⁉️ Forex Trading ဟာ လောင်းကစား Gambling လား ? ⁉️
ကျွန်တော်တို့လို Forex Trader တွေအတွက် ဒီလောကကို စဝင်လာကာစ Newbie တွေ၊ နောက် FX လောကနဲ့ စိမ်းတဲ့ အပြင်လူတွေ၊ နောက် Forex Trading မှာ ရှုံးနိမ့်ဖူးတဲ့ Wounded Trader တွေဟာ ဒီမေးခွန်းကို မေးတတ်ကြပါတယ်။
‼️ Forex Trading ဟာ လောင်းကစား Gambling လား ? ❓
ဒီမေးခွန်းကို မဖြေခင် ဘာကြောင့်လူတွေ ဒီလို အမေးများရတာလဲ ဆိုတာကို လည်းရှင်းပြချင်ပါတယ်။
ကျွန်တော်ဟာ Forex Trading ကို Passion အပြည့်အဝနဲ့ လေ့လာသင်ယူခဲ့ပြီး၊ Business တစ်ခုလို စည်းစနစ် ကျနစွာ Trading ပြုလုပ်နေသူ ဖြစ်ပါတယ်။ အဲဒီအတွက် " Professional Forex Trader " ဆိုတဲ့ ဂုဏ်ကို အလွန်နှစ်သက်မြတ်နိုးသူ ဖြစ်ပါတယ်။
ဒါပေမယ့် Forex Trading လို့ ကြားတာနဲ့ လူအများစုဟာ မေးတတ်ကြပါတယ်။
❌ " Forex Trading " ဟာ လောင်းကစားလိုပဲနော်။ ဟုတ်တယ်မလား ?
ကျွန်တော် အမြဲတမ်း ပြန်ဖြေတာက ... Forex Trading ဟာ Business တစ်ခုပါ။ ဒါပေမယ့် သေချာတာက လောင်းကစားလို လုပ်ရင်တော့ လောင်းကစားပဲ ဖြစ်နေပါလိမ့်မယ်။
ဟုတ်ပြီ။ ဒါဆို ဘာလို့ လူအများစုဟာ Forex Trading ကို Business လို့မထင်ဘဲ Gambling လို့ ထင်ကြတာလဲ? Forex Losers တွေ ကရော ဘယ်လိုမျိုး Trading ကို လောင်းကစားလို လုပ်လို့ ရှုံးခဲ့ကြတာလဲ ပြောပြပါမယ်။
❌1️⃣ Mindset မမှန်ခြင်း
ဘယ် Business မှာ မဆို ရှိအပ်တဲ့ Mindset မှန်ကန်ရပါတယ်။
Business တစ်ခုလို သဘောထားရင် အပြင်းအထန် လေ့လာ သင်ယူရပါမယ်၊ ပြီးတော့ အချိန်ယူတည်ဆောက်ရပါမယ်။
Forex Losers တွေကတော့ Quick Win Scheme လို သဘောထားပြီး ပေါ့ပေါ့လေးသင်၊ Real Account ဖွင့်၊ ငွေထည့် ---> ဒါဆို Profit တွေ လွယ်လွယ်ရပြီလို့ တွေးခဲ့ကြသူတွေပါ။
❌2️⃣ ရင်းနှီးမြှုပ်နှံမှု Plan မရှိခြင်း
ဘယ် Business မဆို အရှုံး/အမြတ် ရှိပါတယ်။ လုပ်ငန်း တစ်ခုကို လုပ်ရင် ရှုံးနိုင်ချေ ရှိတာကိုလည်း ထည့်တွက်ရပါတယ်။
အဲဒီ အတွက် ကိုယ်တကယ် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ ကိုပဲ ရင်းနှီးရပါတယ်။
Forex Losers ( Forex Gamblers ) တွေဟာ ဘယ်လောက် မြတ်မလဲ? ဘယ်လို မြတ်မလဲ? ဆိုတာကိုပဲ လွယ်လွယ်နဲ့ ပေါ့ပေါ့ တွေးကြပါတယ်။ သူတို့ အရှုံးကို မတွက်ချက်ထားကြပါဘူး။ ဒါက သူတို့ကို Forex Trader မဖြစ်ဘဲ Forex Gambler ဖြစ်သွားစေတာပါ။
❌3️⃣ Trading System မရှိခြင်း
ဘယ် အောင်မြင်တဲ့ Business မှာမဆို System ဆိုတာရှိပါတယ်။
လူအများစုဟာ Trading System ဆွဲဖို့ မကြိုးစားကြတာဟာ သူတို့ကို Business နဲ့ Gambling ကွာခြားသွားစေတာပါပဲ။
" Proven Trading System " အသေအချာ လေ့လာသင်ယူပြီး Demo နဲ့ အကြိမ်ကြိမ် Test လုပ်ပြီးသား " Trading System " တစ်ခုရှိပြီဆိုရင် Forex Trading ကပေးတဲ့ ROI ဟာ အခြား Business တွေထက် အကျိုးများပါတယ်။
❌4️⃣ Risk & Reawrd Management မလုပ်ခြင်း
Trade တစ်ခုချင်းစီတိုင်းမှာ အနည်းဆုံး 1:2/ 1:3 စသည်ဖြင့် Risk & Reward ကို manage လုပ်ကြရပါတယ်။
ရေရှည်ပြင်ဆင်ထားတဲ့ Risk Management မရှိရင် လောင်းကစားလို ကံတရားပေါ်မူတည်သွားတာ ဖြစ်သွားပါလိမ့်မယ်။
❌5️⃣ Position Sizing မလုပ်ခြင်း
Forex Trading လုပ်နေတဲ့ သူတွေထဲက အများစု အထူးသဖြင့် Newbie တွေဟာ Position Sizing ရဲ့ အရေးပါပုံကို သိပ်အလေးမထားကြပါဘူး။
တစ်ချို့ဆို Trade တစ်ခုတည်းမှာတင် Account ရဲ့ 50% လောက် Risk ယူထားတာ တွေ့ရပါတယ်။ ဒီတော့ နည်းနည်းလောက် ဆက်တိုက် SL ထိရင် Account ပျက်သွားတတ်ကြတာပါပဲ။
Position Sizing မလုပ်တတ်ရင်၊ မလုပ်ချင်ရင် Forex Trading ကို လုပ်ကို မလုပ်သင့်ပါဘူး။
❌6️⃣ Financial Knowledge မရှိခြင်း နှင့် စိတ်ကူးယဉ်ဆန်ခြင်း
ဘယ် Business မှာမဆို ROI ( Return of Investment ) ဆိုတာကို ခန့်မှန်း တွက်ချက်ရပါတယ်။
စီးပွားရေး လုပ်ငန်းတွေလုပ်ဖူးတဲ့ သူအတွက် 5%/10% ROI ဆိုတာ ကောင်းမွန်တဲ့ Rate တစ်ခုပါ။
ဒါပေမယ့် အများစုဟာ Over-rated ROI တွေ ဥပမာ - $500 ရင်းရင် $500 လောက်လိုချင်တာ။ 100% ROI လောက်ဖြစ်နေပြီ။ အပြင်မှာ လည်း ဒီလို Business မရှိနိုင်တာမျိုးတွေ စိတ်ကူးယဉ်တတ်ကြပါတယ်။
✅ တကယ်တော့ Forex Trading ဟာ လောင်းကစား Gambling မဟုတ်ပါဘူး။
✅ သူ့မှာ အခြားလုပ်ငန်းတွေနဲ့ မတူညီတဲ့ အားသာချက်တွေလည်း အများကြီးကို ရှိပါတယ်။
✅ တကယ် စစ်မှန်တဲ့ Fundamental Analysis/ Technical Analysis တွေ လည်း ခိုင်ခိုင်မာမာ ရှိပါတယ်။ ကိုယ်က တကယ့် Education ကို ရယူနိုင်ဖို့တော့ လိုပါမယ်။
✅ နောက် လေ့လာသင်ယူနိုင်ရင်၊ Mindset မှန်ရင်၊ စည်းကမ်းရှိရင် အခြားလုပ်ငန်းတွေလို အရင်းအနှီးအများကြီး ချက်ချင်း မလိုတာလည်း အားသာချက်ပါပဲ။
✅ Mentor/ Coach/ Inner Circle ကောင်းကောင်း လိုအပ်ပါတယ်။ Self-Directed Trader လုပ်မယ်ဆို အင်မတန်မှကို Diligence & Intelligence ဖြစ်ရပါမယ်။ လမ်းပြပါရင် မြေပုံကောင်းရင် ခရီးပိုတွင်ပါတယ်။
⁉️ ဒါဆို ဘာကြောင့် Forex Trading ကို Gambling လို့ မြင်ကြတာလဲ ?
✅ ရှင်းပါတယ်။ Forex Trading ဟာ Business ပါ။ ဒါပေမယ့် Business လို မလုပ်ဘဲ Gambling လို လုပ်ရင်တော့ Gambling ဖြစ်သွားတာကြောင့်ပါပဲ။
Emotion စိတ်ခံစားမှုရယ်၊ သင်ယူရမှာကို ကြောက်တဲ့၊ အပြောင်းအလဲမလုပ်ချင်တဲ့ ခေါင်းမာတဲ့စိတ် အတ္တ Ego ဟာ 90% သော trader တွေကို loser ဖြစ်အောင် ဖျက်ဆီးလိုက်တာပါပဲ။
အဲဒီအတွက် အခြေခံအားဖြင့် Trading Like a long-term Success Business ဖြစ်ချင်တယ်ဆိုရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို အခြေခံအားဖြင့် လိုက်နာလုပ်ဆောင်ပြီးဖို့ လိုအပ်ပါလိမ့်မယ်။
မျိုးအိမ်ဇန်
Founder & Chief Analyst
ProjectX Trading TeaForex
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment