Wednesday, March 22, 2023

Forex Trading သမိုင်း (၃)


Forex Trading သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ဆက်စပ်တာ‌လေးတွေ ရေးနေတာ အခုတော့ နောက်ဆုံးပိုင်းကို ရောက်လာခဲ့ပါပြီး၊ အရှေ့က အပိုင်းတွေဖတ်ပြီး ကျေနပ်မှုရကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီတော့ ကျန်တဲ့ နောက်ဆုံးအပိုင်းတွေကို ဆက်လိုက်ကြရအောင်ပါ။ လေ့လာရင်တော့ မကုန်နိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် ရတဲ့အချိန်နဲ့ အခြေအနေမှာ ခြုံငုံမိအောင် မျှဝေရတာဖြစ်လို့ ချုပ်နိုင်သမျှ ချုပ်ပြီး မျှဝေပေးရပါတယ်။ 

ယူရိုငွေကြေးစတင်ပေါ်ပေါက်လာခြင်း

ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပဟာ ဒေသတွင်းနိုင်ငံများနှင့် နီးကပ်စွာရှိလာစေရန်အတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီထဲမှာ စာချုပ်တွေချုပ်ဆိုပြီး ‌ဆောင်ရွက်တာလည်း ပါဝင်ပါတယ်။ ဒီစာချုပ်တွေထဲမှာတော့ ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂ရက်နေ့မှာချုပ်ဆိုတဲ့ Maastricht Treaty စာချုပ်ဟာ ဥရောပသမဂ္ဂလို့ခေါ်တဲ့ European Union (EU) ပေါ်ပေါက်လာစေဖို့ ဖြစ်လာပါတယ်။။ ဒီစာချုပ်မှာ ဥရောပအသိုင်းအဝိုင်းက နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်ချုပ်ဆိုခဲ့ကြပြီး ဒီလို ပေါင်းစည်းမှုက ယူရိုငွေကြေးဖန်တီးဖို့ အစပျိုးဖြစ်လာသလို၊ အဖွဲ့ဝင်နိုင်ငံများအတွက် နိုင်ငံခြားရေး၊ လုံခြုံ‌ရေးတို့မှာ ပေါင်းစည်းမှုတွေလည်းဖြစ်စေခဲ့ပါတယ်။
ယူရိုငွေကြေးကို ပထမဆုံးအနေနဲ့ ၁၉၉၉ ခုနှစ် ဇန်န္ဒဝါရီ ၁ရက်နေ့မှာ စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမ ၃နှစ်မှာ မမြင်ရသောငွေကြေး (Invisible Currency) အဖြစ်သာရှိခဲ့ပြီး၊ စာရင်းအင်းဆိုင်ရာနဲ့ အီလက်ထရောနစ်ငွေပေးချေမှု အတွက်သာ သုံးစွဲခဲ့ပါတယ်။ ဒီလိုနဲ့ ယူရိုဒင်္ဂါးပြားနဲ့ ငွေစက္ကူတွေကိုတော့ ၂၀၀၂ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှာ ဥရောပ ၁၂ နိုင်ငံမှာ တရားဝင်သုံးစွဲခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ သမိုင်းမှာ အကြီးမားဆုံး ငွေသားအပြောင်းလဲဖြစ်ခဲ့ပါတယ်။ 
ဒီစာချုပ်ဟာ စင်လုံး‌ချောမဟုတ်ဘဲ အကြိမ်ကြိမ်ပြင်ဆင်ခဲ့ရပေမယ့် ယူရိုငွေဖန်တီးနိုင်ခဲ့မှုက ဥရောပဘဏ်များကို ကမ္ဘာလုံးဆိုင်ရာ ငွေလဲလှယ်ခြင်းအန္တာရယ် (Exchange Risk) ကို ဖယ်ရှားနိုင်ခဲ့တဲ့ ထူးခြားတဲ့ အကျိုးကျေးဇူးတော့ ရခဲ့ပါတယ်။

 အင်တာနက်ကုန်သွယ်မှု (Internet Trading) 

လူတွေရဲ့ငွေအပေါ် အမြင်တွေ၊ သုံးစွဲမှုတွေပြောင်းလဲလာတာကြောင့် ငွေကြေးစျေးကွက်များဟာ ၁၉၉၀ ပြည့်နှစ်များမှစပြီး ရှုပ်ထွေး၊ ဆန်းပြားစွာနဲ့လျင်မြန်စွာ ကြီးထွားတိုးတက်လာပါတယ်။ လွန်ခဲ့သော နှစ်များစွာက ကုန်သည်ပွဲစားတွေကသာ သိရှိနိုင်တဲ့၊ သိရှိဖို့မလွယ်ကူနိုင်တဲ့ စျေးနှုန်းတွေ၊ သတင်းအချက်အလက်တွေကို လူတယောက်ဟာ အိမ်မှာတယောက်ထဲထိုင် ကလစ်တချက်နှိပ်ရုံနဲ့ သိရှိနိုင်သည်အထိ ဖြစ်လာတာပါ။ 
Forex အတွက် အရာရာဟာ ပြောင်းလဲခဲ့ပါပြီ။ အာဏာရှင်နိုင်ငံရေးစနစ်များမှာ ယခင်က ပိတ်ပင်ထားသော ငွေကြေးများကိုလည်း အရောင်းအဝယ်လုပ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှလို ထွန်းသစ်စစျေးကွက်တွေမှာလည်း ငွေကြေးနှင့်အရင်းနှီးများကို ပိုမိုဆွဲဆောင်နိုင်လာပါတယ်။ ၁၉၄၄ ခုနှစ်မှနေစတဲ့ Forex Market သမိုင်းဟာ လွတ်လပ်တဲ့ စျေးကွက်တခုကျင့်သုံးဖို့အတွက် စံနမူနာကောင်းတွေဖြစ်လာခဲ့တာပါ။ 
ယှဥ်ပြိုင်မှုစွမ်းအားကနေ မတူညီတဲ့ ငွေဖြစ်လွယ်မှုတွေ ဖန်တီးပေးတဲ့ စျေးကွက်လည်းတခုဖြစ်လာပါတယ်။ ယုံကြည်စိတ်ချရသော အွန်လိုင်းအရောင်းအဝယ်အကျိုးဆောင်တွေရဲ့ ယှဥ်ပြိုင်မှုတွေကြားမှာ Traders တွေအတွက် ကုန်ကျစရိတ်တွေ၊ Spread တွေလည်း သိသာစွာလျော့ကျလာတာကိုတွေ့ရပါတယ်။ တဦးချင်းအရောင်းအဝယ်လုပ်သူတွေကလည်း နိုင်ငံတကာဘဏ်တွေ၊ ကုန်သည်ကြီးတွေနဲ့ အတူတူ အီလက်ထရောနစ်အရောင်းအဝယ်နက်ဝပ်တွေကို အသုံးပြုနိုင်လာပါတယ်။

 ယနေ့နှင့်အနာဂတ်ကာလ Forex Trading 

ယနေ့ခေတ်မှာတော့ Forex Market ဟာ ကမ္ဘာ့အကြီးဆုံးမားကတ်ဖြစ်နေပြီး တနေ့ကို အမေရိကန်ဒေါ်လာ 5 Trillion ကျော်အရောင်းအဝယ်လုပ်နေကြတာပါ။ ယနေ့ Forex Trading လောကအကြောင်းကို ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတက်အကျတွေ မကြာခဏတွေ့ရနိုင်ပေမယ့် သက်မဲ့ဖြစ်တဲ့ Forex Trading ကလည်း ဆက်လက်ချီတက်ဆဲပါ။ လက်ရှိကာလမှာ အခွင့်အရေးတွေ၊ ပညာဗဟုသုတတွေနဲ့ အတူ ကိုယ်တိုင်လိုက်ပါ ကြိုးစားမှုဆိုတဲ့ စိန်ခေါ်မှုကလည်း ရှိနေဆဲပါ။ ငွေကြေးနဲ့ပတ်သက်သလို၊ ပညာ၊ ဗဟုသုတအတွေ့အကြုံများကလည်း မရှိမဖြစ်လိုအပ်တာမို့ ဖြည့်ဆည်းကြရအုံးမှာပါ။ အနာဂတ်မှာလည်း စဥ်ဆက်မပြတ်လေ့လာသင်ယူမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ မားကတ်ကြီးထဲမှာ စီးမျောကြပါအုံး။ ဒါဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေး၊ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေပါ။ အခွင့်အရေးကောင်းကို ရွေးချယ်မှုမှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ကျွန်တော်တို့ နှလုံးသွင်းထားသင့်တာက Learn First, Earn Later ဆိုတာပါပဲ။ ကျွန်တော်တို့ မိတ်ဆွေများရော Forex Trading နယ်ပယ်က ကျွမ်းကျင်သူများလား၊ အခုမှ စအခြေချမယ့် အသစ်အသစ်သော ဝါသနာရှင်တွေလား၊ ကျွန်တော်တို့ အတူတကွ ကြိုးစားရင် အောင်မြင်ကြရအောင်လားဗျာ။ 

(Page ကို Like & Follow လုပ်ရင်း နောက်ထပ် အပတ်စဉ် စာစဉ်များကို ဖတ်ရှူနိုင်ပါသည်)

ကေအယ်လ် (Academic Team)
Mingalar FX Myanmar (MFX Myanmar)
Trading Knowledge Sharing School.

Post အားလုံးဖတ်ရန်

No comments:

Post a Comment