Sunday, February 6, 2022

Online Forex Trading ဆိုတာဘာလဲ? 🌍


☑ Online Forex Trading ဆိုတာက ကမ္ဘာ့ငွေကြေးစျေးကွက်များကို Online ပေါ်တွင်အရောင်းအဝယ်လုပ်ခြင်းဖြစ်ပါတယ်။ 

☑ Online Broker များကို ချိတ်ဆက်၍အလုပ် လုပ်ကြရပါတယ်။ 

☑ Forex Broker တွေဟာ ဒေသနိုင်ငံများအသီးသီးက Banks တွေ Traders တွေနဲ့ ချိတ်ဆက်ထားကြပါတယ်။ 

☑ ဒါကြောင့် Broker တွေ ဆီမှာ မည်သည့်အချိန်မဆို အရောင်းဝယ်လုပ်နိုင်ကြပါတယ်။ 

☑  Retail Trader (လက်လီ Trader) တွေနဲ့ Broker တွေချိတ်ဆက်တဲ့ အခါမှာတော့ Online ကနေ Trading Platform ကိုသုံးပြီးဆက်သွယ်ကြရပါတယ်။ 

☑ Platform ဆိုတာကတော့ Meta-4 ကဲ့သို့ Trading လုပ်နိုင်သော Software ဖြစ်ပါတယ်။ 

☑ အရောင်းအဝယ်များကို ထို Software ထဲမှာ Order ဖွင့်နိုင်ပြီး Market ရဲ့ အခြေနေများကိုစောင့်ကြည့်နိုင်ခြင်း၊သုံးသပ်ခြင်းများပြုလုပ်နိုင်တဲ့ Software ဖြစ်ပါတယ်။ 

☑ Broker တွေက Meta-4 ပိုင်ရှင်များထံမှ အဲ့ဒီ Software ကိုကျွန်တော်တို့ အသုံးပြုဖို့၊ Meta-4 ကပေးတဲ့ Service တွေကိုယူ အသုံးပြုနိုင်ဖို့ဝယ်ယူပြီးသားဖြစ်ပါတယ်။ 

☑ Online Broker ဆိုတာကတော့ Online Website ပေါ်မှာမိမိကိုယ်တိုင် Account ဖွင့်ရပါတယ်။ 

☑ အဲ့ဒီ Account ကို Personal Account လို့ခေါ်ပါတယ်။ 

☑ အဲ့ဒီ Accout ထဲက မှ Trading Account ကိုပြန်ဖွင့်ရပါတယ်။ 

☑ Payment System ကိုတော့ Online Payment Perfectmoney (or) Bank Transfer ကို အသုံးပြုကြပါတယ်။ 

☑ Broker ရွေးချယ်တော့မယ်ဆိုရင်တော့  ကိုယ်ရဲ့ ရင်းနှီးငွေ Safety ဖြစ်မဖြစ်ကအရေးကြီးပါတယ် 

☑ Broker ရဲ့ ခိုင်မာမှု 

☑ ဒါ့အပြင် Broker Company သည် Commision ထပ်ပေးရလားသိဖို့လိုပါတယ် Spread လဲ များလို့မရပါဘူး။ 

☑ Deposit Withdraw ရဲ့ Process လဲမြန်ဆန်မှုရှိရမယ် 

☑ Trading Platform က Stable ဖြစ်မဖြစ်သိရပါမယ်။ 

☑ Company ရဲ့ Support ကဘယ်လိုတွေလဲ ဒါတွေသိထားဖို့လိုပါတယ် ။ 

✅ Instant Withdrawal 

လူကြီးမင်းတို့ အရင်းအနှီးထဲမှဖြစ်စေ၊
အမြတ်မှဖြစ်စေ၊ဘဏ်ဖွင့်တဲ့ မည်သည့်အချိန်မဆို
အလွယ်တကူထုတ်ယူနိုင်ခြင်း။ 

✅ Safety your Money 

လူကြီးမင်းတို့၏ ငွေကြေးဆိုင်ရာလုံခြုံစိတ်ချမှု
အတွက် ရှေ့နေနှင့်တကွ စာချုပ်စာတမ်းများဖြင့်
ဆောင်ရွက်ပေးခြင်း။ 

✅ No Fee for Deposit or Profit funds 

လူကြီးမင်းတို့ Market ထဲတွင် အရောင်းအ၀ယ်
လုပ်ရန် Acc ဖွင့်သည့်အခါ မည်သည့် Charges မှ
ပေးစရာမလိုဘဲ Free လုပ်ဆောင်ပေးခြင်း။ 

✅ No Dealing Desk 

လူကြီးမင်းတို့ ရှုံးမှ Company မြတ်တဲ့ပုံစံမျိုး
မဟုတ်ဘဲ Buyer နှင့် Seller ကြားကို Link ချိတ်ပေးသော Company ဖြစ်ခြင်း။ 

Post အားလုံးဖတ်ရန်

Trader တိုင်းဆောင်ရမဲ့ Trading Mindset..❗


Forex Trader တော့ ဖြစ်ချင်တယ် ဒါပေမဲ့ ဘယ်လို Mindset မထားတတ်တဲ့ သူတွေ အတွက် ဒီ Contact လေးကအထောက်ပံ့ ဖြစ်မှာပါ။ 

-ဒီ Contact လေးကို အဆုံးထိ ဖတ်ပေးဖို့ တောင်းဆို ပါတယ်။

- Forex Trading မှာ အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့အတွက် Mindset မှန်ကန်ဖို့က No.1 အရေးကြီးပါတယ်။ 

- တကယ်တော့ Risk Management လုပ်တယ်ဆိုတာကလဲ Mindset မှန်ကန်ဖို့အတွက် လမ်းကြောင်းတစ်ခုပါပဲ။ အောင်မြင်တဲ့သူတစ်ယောက် စိတ်ထားနဲ့ မအောင်မြင်တဲ့သူစိတ်ထားဟာ လုံးဝမတူနိုင်ပါဘူး။ စိတ်က ဦးဆောင်ပြောင်းလဲပြီး တန်တဲ့ ဘဝက်ိုရကြတာပါ။ 

- ထို့အတူပဲ Professional Trader တစ်ယောက်ရဲ့ Mindset ကလည်းပဲ Gambler တစ်ယောက်ရဲ့စိတ်နေသဘောထား လုံးဝကွဲပြားနေမှာပါ။ ရှုံးရတဲ့ အကြောင်းတွေ ထဲမှာ မှန်မှန်ကန်ကန် စိတ်ထား Attitude မထားတတ်တာကလည်း အရေးကြီးပါတယ်။ 

- Forex Market ဆိုတာ တစ်ကမ္ဘာလုံး က Business Man တွေလည်း လုပ်ကြသလို စိတ်ပါဝင်စားတဲ့ မည်သူမဆိုပမာဏ မျိုးစုံနဲ့ ဝင်ရောက်အရောင်းဝယ်လုပ်နေကြပါတယ်။ Forex Trader ကောင်းဖြစ်ဖို့အတွက် Strategy တစ်ခုတည်းမဟုတ်ပဲ Mindset ပါလိုအပ်ပါတယ်။ 

- Mindset ဆိုတာကလည်း အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့ အတွက် Psychology Strategy လို့လည်းပြောလို့ရပါတယ်။ 

- Forex Market ဆိုတာက တကယ်တော့ Zero Sum Market ပါ။ တစ်ယောက်ယောက်က ရှုံးနေတယ်ဆို အဲ့ ရှုံးသွားတဲ့ငွေတွေ ဟာ တစ်ယောက်ယောက်ဆိီရောက်သွားနေမှာပါ။ များများရှုံးတယ်ဆိုရင် တစ်နေရာမှာတော့ ပိုက်ဆံ တွေ သွားစုနေမှာ အသေချာပါပဲ။

- လူအများစုက Market ထဲ ဝင်လာကြတယ်၊သေချာမလေ့လာကြဘူး။ လောင်းကစားဆန်ဆန်လုပ်ကြမယ်။ အဲ့ပိုက်ဆံတွေဘယ်ရောက်သွားတာလဲဆိုတော့ အတွေ့ကြုံရှိ Trader တွေဆီရောက်သွားတာပါပဲ။ ခဏဝင်လာတယ်။ မလေ့လာဘူး။ ပြန်ထွက်သွားကြတယ်။ လှူသွားသလိုပါပဲ။ ဒါကြောင့် Mindset ​ကအရေးကြီးတာပါ။ 

ကဲ လာပါပြီ အရေးကြီးဆုံးအပိုင်း..❗❗ 

- ပထမတစ်ခုက အလွန်ကျွံ Trade တာပါ။ လူမှာ Psychological Concept တစ်ခုရှိတယ်။ တစ်ခါမြတ်လိုက်ရင်နောက်တစ်ခါမြတ်မယ်ထင်ပြီလက်သွက်လာတယ်။ မရရင် အကြိမ်များပြီး ရှုံးမဲ မဲတာပေါ့။ 

- ဒီ Forex Trading မှာ ၂ခုပဲ လုပ်ဖို့ လိုတယ်။ သိရင်လုပ် မသိရင် မလုပ်နဲ့။ သေချာတယ်ဆိုရင်လုပ်။ သေချာတယ်လို့ပြောပေမဲ့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ အနာဂတ်ကိုခန့်မှန်းရတာဖြစ်နေလို့ပါပဲ။ ဘယ်အရာပဲ လုပ်လုပ် Logic ကျပြီးရုပ်တိကျဖို့လိုတယ်။ သေသေချာချာလေ့လာထားဖို့လိုတယ်ဆိုတာကိုပြောတာပါ။ 

- ဘယ်လောက်ကျွမ်းကျင်တဲ့ Trader ပဲ ဖြစ်ဖြစ်မည်သူမှ ၂၄နာရီ လုံး ဘာဖြစ်ပြီး ဘာဖြစ်မယ်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်မသိပဲ မသေချာပဲနဲ့ အလွန် အကျွံ Trade မလုပ်ကျဖို့ အကြုံပြုချင်ပါတယ်။ 

- နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့အရမ်းမျှော်လင့်လွန်းခြင်းပဲ။ တချို့လူတွေက Forex အကြောင်းသိသွားပြီဆိုတာနဲ့ ပိုက်ဆံအရမ်းချက်ချင်းရသွားမယ်ထင်သွားတတ်ကြတာတွေရှိပါတယ်။ တခါတရံ အခြားစီးပွားရေးတွေမှာတောင်မရနိုင်တဲ့ ငွေကြေးပမာဏတွေကို မျှော်မှန်းလွန်းကျပါတယ်။ အတွေ့ကြုံ၊ ကျွမ်းကျင်မှုတွေမူတည်ပြီးတော့ရတဲ့ သူတွေလည်းရှိကြပါတယ်။ အဓိကကတော့ စိတ်ရှည်ဖို့လိုပါမယ်။ 

- တစ်ဖက်ကလည်း Risk Management ​ တွေနားမလည် Risk to Reward တွေမသိပဲနဲ့ ဝင်လာပြီး လောင်းကစားဆန်ဆန်လုပ်သွားရင်ရှုံးပြီးလှူသွားသလိုဖြစ်နေမှာပါ။ 

- အဓိကတော့စိတ်ရှည်ဖို့ပါ။ ပုံမှန်လေးလေ့လာနောက် တစ်နှစ်ငါးနှစ်တူတော့မှာ မဟုတ်ပါဘူး။ အဲဒီတော့နေ့ချင်းညချင်းချမ်းသာချင်တာတွေကို အရင်ထားပြီး သိသင့်တာတွေကို အရင်လေ့လာပါ။ စိတ်ရှည်ပါ။ လမ်းမှန်ပေါ်ရောက်ဖို့လိုတယ်။
ကိုယ်ဘယ်ဟာမှန်လဲ၊ မှားလဲ လိုအပ်နေလဲသုံးသပ် Practice လုပ်ကြည့်ပြီးတော့ ကိုယ့်ထက်အတွေကြုံရှိတဲ့သူတွေကိုမေး။ ပုံမှန်လေ့လာသွားလို့ရပါတယ်။ 

- ဒါကိုစိတ်ရှည်တာလို့ပြောတာပါ။ မျှော်လင့်တယ် ဆ်ိုတဲ့နေရာမှာလွဲနေတာ နော​က်တစ်ခုရှိသေးတယ်။ အဲ့ဒါကတော့ Indicators တွေအပေါ်မှာ အရမ်းမျှော်လင့်တာပါပဲ။ 

- တကယ်တော့ Indicators ဆိုတာ Trader ရဲ့အတွေ့ကြုံနဲ့ပါ ပေါင်းဆက် မှာရလာဒ်ကောင်းထွက်လာတာပါ။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ကြတာပါ။ ဒေါ်လာထောင်ချီပေးရတယ်ပဲပြောပြေ ာဘယ် Indicators, ၁၀၀ရာခိုင်နှုန်းမမှန်နိုင်ပါဘူး။ 

- အရာရာတိုင်းမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်မှာရှိနေကြပါတယ်။ အဲ့ဒီထဲမှာ အမှန်တကယ်အရေးကြီးတဲ့ Mindset နဲ့ Management လည်းပါပါတယ်။ စီးပွားရေး လုပ်ပြီဆိုရင်တော့ဘယ်စီးပွားရေးဖြစ်ဖြစ် ဘဏ်တိုးထက်ပို လိုချင်လို့လုပ်ပြီဆိုရင်တော့ Risk ရှိနေမှာပါ။ 

- Forex မှာလည်းအတူတူပါပဲ။ စီးပွားရေးတစ်ခုလို တွေးပါ။ ခံစားမှုကိုထိမ်းချုပ်တတ်အောင်ကြိုးစားပါ။ 

- နောက်ထပ် Forex Trader များသိသင့်ပြီး လိုက်နာသင့်တဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါက Trade လုပ်တဲ့ နေရာမှာ သုံးမယ့်ပိုက်ဆံပါပဲ။ အဲ့ဒီငွေသည် တနည်းအားဖြင့် ပြောပြမယ်ဆိုရင် ကိုယ် Risk ယူရမယ့်ငွေပါ။

- အဲ့ဒီငွေဟာကိုယ် Trade လို့အဆင်ပြေလောက်မယ့်ပမာဏရှိရမယ်။ အရမ်းနည်းတဲ့ပမာဏနဲ့ မ Trade သင့်ပါဘူး။ အရမ်းနည်းတဲ့ ငွေကြေးလို့ ပြောလို့ ပမာဏအရမ်းများရမယ်လို့ ပြောတာမဟုတ်ပါဘူး။ 

- ဒါပေမယ့် Trader လို့ အဆင်ပြေလောက်မယ့် ပမာဏတစ်ခု ရှိရမယ်။ ပုံမှန်ကိုယ်တစ်ခါ Trade ရင် ကိုယ့် Risk ယူမယ့် ငွေကြေး ပမာဏဟာရှိတဲ့ စုစုပေါင်း ကိုယ့်ငွေပမာဏရဲ့ ရာခိုင်နှုန်း အရမ်းမများဖို့ ကိုဆိုလိုတာပါ။ 

- ဆိုလိုတာက Risk ရာခိုင်နှုန်း ကိုပဲလျော့စေချင်တာပါ။ 

             ဒါဆိုရင်ဘယ်လိုလုပ်မလဲ⁉ 

- Lot size ကို လျော့ချရမှာပေါ့။ အဓိက Key Point က ဒါပါပဲ။ အမြဲတမ်း Lot နဲ့ Risk Amount ကိုချိန်ဆပါ။ ငွေနည်းရင် Lot ကို လျော့ပါ။ Risk လုပ်ရမယ့် ရာခိုင်နှုန်း ကို နည်းစေချင်တာပါ။ 

         ဘာကြောင့်လဲ⁉ 

- Stress လျော့အောင်လို့ပါ။ Emotion ကို ထိန်းနိုင်အောင်လို့ပါ။ အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်ဖို့က Mindset က အရမ်းအရေးကြီးလို့ပါ။ 

- Trading မလုပ်ခင်မှာ တွေးပါ။ ပြီးရင် Trade ပါ။ 

- Trade တဲ့အခါလုပ်သင့်တာတွေကို တဆင့်ပြီး တစ်ဆင့်လုပ်ပါ။ ပြီးရင်တော့ Relax လုပ်ပါ။ Forex Trading အတွက် ရင်းနှီးမြုပ်နှံမယ့်ငွေကြေး သည် ကိုယ််ဘဝ အတွက် အဆုံးရှူံးခံလို့မဖြစ်တဲ့ငွေကြေးဖြစ်နေတယ်ဆိုရင် မလုပ်ပါနဲ့။ စိတ်အေးလက်အေး ကောင်းကောင်း စဥ်းစားလို့ရအောင် ကိုယ်နိုင်တဲ့ ပမာဏအတွင်းကပဲ လွတ်လွတ်လပ်လပ် လုပ်သင့်ပါတယ်။ 

Post အားလုံးဖတ်ရန်

Non Farm Payroll ဆိုတာဘာလဲ?


Non-farm ဆိုတာ Fundamental (သတင်းအချက်လက်) တွေထဲက Market အပေါ် အလှုပ်ခတ်များစွာ ဖြစ်စေနိုင်တဲ့ အမေရိကန် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ 

..... ကဲ့ ဒါဆိုရင် Nonfarm ဆိုတာက ဘာလဲ❗

- Nonfarm payrolls က လယ်ယာ လုပ်သားများနှင့် အခြားသော အလုပ်အမျိုးစားခွဲများတွင် ပါဝင်သော US နိုင်ငံရှိ အလုပ်သမားအရေတွက်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ 

- ဒါကို US နိုင်ငံရှိ ပုဂ္ဂလိကနဲ့ အစိုးရအဖွဲ့စည်းတွေရဲ့ လုပ်ခလစာ များအကြောင်းကို စစ်တမ်းကောက်ယူတဲ့ Bureau of Labor Statistics (BLS) သည် အနီးကပ်လိုက်ထားသော လုပ်ခ လစာများကို အစီရင်ခံသော သတင်းဖြစ်ပါတယ်။ 

- Nonfarm- payroll သည် လစဥ် ပထမပတ်ရဲ့ သောကြာနေ့တိုင်းမှာ ထွက်လေ့ ရှိပါတယ်။ 

Post အားလုံးဖတ်ရန်

ဆရာမျိုးအိမ်ဇန်ပြောထားတဲ့ Forex Trading ဟာ လောင်းကစားမဟုတ်ဘူးဆိုတဲ့အကြောင်း


⁉️  Forex Trading ဟာ လောင်းကစား Gambling လား ? ⁉️ 

ကျွန်တော်တို့လို Forex Trader တွေအတွက် ဒီလောကကို စဝင်လာကာစ Newbie တွေ၊ နောက် FX လောကနဲ့ စိမ်းတဲ့ အပြင်လူတွေ၊ နောက် Forex Trading မှာ ရှုံးနိမ့်ဖူးတဲ့ Wounded Trader တွေဟာ ဒီမေးခွန်းကို မေးတတ်ကြပါတယ်။ 

‼️ Forex Trading ဟာ လောင်းကစား Gambling လား ? ❓ 

ဒီမေးခွန်းကို မဖြေခင် ဘာကြောင့်လူတွေ ဒီလို အမေးများရတာလဲ ဆိုတာကို လည်းရှင်းပြချင်ပါတယ်။ 

ကျွန်တော်ဟာ Forex Trading ကို Passion အပြည့်အဝနဲ့ လေ့လာသင်ယူခဲ့ပြီး၊ Business တစ်ခုလို စည်းစနစ် ကျနစွာ Trading ပြုလုပ်နေသူ ဖြစ်ပါတယ်။ အဲဒီအတွက် " Professional Forex Trader " ဆိုတဲ့ ဂုဏ်ကို အလွန်နှစ်သက်မြတ်နိုးသူ ဖြစ်ပါတယ်။ 

ဒါပေမယ့် Forex Trading လို့ ကြားတာနဲ့ လူအများစုဟာ မေးတတ်ကြပါတယ်။ 

❌ " Forex Trading " ဟာ လောင်းကစားလိုပဲနော်။ ဟုတ်တယ်မလား ?
ကျွန်တော် အမြဲတမ်း ပြန်ဖြေတာက ... Forex Trading ဟာ Business တစ်ခုပါ။ ဒါပေမယ့် သေချာတာက လောင်းကစားလို လုပ်ရင်တော့ လောင်းကစားပဲ ဖြစ်နေပါလိမ့်မယ်။ 

ဟုတ်ပြီ။ ဒါဆို ဘာလို့ လူအများစုဟာ Forex Trading ကို Business လို့မထင်ဘဲ Gambling လို့ ထင်ကြတာလဲ? Forex Losers တွေ ကရော ဘယ်လိုမျိုး Trading ကို လောင်းကစားလို လုပ်လို့ ရှုံးခဲ့ကြတာလဲ ပြောပြပါမယ်။ 

❌1️⃣ Mindset မမှန်ခြင်း 

ဘယ် Business မှာ မဆို ရှိအပ်တဲ့ Mindset မှန်ကန်ရပါတယ်။ 
Business တစ်ခုလို သဘောထားရင် အပြင်းအထန် လေ့လာ သင်ယူရပါမယ်၊ ပြီးတော့ အချိန်ယူတည်ဆောက်ရပါမယ်။ 

Forex Losers တွေကတော့ Quick Win Scheme လို သဘောထားပြီး ပေါ့ပေါ့လေးသင်၊ Real Account ဖွင့်၊ ငွေထည့် ---> ဒါဆို Profit တွေ လွယ်လွယ်ရပြီလို့ တွေးခဲ့ကြသူတွေပါ။ 

❌2️⃣ ရင်းနှီးမြှုပ်နှံမှု Plan မရှိခြင်း 

ဘယ် Business မဆို အရှုံး/အမြတ် ရှိပါတယ်။ လုပ်ငန်း တစ်ခုကို လုပ်ရင် ရှုံးနိုင်ချေ ရှိတာကိုလည်း ထည့်တွက်ရပါတယ်။
အဲဒီ အတွက် ကိုယ်တကယ် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ ကိုပဲ ရင်းနှီးရပါတယ်။ 

Forex Losers ( Forex Gamblers ) တွေဟာ ဘယ်လောက် မြတ်မလဲ? ဘယ်လို မြတ်မလဲ? ဆိုတာကိုပဲ လွယ်လွယ်နဲ့ ပေါ့ပေါ့ တွေးကြပါတယ်။ သူတို့ အရှုံးကို မတွက်ချက်ထားကြပါဘူး။ ဒါက သူတို့ကို Forex Trader မဖြစ်ဘဲ Forex Gambler ဖြစ်သွားစေတာပါ။ 

❌3️⃣ Trading System မရှိခြင်း 

ဘယ် အောင်မြင်တဲ့ Business မှာမဆို System ဆိုတာရှိပါတယ်။ 

လူအများစုဟာ Trading System ဆွဲဖို့ မကြိုးစားကြတာဟာ သူတို့ကို Business နဲ့ Gambling ကွာခြားသွားစေတာပါပဲ။ 

" Proven Trading System " အသေအချာ လေ့လာသင်ယူပြီး Demo နဲ့ အကြိမ်ကြိမ် Test လုပ်ပြီးသား " Trading System " တစ်ခုရှိပြီဆိုရင် Forex Trading ကပေးတဲ့ ROI ဟာ အခြား Business တွေထက် အကျိုးများပါတယ်။ 

❌4️⃣ Risk & Reawrd Management မလုပ်ခြင်း 

Trade တစ်ခုချင်းစီတိုင်းမှာ အနည်းဆုံး 1:2/ 1:3 စသည်ဖြင့် Risk & Reward ကို manage လုပ်ကြရပါတယ်။ 

ရေရှည်ပြင်ဆင်ထားတဲ့ Risk Management မရှိရင် လောင်းကစားလို ကံတရားပေါ်မူတည်သွားတာ ဖြစ်သွားပါလိမ့်မယ်။ 

❌5️⃣ Position Sizing မလုပ်ခြင်း 

Forex Trading လုပ်နေတဲ့ သူတွေထဲက အများစု အထူးသဖြင့် Newbie တွေဟာ Position Sizing ရဲ့ အရေးပါပုံကို သိပ်အလေးမထားကြပါဘူး။ 

တစ်ချို့ဆို Trade တစ်ခုတည်းမှာတင် Account ရဲ့ 50% လောက် Risk ယူထားတာ တွေ့ရပါတယ်။ ဒီတော့ နည်းနည်းလောက် ဆက်တိုက် SL ထိရင် Account ပျက်သွားတတ်ကြတာပါပဲ။ 

Position Sizing မလုပ်တတ်ရင်၊ မလုပ်ချင်ရင် Forex Trading ကို လုပ်ကို မလုပ်သင့်ပါဘူး။ 

❌6️⃣ Financial Knowledge မရှိခြင်း နှင့် စိတ်ကူးယဉ်ဆန်ခြင်း 

ဘယ် Business မှာမဆို ROI ( Return of Investment ) ဆိုတာကို ခန့်မှန်း တွက်ချက်ရပါတယ်။ 

စီးပွားရေး လုပ်ငန်းတွေလုပ်ဖူးတဲ့ သူအတွက် 5%/10% ROI ဆိုတာ ကောင်းမွန်တဲ့ Rate တစ်ခုပါ။ 

ဒါပေမယ့် အများစုဟာ Over-rated ROI တွေ ဥပမာ - $500 ရင်းရင် $500 လောက်လိုချင်တာ။ 100% ROI လောက်ဖြစ်နေပြီ။ အပြင်မှာ လည်း ဒီလို Business မရှိနိုင်တာမျိုးတွေ စိတ်ကူးယဉ်တတ်ကြပါတယ်။ 

✅ တကယ်တော့ Forex Trading ဟာ လောင်းကစား Gambling မဟုတ်ပါဘူး။ 

✅ သူ့မှာ အခြားလုပ်ငန်းတွေနဲ့ မတူညီတဲ့ အားသာချက်တွေလည်း အများကြီးကို ရှိပါတယ်။ 

✅ တကယ် စစ်မှန်တဲ့ Fundamental Analysis/ Technical Analysis တွေ လည်း ခိုင်ခိုင်မာမာ ရှိပါတယ်။ ကိုယ်က တကယ့် Education ကို ရယူနိုင်ဖို့တော့ လိုပါမယ်။ 

✅ နောက် လေ့လာသင်ယူနိုင်ရင်၊ Mindset မှန်ရင်၊ စည်းကမ်းရှိရင် အခြားလုပ်ငန်းတွေလို အရင်းအနှီးအများကြီး ချက်ချင်း မလိုတာလည်း အားသာချက်ပါပဲ။ 

✅ Mentor/ Coach/ Inner Circle ကောင်းကောင်း လိုအပ်ပါတယ်။ Self-Directed Trader လုပ်မယ်ဆို အင်မတန်မှကို Diligence & Intelligence ဖြစ်ရပါမယ်။ လမ်းပြပါရင် မြေပုံကောင်းရင် ခရီးပိုတွင်ပါတယ်။ 

⁉️ ဒါဆို ဘာကြောင့် Forex Trading ကို Gambling လို့ မြင်ကြတာလဲ ?

✅ ရှင်းပါတယ်။ Forex Trading ဟာ Business ပါ။ ဒါပေမယ့် Business လို မလုပ်ဘဲ Gambling လို လုပ်ရင်တော့ Gambling ဖြစ်သွားတာကြောင့်ပါပဲ။ 

Emotion စိတ်ခံစားမှုရယ်၊ သင်ယူရမှာကို ကြောက်တဲ့၊ အပြောင်းအလဲမလုပ်ချင်တဲ့ ခေါင်းမာတဲ့စိတ် အတ္တ Ego ဟာ 90% သော trader တွေကို loser ဖြစ်အောင် ဖျက်ဆီးလိုက်တာပါပဲ။ 

အဲဒီအတွက် အခြေခံအားဖြင့် Trading Like a long-term Success Business ဖြစ်ချင်တယ်ဆိုရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို အခြေခံအားဖြင့် လိုက်နာလုပ်ဆောင်ပြီးဖို့ လိုအပ်ပါလိမ့်မယ်။ 

မျိုးအိမ်ဇန်
Founder & Chief Analyst
ProjectX Trading TeaForex 

Post အားလုံးဖတ်ရန်

အရမ်းအသုံးဝင်တဲ့ Break Out System အကြောင်းကိုပြောပြသွားမှာပဲဖစ်ပါတယ်



📈Break Out System📈
 ဒီ System ကို များသောအားဖြင့် Horizontal Trend Line/ Up trend/ Down Trend/ Pattern Trend တွေရဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေကို တတစ်ဖက်ဖက်သို့ ဖောက်တက်လာတဲ့ အချိန်မှာ အသုံးပြုခြင်းဖြစ်ပါတယ်

ဉပမာအနေနဲ့ ပုံမှာပြထားသည့်အတိုင်း 1800$ ဆိုတဲ့ ရောင်းဈေးတန်းကို ဖောက်တက်လာချိန်မှာ ဈေးအနေနဲ့ ဆက်တက်တော့မယ်ဆိုတာ သိတဲ့အတွက် နောက်တစ်ခုက ဝယ်လိုအားများလာတဲ့အတွက် 1803$ ဆိုတဲ့ ဈေးတန်းမှာ အဝယ်အော်ဒါ ဖွင့်ပီး ဈေးတက်ရင်တက်သလောက် အမြတ်ယူတာပဲဖစ်ပါတယ်

📉Break Down System📉
ဒီ System ကလည်းပဲ အပေါ်ကဟာနဲ့ ပြောင်းပြန် သူကကျတော့ အောက်ဖက်သို့ ဖောက်ဆင်းလာတဲ့ အချိန်မှာ အရောင်းအော်ဒါ ဖွင်ပီး ဈေးကျရင် ကျသလောက် အမြတ်ယူခြင်းဖြစ်ပါတယ်

ဥပမာအနေနဲ့ ပုံတွင်မြင်တွေ့ရသည့်အတိုင်း 1700$ ဆိုတဲ့ အဝယ်ဈေးတန်းကို ဖောက်ဆင်းလာတဲ့အခါမှာ ရောင်းလိုအားများနေတဲ့အတွက် 1697$ မှာ အရောင်းအော်ဒါဖွင့်ပီး ဈေးကျရင်ကျသလောက် အမြတ်ယူခြင်းဖစ်ပါတယ်

🔴ယခုပြောပြသွားတဲ့ System ကို အသုံးပြုတဲ့အခါမျိုးတွင် အရှုံးကန့်သန့်မှု ထားပီးမှ လုပ်သင့်ပါတယ်ခဗျာ✍️✍️✍️

Post အားလုံးဖတ်ရန်

Friday, February 4, 2022

Forex Brokers (သို့မဟုတ်) အရောင်းအဝယ်အကျိုးတော်ဆောင်များ


✔Forex Broker ဆိုတာ.
Forex Broker ဆိုတာ ဘဏ္ဍာရေးအကျိုးဆောင်ဖြစ်ပါတယ်။ ခြုံငုံ၍ ဘဏ္ဍာရေးအကျိုးဆောင်လို့ရေးလိုက်တာကို နားလည်ပေးပါ။ သူတို့က အရောင်းအဝယ်ပြုလုပ်မယ့် Traders များကို အရောင်းအဝယ်ဆော့ဝဲလ် (Platform) ကို သုံးစွဲလို့ရအောင် အထောက်အကူပေးပါတယ်။ Traders နဲ့ Liquidity Provider ကို ချိတ်ဆက်ပေးပါတယ်။ Trading Platform ကို ဝင်ရောက်သုံးစွဲဖို့က ဘာခက်တာလည်းလို့ ထင်ကောင်း ထင်၊ တွေးကောင်းတွေးမိကြလိမ့်မယ်။ တကယ်က Trading Platform ကိုဝင်ရောက်သုံးစွဲခွင့်ရဖို့က မခက်ပါဘူး။ သို့သော် Verify ဖြစ်ပြီး ဝင်ရောက် သုံးစွဲသူမှသာလျှင် ငွေအစစ်နဲ့အရောင်းအဝယ်လုပ်ခြင်း၊ ငွေအရင်းအနှီးထည့်သွင်းနိုင်ခြင်း၊ အမြတ်အစွန်းများထုတ်ယူနိုင်ခြင်း၊ စတဲ့ နောက်ဆက်တွဲ ဆောင်ရွက်ရမယ့် ကိစ္စများကို တရားဝင်ဆောင်ရွက်လို့ရစေမှာဖြစ်ပါတယ်။ Forex Market ဟာ တခြားသော မားကတ်များလို့ ဗဟိုမားကတ်မရှိတဲ့ အမျိုးအစားဖြစ်လို့လည်း Broker ခေါ် အရောင်းအဝယ်အကျိုးတော်ဆောင်များ လိုအပ်တာဖြစ်ပါတယ်။ 

✔Forex Broker ကဘာတွေလုပ်ပေးလည်း... 
Forex Broker က လုပ်ငန်းဆောင်တာထဲမှာ အထက်ကပြောခဲ့သလို အရောင်းအဝယ်လုပ်သူ Traders များကို Trading Platform များကို လွယ်ကူစွာသုံးစွဲနိုင်အောင်လုပ်ပေးပါတယ်။ ဒီလို Trading Platform ကို သုံးစွဲခွင့်ရဖို့အတွက်ကတော့ တရားဝင်အကောင့်ဖွင့်ပေးခြင်း၊ Verify လုပ်ပေးခြင်း၊ ငွေသွင်းငွေထုတ်များကို ကြားခံဆောင်ရွက်ပေးခြင်း စတာတွေလည်းပါဝင်ပါတယ်။ ဗဟိုမားကတ်မရှိတဲ့ Forex Trading လုပ်ငန်းမှာ Broker တွေရဲ့ ကြားထဲက အကျိုးဆောင်မှုတွေ မပါရင် ကမ္ဘာ့မားကတ်နဲ့ တရားဝင်ချိတ်ဆက်ငွေရှာဖို့ မဖြစ်နိုင်ပါဘူး။ Broker တွေရဲ့ Trading Platforms (MT4, MT5 စသဖြင့်) က အရောင်းအဝယ်လုပ်သူ (Traders) များနဲ့ အရောင်းအဝယ်ကိုလက်ခံမယ့် (Liquidity Providers) များကို ချိတ်ဆက်ပေးတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ တနည်းအားဖြင့် Buyer နဲ့ Seller ချိတ်ဆက်ပေးတာ Broker ပါ။ ဒီလိုတာဝန်တွေကို ဆောင်ရွက်တဲ့အခါမှာ Spread, Commission, Piplet စတာတွေကို အခကြေးငွေအဖြစ်ရယူကြပါတယ်။ တချို့က သူတို့ရဲ့ အဓိကလုပ်ငန်းထဲမှာ Traders တွေကို Forex Education နဲ့ Knowledge ထောက်ပံတာလည်း လုပ်ပေးတတ်ကြပါတယ်။ 
(Liquidity Provider ဆိုတာက ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေဖြစ်ပါတယ်။ သူတို့က Buy ချင်ရင် Sell ပေး (ဝယ်ချင်ရင်ရောင်းပေးပြီး)၊ Sell ချင်ရင် Buy ပေး (ရောင်းချင်ရင် ဝယ်ပေး) တဲ့သူများ၊အဖွဲ့အစည်းများဖြစ်ပါတယ်။) 
တကယ်တော့ Forex Trading က ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို Traders, Brokers နဲ့ Liquidity Providers တို့ဟာ အပြန်အလန် အမှီသဟဲပြုနေရတယ်လို့ ဆိုနိုင်ပါတယ်။ Traders မရှိရင် Brokers နဲ့ Liquiditys Providers တို့ အလုပ်မဖြစ်နိုင်သလို၊ Brokers နဲ့ Liquidities Providers မရှိရင်လည်း Traders တွေအတွက် မားကတ်မှာ ပါဝင်ခွင့်ရဖို့မရှိနိုင်ပါဘူး။ ထို့အတူ Liquidity Providers မရှိရင်လည်း ခိုင်မာတဲ့ Broker တခုမဖြစ်နိုင်ပါဘူး။ ဒီအကြောင်းကို အောက်မှာ ဆက်ဖတ်ရင် နားလည်သွားနိုင်ပါတယ်။ 

✔Forex Broker က အမျိုးအစားဘယ်လောက်ရှိသလည်း.
အကြမ်းအားဖြင့် Forex Broker ၂ မျိုးပဲရှိပါတယ်။ အဲဒီ ၂မျိုးကနေသာ ထပ်ခွဲသွားတာဖြစ်ပါတယ်။ အဲဒါတွေကတော့....
(1) Dealing Desk (DD)
(2) Non-Dealing Desk (NDD) တို့ဖြစ်ပါတယ်။ 
(1) Dealing Desk (DD)
➤ Market Maker (MM)
Dealing ဆိုတာက မြန်မာလို ကိုင်တွယ်ဖြေရှင်းတာလို့ အဓိပ္ပါယ်ရပါတယ်။ Broker တွေရဲ့ Dealing Desk ကတော့ Traders တွေရဲ့ အော်ဒါတွေအများစုကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းတာမျိုးပါ။ ဒီ Dealing Desk ကို Market Maker လို့ခေါ်ကြသလို Market Maker လို့ ကြားရင်လည်း Dealing Desk လို့နားလည်ရပါမယ်။ ဒီတော့ Dealing Desk or Market Maker မှာ Traders တွေရဲ့ အော်ဒါတွေက Broker ဆီဝင်မယ် အဲကနေမှ Dealing (Dealing Desk) လုပ်ပါတယ်။ အမြတ်အစွန်းရတဲ့အရောင်းအဝယ်ကို အရှုံးဖြစ်တဲ့ အရောင်းအဝယ်တွေနဲ့Match လုပ်ပြီး အလျော်အစားလုပ်မယ် သို့မဟုတ် Liquidity Provider တွေဆီ ဆက်တင်ပေးမယ်။ ရှုံးနေတဲ့ အော်ဒါတွေကိုတော့ Counter Trade လုပ်တာဖြစ်စေ၊ ကိုယ်တိုင်အလျော်အစားလုပ်တာဖြစ်စေ ဆောင်ရွက်နိုင်ပါတယ်။ အများအားဖြင့်တော့ Cent Account ခွင့်ပြုတဲ့ Server များဟာ Dealing Desk/Market Maker ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ 
Market Maker လို့ ပြောလို့ တချို့က ကြောက်ကြတာလည်းရှိတယ်။ ကိုယ့်ကို  ဆန့်ကျင်ဘက်ဖြစ်အောင်လုပ်ပြီး ဆွဲစားမှာကိုပေါ့။ တကယ်တော့ အဲလိုမျိုးလုပ်တာမျိုးက ဖြစ်တော့ ဖြစ်ခဲပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Trader Performance ကောင်းရင် Broker Dealing Desk ပေါ်မှာ ဂိတ်မဆုံးဘဲ Liquidity Provider ဆီကို အော်ဒါတက်သွားမှာဖြစ်ပါတယ်။ ကိုယ်က အမြဲစိမ်းမဟုတ်တဲ့ အမြဲရှုံးဆိုရင်တော့ Broker အကြိုက်ဖြစ်ပြီး သူ့ဆီမှာသာ Dealing လုပ်နေပါလိမ့်မယ်။ ဒီတော့ Market Maker ကို ကြောက်ဖို့ထက် အရည်အသွေးမြင့်အောင်ပဲ ကြိုးစားဖို့လိုအပ်ပါတယ်။

(2) Non-Dealing Desk (NDD) 
➤ Straight Through Processing (STP)
➤ Electronic Communication Networks (ECN)
Non Dealing Desk မှာတော့ STP နဲ့ ECN ဆိုပြီး ၂မျိုးထပ်ခွဲပါတယ်။ Non Dealing ဆိုတဲ့အတိုင်း မကိုင်တွယ်ဘူး။ ဘာကို ဘာက မကိုင်တွယ်လည်းဆိုတော့ Traders တွေရဲ့ အော်ဒါတွေကို Broker က တိုက်ရိုက်ကိုင်တွယ်ပြီး အလျော်အစားမလုပ်ဘူး။ ဘယ်သူက တိုက်ရိုက်သက်ဆိုင်လည်းဆိုတော့ Hedge Funds, Mutual Funds, Others Brokers and Banks  စတဲ့ Liquidity Providers တွေကသာ အော်ဒါကို တိုက်ရိုက်ကိုင်တွယ် (အလျော်အစား) လုပ်တာဖြစ်တယ်။ ဒီတော့ Non Dealing Desk လို့ဆိုရင် STP ဖြစ်ဖြစ်၊ ECN ဖြစ်ဖြစ် အတူတူပဲလို့မှတ်ရမယ်။ ခြွင်းချက်အနေနဲ့တော့ တချို့ Broker တွေကျတော့ STP ဆိုတာတွေက Market Maker ဖြစ်နေတတ်တယ်။ ဒါကလည်း အထက်ကအပိုဒ်မှာပြောခဲ့သလို ကြောက်စရာတော့မရှိဘူး။ အမြဲမြတ် သို့မဟုတ် Performance သာကောင်းပါစေ၊ STP စစ်စစ်ဖြစ်ပြီး Broker က ကိုယ့်အော်ဒါကို Dealing (MM) မလုပ်ရဲပါဘူး။ 
Dealing မလုပ်တဲ့ Non-Dealing ချင်းအတူတူ ဘာလို့ STP နဲ့ ECN ထပ်ခွဲရသလည်းဆိုတော့ Quotes Price တွေ၊ Spread တွေကြောင့် ခွဲပြောရတာဖြစ်တယ်။ Quotes ဆိုတာ Trading Platform မှာ ပြတဲ့ စျေးပေါ့။ တနည်းအားဖြင့် ရောင်းရင် ဒီစျေး၊ ဝယ်ရင် ဟိုစျေးဆိုတာမျိုး၊ Spread ကတော့ ဝယ်စျေးနှင့်ရောင်းစျေးကြားအဟကိုပြောတာ။ STP နဲ့ ECN က Non Dealing ချင်းအတူတူဘာလို့ခွဲထားလည်းဆိုတာကို အနည်းငယ်ထပ်ရှင်းပေးပါမယ်။ 
➤ Straight Through Processing (STP) မှာဆိုရင် 
✿ Quote One ➤ Broker ➤ Quote Two ➤ Traders ပုံစံနဲ့လာတယ်။ 
✿ဆိုလိုတာက ... Quote One က Liquidity Provider သို့မဟုတ် တကယ့် Interbank market လို Ref စျေးနှုန်းအစစ်ကိုပြောတာ။ STP မှာ Traders တွေက Quote One ကိုမတွေ့ရဘူး။ ဥပမာ EURUSD ကို Liquidity Provider သို့မဟုတ် တကယ့် Interbank market က Ref စျေးနှုန်းက 1.23456 ဖြစ်နေချိန်မှာ Trader က Quote Two အဖြစ် 1.23459 စသဖြင့် (Piplet အနည်းငယ်ပေါင်းထားတာမြင်ရနိုင်တယ်) 
✿ Quote One က Broker ဆီကို ရောက်တယ်။ အဲဒါကိုမှ Broker က Constant or Floating Piplet ခပ်သေးသေးပေါင်းပြီး Trader ကို ပြန်ပြတဲ့ Quote Two ဖြစ်လာတယ်။ Traders တွေက အဲဒီ Quote Two ပေါ်မှာ အရောင်းအဝယ်လုပ်ရတယ်။
✿ဒါဆိုရင် STP က စိတ်မချရဘူးလား? အဲလို စိတ်မချရတာကို ပြောတာမဟုတ်ဘူး။ Quote Two အဖြစ်ပြောင်းပြတာက Trading Charges ယူတဲ့သဘောပါ။ တနည်းအားဖြင့် ဝန်‌ဆောင်ခသဘောပေါ့။ ဒါကြောင့် STP မှာဆိုရင် Commodities Pairs တွေကလွှဲပြီး ကျန်တဲ့ Currency Pairs တွေမှာ Commission ဆိုတာကို အများအားဖြင့် မယူကြပါဘူး။ ဘာလို့မရှိလည်းဆိုတော့ Quote Two မှာ ယူထားပြီးမို့ဖြစ်တယ်။ ဒီတော့ STP အများစုက Commission မရှိဘူး။

➤Electronic Communication Network (ECN) မှာကျတော့ 
✿ Quote One ➤ Broker ➤ Quote One ➤Traders ပုံစံနဲ့လာတယ်။ 
✿ ဆိုလိုတာက Quote Price တွေကို Broker က ပြင်ဆင်ထားခြင်းမရှိဘူး။ Liquidity Provider သို့မဟုတ် တကယ့် Interbank market က Ref စျေးနှုန်းအတိုင်းမြင်ရ၊ အရောင်းအဝယ်လုပ်လို့ရမယ်။ တကယ့် Interbank market က Ref စျေးနှုန်းက 1.23456 ဖြစ်နေချိန်မှာ Trader ကလည်း 1.23456 ကိုပဲ မြင်ရ၊ အဲဒီအပေါ်မှာပဲ အရောင်းအဝယ်လုပ်လို့ရမယ်။ 
✿ ဒီတော့ စျေးနှုန်းက မူရင်း ref စျေးအတိုင်းမို့ ECN ဆိုရင် သေချာပေါက် Commission ပေးရမယ်။ ဒီကော်မရှင်က Broker တွေအတွက် ဝန်ဆောင်ခပေါ့။ 

✔ရွေးချယ်ဖို့အတွက် ဘယ်လို Broker ကိုထည့်သွင်းစဥ်းစားရမလည်း...
ဒီမှာရေးမှာက ကျွန်တော့်အတွေ့အကြုံရ ထည့်သွင်းစဥ်းစားသင့်တာတွေဖြစ်ပါတယ်။
✿ အထက်က DD, NDD ကို ပြန်ကောက်ရရင် STP မှာ ကော်မရှင်ခမပေးရတာကို ထည့်သွင်းစဥ်းစားရမယ်။ 
✿ ECN မဟုတ်တဲ့ အကောင့်တွေမှာ Minimum Position Size 0.01 ခွင့်ပြုတဲ့ Broker တွေကို ထည့်သွင်းစဥ်းစားရမယ်။ 
✿ Position အတိုးအလျော့ကို (ECN) မဟုတ်ရင် 0.01 အတိုးအလျော့လုပ်လို့ရတဲ့ Broker တွေကို ထည့်သွင်းစဥ်းစားရမယ်။ 
✿ အခြားအချက်တွေအပြင် Trading Platform ကောင်းမွန်ဖို့၊ Spread, Commission တွေ သူများထက်မများလွန်းစေဖို့ ထည့်သွင်းစဥ်းစားရွေးချယ်ရမယ်။ 
✿ Customer Service ပေးတာ လျင်မြန်တာကို ထည့်သွင်းစဥ်းစားရမယ်။ 
✿ Gap ခဏခဏလုပ်ပြီး Entry Gap, SL Gap, TP Gap ဆိုတာနည်းတဲ့ Broker တွေကို ထည့်သွင်းစဥ်းစားရမယ်။
✿ ငွေသွင်းငွေထုတ်စနစ်စုံလင်ပြီး လွယ်ကူမြန်ဆန်တာကို ထည့်သွင်းစဥ်းစားရမယ်။
✿ နောက်ဆုံး တခုက (တကယ်က ရေးရင် ကုန်နိုင်ဖွယ်မရှိပါဘူး) Education နဲ့ Knowledge Sharing ကိုပါ ထည့်သွင်းထားတဲ့ Broker တွေကို ထည့်စဥ်းစားရမယ်။ 
ဖေါ်ပြပါတွေက ထည့်သွင်းစဥ်းစားရမှာတွေကို ချရေးလိုက်တာပါ။ ကိုယ်တိုင်သုံးသပ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ နားပါရစေခင်ဗျာ။ Forex Trading နယ်ပယ်က မိတ်ဆွေများ၊ စာဖတ်သူ မိတ်ဆွေများအားလုံး ချမ်းသာကိုယ်စိတ်မြဲကြပါစေဗျာ.....

Warning ⚠️ (အထူးသတိပေးတားမြစ်ချက်)
FX Trading လုပ်ငန်းသည် High Risk More Profit ဖြစ်သောကြောင့် လူတိုင်းနှင့် မသင့်တော်ပါ။ မိတ်ဆွေများ ဗဟုသုတ အလို့ငှာ တင်ပြခြင်းဖြစ်ပြီး FX Trading တွင် မိတ်ဆွေအနေဖြင့် ၀င်ရောက် ရင်းနှီးလုပ်ကိုင်မည် ဆိုပါက မိတ်ဆွေ၏ စီးပွားရေးနှင့် စား၀တ်နေရေး အတွက် ထိခိုက်နိုင်သော ငွေကြေးရင်းနှီး မြုပ်နှံမှု ကို ရှောင်ရှားသင့်ပြီး မိမိအနေဖြင့် ရင်းနှီးလုပ်ဆောင်မည် ဆိုပါက ဆုံးရှုံးခံနိုင်သော ငွေပမာဏဖြင့်သာ လုပ်ဆောင်သင့်ပြီး ငွေပူ မဖြစ်ရန် အထူးလိုအပ်ပါသည်။ ကျနော်တို့ MFX Myanmar သည် ရှယ်ယာခေါ်ခြင်း၊ ‌မန်ဘာအတိုးပေးခြင်း၊ ငွေစုငွေချေးခြင်း လုပ်ငန်းများ ကို လုံး၀ (လုံး၀) မပြုလုပ်ပါ။
ယခု ပိုစ့်သည် Trading နှင့် သက်ဆိုင်သောဗဟုသုတ အတွက်သာတင်ပြခြင်းဖြစ်ပါသည်။

Post အားလုံးဖတ်ရန်

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...