(ဒီနေ့တော့ ပထမဆုံးနေ့အဖြစ် ဒီသင်တန်းတခုလုံးရဲ့ အဓိက ကျောရိုးကို မျှဝေလိုက်ပါတယ်။ စာနှစ်ပုဒ်ဖြစ်ပြီး ညနေပိုင်းမှာ နောက်တပုဒ်ထပ်မံမျှဝေပါမယ်ခင်ဗျာ)
ဘယ်စီးပွါးရေးကို လုပ်သည်ဖြစ်စ မစခင်ကတည်းက ကျွန်တော်တိုအနေနဲ့ ယင်းလုပ်ငန်းနဲ့ပတ်သတ်ပြီး သိနိုင်သမျှ အရာအားလုံးကို သိရှိထားသင့်ပါတယ်။ ဒီလို သိသင့်တာ၊ သိနိုင်တာတွေ သိရှိ၊နားလည်အောင် မလုပ်ထားရင် ကျွန်တော်တိုအတွက် အောင်မြင်မှုရဖို ခဲယဉ်းပါလိမ့်မယ်။ Forex Trading ကလည်း ထိုနည်းအတိုင်းဖြစ်ပါတယ်။ သိသင့်တာတွေများလွန်းပါတယ်။ ဒီထဲကမှ သိနိုင်သမျှအရာအားလုံးကို သိရှိထားဖို ကြိုးစားထားရမှာဖြစ်ပါတယ်။
Forex Market မှာ ကြည့်ရင် အဓိက Key Players ၂မျိုးနဲ့ဖွဲစည်းထားတာဖြစ်ပါတယ်။ ဒီ Key Players တွေက Market Makers နဲ့ Retails Traders တိုဖြစ်ပါတယ်။
Market Makers ဆိုတာ...
Market Makers ဆိုတာ ဘဏ်တွေ (Banks)၊ ငွေကြေးအဖွဲအစည်း (Financial Institutions) တွေဖြစ်ပါတယ်။ ဒါ့အပြင် Retails Traders မဟုတ်တဲ့ Trading Volume များတဲ့ အစိုးရတွေ၊ ရင်းနှီးမြုပ်နှံမှုအဖွဲအစည်း (Investment) တွေ စတာတွေလည်းပါတယ်။ တကယ်တော့ Market Makers ဆိုတာ Trading Volume များသော၊ အမြဲတမ်း တိုလီတိုလီနဲ့ အရောင်းအဝယ်မလုပ်နေသော၊ မားကတ်ကိုရွေ့လျားစေသော Smart Money ဖြစ်ပါတယ်။ မားကတ်ရဲ့ ရွေ့လျားမှုတွေဟာ Smart Money တွေကြောင့်ဖြစ်ပြီး Market Volume 80% အထက်ကလည်း Smart Money တွေဖြစ်ပါတယ်။ မားကတ်ကို သူတိုရွေ့ချင်တဲ့ အနေအထား၊ လားရာဆီကို ရွေ့လျားစေနိုင်တဲ့ အစွမ်းတွေရှိကြပါတယ်။
Smart Money (Institutional Traders, Market Makers) တွေတာနဲ့အညီ "Retails Traders တွေဘယ်လို သုံးသပ်လည်း၊ ဘယ်လိုစိတ်ရှိလည်း၊ ဘယ်လိုအရောင်းအဝယ်လုပ်လည်း၊ Stop loss တွေဘယ်မှာရှိလည်းဆိုတာ စတာတွေကို နှိက်နှိက်ချွတ်ချွတ်သိနားလည်ပြီး Retails Traders တွေရဲ့ ပိုက်ဆံ (Stop Loss) ကိုဘယ်လိုကစားရမလည်းဆိုတာ အထူးကျွမ်းကျင်ကြပါတယ်။” အခုကျွန်တော်ပြောတာတွေက အမှန်တရားပါ။ အောက်က ပုံကို ကြည့်ပါ။ ပထမပုံပြီးမှ ဒုတိယပုံကိုကြည့်ပေးပါ။
အထက်ပါ ဥပမာအရ.. ကျွန်တော်တို Retails Traders တွေရဲ့ အရောင်းအဝယ်လုပ်တဲ့ ပုံစံနဲ့ Market Makers တွေက ကျွန်တော်တိုရဲ့ Money (SL) တွေကို ယူစားလည်းဆိုတာ မြင်သာမယ်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးက Forex Market မှာ အချိန်နဲ့အမျှဖြစ်နေတာပါ။ ဒါကို ကျွန်တော်တို သတိမထားဘူးဆိုရင် အမြဲတမ်း Market Makers တွေရဲ့ ထောင်ချောက်ထဲရောက်နေပါလိမ့်မယ်။ ဒီလို ထောင်ချောက်ထဲမရောက်ဖိုအတွက် Supply and Demand ကိုလေ့လာပြီး Market Makers တွေရဲ့ အရောင်းအဝယ်လုပ်တဲ့ ပုံစံအတိုင်းအရောင်းအဝယ်လုပ်ခြင်း၊ ယင်းတိုကို Follow လုပ်ခြင်းဖြစ် ထောင်ချောက်ကျခြင်းတွေ လျော့ပါး သက်သာလာနိုင်ပါတယ်။
Banks တွေ၊ Financial Institutions တွေဖြစ်တဲ့ Market Makers တွေမှာ ဘယ်ဇုန်ရောက်ရင် ဝယ်မလည်း? ဘယ်ဇုန်ရောက်ရင် ရောင်းမလည်းဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။ ကျွန်တော်တိုအနေနဲ့ အဲဒီဇုန်တွေကို ဖေါ်ထုတ် (Identify) နိုင်ရင် ကျွန်တော်တိုရဲ့ Trade နဲ့ Market Makers တွေရဲ့ Trade က အတူတူပဲဖြစ်ပြီး သူတိုကို ဆန့်ကျင်ပြီး အရောင်းအဝယ်လုပ်လို Loss ဖြစ်မယ့်အစား သူတိုနဲ့အတူတူ အမြတ်ရနိုင်မှာဖြစ်ပါတယ်။
Supply and Demand ကိုလေ့လာပြီးတဲ့အခါမှာ မားကတ်ကိုကြည့်တဲ့၊ မြင်တဲ့အမြင်တွေ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် Smart Money တွေရဲ့ အယူအဆ၊တွေးမြင်ပုံတွေနဲ့ မားကတ်ကို ချဉ်းကပ်တတ်လာပါလိမ့်မယ်။ ဒီ Supply and Demand Course ကိုလေ့လာတဲ့ ရည်ရွယ်ချက်ကလည်း အဲလို ချဉ်းကပ်တတ်စေဖိုမဟုတ်ပါလားဗျာ.............
"ကွန်မန့်အတွက် Chat Group နဲ့ချိတ်ဖို့က မေ့နေလို့၊ ဒီနေ့မှ ချိတ်ဖြစ်တယ်။ ဒါကြောင့် မန့်ဘောက်စစ် အခုပို့စ်ကနေစပြီး နောက်တင်တဲ့ သင်ခန်းစာတွေကျရင် ပေါ်လာလိမ့်မယ်ခင်ဗျ" မန့်ဘောက်စ်ပေါ်လာရင် မေးမြန်းဆွေးနွေးလို့ရပါပြီး
No comments:
Post a Comment