Tuesday, March 28, 2023

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )


💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် မှန်း သုံးသပ်ရာတွင် 70%  အထောက် ကူ ဖြစ်သော Indicator တစ်ခု ဖြစ်သည် ။

💥💥 RSI သည် Oscillator Indicator အမျိုး စား ဖြစ် သည် ။ Market သာ အရောင်း ကျွံ ( Over Sold )အဝယ် ကျွံ (Over bought)  ဖြစ်နေ သည့် အခြေ နေ ကို များ သော အားဖြင့် ဖော် ပြပေးပါသည်။

💥💥 RSI မှာ 0 မှ 100 ထိ Scal  ရှိ ပါတယ် ။
RSI 50  အထက် ဆို ရင် ဈေး တက်နိုင်ချေ များ ပြီး
RSI 50 အောက် ဆို ရင် ဈေး ကျ နိုင်ချေ များ ပါတယ်။

💥💥 RSI (70 ) အထက် ဆို ရင် Over bought   အဝယ် လွန် Zone ဖြစ်ပြီး RSI (30)အောက်  ဆို Over sold  အရောင်း လွန် zone ဖြစ် သည် ။ တနည်း အား ဖြင့် RSI (70) အထက် မှာ အရောင်း တွေ ဝင်လာနိုင်ပြီး  RSI (30) အောက် မှာ အဝယ် တွေ ဝင်လာနိုင် ပါတယ် ။

💥💥RSI  (70) အထက်ဆို Trend မှာ Uptrend မှ Downtrend သို့ အစပြုလာချိန် ၊ ဒါမှ မဟုတ် ဈေး တန်း တစ်ခု ဟာ အမြင့် ဆုံး တစ်နေရာ ရောက်နေမှာ ဖြစ်ပါတယ် ။

💥💥 RSI (30) အောက် ဆို Trend မှာ Downtren မှ Uptrend သို့ အစပြု လာချိန် ၊ ဒါမှ မဟုတ် ဈေးတန်း တစ်ခု ဟာ အနိမ့် ဆုံး တစ်နေရာ ရောက်  နေမှာ ဖြစ်ပါတယ်။

💥💥 RSI (50) ဆို ရင် အရောင်း ဝယ် မျှ နေတဲ့ အချိန် ဖြစ်ပါတယ် ။ ဈေးတန်း လားရာ အရ ဆို ရင် 50 အထက်ဆို Uptrend လို့ ယူဆ နိုင်ပြီး 50 အောက်ဆို ရင် Downtrend လို့ ယူဆ နိုင်ပါတယ်ရှင်။

Forex Trdaing မှာ ဘယ် Indicator မှ 100% မမှန် တာ ကို အထူး သတိ ပြုရပါမယ်ရှင်။

Post အားလုံးဖတ်ရန်

Sunday, March 26, 2023

Billionaire, Millionaire ဖြစ်နိုင်ဖြစ်ထိုက်

အသက်ငယ်ငယ်နဲ့ Billionaire, Millionaire ဖြစ်သွားတဲ့သူတွေရှိပါတယ် ။ ကျွန်တော်တို့နိုင်ငံကတော့ မဟုတ်ပါဘူး။ သူတို့နဲ့ ကိုယ်နဲ့ ဘာတွေကွာသွားလို့လဲ? အစစအရာရာကွာပါတယ်။ ဒီနိုင်ငံမှာလည်း လူငယ်တွေ Billionaire ဖြစ်ဖို့ အခွင့်အရေးရှိပါသေးတယ်။ ဘာအခွင့်အရေးဆိုတော့ နိုင်ငံမရွေး၊ လူမျိုးမရွေး လူသားတိုင်း တန်းတူအခွင့်အရေးကို မျှတစွာ ပေးနေတဲ့ #Forex Trading ကြောင့်ပါ။  

#Forex Trading က ဘာတွေထူးခြားနေတာလဲ? သူ့နဲ့ အားနည်းချက် အားသာချက်တွေက ဘာတွေလဲ??

#Forex_Tradingရဲ့အားသာချက် ✨

1. #Hight Liquidity ငွေဖြစ်လွယ်ခြင်း 
( တစ်ကမ္ဘာလုံးကရောင်းဝယ်နေတာဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်တာ မြန်တယ်
ငွေဖော်ရမြန်တယ်)💸

2. #Leverage ဆတိုးရောင်းဝယ်ခြင်း 
( ကိုယ့် Deposit ထားတဲ့ငွေထက်ပိုပြီးအရောင်းအဝယ်လုပ်လို့ရတယ်)💸

3. #24hrs Market 
(စျေးကွက်က 24 hrs နီးပါးဖွင့်နေတာမို့ ကြိုက်တဲ့အချိန် trade လို့ရတယ်)🏪

4. #Low transaction costs ကုန်ကျစရိတ်နည်းခြင်း
ကိုယ်ပိုင် Business တစ်ခုဖြစ်ပြီး ဝန်ထမ်း ဆိုင်ခန်း မလိုပဲ ကုန်ကျစရိတ်လျော့ချနိုင်ခြင်း။

( အရောင်းအဝယ်လုပ်ဖို့ Deposit ငွေအပြင်တစ်ခြားကုန်ကျစရိတ်ဘာမှမရှိဘူး)

5. #Anyone can Trade Anytime Anywhere
(အချိန်နေရာမရွေး အရောင်းအဝယ်လုပ်နိုင်ပါတယ်)

6. #Decetralized Market ဗဟိုထိန်းချုပ်မှုမရှိခြင်း

(ဒီစျေးကွက်မှာနိုင်ငံတိုင်းကရောင်းဝယ်​နေတာဖြစ်လို့ ဘယ်သူကမှချုပ်ကိုင်ထားတာမရှိသလို ​​ထိန်းချုပ်ထား​ခြင်းမရှိပါ)

7. #Main Business / Second Business အဖြစ်လည်းလုပ်ကိုင်နိုင်ခြင်း။

8. #Main Business ရှိပြီးသားသူတွေဆိုရင် Second Business အနေနဲ့တွဲလုပ်နိုင်ခြင်း။

9. #Phone / Laptop / Internet ရှိရုံနဲ့ အလုပ်လုပ်လို့ရနိုင်ခြင်း။

10. #Two Ways Market ဖြစ်တာကြောင့် စျေးအတတ်ရော အကျရော အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း။

11. အကန့်အသတ်မရှိ အကျိုးအမြတ်ရနိုင်ခြင်း။

12. မည်သူမဆို ဝင်ရောက် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း။

13. #Forex Market မှာကိုယ်တိုင် အရောင်းအဝယ်လုပ်ရပေမယ့် Advisor ရဲ့အကြံပေးမှုကိုရယူနိုင်ခြင်း။

14. Trading Account ဖွင်တဲ့ Deposit ငွေအပြင် အခြားဘာ Charges / Commision မှပေးစရာမလိုခြင်း။

15. မိမိ Trading Account ကိုကိုယ်တိုင် Management လုပ်နိုင်ခြင်း။

🍀🍀🍀🍀

🛑 #Forex_Trading ရဲ့အားနည်းချက်များ

1️⃣ စျေးအတတ် အကျ မြန်ခြင်း။

2️⃣ ယုံကြည်စိတ်ချရတဲ့ Broker တွေလိုအပ်ခြင်း။

3️⃣ Emotion မထိန်းနိုင်ရင် Risk များနိုင်ခြင်း။

💹 Forex market ကို စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ် , စျေးအတတ်အကျ ခန့်မှန်းချက်များကိုစိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ် ငွေကြေးလဲလှယ်နှုန်းများ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် Forex Market မှာ ကိုယ်တိုင်ဝင်ရောက်ပြီး အကျိုးအမြတ်ရယူနိုင်ရန်အတွက် - 

Post အားလုံးဖတ်ရန်

Saturday, March 25, 2023

ဘာကြောင့် Supply and Demand Trading Method ကိုလေ့လာသင့်တာလည်း


(ဒီနေ့တော့ ပထမဆုံးနေ့အဖြစ် ဒီသင်တန်းတခုလုံးရဲ့ အဓိက ကျောရိုးကို မျှဝေလိုက်ပါတယ်။ စာနှစ်ပုဒ်ဖြစ်ပြီး ညနေပိုင်းမှာ နောက်တပုဒ်ထပ်မံမျှဝေပါမယ်ခင်ဗျာ) 
ဘယ်စီးပွါးရေးကို လုပ်သည်ဖြစ်စ မစခင်ကတည်းက ကျွန်တော်တိုအနေနဲ့ ယင်းလုပ်ငန်းနဲ့ပတ်သတ်ပြီး သိနိုင်သမျှ အရာအားလုံးကို သိရှိထားသင့်ပါတယ်။ ဒီလို သိသင့်တာ၊ သိနိုင်တာတွေ သိရှိ၊နားလည်အောင် မလုပ်ထားရင် ကျွန်တော်တိုအတွက် အောင်မြင်မှုရဖို ခဲယဉ်းပါလိမ့်မယ်။ Forex Trading ကလည်း ထိုနည်းအတိုင်းဖြစ်ပါတယ်။ သိသင့်တာတွေများလွန်းပါတယ်။ ဒီထဲကမှ သိနိုင်သမျှအရာအားလုံးကို သိရှိထားဖို ကြိုးစားထားရမှာဖြစ်ပါတယ်။ 
Forex Market မှာ ကြည့်ရင် အဓိက Key Players ၂မျိုးနဲ့ဖွဲစည်းထားတာဖြစ်ပါတယ်။ ဒီ Key Players တွေက Market Makers နဲ့ Retails Traders တိုဖြစ်ပါတယ်။

Market Makers ဆိုတာ... 
Market Makers ဆိုတာ ဘဏ်တွေ (Banks)၊ ငွေကြေးအဖွဲအစည်း (Financial Institutions) တွေဖြစ်ပါတယ်။ ဒါ့အပြင် Retails Traders မဟုတ်တဲ့ Trading Volume များတဲ့ အစိုးရတွေ၊ ရင်းနှီးမြုပ်နှံမှုအဖွဲအစည်း (Investment) တွေ စတာတွေလည်းပါတယ်။ တကယ်တော့ Market Makers ဆိုတာ Trading Volume များသော၊ အမြဲတမ်း တိုလီတိုလီနဲ့ အရောင်းအဝယ်မလုပ်နေသော၊ မားကတ်ကိုရွေ့လျားစေသော Smart Money ဖြစ်ပါတယ်။ မားကတ်ရဲ့ ရွေ့လျားမှုတွေဟာ Smart Money တွေကြောင့်ဖြစ်ပြီး Market Volume 80% အထက်ကလည်း Smart Money တွေဖြစ်ပါတယ်။ မားကတ်ကို သူတိုရွေ့ချင်တဲ့ အနေအထား၊ လားရာဆီကို ရွေ့လျားစေနိုင်တဲ့ အစွမ်းတွေရှိကြပါတယ်။
Smart Money (Institutional Traders, Market Makers) တွေတာနဲ့အညီ "Retails Traders တွေဘယ်လို သုံးသပ်လည်း၊ ဘယ်လိုစိတ်ရှိလည်း၊ ဘယ်လိုအရောင်းအဝယ်လုပ်လည်း၊ Stop loss တွေဘယ်မှာရှိလည်းဆိုတာ စတာတွေကို နှိက်နှိက်ချွတ်ချွတ်သိနားလည်ပြီး Retails Traders တွေရဲ့ ပိုက်ဆံ (Stop Loss) ကိုဘယ်လိုကစားရမလည်းဆိုတာ အထူးကျွမ်းကျင်ကြပါတယ်။” အခုကျွန်တော်ပြောတာတွေက အမှန်တရားပါ။ အောက်က ပုံကို ကြည့်ပါ။ ပထမပုံပြီးမှ ဒုတိယပုံကိုကြည့်ပေးပါ။


အထက်ပါ ဥပမာအရ.. ကျွန်တော်တို Retails Traders တွေရဲ့ အရောင်းအဝယ်လုပ်တဲ့ ပုံစံနဲ့ Market Makers တွေက ကျွန်တော်တိုရဲ့  Money (SL) တွေကို ယူစားလည်းဆိုတာ မြင်သာမယ်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးက Forex Market မှာ အချိန်နဲ့အမျှဖြစ်နေတာပါ။ ဒါကို ကျွန်တော်တို သတိမထားဘူးဆိုရင် အမြဲတမ်း Market Makers တွေရဲ့ ထောင်ချောက်ထဲရောက်နေပါလိမ့်မယ်။ ဒီလို ထောင်ချောက်ထဲမရောက်ဖိုအတွက် Supply and Demand ကိုလေ့လာပြီး Market Makers တွေရဲ့ အရောင်းအဝယ်လုပ်တဲ့ ပုံစံအတိုင်းအရောင်းအဝယ်လုပ်ခြင်း၊ ယင်းတိုကို Follow လုပ်ခြင်းဖြစ် ထောင်ချောက်ကျခြင်းတွေ လျော့ပါး သက်သာလာနိုင်ပါတယ်။ 
Banks တွေ၊ Financial Institutions တွေဖြစ်တဲ့ Market Makers တွေမှာ ဘယ်ဇုန်ရောက်ရင် ဝယ်မလည်း? ဘယ်ဇုန်‌ရောက်ရင် ရောင်းမလည်းဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။ ကျွန်တော်တိုအနေနဲ့ အဲဒီဇုန်တွေကို ဖေါ်ထုတ် (Identify) နိုင်ရင် ကျွန်တော်တိုရဲ့ Trade နဲ့ Market Makers တွေရဲ့  Trade က အတူတူပဲဖြစ်ပြီး သူတိုကို ဆန့်ကျင်ပြီး အရောင်းအဝယ်လုပ်လို Loss ဖြစ်မယ့်အစား သူတိုနဲ့အတူတူ အမြတ်ရနိုင်မှာဖြစ်ပါတယ်။



Supply and Demand ကိုလေ့လာပြီးတဲ့အခါမှာ မားကတ်ကိုကြည့်တဲ့၊ မြင်တဲ့အမြင်တွေ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် Smart Money တွေရဲ့ အယူအဆ၊တွေးမြင်ပုံတွေနဲ့ မားကတ်ကို ချဉ်းကပ်တတ်လာပါလိမ့်မယ်။ ဒီ Supply and Demand Course ကိုလေ့လာတဲ့ ရည်ရွယ်ချက်ကလည်း အဲလို ချဉ်းကပ်တတ်စေဖိုမဟုတ်ပါလားဗျာ.............

"ကွန်မန့်အတွက် Chat Group နဲ့ချိတ်ဖို့က မေ့နေလို့၊ ဒီနေ့မှ ချိတ်ဖြစ်တယ်။ ဒါကြောင့် မန့်ဘောက်စစ် အခုပို့စ်ကနေစပြီး နောက်တင်တဲ့ သင်ခန်းစာတွေကျရင် ပေါ်လာလိမ့်မယ်ခင်ဗျ" မန့်ဘောက်စ်ပေါ်လာရင် မေးမြန်းဆွေးနွေးလို့ရပါပြီး

Post အားလုံးဖတ်ရန်




လုပ်နိုင်တာတွေ လုပ်ကြစေ



Trading နဲ့ ပတ်သက်ပြီး Page ကနေ ရေးနေတာ အချိန်
တခုတော့ ရှိခဲ့ပါပြီး။ ကျွန်တော်တို့ ဆောင်ရွက်တဲ့ ကိစ္စတွေ
ဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုကနေ လာပါတယ်။ ရွေးချယ်
မှုကနေလာတဲ့ ကိစ္စ၊ လုပ်ငန်းတွေဖြစ်လို့ ယင်းလုပ်ငန်းနဲ့ 
ပတ်သက်ပြီး တော်တော်များများ ပိုင်နိုင်ကျွမ်းကျင်မှုရှိပြီးလို့ 
ယူဆရပါတယ်။ ဘာလို့ဆိုတော့ ငွေနဲ့ရင်းရတဲ့အလုပ် တနည်း
အားဖြင့် အလုပ်တခုဖြစ်တာမို့ ဘာမှမသိဘဲနဲ့ လုပ်ကိုင်
ဆောင်ရွက်မှာတော့ မဟုတ်ကြပါဘူး။ အနည်းအများ သိလို့၊ 
တတ်လို့၊ နားလည်လို့၊ ယုံကြည်စိတ်ရှိလို့ ဝင်ရောက်လုပ်ကိုင်
ကြတာဖြစ်ပါတယ်။ 

ဒီလိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ အထူးသဖြင့် Forex 
Trading မှာ ကျွန်တော်တို့ ဆောင်ရွက်နိုင်၊ တတ်နိုင်၊ 
ထိန်းချုပ်နိုင်တဲ့ ကိစ္စရှိသလို၊ တချို့အရာတွေကိုတော့ 
ကျွန်တော်တို့ ထိန်းချုပ်နိုင်ခြင်း မရှိ၊ မထိန်းချုပ်နိုင်ဘူးဆို
တာ ရှင်းလင်းစွာသိထားဖို့လိုပါတယ်။ ဒါဆိုရင် ဘယ်လိုကိစ္စ
တွေက ကျွန်တော်တို့ နိုင်တဲ့အရာတွေလည်း? ဘယ်လိုကိစ္စ
တွေ ကျွန်တော်တို့ လုပ်လို့မရတဲ့ အရာတွေလည်း? ဆိုတာ သိ
ဖို့လိုပါတယ်။ 

Forex Trading နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ‌ဆောင်ရွက်
နိုင်၊ လုပ်ကိုင်နိုင် တနည်းအားဖြင့် ကျွန်တော်တို့ပေါ်မှာပဲ မူတည်တဲ့အရာတွေထဲမှာတော့ .... 

(1) Risk 
Risk ဆိုတဲ့ ဆုံးရှုံးနိုင်ချေက ကျွန်တော်တို့ ကာကွယ်၊ ထိန်း
ချုပ်နိုင်တဲ့အထဲပါ ပါတယ်။ ဥပမာ.. Trade တကြောင်းဖွင့်
ရင် Risk ဘယ်လိုယူပြီး Position Sizing ကို ဘယ်လို
လုပ်မလည်းဆိုတာ ကျွန်တော်တို့ကိုယ်တိုင် စီမံထိန်းချုပ်နိုင်ပါတယ်။

(2) Entry 
Entry ကလည်း မိုးပေါ်က ကျလာတာမဟုတ်ဘဲ၊ ကျွန်တော်
တို့ ကိုယ်တိုင် နားလည်းတတ်ကျွမ်းတဲ့ နည်းစနစ်တွေအရ 
ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လိုအခြေအနေမှာ Trade 
လုပ်ရမလည်းဆိုတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင်
စီမံထိန်းချုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။

(3) Exit
Exit ဆိုတဲ့ Trade ကနေထွက်ခြင်းထဲမှာ အမြတ်ရလို့ 
ထွက်ခြင်း၊ TP ထိလို့ထွက်ခြင်း၊ SL ထိလို့ ထွက်ခြင်း၊ 
အခြေအနေမကောင်းလို့ ထွက်ခြင်း စတာတွေပါဝင်ပါတယ်။ 
မားကတ်ကို ကိုယ်တိုင်နားလည်၊ ကိုယ်တိုင်သုံးသပ်ပြီး အ
ရောင်းအဝယ်လုပ်ထားတာဖြစ်လို့ ဘယ်အချိန်မှာ ထွက်ရမ
လည်း? ဘယ်လိုအခြေအနေမှာ ထွက်ရမလည်း? ဘယ်နေရာ
မှာ TP, SL ထားရမလည်းဆိုတာကို ကိုယ်တိုင် ထိန်းချုပ်၊ ကိုင်တွယ်နိုင်ပါတယ်။ 

(4) Reason to Trade 
ဘာကြောင့် Trade လုပ်တာလည်း? တနည်းအားဖြင့် ဘာ
ကြောင့် Entry လုပ်တာလည်း၊ ဘာကြောင့် Exit လုပ်တာ
လည်းဆိုတဲ့ အကြောင်းပြချက်ကို ကိုယ်တိုင် ထိန်းချုပ်၊ စီမံ
နိုင်ပါတယ်။ အကြောင်းပြချက်ခိုင်မာရင် ရလဒ်ကောင်းမှာဖြစ်
ပြီး အကြောင်းပြချက် မခိုင်မာရင် ရလဒ်မကောင်းနိုင်ပါဘူး။ 
ရလဒ်ကောင်းစေတဲ့ Reason to Trade ကလည်း 
အလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။ ကိုယ်တိုင်ရဲ့ 
အပေါ်မှာပဲ မူတည်ပါတယ်။

(5) Position Size 
Trade တကြောင်းအတွက် ဘယ်ရွေ့ဘယ်မျှ ပမာဏအ
ရောင်းအဝယ်လုပ်ရမလည်းဆိုတာ ကိုယ်တိုင်ပဲ တွက်ချက် 
ဆုံးဖြတ်ရတာပါ။

(6) What You Trade
ရွှေလား၊ ငွေကြေးအတွဲလား၊ အခြားသောအရာတွေ အ
ရောင်းအဝယ်လုပ်မလားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရတာ
ပါ။

(7) How often you Trade
ဘယ်နှစ်ကြိမ်အရောင်းအဝယ်လုပ်မှာလည်း? တနေ့ကို တ
ကြိမ်လား? ၁၀ ကြိမ်လား? ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို
ထွက်မှာလား စသဖြင့် ကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်နိုင်ပါတယ်။ 

(8) Your reaction toward the outcome 
ထွက်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ဘယ်လိုတုန့်ပြန်မ
လည်း? ကိုယ့်အပေါ်ပဲမူတည်ပါတယ်။ ထကမှာလား? ထိုင်ငို
မလား? ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ်ရဲ့ ရလဒ်ကို တည်တည်
ငြိမ်ငြိမ်နဲ့ ရင်ဆိုင်မလား စသဖြင့်။
ပြောရရင် မားကတ်မှာ ကျွန်‌တော်တို့ ဘက်ကလုပ်နိုင်တာ
တွေ၊ လုပ်ရမှာတွေ အများကြီးရှိပါတယ်။ အဲဒီအများကြီးကို 
မလုပ်ဘဲ၊ လုပ်ဖို့ မပြင်ဆင်ဘဲ ကျနော်တို့ လုပ်နိုင်၊ ဆောင်
ရွက်နိုင်တာမဟုတ်တဲ့ ကိစ္စတွေအပေါ် အာရုံများ၊ ခေါင်းစားနေမလား? ဆိုတာ စဉ်းစားစရာပါ။ 

Forex Trading နဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုပ်လို့မရ၊ အတင်းဖြစ်ခိုင်းလို့မရတဲ့ အထဲမှာတော့.. 

(၁) The Price Movement 
Market ထဲမှာဖြစ်ပေါ်လာမယ့်၊ ဖြစ်ပေါ်နေတဲ့ စျေးနှုန်းအ
တက်အကျ၊ အရွေ့စတာတွေကို ကျွန်တော်တို့ လုံးဝဖန်တီး၊ 
ပြောင်းလဲလို့မရဘူး။ ဖြစ်နေတဲ့အပေါ်မှာပဲ လိုက်ပါ
ဆောင်ရွက်ရမှာဖြစ်ပါတယ်။

(၂) Market News
Market နဲ့သက်ဆိုင်တဲ့၊ ရိုက်ခတ်နိုင်တဲ့ သတင်းတွေအများ
ကြီး နေ့စဉ်ထွက်နေတာမျိုးတွေ့ရနိုင်တယ်။ ဒါပေမယ့် အဲသ
တင်းတွေကို ဘယ်လိုသတင်းဖြစ်တော့မလာနဲ့။ ဘယ်လိုသ
တင်းတွေတော့လာပါ။ ဒေတာတွေကောင်းပါစေ။ စသဖြင့် 
ကျနော်တို့ စီမံ၊ ဆောင်ရွက်လို့မရပါဘူး။ သတင်းတွေ အချိန်
မရွေးထွက်ပေါ်လာနိုင်တာ သိရင်ကိုရပါပြီး။

(၃) Out Come of the Trade
ကိုယ်က Trade တကြောင်းကို စနစ်တကျ (Money, 
Method, Management) ကျနာစွာ သုံးသပ်၊ 
အရောင်းအဝယ်ပြုထားတယ်ဆိုပေမယ့် တကယ်ရလဒ် 
ဘယ်လိုထွက်လာရမယ်ဆိုပြီး အတင်းဖြစ်စေလို့မရဘူး။ 
အချိန်မရွေး ဘာမှမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမှာ ဘယ်လို
တော့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကိုဖျောက်ပြီး ကိုယ့်ဘက်
က အကောင်းဆုံးလုပ်ထားပြီးဖြစ်တဲ့အတွက် ထွက်လာတဲ့
ရလဒ်ကို လက်ခံဖို့ပဲရှိပါတယ်။ ဘယ်လိုရလဒ်ထွက်ပေါ်လာပါ
လို့ အတင်းလုပ်လို့မရပေမယ့် အကောင်းဆုံးဆောင်ရွက်ထား
ရင် အဆိုးဆုံးရလဒ်ရဖို့တော့ ဖြစ်ခဲပါတယ်။ 

အချုပ်ကတော့.. Forex Trading လုပ်တဲ့အခါမှာ 
ကျွန်တော်တို့ လုပ်နိုင်တာတွေလည်းရှိ၊ မလုပ်နိုင်တာတွေ
လည်းရှိတဲ့အကြောင်း၊ လုပ်နိုင်တာ၊လုပ်လို့ရတာက 
အကောင်းဆုံးလုပ်ပြီး၊ လုပ်လို့မရ၊ ပြောင်းလဲလို့မရတဲ့ အရာ
တွေအတွက် အာရုံမများစေလိုတဲ့အကြောင်း ရေးသားမျှဝေ
လိုက်ရပါတယ်။ 

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Forex Trading Strategy ရွေးချယ်ခြင်း (7)(News Trading Strategy)


News Trading Strategy တနည်းအားဖြင့် သတင်း
များဖြင့် အရောင်းအဝယ်လုပ်ခြင်းဆိုတာကတော့ 
Trading ကို မားကက်သတင်းတွေ၊ မားကက်နဲ့ဆိုင်တာ 
Crowd Expectations လို့ခေါ်တဲ့ လူအများရဲ့ မျှော်
လင့်ချက်တွေပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်တာပါ။ အဲ
လိုလုပ်ကြတဲ့ အခါမှာ သတင်းတွေ မထုတ်ပြန်မှီ၊ သတင်းတွေ
ထုတ်ပြန်ပြီး စသဖြင့် ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် Economic Calendar နဲ့ Market 
News တွေကို အဓိကအာရုံစိုက်ပြီး အရောင်းအဝယ်အ
တွက် ဆုံးဖြတ်ကြတာမျိုးပါ။ သတင်းတွေဖတ် (News),
ဒေတာထုတ်ပြန်တာ (Economic Calender) ကြည့်
ပြီး အရောင်းအဝယ်လုပ်တာက News Trading or 
News Traders လို့ပဲ ခေါ်နိုင်ပါတယ်။ Fundamental Trader ဖြစ်ဖို့က အဲထက်ကို အများ
ကြီး Deeply ဖြစ်ဖို့လိုပါမယ်။

ဒီလို News Trading လုပ်ဖို့က အရေးကြီးဆုံးက ထွက်
ပေါ်လာမယ့် သတင်းတွေ၊ ဒေတာတွေမဟုတ်ပါဘူး။ အဲသ
တင်းတွေ၊ ဒေတာတွေကို ချက်ချင်းအကဲဖြတ်နိုင်ဖို့ နဲ့ တုန့်ပြန်
မယ့် ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထား (Emotion and 
Mindset) ကို ထိန်းကျောင်းတည့်မတ်နိုင်ဖို့သာဖြစ်ပါ
တယ်။ သတင်းတွေ၊ ‌ဒေတာတွေကို အကဲဖြတ်တဲ့အခါမှာလည်း 

(၁) သတင်း (သို့မဟုတ်) ဒေတာက ဘယ် instrument 
(Trading Pair) ပေါ်မှာ သက်ရောက်မလည်း?

(၂) သတင်း (သို့မဟုတ်) ဒေတာတွေ မထွက်ပေါ်မှီမှာ စျေး
နှုန်းတွေက ယင်းသက်ရောက်နိုင့်မယ့် Instrument ပေါ်
မှာ Price In (စျေးကြိုတက်ထားပြီးပြီး၊ ကြိုကျထားပြီး
ပြီး) ဖြစ်ထားပြီးပြီးလား?
- တခါတလေ မားကက်မှာ သတင်း/ဒေတာတွေကို ကြိုတွေး၊ ကြိုအဖြေထုတ်ပြီး စျေးနှုန်းတွေက ကြိုတက်ထား၊ ကြိုကျ
ထားတာလည်းတွေ့နိုင်ပါတယ်။ 

(၃) သတင်း (သို့မဟုတ်) ဒေတာက မားကက်မျှော်မှန်းချက် 
(Forecast) နဲ့ ကိုက်ညီလား မကိုက်ညီဖူးလား? 
- တခါတလေ သတင်း/ဒေတာတွေကို ကောင်းမယ် ဘယ်
အတွဲကဖြစ် စျေးတက်မယ်ဆိုပြီး သုံးသပ်ထားတယ်။ အဲလို
သုံးသပ်ထားလို့လည်း မားကက်က ကြိုပြီး Price in ဖြစ်
ထားပြီပြီး၊ တကယ် ဒေတာလည်းထွက်လာရော ဒေတာကမ
ကောင်းဘူး။ ဒါဆိုရင် ကြိုတက် (Price In) ထားတဲ့ စျေး
တွေကဘယ်လိုဖြစ်မလည်း? စသဖြင့် အကဲဖြတ်တဲ့အခါ 
ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

News Trading လုပ်တဲ့အခါ သတင်း၊‌ဒေတာတွေကို 
သာမန်ထက် ပိုပြီးထိတွေ့ရပါတယ်။ ဒီလိုထိတွေ့မှုပြုတဲ့အခါမှာ..

(၁) သတင်းတွေ/ဒေတာတွေထုတ်ပြန်ချက်တခုစီကို မိမိ
အမြင်နဲ့သာ ကိုင်တွယ်ဖို့၊

(၂) အထူးသတင်း/ဒေတာတွေအတွက် အရောင်းအဝယ်လုပ်
မယ့် ဗျူဟာကို ချမှတ်ဖို့။ (ဥပမာ .. Interest Rate ဆို 
ဘယ်လို၊ GDP ဆိုဘယ်လို စသဖြင့်)

(၃) Market Expectations (လူတွေရဲ့ မျှော်လင့်
ချက်) နဲ့ Market Reactions (တုန့်ပြန်မှု) က ထုတ်ပြန်
တဲ့ သတင်း/ဒေတာတွေထက် ပိုအရေးကြီးကြောင်း သိထား
ဖို့ လိုပါတယ်။

အချုပ်အားဖြင့်တော့. Trading ဟာ Fundamental
Technical နဲ့ Sentimental ဆိုပြီး နည်းစနစ် (၃) ခု 
ထောက်ကန်ထားတာပါ။ အဲထဲမှာပဲ News Trading 
(and Fundamental Trading) က ပိုပြီး ပင်ပန်းစေ
နိုင်ပါတယ်။ သာမန်ကျွမ်းကျင်မှုထက် ပိုတဲ့ ကျွမ်းကျင်မှု၊ 
Fundamental (News and Data) ကို 
Technical နဲ့တွဲစပ်နိုင်မှု၊ Market Expectations 
ဆိုတဲ့ Sentimental ကို နားလည်နိုင်ဖို့ လိုအပ်ကြောင်း 
ရေးသားမျှဝေလိုက်ပါယ်။
အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Forex Trading Strategy ရွေးချယ်ခြင်း (၆)Mean Reversion (2)


Forex Trading မှာ Mean Reversion 
Strategy ကို ချဉ်းကပ်တဲ့ ပုံစံ ၅ မျိုးရှိကြောင်း ရှေ့ပို့စ်မှာ 
တင်ပြခဲ့ပါတယ်။ အခုတော့ အဲဒီ ၅ မျိုးအကြောင်းကို ထပ်ပြီး
ဆွေးနွေးပေးပါမယ်။ 

(1) Technical Indicators
- RSI လို၊ Stochastic လို Indicator ကိုသုံးပြီး 
Extreme Oversold, Extreme Overbought 
စျေးတန်းကိုရှာဖွေအသုံးပြုကြပါတယ်။ Mean 
Reversion နည်းအရတော့ အဲနေရာတွေက Entry 

သို့မဟုတ် Exit လုပ်ဖို့ ကောင်းတဲ့နေရာတွေဖြစ်တယ်လို့ဆို
တယ်။ Standard deviation, Bollinger Bands 
နဲ့ Money Flow Index စတာတွေကလည်း ပုံမှန်မဟုတ်
ဘဲ မားကတ်အခြေအနေ ( extreme or unusual 
price moves) တွေကို ရှာဖွေ၊နေရာချဖို့ ‌ကောင်းတဲ့
အရာတွေဖြစ်ပါတယ်။ Technical Indicators ကို
အသုံးပြုတဲ့နည်းကတော့ အများစု ချဉ်းကပ်မှုလွယ်ပါလိမ့်
မယ်။ (ကိုယ်သုံးတဲ့ Indicator ကို ကိုယ်ကောင်းကောင်း
နားလည်းကျွမ်းကျင်ဖို့တော့ လိုပါမယ်။) 

(2) Financial Information/ Fundamentals
သူကတော့ company report တွေ၊ PE ratios၊ 
earnings reports စတဲ့ ဒေတာအချက်အလက်တွေကို 
ကြည့်ပြီး Mean Average နည်းကို အသုံးပြုတာမျိုးပါ။ 
ဥပမာ ၃လတကြိမ်ထုတ်ပြန်တဲ့ ဝင်ငွေရရှိမှု (ပထမသုံးလ
ပတ်)က ရေရှည်ပျမ်းမျှနှုန်းထက် ကျော်လွန်နေမယ်ဆိုရင် 
နောက်သုံးလပတ်မှာဆိုရင် သူ့ရဲ့ ရေရှည်ပျမ်းမျှ (Mean) 
နားကို ပြန်ရောက်လာနိုင်တယ်ဆိုတာမျိုးပေါ့။ အဲအပေါ်မှာ 
သုံးသပ်ဆောင်ရွက်ပါတယ်။ Extreme Events တွေက 
စီးပွါးရေးဒေတာတွေအပြင် ပထဝီနိုင်ငံရေးအခြေအနေ၊ 
ရာသီဥတုစတာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒါ
ကိုလည်း Financial Information/ 
Fundamentals ထဲမှာ ထည့်သွင်းပါတယ်။

(3) Economic Indicators
အပတ်စဉ်၊ လစဉ်ထုတ်ပြန်တဲ့ GDP, Interest Rate စ
တဲ့ Economic Indicators တွေကလည်း မားကတ်
မှာ Extreme Events တွေဖြစ်စေနိုင်တဲ့အတွက် 
Mean Reversion ကို အသုံးပြုတဲ့သူတွေက 
Economic Indicators ကိုစောင့်ကြည့်ကြပါတယ်။

(4) Sentiment Indicators
မားကတ်မှာဖြစ်ပေါ်နေတဲ့ အခြေအနေ၊ စျေးနှုန်း စတာတွေ
က reflection of the crowd ဖြစ်တဲ့အတွက် တချို့
သောရင်းနှီးမြုပ်နှံသူများက Sentiment 
Indicators/investor confidence/investor 
sentimement များကိုလည်း သတိထားစောင့်ကြည့်ကြ
ပါတယ်။ ဥပမာ .. ရာခိုင်နှုန်းအများစုကစျေးကျမယ်လို့ မြင်
နေရင် ဒါက မားကတ်အပေါ် Pessimism (အဆိုးမြင်မှု) 
သိပ်များနေတဲ့သဘောပေါ့။ 

(5) Pair Trading 
Pair Trading ကတော့ အစုံလိုက်အရောင်းအဝယ်လုပ်တဲ့
ပုံစံဖြစ်ပါတယ်။ တနည်းအားဖြင့် Correlation သဘော
တရားကို အသုံးပြုတာမျိုးပေါ့။ ဥပမာ..အတွဲ၂ခု (ရွှေနဲ့ယူရို
ဒေါ်လာဆိုပါစို့) က အမြဲတမ်း Correlated ဖြစ်နေတယ်။ 
Mean အရလည်း အဲအတွဲက Correlated ဖြစ်တဲ့
အတွဲ။ ဒါပေမယ့်.. အကြောင်းအမျိုးမျိုးကြောင့် 
(Extreme Event) ဒီ ၂တွဲဟာ Correlated မဖြစ်
တော့ဘဲ ဖယ်ခွါသွားကြတယ်ဆိုပါစို့။ ဒါဆိုရင် Mean 
Reversion သမားက Correlated ပြန်ဖြစ်တဲ့အချိန်
ကို စောင့်ပြိး အခွင့်အရေးယူ၊ အ‌ရောင်းအဝယ်လုပ်သည့်
သဘောပါ။ 

အထက်က ရေးခဲ့တဲ့ ၅ချက်ကတော့ Mean Reversion 
ကိုသုံးတဲ့အခါမှာ သုံးနေကြ၊ သုံးလို့ရတဲ့ ပုံစံတွေဖြစ်ပါတယ်။ 
သုံးနည်းတော့မဟုတ်ပါဘူး။ သုံးနည်းကတော့ ကိုယ့်အတွေ့
အကြုံ၊ ကိုယ့်လေ့လာအား၊ ကိုယ့်အယူအဆနဲ့သာ ရှေ့ဆက်ရ
မှာဖြစ်ပါတယ်။ 
အချုပ်အားဖြင့်တော့ Mean Reversion ဟာ ဘဏ္ဍာ
ရေးဆိုင်ရာသီအိုရီတခုဖြစ်ပြီး၊ စျေးနှုန်းတွေဟာ Extreme 
Events တွေကြောင့် သာမန်ထက်လွန်ကဲပြောင်းလဲသွားနိုင်
ပေမယ့် သူ့ရဲ့ Long-run mean or Average 
Level သို့ ပြန်ရောက်မည်ဟူသော အယူအဆဖြစ်ပါ
ကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Forex Trading Strategy ရွေးချယ်ခြင်း (၅)(Mean Reversion)


Forex Trading Strategy နဲ့ ပတ်သက်ပြီး လေ့လာမှု
တွေကို တင်ပြခဲ့တာ အပိုင်း (၅) ကိုရောက်လာပါပြီး၊ ဒီ‌နေ့
အပိုင်းမှာတော့ တကယ်က Trend Trading 
Strategy အကြောင်းရေးရမှာပါ။ ဒါပေမယ့်အရင် အပိုင်း (၄) မှ Mean Reversion Strategy အကြောင်းကို 
ရေးသားပေးမယ်လို့ ပြောခဲ့လို့ အခုအပိုင်း(၅) မှာ Mean 
Reversion Strategy အကြောင်းကို ရေးသားပေးလိုက်
ပါတယ်။

Mean Reversion ဆိုတာ...
Mean ဆိုတာ Average (ပျမ်းမျှ) ကိုပြောတာဖြစ်ပါ
တယ်။သူက စျေးနှုန်းတွေက ဘယ်လောက်တက်တက်၊ 
ဘယ်လောက်ကျကျ သူ့ရဲ့ Mean or Average ကို 
ပြန်လာမယ်ဆိုတဲ့ အယူအဆကနေ ဖြစ်လာတဲ့ နည်းစနစ်ပါ။ 
Average ကို ပြန်ရောက်မယ်လို့ပြောတာပါ။ Average 
ဆိုတာက လက်ရှိစျေးကနေ အထက်မှာလည်း ရှိနိုင်သလို၊ 
အောက်မှာလည်း ရှိနိုင်ပါတယ်။ long-run mean or 
average level ကို စျေးတွေပြန်ရောက်မယ်ဆိုတာက
လည်း အရင်ဖြစ်ပျက်ခဲ့တဲ့ စျေးနှုန်းတွေအပေါ် အခြေခံပြီး 
တွက်ချက်ကြပြီး အရောင်းအဝယ်လုပ်ဖို့ သုံးစွဲကြပါတယ်။

Mean Reversion ဆိုတဲ့အယူအဆဟာ 
Regression to the mean ဆိုတဲ့ စာရင်းအင်း
ဆိုင်ရာ အယူအဆ (သီအိုရီ) တခုပေါ်အခြေခံပြီး ဖြစ်လာတာ
ပါ။ ဒီသီအိုရီကို စာရင်းအင်းပညာရှင်ဖရန်စစ်ဂယ်လ်တန် 
(Statistician Francis Galton) က တွေ့ရှိခဲ့တာဖြစ်
ပါတယ်။ "how extreme events are usually 
followed by more normal events" ဘယ်လို
ပြင်းထန်တဲ့၊ ကြီးမားတဲ့အရေးကိစ္စတွေဖြစ်ဖြစ် သူ့နောက်မှာ 
အဲဒီဖြစ်ရပ်ထက် ပိုမိုများပြားတဲ့ ပုံမှန်ဖြစ်ရပ်တွေ လိုက်လာ
မယ်ဆိုတဲ့သဘောပါ။ တနည်းအားဖြင့် ဘယ်လို High 
Impact အခြေအနေဖြစ်ပါစေ သူ့နောက်မှာ ပုံမှန်အခြေ
အနေက သူ့ထက်များတဲ့ အကြိမ်ရေထက် လာမယ်ပေါ့။ 

ဥပမာ... 
- အကယ်၍ ဘောလုံးအသင်းသည်ပွဲတစ်ပွဲမှာ ပုံမှန်မဟုတ်
သောဂိုးများကိုသွင်းယူပါကလာမည့်ပွဲတွင်မူ သူတို့ပျမ်းမျှ
အရေအတွက်သာ ဂိုးသွင်းနိုင်လိမ့်မည်။ (ပုံမှန်အတိုင်းသာ ဂိုး
ပြန်သွင်းနိုင်ချေများတယ်ဆိုတဲ့သဘော)
- ဒီနေ့မှာ ကျွန်တော်တို့ ပထမဆုံးတွေ့တဲ့သူကထူးထူးခြားခြား
အရပ်ရှည်တယ်ဆိုရင် နောက်တစ်ခါတွေ့ရမယ့်သူက သူ့
လောက်အရပ်မရှည်တဲ့သူဖြစ်လိမ့်မယ်။ (ပုံမှန်အရပ်ရှိတဲ့သူ
တွေပဲ ထပ်တွေ့ဖို့များတယ်။) 
- ဉပမာအားဖြင့် အကယ်၍ ဒီနေ့မှာ ရွှေဈေး က 50% ထိုး
တက်သွားရင် နောက်ရက်မှာ အဲဒီတက်တာထက် နည်းသွား
နိုင်သည်။ (နေ့တိုင်း 50% မတက်မယ့်သဘော)

(အကျဉ်းချုပ်ပြောရရင် ပုံမှန်မဟုတ်တဲ့အခြေအနေတခုဟာ 
ပုံမှန်၊ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားလေ့မရှိဘဲ ခေတ္တခဏပုံမှန် မ
ဟုတ်ပေမယ့် အချိန်တခုမှာ ပုံမှန်အခြေအနေပြန်ဖြစ်သွားမယ်
ဆိုတဲ့သဘော။ ပုံမှန်အတိုင်းဖြစ်မယ့် အချိန်ကာလက ပိုများ
မယ့်ဆိုတဲ့ အကြောင်းပါ) 

Forex Trading မှာ Mean Reversion ကို ဘယ်လို
အယူအဆနဲ့ အသုံးချကြလည်းဆိုတာ..
Forex Trading မှာတော့ Mean Reversion ကို 
အသုံးချတဲ့ပုံစံကတော့ ပုံမှန်မဟုတ် အခြေအနေတွေ 
(Extreme Events) ကိုရှာပြီး ပျမ်းမျှအခြေအနေနားထိ 
ပိုမိုနီးကပ်လာသည်အထိ အရောင်းအဝယ်ပြုကြတာဖြစ်ပါ
တယ်။ (တခြားပုံစံအယူအဆနဲ့ ချဉ်းကပ်ကြတာလည်းရှိနိုင်ပါ
တယ်။) 

ဒါပေမယ့်.. အထက်ကကျနော်ပြောခဲ့တာက အယူအဆတခု
သာဖြစ်ပြီး အဲအပေါ်မှာ လေ့လာစူးစမ်း၊ စမ်းသပ်ပြီး နည်း
စနစ်ကို တည်ဆောက်ရမှာပါ။ အမြဲတမ်း (ချက်ချင်း) 
Mean ကိုပြန်ရောက်နိုင်မှာမဟုတ်ပါဘူး။ တခါတရံ ဒီနေ့
မှာ 5% တက်တယ်။နောက်နေ့မှာ 1% ထပ်တက်တာလည်းရှိ
နိုင်ပါတယ်။ ပြီးမှ Mean ကိုပြန်ရောက်တာလည်း ဖြစ်နိုင်
တယ်။ ဒီတော့ Mean ကိုရှာတဲ့အခါမှာ ဆန့်ကျင်ဘက်မှာ
ကြီးပဲရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ "Mean 
Reversion ဆိုတာ" ရဲ့ အောက်က စာပိုဒ်ကိုပြန်ဖတ်ရင် 
နားလည်သွားမှာဖြစ်ပါတယ်။

Forex Trading မှာ ဘယ်နည်းနစ်တွေနဲ့ Mean 
Reversion Strategy ကို ချဉ်းကပ်ကြလည်းဆိုတော့...... 
Forex Trading မှာ Mean Reversion ကို ပုံစံ 
(5) မျိုးနဲ့ ချဉ်းကပ်ကြပါတယ်။ အောက်မှာရေးထားတာတွေ
က တိုက်ရိုက်အသုံးပြုဖို့မဟုတ်ပါဘူး။ ဘယ်လိုလုပ်လို့ရ လုပ်
ကြသလည်းဆိုတာကို အပေါ်ယံမိတ်ဆက်တင်ပြပေးတာသာ
ဖြစ်ပါတယ်။ သက်ဆိုင်ရာ Indicator တွေ၊ နည်းစနစ်တွေ
ကို သေချာလေ့လာပြိးမှ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချရမှာ
ဖြစ်ပါတယ်။ အဲဒါတွေကတော့..
(1) Technical Indicators
(2) Financial Information/ Fundamentals
(3) Economic Indicators
(4) Sentiment Indicators
(5) Pair Trading

(တခုချင်းစီ ရှင်းလင်းချက်နဲ့ ကျန်တဲ့အပိုင်းကို နောက်ပို့စ်မှာ ဆက်လက်တင်ပြပေးပါမယ်။)

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

ယနေ့ (၁) နှစ်မှာ (၁) ခါ ကြုံခဲသောFat Finger Trade or Fat-Finger Error



လတ်တလော ရွှေဈေးမားကက်မှာ အသံထွက်လာတဲ့ ကိစ္စတ
ခုမို့ ကျွန်တော်တို့ က ဗဟုသုတမျှဝေလိုက်ပါတယ်။ နာမည်
မှာကိုက Fat Finger တဲ့။ Fat က ဝတာ၊ ကြီးတာ၊ 
Finger ကလက်ချောင်းဆိုတော့ လက်ချောင်းကြီးကြီးနဲ့ 
အရောင်းအဝယ်ခလုတ်ကို နှိပ်တာပေါ့။ အဲလိုနှိပ်မိတော့ 
လက်ချောင်းက ကြီးနေတော့ မဆိုင်တာ သို့မဟုတ် နှိပ်လိုတဲ့ 
ပမာဏထက်ပိုနှိပ်မိပြီး မလိုအပ်တာတွေဖြစ်လာတော့တာပေါ့။ 

Financial Market မှာတော့  အဓိပ္ပါယ်ဖွင့်ဆိုရာမှာ 
"Fat Finger Error ဆိုတာ Input (Keyboard or 
Mouse) Error တခုဖြစ်ပါတယ်။ တနည်းအားဖြင့်မှား
ယွင်းနှိပ်မိ (Missed click) ဖြစ်တာပေါ့။ ဒီလိုမှားနှိပ်မိ
တဲ့ ဝယ်ရန် (Buy) သို့မဟုတ်ရောင်းချရန် (Sell) အမှာကို
သတ်မှတ်ထားသည်ထက်၊ ပိုမိုကြီးမားသောအရွယ်အစားပေး
မိသွားတာ၊ ဈေးနှုန်းမှားပြီးထားမိထားတာတို့ ဖြစ်သွားပါ
တယ်။" ဒီ Error က Human Error (လူကြောင့်ဖြစ်တဲ့ 
အမှားအယွင်း) လည်းဖြစ်ပါတယ်။ ဒီ Error ကသာမန်
အားဖြင့် ပြသာနာ မရှိပါဘူး။ အထူးသဖြင့် Retail 
Trader တွေမှားတာက ပြသနာမရှိပါဘူး။ ဘာလို့လည်းဆို
တော့ ပမာဏနည်းတာကိုး၊ Retail Trader အများစုက 
ဒီ Fat Finger Error မျိုး မှားဘူး၊ ကြုံဖူးကြမှာပါ။ ဒါ
ပေမယ့် Institution တွေက မှားရင်တော့ Market မှာ
တော့ ကပြောင်းကပြန်နဲ့ သက်ရောက်မှုကြီးမားတတ်ကြပါတယ်။ 

ဒီ Fat Finger Error မဖြစ်ဖို့ သို့မဟုတ် လျော့ပါးစေဖို့ 
Broker တွေ၊ Investment Banks တွေ၊ Hedge 
Fund တွေ စတာတွေက သူတို့ရဲ့ Trading Platform 
မှာ Filter တွေခံထားတတ်ပါတယ်။ Trader သို့မဟုတ် 
Trading မှာ မှားယွင်းတဲ့ Input သို့မဟုတ် သတ်မှတ်
ထားတဲ့၊ ဖြစ်သင့်တဲ့ဒေတာတွေ ထည့်သွင်းရိုက်သွင်း နှိပ်သွင်း
မိရင် အချက်ပေးပါတယ်။ ဒါတွေက စတော့အိတ်ချိန်းတွေ
မှာ အဓိကဆောင်ရွက်ထားပါတယ်။ ဥပမာ အများဆုံးလော့
ဆိုဒ်ပမာဏ ကန့်သတ်ချက်မျိုးပေါ့။ 

(Forex Broker တွေမှာလည်း Max Lot Size တွေ
ကန့်သတ်ထားတာရှိပါတယ်။ ကိုယ်ပိုက်ဆံရှိတိုင်း၊ 
Deposit ‌တောင့်တိုင်း ဖွင့်ချင်တိုင်း ဖွင့်လို့မရပါဘူး။ ဒါက 
Financial Market ရဲ့ Risk Covering Rules 
တွေလည်းဖြစ်ပါတယ်။) 
စတော့‌စျေးကွက်မှာ အမှားအယွင်းရှိရင် Forex Market 
ဘက်ကိုလည်း ရိုက်ခတ်မှုကြီးတယ်မဟုတ်လား။ အမေရိကန်
က NYSE , NASDAQ စတဲ့ အိတ်ချိန်းတွေမှာဆို 
erroneous trades လို့ခေါ်တဲ့ လက်ရှိမားကတ်စျေးနှုန်း
ကနေ ကွာခြားလွန်းတဲ့ အော်ဒါဆိုရင် အော်ဒါဖွင့်ပြီး နာရီဝက်
အတွင်း သက်ဆိုင်ရာ အိတ်ချိန်းကော်မရှင်ကို သတင်းပို့ရ
တယ်လို့ဆိုပါတယ်။ 

ဥပမာ.. Fund တခုက ရွှေ အောင်စ ၁၀၀၀ ရောင်းဖို့ အော်
ဒါပေးလိုက်တာမှားပြီးတော့ အောင်စ ၁သိန်း သို့မဟုတ် သူ့
ထက်ပိုပြီး အော်ဒါဖွင့်မိသွားလို့ မားကတ်က Plunge ဖြစ်
ပြီး ထိုးစိုက်ဆင်းသွားနိုင်ပါတယ်။ Bloomberg ရဲ့ 
Report တခုအရ "၂၀၁၇ ဇွန်လ ၂၆ ရက် လန်ဒန်ချိန် 
မနက် ၉နာရီ (စျေးကွက်စဖွင့်ချိန်ပေါ့) မှာ Fat Finger 
Trade/Error ကြောင့် တမိနစ်အတွင်း 1.8 Millions 
အောင်စ အရောင်းအဝယ်ကြောင့် စျေးထိုးတက်သွား
ကြောင်း" သိရပါတယ်။ ဒီပမာဏ အဲအချိန်က ဖင်လန်နိုင်ငံရဲ့ ရွှေအရံပမာဏ (Gold Reserves) ထက်ကို ပိုများတဲ့ 
ပမာဏဖြစ်ပါတယ်တဲ့။ 
ဒီလို Fat Finger Error ဖြစ်ရင် Trend, Volume စ
တာတွေကို နေ့စဉ်သုံးသပ်တဲ့ Technical Trader တွေ
အတွက်တော့ ရက်အနည်းငယ် out of trend ဖြစ်သွား
တတ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Fat 
Finger Error ဖြစ်ပြီးသွားရင် မားကတ်က ပြန် 
Recover ဖြစ်ပါတယ်။ အဲလို Fat Finger Error မျိုး
ကြောင့် Market Plunge ဖြစ်ရင် လိုက်မဝင်မိဖို့တော့ 
သတိထားရပါမယ်။ 
သမိုင်းမှာဖြစ်ခဲ့တဲ့ Fat Finger Error အချို့မှာတော့... 

(၁) ၂၀၁၆ မှာ ဗြိတိန်စတာလင်ပေါင်ဟာ Fat Finger 
Error ကြောင့် မိနစ်ပိုင်းအတွင်းမှာ ၃၁ နှစ်အတွင်း အနိမ့်ဆုံး
စျေးအဖြင့် 6% ထိထိုးကျမှုဖြစ်ခဲ့ပါတယ်။ (US$1.1841)

(၂) ၂၀၁၅ ခုနှစ်မှာတော့ Deutsche Bank က အငယ်
တန်းဝန်ထမ်းတဉီးက Hedge Fund တခုကို အသားတင် 
(Net) နဲ့ စုစုပေါင်း (Gross) ကို မှားယွင်းပြီး (Fat 
Finger Error) Net အစား Gross $6 billion ပေး
ပို့မိခဲ့ပါတယ်။ ဘဏ်က နောက်နေ့မှ ပြန်လည်လွဲပြောင်းယူ
လိုက်ပါတယ်။

(၃) ၂၀၁၄ ခုနစ်မှာတော့ Mizuho Securities မှ 
Trader တယောက်ဟာ စျေးနှုန်းနဲ့ ဒေတာမှားယွင်းရိုက်
သွင်းမိပြီး စတော့တမျိုးကို $600 billion ဖိုး အော်ဒါ
တင်မိခဲ့ပါတယ်။ ကံ‌ကောင်းတာက ယင်းအော်ဒါအများစုဟာ 
Pending အခြေအနေမှာရှိနေ (Matching မလုပ်ရ
သေး) လို့ ပြန်ပြီး ပယ်ဖျက်နိုင်ခဲ့ပါတယ်။

အထက်မှာပြောခဲ့သလို Fat Finger Error ဟာ Man 
Made Error (Human Error) တမျိုးသာဖြစ်
ကြောင်း၊ Financial Market မှာ Input ကိုမှားယွင်း
စွာ ထည့်သွင်းမိလို့ဖြစ်ကြောင်းနဲ့ ဆိုင်ရာ Institution များ
က ယင်းအမှားအယွင်းမျိုးမဖြစ်အောင် ယင်းတို့ရဲ့ 
Trading Platform တွေမှာ Filter တွေခံထားပေးကြောင်း မျှဝေလိုက်ရပါတယ်။ 

ယနေ့ရွှေဈေး (၁) မိနစ်အတွင်း ဈေးနှုန်းမြောက်မြားစွာ ထိုး
ဆင်းမှု ဖြစ်ပေါ်ပြီး B Book order နှင့် AB Book 
order များက ဈေးနှုန်းအတွက် ဆန့်ကျင်ဘက်ဖြင့်အထိုက်
အလျောက် System ဖြင့် ထိန်းထားနိုင်ပီး အော်ဒါများ ၀င်
ရောက်ခွင့်မရနိုင်ပေ။ A Book Order များကတော့ 
ရောက်ရှိသောဈေးအတိုင်း အော်ဒါ ၀င်ခြင်း ကိုခွင့်ပြုပေး
ပါသည်။ 

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Forex Trading Strategy ရွေးချယ်ခြင်း (၃) (Day Trading Strategy)


Forex Trading Strategy ရွေးချယ်ခြင်းနှင့်ပတ်သက်
ပြီး တင်ပြခဲ့တာ ဒီနေ့တော့ အပိုင်း (၃) ကိုရောက်ပါပြီး၊ ဒီနေ့
အပိုင်း (၃) မှာတော့ Day Trading Strategy နဲ့ ပတ်
သက်ပြီးမျှဝေသွားပါမယ်။

Day Trading or Intra-Day Trading ကတော့ တ
နေ့လုံး အချိန်ပြည့်အလုပ်လိုမျိုး Forex Trading လုပ်
ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ Day Trading 
Strategy တွေမှာ ထူးခြားတာလို့ ပြောရမလားမသိပါ။ မား
ကက်ဖွင့်ချိန်၊ ပိတ်ချိန်ကြား မားကက်လှုပ်ခတ်မှုကို အခွင့်
ကောင်းယူပြီး အရောင်းအဝယ်လုပ်ကြပါတယ်။ 

Day Trading နဲ့ Intra Day Trading အတူတူနီးပါး
ဖြစ်ပေမယ့် အဓိကကွာခြားတာလည်းရှိပါသေးတယ်။ အဓိ
က ကွာခြားချက်ကတော့ Day Trading ဆိုရင် စျေးနှုန်း
လှုပ်ခတ်မှုနည်းနည်းလေးဖြစ်တောင်မှ အမြတ်ရှာတာမျိုးဖြစ်
ပြီး၊ Intra-Day ကျတော့တခါတရံမှာ ရက်ပေါင်းများစွာ၊ 
ရက်သတ္တပတ်များစွာ အော်ဒါကို မပိတ်သေး (ထိန်းထားပြီး) 
ဘဲ ပိုကောင်းတဲ့ အမြတ်အစွန်းကို မျှော်လင့်တာလည်းပါဝင်
တယ်လို့ဆိုပါတယ်။ 

(Intra- day) ရဲ့ အဓိပ္ပါယ်က occurring within one day ဆိုတဲ့ တနေ့တာအတွင်းဖြစ်ပျက်မှုကို ဆိုလိုတာ
ဖြစ်) အများအားဖြင့်တော့ Day Trading အတိုင်း 
Overnight Risk မယူဘဲ အရောင်းအဝယ်လုပ်ကြပါ
တယ်။

(Day Trading) ထဲမှာ Trend Trading, Swing 
Trading, Scalping စတာတွေလည်း အကျုံးဝင်ပါ
တယ်။ Trend ကို Follow လုပ်ခြင်း၊ Swing ကို 
Follow လုပ်ခြင်း၊ Indicators တွေအသုံးပြုပြီး 
Scalping လုပ်ခြင်းတွေက Day Trading 
Strategy တွေပါပဲ။ သူ့ထဲမှာ နောက်ထက်ကျန်တဲ့ ၂ခု
ကတော့ Mean Reversion နဲ့ Money Flow 
Strategy ပါ။ 

Mean Reversion ဆိုတာကတော့ Mean ဆိုတာ 
Average (ပျမ်းမျှ) ကိုပြောတာဖြစ်ပါတယ်။ သူက စျေး
နှုန်းတွေက ဘယ်လောက်တက်တက်၊ ဘယ်လောက်ကျကျ သူ့ရဲ့ Mean or Average ကို ပြန်လာမယ်ဆိုတဲ့ အယူအဆ
ကနေ ဖြစ်လာတဲ့ နည်းစနစ်ပါ။ long-run mean or 
average level ကို စျေးတွေပြန်ရောက်မယ်ဆိုတာက
လည်း အရင်ဖြစ်ပျက်ခဲ့တဲ့ စျေးနှုန်းတွေအပေါ် အခြေခံပြီး 
တွက်ချက်ကြပြီး အရောင်းအဝယ်လုပ်ဖို့ သုံးစွဲကြပါတယ်။

(နောက်ပိုင်းမှာ Mean Reversion အကြောင်း ထပ်မံဆွေးနွေးပေးပါမယ်။)
Money Flow Strategy ကတော့ ... Oversold နဲ့ 
Overbought အခြေအနေကို ကြည့်ပြီး အရောင်းအဝယ်
အတွက် သုံးသပ်ကြတာပါ။ ဒီအခြေအနေကို Money 
Flow Indicator က Volume နဲ့ Price အသုံးပြု
တွက်ချက်ပြီး အချက်ပြပါတယ်။ 

ဒီတော့ Day Trading Strategy လို့ပြောရင်..
(1) Scalping
(2) Swing Trading
(3) Trend Trading
(4) Intraday Trading
(5) Mean Reversion Trading
(6) Money Flow Trading ဆိုပြီး ၆ ခုပါဝင်ကြောင်း 
နားလည်ရင်ရပါပြီး။ 

ကျွန်တော်တို့ Day Trader လို့ဆိုရင် အောက်ပါအချက်တွေနဲ့လည်း ကိုက်ညီနေနိုင်ပါတယ်။ 

(၁) စိတ်မရှည်ခြင်း
ရင်းနှီးမြုပ်နှံထားပြီး နှစ်နဲ့ချည်မစောင့်ချင်ဘူး။ မြန်မြန်ရလဒ်
သိချင်တယ်ဆိုရင်တော့ Day Trading ကပဲသင့်တော်ပါ
တယ်။ ဘာပဲလုပ်လုပ်၊ ဘာပဲရောင်းရောင်းဝယ်ဝယ် တနေ့
အတွင်းမှာ အရှုံးအမြတ်သိရမယ်။ 

(၂) အချိန်သိပ်မရဘူး။
အလုပ်မအားဘူး။ တခြားအလုပ်လည်းရှိတယ်။ Forex 
Trading က အရံအလုပ်ပဲ။ Analysis လုပ်ဖို့လည်း 
အချိန်အများကြီးမပေးနိုင်ဘူးဆိုရင် Day Trading က
သင့်တော်ပါတယ်။ 

(၃) အရင်းအနှီးအများကြီးမတတ်နိုင်ဘူး။
Day Trading လုပ်ဖို့ အကောင့်မှာ ငွေများလွန်းခြင်းမရှိ
ရင်လည်း လုပ်လို့ရနိုင်တယ်။ အဓိကအလုပ်ကရှိနေတာဖြစ်
လို့ သင့်တော်တဲ့ အရင်းအနှီးနဲ့လည်း စတင်နိုင်တယ်။

(၄) အင်တာနက်ရှိရုံနဲ့ အရောင်းအဝယ်လုပ်နိုင်တယ်။ 
တနေ့တာအားလပ်ချိန်မှာ အိမ်/ရုံးကနေတဆင့် အချိန်ခဏ
ပေးပြီး အရောင်းအဝယ်လုပ်နိုင်တယ်။ (Forex Trading 
က Electronically အရောင်းအဝယ်လုပ်တာဖြစ်တယ်။)

(၅) အလုပ်ရှင်လည်းကိုယ်၊ အလုပ်သမားလည်းကိုယ်
Day Trading မှမဟုတ်ပါဘူး။ တခြားသော ဘယ် 
Trading Style နဲ့မဆို Forex Trading လုပ်တာက 
ကိုယ်သာလျှင် အဓိက၊ ကိုယ်သာလျှင် အလုပ်ရှင်၊ ကိုယ်
သာလျှင် အလုပ်သမားပါ။ အောင်မြင်ရင် ကိုယ်တိုင် ဂုဏ်ယူ
ရမယ်။

အချုပ်အားဖြင့်တော့ Day Trading Strategy ဆိုတာ 
မျိုးစုံရှိနိုင်တဲ့အကြောင်း၊ Scalper, Swing Trader, 
Trend Trader စသည်တို့ကလည်း Day Trader 
အုပ်စုထဲပါဝင်ပြီး၊ ယင်းတို့အသုံးပြုသော အမျိုးမျိုးသော 
Strategy များသည် Day Trading Strategy များ
ဖြစ်တဲ့အကြောင်းကို မျှဝေလိုက်ပါတယ်။

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Sclaping & Swing Trading Stragety ရွေးချယ်ခြင်း (၁+၂)



ယခင်ရက်က တင်ပြခဲ့တဲ့ Forex Trading Strategy 
ရွေးချယ်ခြင်းမှာပါတဲ့ Strategy (9) မျိုးကို တခုချင်းစီ 
ဆက်လက် မိတ်ဆက်တင်ပြပေးပါမယ်။ ကျွန်တော်တို့ တင်ပြ
ချက်က အရောင်းအဝယ်လုပ်ရင် တိုက်တွန်းချက်၊ အကြံပေး
ချက်မဟုတ်ဘဲ စာဖတ်ပရိသတ်များကို ဗဟုသုတရစေရပြီး 
ကိုယ်တိုင်သုံးသပ်နိုင်ရန်ဖြစ်ပါတယ်။

(1) Scalping trading strategy ရွေးချယ်ခြင်း
Scalping Strategy ဆိုတာ...
စျေးနှုန်းရွေ့လျားမှုအနည်းငယ်မှာ အတိုလေးတွေအရောင်း
အဝယ်ကစားတဲ့ပုံစံဖြစ်ပါတယ်။ အများအားဖြင့်တော့ 1 
Minute Time Frame မှာ ကစားကြတာဖြစ်ပါတယ်။ 
Trade အကြောင်းရေများများ၊ အမြတ်နည်းနည်းစီယူပြီး 
တဖြည်းဖြည်းနဲ့ အမြတ်စုမိမယ်ဆိုတဲ့ ယူဆချက်နဲ့အရောင်း
အဝယ်လုပ်ကြတာများဖြစ်ပါတယ်။ Scalping trading 
strategy ကို အသုံးပြုမယ်ဆိုရင်တော့ အမြတ်ထက် တိ
ကျတဲ့ Exit Strategy ကိုဖေါ်ဆောင်ထားပြီး တိကျစွာ
လိုက်နာရမှာဖြစ်ပါတယ်။ ဒီနည်းက တကြောင်းချင်းစီရဲ့ အ
မြတ်က နည်းပြီးသားမို့ ပြောစရာမရှိပေမယ့်အရှုံးတကြောင်း 
တနည်းအားဖြင့် ကြီးမားသော ဆုံးရှံးမှုတခုက နည်းနည်းချင်း
စုထားတဲ့ အမြတ်တွေကို တကြိမ်တည်းကုန်ဆုံးသွားစေနိုင်တဲ့
အပြင် အကောင့်ထဲကပါ ပြန်ပါသွားနိုင်တာကြောင့် ဖြစ်ပါ
တယ်။ 
Scalper များဟာ အမြတ်အနည်းငယ်ရရင် သို့မဟုတ် စျေး
ကွက်မပြောင်းမှီ အမြတ်ယူပိတ်ပစ်ရတာကြောင့် Let 
Your Profits Run ဆိုတဲ့ အမြတ်ရနေရင် မြတ်သ
ထက် မြတ်ပါစေဆိုတဲ့ အဆိုအမိန့်အတိုင်းတော့ လိုက်နာလို့မ
ရပါဘူး။ ဒါ့အပြင် risk: reward ကလည်း 1:1 ဝန်းကျင်
သာရှိတဲ့အတွက် အမြတ်အစွန်းများများရဖို့ မျောလိုက်မယ့်
အစား အရောင်းအဝယ်လုပ်နိုင်တဲ့အကြိမ်ရေကို တိုးမြှင့်ဖို့ပဲ 
စဉ်းစားလို့ရပါတယ်။ (မှတ်ချက် ကော်မရှင် နှင့် Spread သက်သာသော Pair ကိုသာရွေးချယ်သင့်ပါသည်)

Scalping Strategy ရဲ့ ဖြစ်နိုင်ဖွယ်ကောင်းကျိုးများ..
i. No overnight risk - Trade တကြောင်းက အများ
ဆုံး မိနစ်ပိုင်းမျှသာကြာလို့ အနည်းဆုံးတော့ Swap ခ
သက်သာပါမည်။ 

ii. Suitable as a hobby - ခဏခဏဝင်လိုက်ထွက်
လိုက် အရောင်းအဝယ်လုပ်လိုသူ၊ chart ခဏခဏကြည့်
ကြည့်ပြီး Click နှိပ်ချင်သူတွေအတွက် သင့်တော်တဲ့
နည်းစနစ်တခုဖြစ်ပါတယ်။

iii. Many trading opportunities - Trade လုပ်
ဖို့အခွင့်အရေးအများကြီးရနိုင်ပါတယ်။ 

iv. More Win Rate - အနိုင်ရနိုင်တဲ့ရာခိုင်နှုန်းများနိုင်ပါ
တယ်။ ရာနှုန်းကိုပြောတာပါ။ Scalper များက RR 1:1 
ဝန်းကျင်ဘဲယူကြပါတယ်။
v. Not need to know much about the 
Market - Market အကြောင်း၊ TA, FA တွေအများ
ကြီး သိစရာ၊ တတ်စရာမလိုပါဘူး။

Scalping Strategy ရဲ့ ဖြစ်နိုင်ဖွယ်ဆိုးကျိုးများ..
i. Limited market applicability - စျေးကွက် 
သို့မဟုတ် Trading Instrument ကန့်သတ်ချက်ရှိပါ
တယ်။ တချို့မားကတ်အခြေအနေမှာ အလုပ်လုပ်လို့ အဆင်
မပြေနိုင်ပါ။ အများအားဖြင့် Scalping သည် 
Liquidity မြင့်သော၊ volatility မြင့်မားသော စျေးကွက်
အခြေအနေ၊ Trading Instrument များတွင်မှ အဆင်
ပြေနိုင်ပါတယ်။

ii. Requires discipline - စည်းမျဉ်းစည်းကမ်း
ကောင်းမွန်ဖို့ အထူးလိုအပ်ပါတယ်။ အများအားဖြင့် 
Scalping လုပ်တဲ့အခါမှာ Risk ပိုယူတဲ့အတွက် သာမန်
ထက် ‌လော့ဆိုဒ်တွေ ပိုကြီးနေတတ်ကြပါတယ်။ ဒါကြောင့် 
တင်းကြပ်တဲ့ စည်း၊စည်းမျဉ်းချမှတ်ထားဖို့ လိုအပ်ပါတယ်။

iii. Extremely tense environment - ဖျတ်ဖျတ်လတ်လတ်၊ တက်တက်ကြွကြွ ဆောင်ရွက်ရပါ
တယ်။ မားကတ်ကို အမြဲစောင့်ကြည့်၊ ဖြစ်ပေါ်လာတဲ့အခြေ
အနေနဲ့ အံကိုက်လှုပ်ရှားရပါတယ်။ တိကျမှုလည်းလိုမယ်။ 
သိပ်စဉ်းစားဖို့ အချိန်မရပါ။

iv. More Transaction Cost - မကြာခဏ အ
ရောင်းအဝယ်လုပ်ခြင်း (‘quick in, quick out') 
ကြောင့် ကုန်ကျစရိတ်ပိုများနိုင်တယ်။ ကော်မရှင်ခတွေ၊ 
Spread တွေစသဖြင့် ပိုကုန်ကျနိုင်ပါတယ်။ 
Scalping Strategy အတွက် ဘာတွေကို သုံးစွဲလည်း
အများအားဖြင့် Indicator တွေကို အသုံးပြုကြပါတယ်။ 
Quick in, Quick out ဖို့ Analysis လုပ်ဖို့ အချိန်မ
ရ၊ အဆင်မပြေပါ။ Indicator ရဲ့ ပြဆိုမှုကို အချိန်ကိုက် 
လိုက်ပါ လုပ်ဆောင်နိုင်ဖို့သာ လိုပါတယ်။ Scalping လုပ်
ဖို့အတွက် Moving Average, Stochastic 
Oscillator, RSI, MACD စတဲ့ Indicators များကို 
အသုံးပြုကြပါတယ်။ အထူးသဖြင့် Buy Level, Sell 
Level သတ်မှတ်နိုင်သော Indicator များနဲ့ ပိုမိုသင့်တော်
နိုင်ပါတယ်။ တခါတရံ Indicator တခုထက်ပိုပြီး တွဲသုံးကြတာလည်း ရှိပါတယ်။

ဒါတွေကတော့ Scalping Trading Strategy နဲ့
ပတ်သက်ပြီး မျှဝေမှုလေးများဖြစ်ပါတယ်။ ဒီနည်းစနစ်ကဲ့သို့ 
နည်းစနစ်များအသုံးပြုမယ်ဆိုပါက ကျွန်တော်တို့ မျှဝေခဲ့
သော ဗဟုသုတနဲ့ ကိုယ်တိုင်ချိန်ဆပြီး Demo Account 
နဲ့ လေ့ကျင့်သင့်မှုကို မဖြစ်မနေဆောင်ရွက်သင့်ကြောင်း 
တိုက်တွန်းလိုက်ရပါတယ်။

(2) Swing Trading Stragety ရွေးချယ်ခြင်း
Swing ဆိုတာ မြန်မာလိုဆို လွဲတယ်လို့ အဓိပ္ပါယ်ရပါ
တယ်။ (အခြားအဓိပ္ပါယ်လည်း ရှိနိုင်တာပေါ့)။ ဒန်းတွေဆို
ရင် အရှေ့လွဲလိုက်၊ အနောက်လွဲလိုက်နဲ့ စီးကြတယ်မဟုတ်
လား။ Trading မှာလည်း Swing ဆိုတာ စျေးကွက်ရဲ့ 
လှုပ်ရှားမှုအပေါ်မှာ လှုပ်ရှားတဲ့ နှစ်ဖက်စလုံးမှာ အရောင်း
အဝယ်လုပ်တာမျိုးကို ခေါ်တာဖြစ်ပါတယ်။ တနည်းအားဖြင့် 
စျေးတက်မယ်လို့ ထင် (သုံးသပ်မိ) ရင် Buy ပြီး၊ စျေးကျ
မယ်လို့ ထင် (သုံးသပ်မိ) ရင် Sell တာက Swing 
Trading ရဲ့ သဘောတရားပါပဲ။ Swing Trading ဆို
တာ Pure Technical Approach လို့ခေါ်တဲ့ 
Technical Analysis ကိုသာ အသုံးပြုပြီး အရောင်း
အဝယ်လုပ်တာဖြစ်ပါတယ်။ Chart တွေလေ့လာမယ်၊ 
Trend တွေသုံးသပ်မယ်၊ မားကတ်ရဲ့ ရွေ့လျားမှုကို သုံး
သပ်မယ်စတာတွေက swing trader တွေလုပ်ရတဲ့ 
လုပ်ငန်းတွေပါပဲ။ 
Swing Trader အဖြစ်အောင်မြင်ဖို့အတွက်က Swing 
(Market Wave, Market Movement, 
Market Trend) တွေရဲ့ အရှည် (Lenght) နဲ့ အချိန် 
(Duration) တွေကို အဓိပ္ပါယ်ကောက်ယူ၊ နားလည်ဖို့ 
အဓိကကျပါတယ်။ ဘာလို့ဆိုတော့ ဒီချက် ၂ချက်က မား
ကတ်မှာဖြစ်နေတဲ့ Support and Resistance လို့
ခေါ်တဲ့ Level များကို သိရှိနိုင်၊ သုံးသပ်နိုင်မှာမို့ဖြစ်ပါ
တယ်။ ဒါ့အပြင် Swing Trader အနေနဲ့ မားကတ်မှာဖြစ်
နေတဲ့ Supply and Demand (ရောင်းလိုအား၊ ဝယ်
အား) အတိုးအလျော့ကိုလည်း သုံးသပ်နိုင်ဖို့လိုပါတယ်။ ဒီ
အချက်ကို Momentum ကိုကြည့်ခြင်းအားဖြင့်လည်း 
အထိုက်အလျောက်နားလည်မှာဖြစ်ပါတယ်။ 

ဒီတော့.. Swing Trader ဖြစ်ဖို့ဆိုရင်
၁. Swing တွေကို ဖမ်းနိုင်ရမယ်။
၂. Trend တွေကို သိရမယ်။
၃. Support and Resistance ကို နားလည်ရမယ်။
၄. Supply and Demand (Momentum) 
အတက်အကျကို မြင်ရမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 

Time Frame အနေနဲ့ ပြောရရင် Swing Trading 
မှာ ဘယ် Time Frame အကောင်းဆုံးဆိုပြီး ပြောလို့မရ
ပါဘူး။ Swing, Trend, SR, SD တွေကို ကောင်းစွာ 
ဖမ်းနိုင်၊ သုံးသပ်နိုင်တဲ့ Time Frame ဆိုရင်တော့ အ
ကောင်းဆုံးပေါ့။ အများအားဖြင့်တော့ Swing Trading 
အတွက် H4 နဲ့ Daily Time Frame ကို အသုံးပြုပြီး 
Analysis လုပ်ကြပါတယ်။ Forex Trading ကို 
စတင်လေ့လာအသုံးပြုတဲ့သူတွေအတွက် Swing 
Trading က အကောင်းဆုံးလို့ ပြောချင်ပါတယ်။ သူ့ကို 
လေ့လာ၊ အသုံးချကြည့်ရင် စနစ်ကျပြီး အများကြီး ပညာရ၊‌ 
ရှေ့အတွက်လည်း Carry ရနိုင်သွားလို့ပါ။ 

Swing Trading နည်းစနစ်ကို အသုံးပြုပြီး အရောင်းအ
ဝယ်လုပ်ကြတဲ့အခါမှာ မဖြစ်မနေနဲ့ အလွယ်ဆုံး လေ့ကျင့်နိုင်
တာက Swing Wave (အတက်အကျလှိုင်း) ကိုဖမ်းပြီး 
အရောင်းအဝယ်လုပ် ‌လေ့ကျင့်လို့ရပါတယ်။ အတက်အကျ
ကို သိဖို့ Short term မှာဖြစ်စေ၊ Long Term မှာဖြစ်
စေ ဖြစ်ပေါ်နေတဲ့ Market ရဲ့ လားရာ ကို ဖမ်းတတ်ဖို့ပဲလို
ပါတယ်။ အဲလို လားရာကို သိပြီးရင် Wave or Swing 
ကို နေရာချ၊ Pullback or Retracement မှာ 
Candle များကို သုံးသပ်ခြင်းဖြင့် အရောင်းအဝယ်အတွက် 
အခွင့်အရေးများရနိုင်ပါမယ်။ ဒါက Without 
Indicator နည်းပေါ့ဗျာ။ 
ဒီတော့ Swing Trading အလွယ်ကူဆုံးလုပ်နိုင်ဖို့..
၁. Market လားရာကို ဖမ်းရမယ်။
၂. Swing or Wave တွေကို နေရာချရမယ်။
၃. Candle တွေကို သုံးသပ်ပြီး Retracement မှာ 
အခွင့်အရေးစောင့်ရမယ် ဆိုပြီး အချုပ် ၃ချက်ထွက်လာပါ
မယ်။

အချုပ်အားဖြင့်တော့ Swing Trading ဆိုတာ.. Technical Analysis Skill များအသုံးပြုရပြီး၊ 
beginner traders များအတွက် Technical 
Analysis Skill တိုးတက်လာနိုင်ကြောင်းနဲ့ အလွယ်ကူဆုံး
နဲ့ စတင်လေ့ကျင့်နိုင်ကြောင်း မျှဝေလိုက်ရပါတယ်။

(Swing Trading Strategy နမူနာလိုအပ်ပါက Comment တွင် Info လို မန့်ခဲ့ပါက Chat Box ကနေတဆင့် ပြန်လည်ပေးပို့သွားပါမည်) 

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Forex Traders အမျိုးအစားများ (အပိုင်း ၂)


အရင်နေ့တွေက Scalper Trader နဲ့ Day Trader 
အကြောင်းလေး ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့တော့ ကျန်တဲ့ 
အကြောင်းလေးတွေ ဆက်လိုက်ရအောင်ပါ။ 

(3) Swing Trader
အရှေ့ရွေ့လိုက်၊ အနောက်ရွေ့လိုက်နဲ့ လှုပ်ရှားမှုပြုနေတာကို 
Swing လုပ်တယ်လို့ခေါ်ပါတယ်။ Swing Trader များ
ဟာ Short to Medium Term ကို Target ထား
ပြီး Position များကို တရက်ထက်ပိုပြီး ရက်သတ္တပတ်
အချို့အထိ ကိုင်ကစားတတ်ကြပါတယ်။ အများအားဖြင့် 
Technical Analysis ကို အဓိကထားပြီး အရောင်း
အဝယ်လုပ်ကြသူများလည်းဖြစ်ပါတယ်။ Time Frame 
အားဖြင့် H4, Daily Chart များကို အသုံးပြုကြပါတယ်။ ဥပမာ.. Daily မှာ Trend ကြည့်ပြီး၊ H4 မှာ Entry 
Signal ယူတာမျိုး။ Swing ဆိုတဲ့အတွက် မားကက်လား
ရာမှာဖြစ်ပေါ်နေတဲ့ Swing Wave များအတက်အကျ 
(Swing High, Swing Low) ကို အရောင်းအဝယ်
လုပ်ကြတာလည်းရှိပါတယ်။ 
Analysis လုပ်သော Technical Analysis ကို 
အဓိကထားတယ်ဆိုပေမယ့် မားကတ်လှုပ်ခတ်မှုများနိုင်သော 
Fundamental Data များနဲ့ချိန်ဆပြီး အရောင်းအဝယ်
လုပ်ကြပါတယ်။ ဥပမာ .. Technical အရ အော်ဒါဝင်
လို့ ရပြီးဆိုတောင်မှ Fundamental ကို တချက်စောင့်
ကြည့်ပြီးမှ Action ယူတာမျိုးပါ။ သူတို့က Scalper 
ထက်တော့ စိုးရိမ်ပူပန်မှုစတဲ့ Emotion နည်းပါးကြပါ
တယ်။ Medium Term အထိ Target ထားကြတဲ့
အတွက် Scalper လို အမြဲတမ်း Chart ကြည့်ပြီး 
နိုးကြားနေဖို့မလိုပေမယ့် Analysis လုပ်တဲ့အခါမှာတော့ 
Scalper များထက် ပိုမိုအာရုံစူးစိုက်ရပါတယ်။ 

(4) Position Trader
Weekly, Daily Time Frame များကို အသုံးပြု၊ 
Analysis လုပ်ကြတဲ့ Position Trader များကတော့ 
ပိုမိုခိုင်မာတဲ့ Trade Setup များကို ရရှိကြပြီး၊ ယင်း 
Position များကို လအတန်ကြာ၊ တခါတရံနှစ်နဲ့ချီပြီး ဖွင့်
ထားတတ်ပါတယ်။ တကယ့် Long Term Trader တွေ
ဖြစ်ပါတယ်။ Hour, Minute စတဲ့ မားကက်အလှုပ်ခတ်
များတဲ့ Time Frame တွေကို စိတ်မဝင်စားကြပါဘူး။ 
စိတ်ရှည်ဖို့အတော်လိုပါတယ်။ အော်ဒါဖွင့်ထားလို့ ထည့်ထား
တဲ့ Deposit ကို အခြားအကြာကြီး ရင်းနှီးမြုပ်နှံထားရသ
လိုဖြစ်ပါတယ်။ Position Traders ဖြစ်ဖို့ 
Technical Analysis အဓိကထားပြီး Fundamental အကြောင်းတရာများနဲ့ ‌ပေါင်းစပ်
ဆောင်ရွက်ရပါတယ်။ ကိုယ့်ရဲ့ TA က Long Term ဖြစ်
လို့ Position ဖွင့်ထားတဲ့ ကြားကာလမှာ ဖြစ်နိုင်ချေရှိတဲ့ 
အကြောင်းတရားတွေ၊ Position မဖွင့်မှီမှာ ဖြစ်ခဲ့တဲ့
အကြောင်းတရားတွေစတာတွေကို ထည့်သွင်းစဉ်းစားရတာမျိုးပါ။ 

(5) Algorithmic Trader
နည်းပညာကိုအသုံးပြုတဲ့ Traders ပေါ့။ တနည်းအားဖြင့် algorithm or computational procedure 
တွေကို အသုံးပြုပြီး အရောင်းအဝယ်လုပ်တာပါ။ ပရိုဂရမ်
များပေါ်မူတည်ပါတယ်။ ကိုယ်တိုင်က နည်းပညာကို 
ကျွမ်းကျင်ဖို့လိုသလို၊ Trading နဲ့ ဆိုင်တဲ့ Analysis 
များ ကျွမ်းကျင် ပိုင်နိုင်မှကောင်းမွန်တဲ့ algorithm or 
computational procedure တွေရဖို့ရှိပါတယ်။ တ
နည်းအားဖြင့် Financial Markets နဲ့ဆိုင်တဲ့ ပညာရပ်
တွေမှာ အထူးကျွမ်းကျင်ဖို့လိုသလို၊ Programming ပိုင်း
မှာလည်း ကျွမ်းကျင်အဆင့်ရှိဖို့လိုပါတယ်။ အများစုနဲ့တော့ 
နီးစပ်မှုမရှိနိုင်ပါ။ 

(6) Event - Driven Trader
Event ဆိုတဲ့ ဖြစ်စဉ်၊ဖြစ်ရပ် များပေါ်မှာ မူတည်တဲ့ 
Trader တွေကို ဆိုလိုတာပါ။ Fundamental ကို 
အဓိကထားတဲ့ Trader တွေလို့ ဆိုရင်လည်း မမှားပါဘူး။ 
အဆုံးအဖြတ်တွေကို Technical Analysis ထက် 
Fundamental ပေါ်မှာ မူတည်ပြီး ချမှတ် အရောင်း
အဝယ်လုပ်ကြပါတယ်။ Non-Farm၊ GDP, Interest 
Rate စတဲ့ High impact Fundamental Data 
တွေကြောင့် ဖြစ်ပေါ််လာတဲ့ မားကတ်လှုပ်ခတ်မှု Spikes 
များပေါ်မှာ အခွင့်အရေးရှာပြီးလည်း အရောင်းအဝယ်လုပ်ကြ
ပါတယ်။ ကမ္ဘာ့ရေးရာ၊ သတင်း၊ Geopolitics စတာတွေ
မှာ အားသန်တဲ့သူ၊ ကျွမ်းကျင်တဲ့သူတွေဖြစ်ပြီး ယင်းအချက်
တွေရဲ့ ငွေကြေးအတွဲတွေအပေါ်မှာ သက်ရောက်မှုကို ချိန်ဆ
နိုင်တဲ့သူတွေအတွက်တော့ သင့်တော်ပါတယ်။ 

Trader အမျိုးအစားထဲမှာ ကျွန်တော် (၆) မျိုးခွဲပြောခဲ့ပါ
တယ်။ အဲထဲကမှာ Scalper, Day Trader, Swing 
Trader, Position Trader များဟာ Technical 
Anlaysis ကို အဓိက အခြေခံပြီး၊ Algorithmic 
ကတော့ သင်္ချာ၊ ကွန်ပျူတာနဲ့ Financial Markets 
Skill (Both Fundamental and Technical) 
ကို အခြေခံပြီး၊ Event - driven ကသာလျှင် 
Fundamental ကို အဓိကထားတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(နောက်ပိုင်းအခြေအနေပေးရင်တော့ Scalper, Day Trader, Swing Trader, Position Trader များအတွက် နည်းစနစ်များကို ရေးသားမျှဝေပါအုံးမယ်။)

အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။ 

Post အားလုံးဖတ်ရန်

Forex Traders အမျိုးအစားများ (အပိုင်း ၁)


အရောင်းအဝယ်လုပ်တဲ့နေရာမှာ တစ်ဉီးချင်းဆီရဲ့ ချဉ်းကပ်
တဲ့ ပုံစံပေါ်မူတည်ပြီး Traders အမျိုးအစားများစွာရှိပါ
တယ်။ မြန်မြန်ဆန်ဆန် အရောင်းအဝယ်လုပ်တဲ့ Day 
Trader ပုံစံကို ရွေးချယ်သည်ဖြစ်စေ၊ Marathon 
(မာရသွန်) Trading လို့ခေါ်နိုင်တဲ့ Position Trader 
ပုံစံကို ရွေးချယ်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပုံစံက ကျွန်တော်တို့ အောင်မြင်ဖို့အတွက် ရွေးချယ်စရာဖြစ်လာဖို့ပဲ လိုပါတယ်။ 

မည်သို့သော အရောင်းအဝယ်ပုံစံဖြင့် အရောင်းအဝယ်လုပ်o
သည်ဖြစ်စေ အောက်မှာဖေါ်ပြထားတဲ့ အမျိုးအစား ( ၆) 
မျိုးထဲက တခုခုနဲ့တော့ အကျုံးဝင်၊ ပါဝင်နေနိုင်ပါတယ်။ ဒီ 
(၆) မျိုးထဲက အကောင်းဆုံးပုံစံ၊ အကောင်းဆုံးလက္ခဏာရပ်
တွေကို ရှာဖွေအသုံးပြုနိုင်ရန်အတွက် မျှဝေပေးလိုက်ပါ
တယ်။ 

Forex Traders အမျိုးအစား (၆) မျိုး

❶ Scalper
Scalper ဆိုတာက Short Term Traders အမျိုးအစားဖြစ်ပြီး မားကတ်ကို ကြည့်ရှုသုံးသပ်တာက 1m, 
5m စတဲ့ အနိမ့်ဆုံး Time Frame များကို အသုံးပြု
သလို၊ Positions များကို စက္ကန့်၊ မိနစ်စတဲ့ ကာလတိုပဲ 
ကိုင်ထားလေ့ရှိပါတယ်။ Scalpers အသုံးပြုလေ့ရှိတဲ့ 
Trading Strategies ပုံစံတွေထဲမှာ Time Frame 
အသေးကို အသုံးပြုပြီး တနေ့တာလုံး အကြိမ်များစွာ ဝင်
ထွက်အရောင်းအဝယ်လုပ်တဲ့ ပုံစံတွေပါဝင်ပါတယ်။ 
Trade တစ်ကြောင်းအတွက် အမြတ်အစွန်းအနည်းငယ်သာ 
မျှော်မှန်းပြီး အရောင်းအဝယ်လုပ်ကြသူများလည်း ဖြစ်ပါ
တယ်။ Retail Traders အများစု စိတ်ဝင်စားတတ်ကြပါ
တယ်။ 
Scalper တယောက်ရဲ့ Trading ပုံစံကိုလေ့လာကြည့်
ရင် သွက်သွက်လက်လက်မြန်မြန်ဆန်ဆန် ဖြစ်နေတတ်ပြီး၊ 
တခါတရံပြာယာခတ်နေတာမျိုးပါ တွေ့နိုင်ပါတယ်။ စကရင်
ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး မားကတ်ပြောင်းလဲမှုကို 
လေ့လာ အခွင့်အရေးယူတာဖြစ်လို့ တော်တော်လည်း 
အလုပ်များ၊ အလုပ်ရှုပ်စေတဲ့ Traders မျိုးလည်းဖြစ်ပါ
တယ်။ Position များကို နေ့ကျော်မထားတဲ့အတွက် 
Overnight Risk တွေတော့မရှိပါဘူး။ အရှုံး၊ အမြတ်တွေ
ကို နေ့မကျော်ခင်မှာပဲ ရှင်းလင်းသွားအောင် အရောင်းအဝယ်
လုပ်ကြပါတယ်။

Scalper တွေအရောင်းအဝယ်လုပ်တာကို Scalping 
လုပ်တယ်လို့ခေါ်ပြီး သူတို့သုံးစွဲတဲ့ နည်းစနစ်ကိုတော့ 
Scalping Trading Strategy လို့ ခေါ်ပါတယ်။ တ
နည်းအားဖြင့် Ins and Outs နည်းလို့လည်းခေါ်နိုင်ပါ
တယ်။

✔အားသာချက် 
(i) အကြိမ်ရေများစွာ အရောင်းအဝယ်လုပ်တာဖြစ်လို့ 
မှန်ကန်ရင် အမြတ်အစွန်းပိုမိုရရှိနိုင်တယ်။

(ii) Trend စတဲ့ Confirmation တွေရဖို့ Time 
Frame အမြင့်တွေမှာ စောင့်ဆိုင်းအတည်ပြုဖို့ မလိုအပ်ပါ။

(iii) Time Frame အသေးတွေမှာ အရောင်းအဝယ်လုပ်
တာဖြစ်လို့ ရေရှည်အတွက် Market Analysis လုပ်စရာ
မလိုပါ။ 

(iv) နေ့မကူးခင် အော်ဒါများကို ပိတ်တာဖြစ်လို့ ညအိပ်ခ
တွေ၊ မစောင့်ကြည့်နိုင်ချိန်မှာ မားကတ်က ကိုယ့်ကို ဆန့်ကျင်
သွားမှ တွေးပူစရာမလိုပါ။ 

(v) Market ကို Long Term အတွက် စောင့်ကြည့်
သုံးသပ်မှု လုပ်ဖို့မဖြစ်နိုင်သူများအတွက် သင့်တော်ပါတယ်။ 

✘အားနည်းချက်
(i) Time Frame အသေးတွေကိုပဲ ကြည့်တာဖြစ်လို့ 
Screen Time ပိုများပြီး စိတ်ပန်း၊ လူပန်းဖြစ်နိုင်ပါတယ်။

(ii) မားကတ်ကို သေချာသုံးသပ်ဖို့ အချိန်မရဘဲ ဆုံးဖြတ်
ချက်ကို မြန်မြန်ချ အော်ဒါမြန်မြန်ဖွင့်ရတဲ့အတွက် Risk များ
ပါတယ်။ 

(iii) Risk နှင့် Reward ကောင်းစွာ တွက်ချက် အ
ရောင်းအဝယ်လုပ်တာမဟုတ်လို့ Over Trading, Over 
Risking ဖြစ်နိုင်ပါတယ်။ 

(iv) Time Frame အသေးတွေမှာ၊ Lagging 
Indicator တွေကို အသုံးပြုပြီး အရောင်းအဝယ်ဖြစ်တာ
ဖြစ်လို့ မသေချာမှုတွေများပါတယ်။ 

(v) အော်ဒါအကြောင်းရေများပြီး၊ တခုချင်းစီအတွက် အ
မြတ်ရရှိမှုနည်းတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုများနိုင်ပါ
တယ်။

(vi) Leverage များများရှိဖို့ လိုအပ်ပါတယ်။ 

(vii) Time Frame သေးလွန်၍ Market Noise 
တွေများမယ်။ (မမှန်သော Signal, ဆုံးဖြတ်ရခက်သော 
အခြေအနေများ၊ မှားယွင်းဆုံးဖြတ်မှုများ) 
(နောက်ပိုင်းမှာ Scalping Trading Strategies 
များကို တင်ပြပေးပါမယ်)

❷ Day Trader
Scalper များလို မြန်မြန်ဆန်ဆန်၊ ပြာယာခတ်တာမျိုး
မဟုတ်ပေမယ့် Scalper များလိုပဲ တနေ့တာအတွင်း 
မကြာခဏအရောင်းအဝယ်လုပ်သော Traders များဖြစ်ပါ
တယ်။ U.S. Securities and Exchange 
Commission ရဲ့ အဆိုအရ Day Traders များဟာ 
သူတို့ရဲ့ 1st Trading Month မှာ ကြီးကြီးမားမား 
အရှုံးပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Scalper များ
လိုပဲ ဖွင့်ထားသော အော်ဒါများကို နေ့မကူးခင် ရှင်းလင်းကြ
ပြီး နေ့ကျော်မထားကြပါ။ နေ့မကူးခင်မှာ ရှုံးသည်ဖြစ်စေ၊ 
မြတ်သည်ဖြစ်စေ အော်ဒါတွေကို ပိတ်ကြပါတယ်။ နေ့ကျော်မ
ထားလို့ မားကက်မဖွင့်မှီမှာ ထွက်ပေါ်လာနိုင်တဲ့ မားကတ်ကို 
သက်ရောက်နိုင်တဲ့ သတင်းများက အော်ဒါပေါ်မှာ မ
သက်ရောက်နိုင်၊ ရိုက်ခတ်မှုမရှိနိုင်ပါဘူး။ အများအားဖြင့် 
Day Trader များဟာ မားကတ်နဲ့ပတ်သက်ပြီး ဗဟုသုတ
များကာ သူတို့ရဲ့ Position နဲ့ပတ်သတ်ပြီး ဘယ်လို
ကိုင်တွယ်ရမလည်းဆိုတာ သိကြပါတယ်။ Trading 
Decision မြန်မြန်ချနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ
ကိုလည်း ပေါင်းစပ်သုံးစွဲတတ်ကြပါတယ်။ Scalper နဲ့ မ
တူတာက Day Trader များဟာ Hourly Time 
Frame (one hour, four) များကို အသုံးပြုပြီး 
အရောင်းအဝယ်အတွက် သုံးသပ်ဆုံးဖြတ်တတ်ကြပါတယ်။ 
Fundamental ဒေတာတွေကို ကြည့်လေ့မရှိဘဲ 
Technically အရ အရောင်းအဝယ်လုပ်ကြပါတယ်။ သူ
တို့မျှော်မှန်းတဲ့ အခြေနေ (ဥပမာ.. Level, Signal စ
သဖြင့်) ကိုစောင့်ပြီး အရောင်းအဝယ်လုပ်တတ်ကြပါတယ်။ 
Scalper နဲ့စာရင် ပိုစိတ်ရှည်တဲ့ သူတွေပေါ့။ Day 
Trading လုပ်သူများကို Day Trader လို့ခေါ်ပြီး၊ ယင်း
တို့အရောင်းအဝယ်လုပ်သော နည်းစနစ်ကိုတော့ Day 
Trading Strategy လို့ခေါ်ပါတယ်။

✔အားသာချက် 
(i) Trend Based Trading Strategies များကို 
အသုံးပြုအရောင်းအဝယ်လုပ်လို့ရတယ်။ ဥပမာ.. Trend 
Follow, Counter Trend, Breakout

(ii) Trade ဖို့အခွင့်အရေးပိုများများ ရနိုင်တယ်။

(iii) အော်ဒါများကို နေ့ကျော်မထားလို့ နေ့စဉ်အရှုံးအမြတ်
ကို ရှင်းလင်းစွာသိနိုင်တယ်။ 

(iv) Technical Analysis ကို အသုံးချနိုင်တယ်။ 

✘ အားနည်းချက်
(i) Scalper လိုပဲ အကြိမ်များစွာ အရောင်းအဝယ်လုပ်တဲ့
အတွက် ကုန်ကျစရိတ်ပိုများတယ်။

(ii) Time Frame နဲ့ Trading Style ကြောင့် 
အမြတ်ကန့်သတ်မှုရှိတယ်။ (ဥပမာ.. Long Term အရ 
Uptrend ဖြစ်နေပြီးပေမယ့် ကိုယ်က နေ့မကူးခင်အော်ဒါ
ပိတ်ရတဲ့အတွက် Long Term Trend ကို လိုက်လို့မရ)

(iii) Leverage ကို အလွန်အကျွံသုံးမိတာမျိုးဖြစ်နိုင်တယ်။

(iv) Market Noise တွေ ကြုံရနိုင်တယ်။ (နောက်
ပိုင်းမှာ Day Trading Strategies များကို တင်ပြပေး
ပါမယ်)

အထက်မှာ ကျွန်တော်တင်ပြခဲ့တာက Scalper နဲ့ Day 
Traders တွေရဲ့ အချက်တွေပဲဖြစ်ပါတယ်။ အခြားသော 
အချက်တွေလည်းများစွာရှိနေနိုင်ပါတယ်။ Day Trading 
လို့ပြောရင် Scalpers ရော၊ Day Traders တွေပါ 
အကျုံးဝင်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ခုမတူတာက 
Time Frame နဲ့ Method က အဓိကပါ။ ( ၁)မိနစ်၊ 
(၅) မိနစ်မှာ ကြည့်ပြီး အရောင်းအဝယ်လုပ်တဲ့သူနဲ့ နာရီဝက်၊ ၁နာရီမှာကြည့်ပြီး အရောင်းအဝယ်လုပ်တဲ့သူ အဓိကကွာပါ
မယ်။ ပြီးတော့ ပိုမြန်မြန်ဆုံးဖြတ်ချက်ချပြီး Ins and 
Outs လုပ်တဲ့ Scalper နဲ့ စိတ်နည်းနည်းပိုရှည်ပြီး လိုချင်
တဲ့အခြေအနေကို စောင့်ကြည့်တဲ့ Day Trader ကွာပါ
မယ်။ ကိုယ်စိတ်ပိုပင်ပန်းတာနဲ့ အနည်းငယ်သက်တောင့်
သက်သာ ဖြစ်တာကွာပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် Trading လုပ်တယ်ဆိုတာ အမြတ်အ
စွန်းရဖို့ဖြစ်လို့ အမြတ်အစွန်းရတဲ့သူက နည်းအမှန်ကို အသုံး
ပြုနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်အမြတ်
အစွန်းရဖို့၊ မိမိရဲ့ အချိန်ကို Chart ကြည့်နေရင်းပဲ မကုန်ဆုံး
စေဘဲ မိသားစု၊ အသိုင်းအဝိုင်း၊ မိတ်ဆွေသူငယ်ချင်းများကို
ပါ မျှဝေပေးနိုင်ဖို့၊ မိမိရဲ့ Trading ကြောင့် မိမိနဲ့ မိမိရဲ့ 
မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းတွေရဲ့ ကိုယ်၊ စိတ်မထိခိုက်
စေဖို့ပါ ဆောင်ရွက်နိုင်ပါက ကြည်နူးဖွယ်ကောင်းမည်ဖြစ်ပါကြောင်း ရေးသားမျှဝေလိုက်ပါတယ်။

(ကျန်ရှိသည့်အပိုင်းများကို ဆက်လက်တင်ပြပေးပါမည်။)

Post အားလုံးဖတ်ရန်