1:1) Or (2:1)သတ်မှတ်ထားလျှင် ထို သတ်မှတ်ချက်မပြည့်မချင်း Market က မထွက်သင့်ပါဘူး။

ဒီလိုလုပ်ခြင်းဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးစေပြီး Market မှာ အနိုင်ရဖို့ အလားအလာ ပိုတိုးစေပါတယ်။

ဒီလိုမှမဟုတ်ပဲ ဒီ Rules & Disciplines တွေကို ချိုးဖောက်ပြီး မြတ်ထားတဲ့ 2 Pip , 3 Pip ပြန်ရှုံးမှာ ကြောက်တယ်ဆိုတဲ့ Emotion တွေဝင်လာပြီး Order တွေကိုပိတ်ချလိုက်တဲ့ အခါ မိမိကိုယ်ကို ယုံကြည်မှု နည်းလာပြီး Risk & Reward မမျှ ပဲ Market က ထွက်သွားတာမျိုးတွေအထိ ဖြစ်ပေါ်တတ်ပါတယ်။

(ကျွန်တော်ကိုယ်တိုင်လည်း Tp ထိဖို့ 1 Pip အလိုကနေ SL ထိသွားတဲ့ အခေါက်တွေ မနည်းကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ ဝမ်းမနည်းခဲ့ပါဘူး။ ဒါဟာ ကိုယ်ညံ့လို့ ခံရတာဖြစ်ပြီး နောက်တခါမဖြစ်ဖို့  Challenge တစ်ခု အနေနဲ့ပဲ မှတ်ယူဖို့လိုပါတယ်။)

အကယ်၍ SL အထိ မခံချင်ရင်တောင် Entry Point မှာ SL ထားပြီး မြတ်ထားတဲ့ အမြတ်တွေ 0Profit  ဖြစ်သွားရင်တောင် Tp မထိမချင်း စောင့်ပြီး မိမိရဲ့ Rules & Disciplines ကို လိုက်နာဖို့လိုပါတယ်။

“Rules & Disciplines တွေကိုလိုက်နာတဲ့ Trader တစ်ယောက်ဟာ SL ထိသွားရင်တောင် သူ့ Order မမှားခဲ့ဘူး ဆိုတဲ့ အထိ ယုံကြည်မှုမျိုး ရှိတယ်" လို့ ကျွန်တော့်ရဲ့ ဆရာတစ်ယောက်က ဆိုခဲ့ဖူးပါတယ်။

3. Market Experiences

Market Experiences လို့ပြောလိုက်ရင် ကျွန်တော်အဓိက အကြံပေးချင်တာကတော့ Market မှာ Screen Time များများရှိဖို့ကို ဆိုလိုပါတယ်။ 

ဘာလို့ Screen Time များများရှိဖို့လိုပါလဲ??

ကျွန်တော်ဆို့ဟာ Ta တွေကိုလေ့လာမယ်။ လေ့လာထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆို ရုံနဲ့ အ​ရောင်းအဝယ် မှာ မမြတ်နိုင်သေးပါဘူး။
ကျွန်တော်တို့မှာ Market Experience ဆိုတဲ့ Market အတွေ့အကြုံ လိုအပ်ပါသေးတယ်။ မြန်မာစကားနဲ့ ပြောရရင် “ဝါ” လိုပါတယ်။

ကျွန်တော်တို့ဟာ Market မှာ Screen Time များလာတဲ့ အခါ Price Action ( စျေးကွက်လားရာ) ကို ကောင်းကောင်းမြင်တွေ့နိုင်ပါတယ်။
ဆိုလိုတာက Price ဟာ ဘာကြောင့် တက်နေသလဲ၊ ဘာကြောင့် ကျနေသလဲ ဆိုတာအပြင်၊ Pattern တစ်ခုဟာ ဒီစျေးတန်းမှာ အလုပ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတဲ့ Market Senses တွေကိုပါ ပေးနိုင်တာကြောင့် Market မှာ အချိန်များများ ပေးပြီး Demo နဲ့ Trade တာပဲဖြစ်ဖြစ်၊ ဖြစ်ပေါ်ခဲ့သမျှ စျေးတန်းတိုင်းမှာ ဘာ့ကြောင့်ဖြစ် ပေါ်လာရသလဲ ကိုပါ အချိန်
နှင့် အမျှ လေ့လာဖို့လိုပါတယ်။

ဒါ့ကြောင့် Forex မှာ Trade လာတဲ့ သက်တမ်း ကြာ၏ မကြာ၏ထက် မိမိ Trade လာသမျှအချိန်တစ်ခုမှာ ဘယ်လောက် အားစိုက်ခဲ့သလဲ၊ ဘယ်လောက် အသေးစိတ်ကျခဲ့သလဲ ဆိုတာ အပြင်၊ မိမိအရှုံးတွေအပေါ်မှာ ဘယ်လောက် အတွေ့အကြုံရခဲ့ သလဲဆိုတာတွေကသာ Market မှာ အရေးကြီးတာဖြစ်ပါတယ်။

ဒါ့ကြောင့် Forex မှာ ခြေလှမ်းမှန်မှန်နဲ့ သွားဖို့ ဆိုရင် အပေါ်မှာ ပြောခဲ့သလို

-မိမိနှင့် သင့်တော်မဲ့ TA ကိုလေ့လာပါ၊ ရွေးချယ်ပါ။
-လေ့လာထားတဲ့ TA ရဲ့ စည်းမျဉ်းတွေ အပေါ်မှာ တသွေမတိမ်း လိုက်နာပါ။
-Market မှာအချိန်ပေးပြီး အတွေ့အကြံများကို ကိုယ်တိုင် သင်ယူပါ။

နိဂုံးချုပ် ဆိုရလျှင် ပုံမှန် Trade လာတဲ့ သက်တမ်း တစ်ခု နဲ့ စည်းကမ်းတကျ လေ့လာပြီ Trade လာတဲ့ သက်တမ်း တစ်ခု သက်တမ်းချင်းတူနေလျှင်တောင် ပညာချင်းမတူနိုင်ပါဘူး။

ဒါကြောင့် Forex မှာ ကျွမ်းကျင်မှူတစ်ခု အတွက် အချိန် တစ်ခုဆိုပြီး သီးသန့်မရှိတာဖြစ်တဲ့ အတွက် မိမိကိုယ်တိုင်လေ့လာနေချိန်မှာ တဆိုက်မက်မက် လေ့လာဖို့ပဲ အကြံပေးလိုက်ပါတယ်။

လေးစားစွာဖြင့်
 🖋️🖋️အာကာအောင်

Post အားလုံးဖတ်ရန်

No comments:

Post a Comment

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...