News Trading Strategy တနည်းအားဖြင့် သတင်း
များဖြင့် အရောင်းအဝယ်လုပ်ခြင်းဆိုတာကတော့
Trading ကို မားကက်သတင်းတွေ၊ မားကက်နဲ့ဆိုင်တာ
Crowd Expectations လို့ခေါ်တဲ့ လူအများရဲ့ မျှော်
လင့်ချက်တွေပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်တာပါ။ အဲ
လိုလုပ်ကြတဲ့ အခါမှာ သတင်းတွေ မထုတ်ပြန်မှီ၊ သတင်းတွေ
ထုတ်ပြန်ပြီး စသဖြင့် ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် Economic Calendar နဲ့ Market
News တွေကို အဓိကအာရုံစိုက်ပြီး အရောင်းအဝယ်အ
တွက် ဆုံးဖြတ်ကြတာမျိုးပါ။ သတင်းတွေဖတ် (News),
ဒေတာထုတ်ပြန်တာ (Economic Calender) ကြည့်
ပြီး အရောင်းအဝယ်လုပ်တာက News Trading or
News Traders လို့ပဲ ခေါ်နိုင်ပါတယ်။ Fundamental Trader ဖြစ်ဖို့က အဲထက်ကို အများ
ကြီး Deeply ဖြစ်ဖို့လိုပါမယ်။
ဒီလို News Trading လုပ်ဖို့က အရေးကြီးဆုံးက ထွက်
ပေါ်လာမယ့် သတင်းတွေ၊ ဒေတာတွေမဟုတ်ပါဘူး။ အဲသ
တင်းတွေ၊ ဒေတာတွေကို ချက်ချင်းအကဲဖြတ်နိုင်ဖို့ နဲ့ တုန့်ပြန်
မယ့် ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထား (Emotion and
Mindset) ကို ထိန်းကျောင်းတည့်မတ်နိုင်ဖို့သာဖြစ်ပါ
တယ်။ သတင်းတွေ၊ ဒေတာတွေကို အကဲဖြတ်တဲ့အခါမှာလည်း
(၁) သတင်း (သို့မဟုတ်) ဒေတာက ဘယ် instrument
(Trading Pair) ပေါ်မှာ သက်ရောက်မလည်း?
(၂) သတင်း (သို့မဟုတ်) ဒေတာတွေ မထွက်ပေါ်မှီမှာ စျေး
နှုန်းတွေက ယင်းသက်ရောက်နိုင့်မယ့် Instrument ပေါ်
မှာ Price In (စျေးကြိုတက်ထားပြီးပြီး၊ ကြိုကျထားပြီး
ပြီး) ဖြစ်ထားပြီးပြီးလား?
- တခါတလေ မားကက်မှာ သတင်း/ဒေတာတွေကို ကြိုတွေး၊ ကြိုအဖြေထုတ်ပြီး စျေးနှုန်းတွေက ကြိုတက်ထား၊ ကြိုကျ
ထားတာလည်းတွေ့နိုင်ပါတယ်။
(၃) သတင်း (သို့မဟုတ်) ဒေတာက မားကက်မျှော်မှန်းချက်
(Forecast) နဲ့ ကိုက်ညီလား မကိုက်ညီဖူးလား?
- တခါတလေ သတင်း/ဒေတာတွေကို ကောင်းမယ် ဘယ်
အတွဲကဖြစ် စျေးတက်မယ်ဆိုပြီး သုံးသပ်ထားတယ်။ အဲလို
သုံးသပ်ထားလို့လည်း မားကက်က ကြိုပြီး Price in ဖြစ်
ထားပြီပြီး၊ တကယ် ဒေတာလည်းထွက်လာရော ဒေတာကမ
ကောင်းဘူး။ ဒါဆိုရင် ကြိုတက် (Price In) ထားတဲ့ စျေး
တွေကဘယ်လိုဖြစ်မလည်း? စသဖြင့် အကဲဖြတ်တဲ့အခါ
ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
News Trading လုပ်တဲ့အခါ သတင်း၊ဒေတာတွေကို
သာမန်ထက် ပိုပြီးထိတွေ့ရပါတယ်။ ဒီလိုထိတွေ့မှုပြုတဲ့အခါမှာ..
(၁) သတင်းတွေ/ဒေတာတွေထုတ်ပြန်ချက်တခုစီကို မိမိ
အမြင်နဲ့သာ ကိုင်တွယ်ဖို့၊
(၂) အထူးသတင်း/ဒေတာတွေအတွက် အရောင်းအဝယ်လုပ်
မယ့် ဗျူဟာကို ချမှတ်ဖို့။ (ဥပမာ .. Interest Rate ဆို
ဘယ်လို၊ GDP ဆိုဘယ်လို စသဖြင့်)
(၃) Market Expectations (လူတွေရဲ့ မျှော်လင့်
ချက်) နဲ့ Market Reactions (တုန့်ပြန်မှု) က ထုတ်ပြန်
တဲ့ သတင်း/ဒေတာတွေထက် ပိုအရေးကြီးကြောင်း သိထား
ဖို့ လိုပါတယ်။
အချုပ်အားဖြင့်တော့. Trading ဟာ Fundamental,
Technical နဲ့ Sentimental ဆိုပြီး နည်းစနစ် (၃) ခု
ထောက်ကန်ထားတာပါ။ အဲထဲမှာပဲ News Trading
(and Fundamental Trading) က ပိုပြီး ပင်ပန်းစေ
နိုင်ပါတယ်။ သာမန်ကျွမ်းကျင်မှုထက် ပိုတဲ့ ကျွမ်းကျင်မှု၊
Fundamental (News and Data) ကို
Technical နဲ့တွဲစပ်နိုင်မှု၊ Market Expectations
ဆိုတဲ့ Sentimental ကို နားလည်နိုင်ဖို့ လိုအပ်ကြောင်း
ရေးသားမျှဝေလိုက်ပါယ်။
အားလုံး ကျန်းမာ၊သုတပြည့်ဝကြပါစေ။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment