Forex Trader တော့ ဖြစ်ချင်တယ် ဒါပေမဲ့ ဘယ်လို Mindset မထားတတ်တဲ့ သူတွေ အတွက် ဒီ Contact လေးကအထောက်ပံ့ ဖြစ်မှာပါ။
-ဒီ Contact လေးကို အဆုံးထိ ဖတ်ပေးဖို့ တောင်းဆို ပါတယ်။
- Forex Trading မှာ အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့အတွက် Mindset မှန်ကန်ဖို့က No.1 အရေးကြီးပါတယ်။
- တကယ်တော့ Risk Management လုပ်တယ်ဆိုတာကလဲ Mindset မှန်ကန်ဖို့အတွက် လမ်းကြောင်းတစ်ခုပါပဲ။ အောင်မြင်တဲ့သူတစ်ယောက် စိတ်ထားနဲ့ မအောင်မြင်တဲ့သူစိတ်ထားဟာ လုံးဝမတူနိုင်ပါဘူး။ စိတ်က ဦးဆောင်ပြောင်းလဲပြီး တန်တဲ့ ဘဝက်ိုရကြတာပါ။
- ထို့အတူပဲ Professional Trader တစ်ယောက်ရဲ့ Mindset ကလည်းပဲ Gambler တစ်ယောက်ရဲ့စိတ်နေသဘောထား လုံးဝကွဲပြားနေမှာပါ။ ရှုံးရတဲ့ အကြောင်းတွေ ထဲမှာ မှန်မှန်ကန်ကန် စိတ်ထား Attitude မထားတတ်တာကလည်း အရေးကြီးပါတယ်။
- Forex Market ဆိုတာ တစ်ကမ္ဘာလုံး က Business Man တွေလည်း လုပ်ကြသလို စိတ်ပါဝင်စားတဲ့ မည်သူမဆိုပမာဏ မျိုးစုံနဲ့ ဝင်ရောက်အရောင်းဝယ်လုပ်နေကြပါတယ်။ Forex Trader ကောင်းဖြစ်ဖို့အတွက် Strategy တစ်ခုတည်းမဟုတ်ပဲ Mindset ပါလိုအပ်ပါတယ်။
- Mindset ဆိုတာကလည်း အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့ အတွက် Psychology Strategy လို့လည်းပြောလို့ရပါတယ်။
- Forex Market ဆိုတာက တကယ်တော့ Zero Sum Market ပါ။ တစ်ယောက်ယောက်က ရှုံးနေတယ်ဆို အဲ့ ရှုံးသွားတဲ့ငွေတွေ ဟာ တစ်ယောက်ယောက်ဆိီရောက်သွားနေမှာပါ။ များများရှုံးတယ်ဆိုရင် တစ်နေရာမှာတော့ ပိုက်ဆံ တွေ သွားစုနေမှာ အသေချာပါပဲ။
- လူအများစုက Market ထဲ ဝင်လာကြတယ်၊သေချာမလေ့လာကြဘူး။ လောင်းကစားဆန်ဆန်လုပ်ကြမယ်။ အဲ့ပိုက်ဆံတွေဘယ်ရောက်သွားတာလဲဆိုတော့ အတွေ့ကြုံရှိ Trader တွေဆီရောက်သွားတာပါပဲ။ ခဏဝင်လာတယ်။ မလေ့လာဘူး။ ပြန်ထွက်သွားကြတယ်။ လှူသွားသလိုပါပဲ။ ဒါကြောင့် Mindset ကအရေးကြီးတာပါ။
ကဲ လာပါပြီ အရေးကြီးဆုံးအပိုင်း..❗❗
- ပထမတစ်ခုက အလွန်ကျွံ Trade တာပါ။ လူမှာ Psychological Concept တစ်ခုရှိတယ်။ တစ်ခါမြတ်လိုက်ရင်နောက်တစ်ခါမြတ်မယ်ထင်ပြီလက်သွက်လာတယ်။ မရရင် အကြိမ်များပြီး ရှုံးမဲ မဲတာပေါ့။
- ဒီ Forex Trading မှာ ၂ခုပဲ လုပ်ဖို့ လိုတယ်။ သိရင်လုပ် မသိရင် မလုပ်နဲ့။ သေချာတယ်ဆိုရင်လုပ်။ သေချာတယ်လို့ပြောပေမဲ့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ အနာဂတ်ကိုခန့်မှန်းရတာဖြစ်နေလို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် Logic ကျပြီးရုပ်တိကျဖို့လိုတယ်။ သေသေချာချာလေ့လာထားဖို့လိုတယ်ဆိုတာကိုပြောတာပါ။
- ဘယ်လောက်ကျွမ်းကျင်တဲ့ Trader ပဲ ဖြစ်ဖြစ်မည်သူမှ ၂၄နာရီ လုံး ဘာဖြစ်ပြီး ဘာဖြစ်မယ်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်မသိပဲ မသေချာပဲနဲ့ အလွန် အကျွံ Trade မလုပ်ကျဖို့ အကြုံပြုချင်ပါတယ်။
- နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့အရမ်းမျှော်လင့်လွန်းခြင်းပဲ။ တချို့လူတွေက Forex အကြောင်းသိသွားပြီဆိုတာနဲ့ ပိုက်ဆံအရမ်းချက်ချင်းရသွားမယ်ထင်သွားတတ်ကြတာတွေရှိပါတယ်။ တခါတရံ အခြားစီးပွားရေးတွေမှာတောင်မရနိုင်တဲ့ ငွေကြေးပမာဏတွေကို မျှော်မှန်းလွန်းကျပါတယ်။ အတွေ့ကြုံ၊ ကျွမ်းကျင်မှုတွေမူတည်ပြီးတော့ရတဲ့ သူတွေလည်းရှိကြပါတယ်။ အဓိကကတော့ စိတ်ရှည်ဖို့လိုပါမယ်။
- တစ်ဖက်ကလည်း Risk Management တွေနားမလည် Risk to Reward တွေမသိပဲနဲ့ ဝင်လာပြီး လောင်းကစားဆန်ဆန်လုပ်သွားရင်ရှုံးပြီးလှူသွားသလိုဖြစ်နေမှာပါ။
- အဓိကတော့စိတ်ရှည်ဖို့ပါ။ ပုံမှန်လေးလေ့လာနောက် တစ်နှစ်ငါးနှစ်တူတော့မှာ မဟုတ်ပါဘူး။ အဲဒီတော့နေ့ချင်းညချင်းချမ်းသာချင်တာတွေကို အရင်ထားပြီး သိသင့်တာတွေကို အရင်လေ့လာပါ။ စိတ်ရှည်ပါ။ လမ်းမှန်ပေါ်ရောက်ဖို့လိုတယ်။
ကိုယ်ဘယ်ဟာမှန်လဲ၊ မှားလဲ လိုအပ်နေလဲသုံးသပ် Practice လုပ်ကြည့်ပြီးတော့ ကိုယ့်ထက်အတွေကြုံရှိတဲ့သူတွေကိုမေး။ ပုံမှန်လေ့လာသွားလို့ရပါတယ်။
- ဒါကိုစိတ်ရှည်တာလို့ပြောတာပါ။ မျှော်လင့်တယ် ဆ်ိုတဲ့နေရာမှာလွဲနေတာ နောက်တစ်ခုရှိသေးတယ်။ အဲ့ဒါကတော့ Indicators တွေအပေါ်မှာ အရမ်းမျှော်လင့်တာပါပဲ။
- တကယ်တော့ Indicators ဆိုတာ Trader ရဲ့အတွေ့ကြုံနဲ့ပါ ပေါင်းဆက် မှာရလာဒ်ကောင်းထွက်လာတာပါ။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ကြတာပါ။ ဒေါ်လာထောင်ချီပေးရတယ်ပဲပြောပြေ ာဘယ် Indicators, ၁၀၀ရာခိုင်နှုန်းမမှန်နိုင်ပါဘူး။
- အရာရာတိုင်းမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်မှာရှိနေကြပါတယ်။ အဲ့ဒီထဲမှာ အမှန်တကယ်အရေးကြီးတဲ့ Mindset နဲ့ Management လည်းပါပါတယ်။ စီးပွားရေး လုပ်ပြီဆိုရင်တော့ဘယ်စီးပွားရေးဖြစ်ဖြစ် ဘဏ်တိုးထက်ပို လိုချင်လို့လုပ်ပြီဆိုရင်တော့ Risk ရှိနေမှာပါ။
- Forex မှာလည်းအတူတူပါပဲ။ စီးပွားရေးတစ်ခုလို တွေးပါ။ ခံစားမှုကိုထိမ်းချုပ်တတ်အောင်ကြိုးစားပါ။
- နောက်ထပ် Forex Trader များသိသင့်ပြီး လိုက်နာသင့်တဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါက Trade လုပ်တဲ့ နေရာမှာ သုံးမယ့်ပိုက်ဆံပါပဲ။ အဲ့ဒီငွေသည် တနည်းအားဖြင့် ပြောပြမယ်ဆိုရင် ကိုယ် Risk ယူရမယ့်ငွေပါ။
- အဲ့ဒီငွေဟာကိုယ် Trade လို့အဆင်ပြေလောက်မယ့်ပမာဏရှိရမယ်။ အရမ်းနည်းတဲ့ပမာဏနဲ့ မ Trade သင့်ပါဘူး။ အရမ်းနည်းတဲ့ ငွေကြေးလို့ ပြောလို့ ပမာဏအရမ်းများရမယ်လို့ ပြောတာမဟုတ်ပါဘူး။
- ဒါပေမယ့် Trader လို့ အဆင်ပြေလောက်မယ့် ပမာဏတစ်ခု ရှိရမယ်။ ပုံမှန်ကိုယ်တစ်ခါ Trade ရင် ကိုယ့် Risk ယူမယ့် ငွေကြေး ပမာဏဟာရှိတဲ့ စုစုပေါင်း ကိုယ့်ငွေပမာဏရဲ့ ရာခိုင်နှုန်း အရမ်းမများဖို့ ကိုဆိုလိုတာပါ။
- ဆိုလိုတာက Risk ရာခိုင်နှုန်း ကိုပဲလျော့စေချင်တာပါ။
ဒါဆိုရင်ဘယ်လိုလုပ်မလဲ⁉
- Lot size ကို လျော့ချရမှာပေါ့။ အဓိက Key Point က ဒါပါပဲ။ အမြဲတမ်း Lot နဲ့ Risk Amount ကိုချိန်ဆပါ။ ငွေနည်းရင် Lot ကို လျော့ပါ။ Risk လုပ်ရမယ့် ရာခိုင်နှုန်း ကို နည်းစေချင်တာပါ။
ဘာကြောင့်လဲ⁉
- Stress လျော့အောင်လို့ပါ။ Emotion ကို ထိန်းနိုင်အောင်လို့ပါ။ အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့က Mindset က အရမ်းအရေးကြီးလို့ပါ။
- Trading မလုပ်ခင်မှာ တွေးပါ။ ပြီးရင် Trade ပါ။
- Trade တဲ့အခါလုပ်သင့်တာတွေကို တဆင့်ပြီး တစ်ဆင့်လုပ်ပါ။ ပြီးရင်တော့ Relax လုပ်ပါ။ Forex Trading အတွက် ရင်းနှီးမြုပ်နှံမယ့်ငွေကြေး သည် ကိုယ််ဘဝ အတွက် အဆုံးရှူံးခံလို့မဖြစ်တဲ့ငွေကြေးဖြစ်နေတယ်ဆိုရင် မလုပ်ပါနဲ့။ စိတ်အေးလက်အေး ကောင်းကောင်း စဥ်းစားလို့ရအောင် ကိုယ်နိုင်တဲ့ ပမာဏအတွင်းကပဲ လွတ်လွတ်လပ်လပ် လုပ်သင့်ပါတယ်။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment