Thursday, December 30, 2021

🦋 Price Action Trading System နဲ့ပတ်သတ်ပြီး ယေဘုယျ လိုအပ်ချက် 🦋


💥 Price Action Trading System ဆိုသည်မှာ စျေးကွက်ရဲ့ လက်ရှိအခြေ​နေပေါ် မူတည်ပြီး လိုအပ်သလိုတုန့်ပြန်ရသော စနစ်ဖြစ်သည်။ 

Price Action Trading System ကို အပိုင်း (၄) ပိုင်းခွဲခြားထားပါတယ်။ 

📌📌(1) Setup 
Trade တစ်ခုသို့ဝင်ရောက် အရောင်းအဝယ် မလုပ်ခင် ဖြစ်နေသည့်အခြေနေကို Trade Setup လို့ခေါ်ပါတယ်။ 
Chart Table တွင်ဖြစ်ပေါ်နေသော Resistance & Support များကိုရှာဖွေရင်း Bolinger Bands များကိုသုံးသပ်ခါ Candlestick Patterns ချ၍ Buy/ Sell လုပ်ရန်ဖြစ်သည်။ 

📌📌(2) Entry Point 
Price သည် Resistance & Support ကိုရောက်ရောက်ခြင်း Buy/Sell လုပ်ရန်မဟုတ်ပါ။ ၄င်း Resistance & Support နေရာတွင် Reversal Candle တစ်ခုဖြစ်လာအောင် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန်ဖြစ်သည်။ Price Action စနစ်တွင် Entry (၂) မျိုးသုံးနိုင်ပါသည်။ Buy Entry အတွက် Buy Stop နဲ့ Buy Limit ကိုသုံးနိုင်ပြီး Sell Entry အတွက် Sell Entry နဲ့ Sell Limit ကိုသုံးနိုင်ပါသည်။ 

📌📌(3) Stop Loss
မိမိ၏ Setup သည်ဆက်လက်၍ မှန်စရာအကြောင်းမရှိတော့လျှင် မိမိရဲ့ Trading ကိုရပ်ရပါမည်။ Entry တစ်ခုဝင်လိုက်သော် မိမိခန့်မှန်းထားသောစျေးနှင့်ဆန့်ကျင်ဘက်ဖြစ်နေလျှင် မိမိသတ်မှတ်ထားသော (သို့) မိမိအရှုံးခံနိုင်သောစျေးတွင် SL ထားပေးခြင်းဖြင့်အလိုလျောက် အရှုံးနဲ့ထွက်သွားမည်ဖြစ်သည်။ 

📌📌(4) Exit Point 
Initial Target ဆိုတာ Trade တစ်ခုမစတင်မီ Trade အတွက်မျှော်မှန်းထားသည့် Take Profit ယူရမည့်နေရာဖြစ်သည်။ မည်သည့် Order မဆို သင့်တော်သော အမြတ်ယူ၍ Order ကိုပိတ်သင့်ပါသည်။ 

Post အားလုံးဖတ်ရန်

Wednesday, December 29, 2021

ကမ္ဘာရွှေနဲ့ နိုင်ငံတကာငွေကြေးစျေးကွက်ထဲမှာအရောင်းအဝယ်လုပ်ဖို့အတွက်အသုံးဝင်တဲ့ Multi TimeFrame



📌 Multi TimeFrames Trading Style ဆိုသည်မှာ မတူညီတဲ့စျေးကွက်ဦးတည်ရာကို မတူညီတဲ့ TimeFrames များနှင့်လေ့လာပြီး အရောင်းအဝယ် ပြုလုပ်ခြင်းဖြစ်ပါသည်။

📌 စျေးကွက်တစ်ခုမှာ အချိန်ကာလ မတူလျှင် Trend လည်းမတူပါ။ ထို့အပြင် Support & Resistance တွေလည်း မတူညီနိုင်ပါ။ ထို့ကြောင့် TimeFrames များပေါ်တွင် အသုံးပြုသည့် Indicators များ၏ ညွှန်ပြချက်များလည်း မတူညီတော့ပါ။ ထိုကဲ့သို့ မတူညီသော ညွှန်ပြချက်များထဲမှ တူညီသည့် အချက်တခု ရောက်မှ Trade ပြုလုပ်သောပုံစံသည် Multi TimeFrames Trading Style ဖြစ်ပါသည်။

📌 Multi TimeFrames Trading လုပ်ရန်အတွက် မတူညီသော TimeFrames (3) ခုလိုအပ်ပါသည်။

1️⃣ TimeFrame အကြီး ( Trend Chart)
💁🏻 Trend Chart သည် Market ၏ MainTrend ကို သိရှိနိုင်ရန်အတွက် အသုံးပြုပါသည်။
▶ Trend Chart တွင် အသုံးပြုရမည့် TimeFrame များ...
( H1, H4, D1, W1, MN)

2️⃣ TimeFrame အလတ် (Signal Chart)
💁🏻 Signal Chart သည် Market Entry ဝင်ရန်အတွက် မိမိအသုံးပြုနေသော Trading System မှာ ပြမည့် Long (Buy) / Short (Sell) Signal များကို ရှာရန်အတွက် အသုံးပြုပါသည်။
▶ Signal Chart တွင်အသုံးပြုရမည့် TimeFrame များ...
( M5, M15, M30, H1, D1, W1)

3️⃣ TimeFrame အသေး (Timing Chart)
💁🏻 Timing Chart သည် Signal Chart မှ Buy/Sell Signal တခုခုပြလာလျှင် Pips အရေအတွက် လေလွင့်မှုမရှိအောင် Entry & Exist လုပ်ရန်အတွက် အသုံးပြုပါသည်။ Timing Chart Trading Style နှင့် လိုက်ဖက်သည့် Indicator များကတော့ CCI Indicator & Stochistac Indicator များဖြစ်ပါသည်။ 
▶ Timing Chart တွင် အသုံးပြုရမည့် TimeFrame များ...
( M1, M5, M15, H1, D1)

စသဖြင့် အမျိုးမျိုးရှိကြပြီး Trader များအနေဖြင့်လည်း Order တခု Trade မည့်အခါတိုင်း သက်ဆိုင်ရာ TimeFrame မျိုးစုံကို ကြည့်၍ Trade ပါက မိမိအတွက် အကျိုးအမြတ် ရရန်ပိုသေချာပါသည်။

Post အားလုံးဖတ်ရန်

Tuesday, December 28, 2021

♨️Trading Stylesများ ♨️



📊 Forex Market ဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး Financial Market တစ်ခုဖြစ်ပါတယ်။ 📊

ဒီ Market မှာ အရောင်းအဝယ်လုပ်ကြတဲ့ သူများဟာ တစ်နေ့ကို 6.3 Trillion လောက်အထိရှိပါတယ်။ လူအမျိုးမျိုးအရောင်းအဝယ်လုပ်ကြသလို အရောင်းအဝယ်လုပ်ကြတဲ့သူများဟာလည်းပုံစံအမျိုးမျိုးနဲ့အရောင်းအဝယ်လုပ်ကြပါတယ်။

🧐 သင်ကရော ဒီဈေးကွက်မှာ ဘယ်လိုနည်းလမ်းနဲ့အရောင်းအဝယ်လုပ်တဲ့သူလည်းဆိုတာကို အောက်မှာလေ့လာနိုင်ပါတယ် 👇👇👇

Trading Style အမျိုးမျိုးနဲ့အရောင်းအဝယ်လုပ်နည်း

Scalping Trading (အချိန်တိုအတွင်းအမြတ်ယူခြင်း)
ဒီ Trading Plan ကိုအများအားဖြင့် Beginner တွေ Newbie များအသုံးပြုကြပါတယ်။
ဒီ Plan ကအချိန်တိုအတွင်း ဈေးကွက်မှာ Pips အနည်းငယ်စာအမြတ်ယူပြီး Market ကနေထွက်ခွာဖို့ပါပဲ။
တစ်ရက်အတွင်းမှာ Order အသေးလေးတွေများများဖွင့်ပြီး အမြတ်ရရင်ပိတ်တဲ့ Plan မျိုးပါပဲ။
ဒီနည်းရဲ့အားသာချက်တစ်ခုကတော့ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ Order အဝင်မှန်မယ်ဆို အမြတ်များများရနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။
ဈေးကွက်ကိုမစောင့်ကြည့်နိုင်တဲ့သူမျိုးအတွက်ကျတော့ဒီ Trading Plan ကိုအသုံးမပြုသင့်ပါဘူး။
ဒီနည်းကိုအသုံးပြုမယ်ဆို ဈေးကွက်ရဲ့လှုပ်ရှားမှုအပေါ်မှာ အာရုံစိုက်ရမှာဖြစ်ပါတယ်။

Day Trading (တစ်ရက်တာအတွင်း အမြတ်ယူခြင်း)
ဒီနည်းကတော့ Trader အများဆုံးအသုံးပြုကြတဲ့နည်းလမ်းဖြစ်ပါတယ်။ တစ်ရက်တာအတွင်းအကောင်းဆုံးအရောင်းအဝယ်လုပ်ပြီး နေ့မကူးစေဘဲ Order များကိုပိတ်တာဖြစ်ပါတယ်။
ဒီနည်းက Scalping နည်းက အရမ်းမြန်လွန်းပြီး Swing Trading နည်းရေရှည်စောင့်ကြည့်ပြီး Trade ရတဲ့နည်းကိုလည်း မကြိုက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။
TA နဲ့ FA တွေကိုအကောင်းဆုံးလေ့လာပြီး တစ်ရက်တာအတွင်းဖွင့်ထားတဲ့ Order တွေကို အမြတ်အများဆုံးနဲ့ပိတ်နိုင်မယ့် ဗျူဟာလည်းရှိရပါမယ်။

Swing Trading (တစ်ရက်အတွင်းမှတစ်ပတ်အတွင်း ရေရှည် Order ဖြင့်အမြတ်ယူခြင်း)
ဒီနည်းကတော့ Pro Trader တွေအသုံးပြုတဲ့နည်းလမ်းပါပဲ။ Pro Trader ဖြစ်သွားတဲ့အခါ Emotional ကိုထိန်းချုပ်နိုင်ပြီလို့ ယူဆပါတယ်။
ဈေးတန်းတစ်ခုရဲ့ သိသာတဲ့အချိန်မှာ Order ဝင်ပြီး အချိန်တစ်ခုထိကြာအောင်ထားတဲ့နည်းပဲဖြစ်ပါတယ်။ မိမိ Order ဖွင့်ထားတာရဲ့ ဆန့်ကျင်တဲ့ဈေးတန်းဘက်တစ်ခုဆီ ကိုသွားရင်တောင် စိတ်ငြိမ်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် Risk ယူနိုင်ရပါမယ်။ Order ဖွင့်တဲ့အခါမှာလည်း ကြီးကြီးမားမားဆုံးရှုံးမှုမရှိနိုင်အောင် သင့်တော်တဲ့ Lot Size နဲ့အသုံးပြုသင့်ပါတယ်။
Swing Trading ကိုအသုံးပြုသော Trader များဟာ သူတို့ရဲ့ Order များကို တစ်ရက်မှ တစ်ပတ်အထိထားတက်ကြပါတယ်။

Position Trading (တစ်လမှနှစ်လအတွင်း Long Term ဝင်ပြီးအမြတ်ယူခြင်း)
Position Trading ကတော့အချိန်အကြာဆုံး Trading Style တစ်မျိုးပါပဲ။
ဒီနည်းကိုအသုံးပြုမယ်ဆိုရင် ရေရှည်မှာဖြစ်ပေါ်နိုင်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေကိုလေ့လာသုံးသပ်သင့်ပါတယ်။
Position Trader တစ်ယောက်ဖြစ်ဖို့အတွက် TA နဲ့ FA တွေကို လေ့လာရုံသာမက ဈေးအလှုပ်အခတ်ကြမ်းတာတွေကိုလည်းခံနိုင်ရပါမယ်။
ထိုသို့ခံနိုင်ဖို့အတွက် မိမိရဲ့ Trading Account Balance ကလည်း ဝောာင့်ဖို့လိုပါတယ်။ Balance ပမာဏမများဘဲနဲ့ Position Trader တစ်ယောက် မဖြစ်နိုင်ပါဘူး။
Position Trader များဟာလည်း တော်ရုံတန်ရုံဈေးအလှုပ်အခတ် ကိုမမှုကြ‌ပါဘူး။
သူတို့ဟာ စိတ်တည်ငြိမ်စွာနဲ့ မိမိလိုချင်တဲ့ဈေးတန်းတစ်ခုစီကို ဇွဲကြီးစွာနဲ့စောင့်နိုင်ကြတဲ့ ဉာဏ်ကြီးရှင် Traderများပဲဖြစ်ပါတယ်

Post အားလုံးဖတ်ရန်

လူကြီးမင်းတို့အတွက် "Lot Size & Leverage" အကြောင်းကို ဗဟုသုတအနေနဲ့ရှင်းပြပေးပါမယ်နော်


What is Lot Size❓
=================
Lot Size ဆိုတာ ကမ္ဘာ့ရွှေနှင့်ငွေကြေးအတွဲတစ်ခုကို အရောင်းအ၀ယ် ပြုလုပ်နိုင်တဲ့ပမာဏကို ဆိုလိုပါတယ်။
Lot Size ကိုနောက်တစ်မျိုး Position Sizing ဆိုပြီးလည်း ခေါ်ပါတယ်နော်။

✓Lot Size                            ✓Number of Units
Standard Lot(1.00 lot)                100,000
Mini Lot (0.10 Lot)                         10,000
Micro Lot (0.01 Lot)                       1,000

🎯 Standard (1Lot) နဲ့ Trade လို့ 1Pip မြတ်တယ်ဆိုရင် $100 ရရှိမှာဖြစ်ပြီး $100 ဟာ ကမ္ဘာ့ဈေးကွက်ထဲတွင် $100,000 တန်ဖိုးအရောင်းအ၀ယ်လုပ်ခြင်းနဲ့ညီမျှပါတယ်။

🎯 Mini (0.1Lot) နဲ့ Trade လို့ 1Pip မြတ်တယ်ဆိုရင် $10 ရရှိမှာဖြစ်ပြီး $10 ဟာ ကမ္ဘာ့ဈေးကွက်ထဲတွင် $10,000 တန်ဖိုးအရောင်းအ၀ယ်လုပ်ခြင်းနဲ့ညီမျှပါတယ်။

🎯 Micro (0.01Lot) နဲ့ Trade လို့ 1Pip မြတ်တယ်ဆိုရင် $1 ရရှိမှာဖြစ်ပြီး $1 ဟာ ကမ္ဘာ့ဈေးကွက်ထဲတွင် 1,000 တန်ဖိုးအရောင်းအ၀ယ်လုပ်ခြင်းနဲ့ညီမျှပါတယ်။
 
ဒီလောက်ဆိုရင် Lot Size အကြောင်းကိုနားလည်လိမ့်မယ်ထင်လို့မျှော်လင့်ပါတယ်ရှင်။ဆက်လက်ပြီး Leverage အကြောင်းရှင်းပြပေးပါမယ်နော်။🥰

What is Leverage ❓
==================
Leverage ဆိုတာကတော့ ကိုယ့်မှာရှိတဲ့ငွေပမာဏထက်ပိုပြီး Trade Acc ဖွင့်နိုင်အောင် မြှင့်တင်ပေးခြင်းကိုဆိုလိုပါတယ်။တစ်နည်းအားဖြင့် ဆတိုးရောင်းချခွင့် ဟုလည်းခေါ်ပါတယ်။

🎯 ဥပမာ-မိမိ Acc ရဲ့ Balance မှာ $1000 ရှိတယ်ပဲထားပါတော့ Leverage ကလည်း 1:100 ယူထားတယ်ဆိုရင် ($100×1000=100000) ဖြစ်ပါတယ်။
ဒါဆိုရင်တော့ $100000 တန်ဖိုးရှိတဲ့ 1Lot နဲ့  Order တစ်ခုဖွင့်နိုင်တဲ့သဘောမျိုးပဲဖြစ်ပါတယ်။ 

🎯Leverage ကိုအသုံးပြုခြင်းဖြင့် ပြန်ရချက်လည်းများသလို၊အရှုံးလည်းများနိုင်ပါတယ်။✍️✍️✍️

Post အားလုံးဖတ်ရန်

Monday, December 27, 2021

Moving Average အကြောင်းသိကောင်းစရာ


Moving Average သည်အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး Trend Indicator ဖြစ်ပါသည်။ 
Moving Average ကို နည်းလမ်း( ၄) မျိုးနဲ့ အသုံးပြုကြပါတယ်။ ၄င်းတို့မှာ-
1) Simple Moving Average (SMA)
2) Exponential Moving Average (EMA)
3) Smoothed
4) Linear Weighted 

❣ SMA နဲ့ EMA တို့ကတော့ အသုံးများတဲ့ Indicator တွေပဲဖြစ်ပါတယ်။
သုံးတဲ့အခါ MA ရဲ့ Period ကိုမိမိရဲ့ Trade Style နဲ့ အသုံးပြုနိုင်ပါတယ်။ 

❣ Shortern အတွက် 4-9-18 တွေကိုသုံးပြီး
Long Term အတွက် 13-26-40 တို့ကို အသုံးများပါတယ်။ 

❣ MA တွေကို သုံးတဲ့အခါ အချိန်တစ်ခုရဲ့
Support, Resistance, Trend တွေကို သိဖို့လည်းလိုပါမယ်။ 

❣ MA ဟာ Price ရဲ့အပေါ် ကိုရောက်သွားရင် Downtrend အဖြစ်သတ်မှတ်ပြီး Price ရဲ့အောက်ကိုရောက်သွားရင်တော့ Uptrend အဖြစ်သတ်မှတ်ပါတယ်။ 

❣ Short term နဲ့ Long Term Moving Average နှစ်ခုကိုသုံးပြီး Price ရဲ့ ဦးတည်ရာကို သတ်မှတ်နိုင်ပါသည်။ 

Post အားလုံးဖတ်ရန်

Forex Market မှာ ဘယ်သူတွေအရောင်းအဝယ်လုပ်လဲ


ဘယ်လိုပါဝင်ပတ်သတ်နေလဲဆိုတာ သိစေနိုင်ဖို့ ရည်ရွယ်၍ မျှဝေပေးလိုက်ပါသည်။ 

❣️1 ) Super Bank 

❣️2 ) Large Commercial Company 

❣️3 ) Government/ Central Bank 

❣️4 ) Retail Forex Trader/ Invester 

❣️5 ) Broker 

❣️6 ) Fund 

💥💥Super Bank, Large Commercial Company ,Government/ Central Bank  တို့က Forex Market မှာ တိုက်ရိုက်အနေနဲ့တော့ အရောင်းအဝယ်ဝင်လုပ်တာမဟုတ်ပါဘူး။ 

Super Bank တွေက နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဘဏ်ကိုပဲဖြစ်ဖြစ်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ Company ကိုသွားရောက်ပြီး ရင်းနှီးမြှုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သူတို့တွေက သူတို့နဲ့သက်ဆိုင်တဲ့ နိုင်ငံအသီးသီးရဲ့  Currency တွေကို Exchange လုပ်ပေးရခြင်းဖြင့်  ပါဝင်ပတ်သတ်နေပါသည်။

💥💥 Retail Forex Trader, Investors, Broker, Fund တို့က တိုက်ရိုက်ပါဝင် အရောင်းအဝယ်လုပ်နေကြပါတယ်။ လက်ရှိတွင် Forex Market မှာအရောင်းအဝယ်လုပ်နေသလိုမျိုးကို ဆိုလိုပါသည်။ 

Post အားလုံးဖတ်ရန်

Sunday, December 26, 2021

Forex Trader များအတွက် အလွန်အသုံးဝင်သော TA ထဲကတစ်ခုဖြစ်တဲ့ Trend Line ဆွဲနည်းလေး နှင့် အသုံးဝင်ပုံများအကြောင်း


Trend Line တွေက TA နည်းနဲ့ သုံးသပ်တဲ့နေရာမှာပေါ်ပြူလာအဖြစ်ဆုံး Tool တစ်ခုဖြစ်ပါတယ်။
အရောင်းအဝယ်လုပ်တဲ့အခါ Trend Line တွေကိုဖြတ်ထားလို့မရပါဘူး။

Trend Line ဆွဲရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Chart Table ကိုကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်းမြင်ရဖို့ပဲဖြစ်ပါတယ်။ 
Trend (3) မျိုးရှိပါတယ်။
1 ) Sideway Trend
2 ) Down Trend
3 ) Up Trend တို့ပဲဖြစ်ပါတယ်။ 

☀️🍂 Sideways Trend ဆွဲနည်း
  *****************************
Sideway ဆိုသည်မှာ Pips အနည်းငယ်အတွင်း အတက်အကျလှုပ်ရှားနေသော Trend ကိုဆိုလိုပါသည်။
✔️ထို့ကြောင့် ကျွန်မတို့က ပထမဦးစွာ Sideway Trend ဖြစ်နေသော အမြင့်ဆုံးဈေး နှစ်မှတ်ကိုရှာပါ။ ထို့နည်းတူ အနိမ့်ဆုံးဈေးနှစ်မှတ် ကိုလည်းရှာပါ။
✔️အမြင့်ဆုံးဈေးတွေကို ဆက်ဆွဲတဲ့အခါ Bear Candlestick တွေရဲ့ Open Price ကိုဆက်ဆွဲပေးရပါမည်။
အနိမ့်ဆုံးဈေးတွေကို ဆက်ဆွဲတဲ့အခါ Bull Candlestick တွေရဲ့ Open Price တွေကို ဆက်ဆွဲပေးရပါသည်။ ထိုအခါ လိုချင်သေ Sideway Trend ကိုရလာပါသည်။ 

☀️🍂  Downtrend ဆွဲနည်း
**************************
Downtrend ဆွဲတဲ့အခါ အမြင့်ဆုံးတက်ခဲ့တဲ့ Bear Candlestick တွေရဲ့ Open Price ကိုဆက်ဆွဲပေးခြင်းဖြင့် မိမိတို့လိုချင်သော Downtrend ကိုရပါမည်။
✔️ Downtrend ရတဲ့အခါ Trend Line အောက်မှာရှိနေသရွေ့ အဝယ် Order မဖွင့်သင့်ပါ။ 

☀️🍂 Uptrend ဆွဲနည်း
*********************
Uptrend ဆွဲ့တဲ့အခါ အနိမ့်ဆုံးကျခဲ့တဲ့ Bull Candlestick တွေရဲ့ Open Price ကိုဆက်ဆွဲပေးခြင်းဖြင့် မိမိလိုချင်သော Uptrend ကိုရပါမည်။
✔️ Uptrend ရတဲ့အခါ Trend Line အပေါ်မှာရှိနေသရွေ့ အရောင်း Order မဖွင့်သင့်ပါ။ 

✔️✔️ Trend Line အတိုင်းထိတဲ့ဈေးတွေပိုများလာလေလေ အဲ့ဒီ Trend Line ကအားကောင်းလာလေလေပါပဲ။ Trend Line တွေရဲ့ ထောင့်အကျဉ်းကျယ်တွေကိုလဲ သေချာကြည့်ရပါမည်။ ၃၀ ဒီကရီအောက်ကျဉ်းနေမယ်ဆို အယ့်ဒီ Trend ကမငြိမ်သေးပါ။ Trend ရဲ့အကျယ်က ၄၅ဒီဂရီ အထက်မှာရှိနေမှ ပိုကောင်းပါတယ်။ 

❣️❣️Trend Line ဆွဲတတ်တဲ့အကျိုးကတော့ ဈေးဘယ်လောက်တက်နိုင်သလဲ ၊ ဈေးဘယ်လောက်ကျနိုင်သလဲ သိနိုင်တာမို့ အကယ်၍ Floating Order များရှိပါက ပိတ်သင့်မပိတ်သင့်ကို သိနိုင်ပါသည်။ 

Post အားလုံးဖတ်ရန်

Saturday, December 25, 2021

Market Execution စျေးကွက်အကောင်အထည်ဖော်မှု

Forex မှာအရောင်းအဝယ်လုပ်တာ အော်ဒါတွေကို ကိုင်တွယ်ပြီး ဆောင်ရွက်ပေးတာကို Market Execution လို့ခေါ်ပါတယ်။ မားကတ်ထဲမှာ ကျွန်တော်တို့ တွေ့ဖူးပါလိမ့်မယ်။ Market Maker, STP, ECN စသဖြင့်ပေါ့။ ဒီ အသုံးအနှုန်းတွေက ဘာကို ဆိုလိုလည်း၊ တစ်ခုနဲ့တစ်ခုဘယ်လိုကွာခြားသလည်း၊ အကျိုးအပြစ်တွေက ဘာတွေလည်းဆိုတာ အနည်းအကျဉ်းရေးသားတင်ပြလိုက်ပါတယ်။

(၁) Market Maker (MM)
မားကတ်မှာ ကိုယ်တိုင်ဝင်ကစားသူလို့ဆိုနိုင်မလားပဲ။ ကိုယ်တိုင်ကစားတာဆိုတာက Broker ဘက်ကပြောတာပါ။ Clients တွေရဲ့ အော်ဒါတွေကို ကိုယ်တိုင်ကိုင်တွယ်ပြီး အလျော်အစားလုပ်တဲ့သဘောပေါ့။ ဒီ Market Maker တွေကို Dealing Desk (DD) လို့လည်းခေါ်ကြပါတယ်။ ဒီလို Market Maker အမျိုးအစားကို Artificial Type Broker တစ်မျိုးလို့ သတ်မှတ်ကြပြီး၊ Artificial ဆိုတာက made or produced by human beings၊ လူတွေနဲ့လုပ်တာကို ဆိုလိုတာပါ၊ ဒီအတွက် ဒီ MM တွေက မားကတ်ကို တိုက်ရိုက် ရောင်ပြန်မဟပ်ဘူးလို့ လည်းယူဆကြပါတယ်။ ဒါပေမယ့်.. သူတို့ Quotes လုပ်တဲ့ဈေးတွေကတော့ မားကတ်နဲ့ ကွာခြားမှုမရှိပါတယ်။ MM မှာ ကိုယ်ဝင်လိုက်တဲ့အော်ဒါဟာ သူတို့အတွင်းထဲမှာပဲ Dealing လုပ်ကြပြီး
မားကတ်ထဲကို တကယ်မထွက်သွားဘူးလို့ ဆိုပါတယ်။
အားသာချက်။ ။ Execution မြန်ဆန်ပြီး၊ ပုံမှန်အားဖြင့် ဈေးပြန်ပြင်တာမျိုး Re quotes မရှိပါဘူး။ (တစ်ချို့ကတော့ MM တွေက Requote ပိုလုပ်တယ်လို့ဆိုပါတယ်။)
အားနည်းချက်။ ။ ကိုယ်အမြတ်က Broker အိတ်ထဲကထွက်လာပြီး၊ ကိုယ့်အရှုံးက Broker အိပ်ကပ်ထဲရောက်သွားမှာပါ။
(မှတ်ချက်၊ ။ Market Maker မှာ အရောင်းအဝယ်မလုပ်သင့်ဘူးလို့ ဆိုလိုရင်းမဟုတ်ပါ။ MM တွေရဲ့ Dealing Desks မှာ Clients တစ်ဦးချင်းစီရဲ့ Trading Record တွေ၊ Performance Record တွေရှိပါတယ်။ ဒီအတွက် Trader တစ်ယောက်ဟာ အရှုံးများတဲ့မှတ်တမ်းရှိသူ၊ ပုံမှန်ရှုံးတတ်သူ၊ ရှုံးနိုင်ချေရှိတဲ့ သူဆိုရင် ယင်းရဲ့ အော်ဒါတွေက ဒီ MM ဆာဗာမှာပဲ ရပ်သွားမှာဖြစ်ပြီး၊ မားကတ်ထဲက အမြတ်တကယ်နေသော Record ရှိသူ၊ တကယ်မြတ်နိုင်ချေရှိသူများရဲ့ အော်ဒါများကတော့ MM မှဂိတ်မဆုံးပဲ မားကတ်ထဲကို ထွက်သွားနိုင်မှာဖြစ်ပါတယ်။ Broker တွေအပြိုင်အဆိုင်ကြားမှာ ဈေးနှုန်း (Quotes) တွေ၊ Gap တွေကို ကစားပြီး Clients ဆီက အမြဲညစ်ယူလို့ မဖြစ်နိုင်လို့ ဘယ်သူမှ (ဘယ် broker မှ) အမြဲမြတ်နေနိုင်တဲ့ အမြတ်ရနိုင်ချေရှိတဲ့ Trading activities ရှိသူများရဲ့ အော်ဒါတွေကို ကောက်စားမှာ မဟုတ်ဘဲ မားကတ်ထဲအထိ ပို့ပေးဖို့မယ့် လမ်းကြောင်းပေါ် တင်ပေးလိုက်ဖို့ များပါကြောင်း မှတ်ချက်ပြုအပ်ပါတယ်။)

(၂) Straight Through Processing (STP)

ဒီအမျိုးအစားမှာတော့ Broker ဟာ ကျွန်တော်တို့ရဲ့ အော်ဒါအားလုံး (သို့မဟုတ်) တစ်စိတ်တပိုင်းကို မားကတ်ထဲ တိုက်ရိုက်ထည့်ပေးလိုက်တာပါ။ အထက်က MM မှာ ကျွန်တော်တို့မှတ်ချက်ပြုခဲ့သလိုပါပဲ၊ သူတို့ကောက်စားလို့ အခြေအနေမကောင်းတဲ့ အော်ဒါတွေကို မားကတ်ထဲလွဲထည့်ပေးလိုက်တဲ့သဘောပါ။ ဒီစနစ်က MM နဲ့ ECN စနစ်တွေကို Modified လုပ်ထားတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ တစ်ချို့ Broker များဟာ Market Maker ပေမယ့် STP လို့ ရေးကြပြောကြတာရှိပါတယ်။ အများအားဖြင့် STP နဲ့ MM ကတွဲရက်ဖြစ်နေတတ်ပြီး၊ ရှုံးတဲ့သူတွေအတွက်က MM၊ မြတ်တဲ့သူတွေအတွက်က STP လို အလုပ်လုပ်ပါတယ်။ ( MM for losers and STP for winners)

အားသာချက်။ ။ MM လို Conflict မများဘူး။ ဈေးနှုန်းတွေကလည်း မှန်ကန်ပါတယ်။

အားနည်းချက်။ ။ requotes လုပ်တာတွေများတတ်လို့ execution လုပ်တဲ့အခါမှာ နှေးကွေးတတ်ပါတယ်။

(မှတ်ချက်။ ။ ဒီနေရာမှာ Re-Quotes လုပ်တယ်ဆိုတာကို အနည်းငယ်ပြောပြလိုပါတယ်။ Broker တွေအနေနဲ့ ကျွန်တော်တို့ ဝင်လိုက်တဲ့ (Instant Order) ဈေးနှုန်းအတိုင်း အော်ဒါပွင့်ဖို့ broker တွေဘက်က အကြောင်းကြောင်းကြောင့် နှေးကွေးမှုဖြစ်တဲ့အခါမှာ Re Quotes ဆိုတာဖြစ်လာပါတယ်။ ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ဝင်လိုက်တဲ့ ဈေးကတစ်မျိုး၊ တကယ်အော်ဒါပွင့်သွားတဲ့ဈေးကတစ်မျိုးဖြစ်နေတတ်ပါတယ်။ တအားလှုပ်ခတ်မှုများနေတဲ့ မားကတ်အခြေအနေမျိုးမှာ ဒီလို Requotes တွေကို ခဏခဏ ကြုံရနိုင်ပါတယ်။ အထူးသဖြင့် High Impace Data တွေ၊ News အခြေအနေမှာမျိုးမှာလည်းကောင်း၊ Broker ရဲ့ System စွမ်းရည်မပြည်တဲ့အခါမှာသော်လည်းကောင်း ဒီလိုအခြေအနေမျိုးကို ကြုံရနိုင်ပါတယ်။ တစ်ချို့ Platforms မှာတော့ တစ်ခါတရံ အဲလို Requote ဖြစ်မယ်ဆိုရင် ဒီဈေးနှုန်းကို လက်ခံနိုင်မနိုင်မေးတာမျိုးလည်း တွေ့နိုင်ပါတယ်။ “Please Wait” ဆိုတာပေါ်ရင်လည်း အဲဒါ Requotes ပေါ့။ လက်ခံ၊မခံကိုယ်က ဆုံးဖြတ်လို့ရမှာပါ။ ဒီလို Requotes အခြေအနေကို ကျွန်တော်တို့အားလုံးနီးပါး ကြုံဖူးနိုင်ပါတယ်။ အထူးသဖြင့် ဒေတာချိန်တွေမှာ ကိုယ်က Enter နှိပ်ပြီးပြီး အတော်ကြာမှာ Confirm ဖြစ်တာမျိုးပါ။ သေချာတယ် Requote နဲ့ ညားပြီးဆိုတာ။ ဒါဆို Requote ကို ဘယ်လိုရှောင်းရှားမလည်း လွယ်ပါတယ်။ Order တွေကို Instant မပေးဘဲ Pending အော်ဒါတွေပေးရင် Re quotes ကိုအလွယ်တကူကျော်လွားနိုင်မှာဖြစ်ပါတယ်။ Market Maker များဟာ သူ့ကိုယ်ပိုင် Dealing Desk နဲ့အလုပ်လုပ်လို့ Dealing Desk လို့ခေါ်ပြီး၊ STP နဲ့ ECN ကိုတော့ Non Dealing Desk ထဲမှာလည်း ထည့်ကြပါတယ်။ STP အစစ်ဆိုရင် Non Dealing Desk လို့မှတ်ပေါ့ဗျာ။)

(၃) Electronic Communications Network(ECN)

မားကတ်ကို Trader ကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်နိုင်အောင် တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ အော်ဒါတွေ မားကတ်ထဲကို ရောက်အောင် ကျွန်တော်တို့ကိုယ်တိုင် ပို့တဲ့ပုံစံဖြစ်ပါတယ်။ ကြားထဲက MM Server တွေ၊ STP တွေဖြတ်စရာမလိုတော့ပါဘူး။

အားသာချက်။ ။ မားကတ်ကိုတိုက်ရိုက်ရောက်မယ်။ ပုံမှန်အားဖြင့် Spread မှာထပ်ပေါင်းတာမျိုးမရှိ၊ trade လုပ်တာ လုံခြုံတယ်။  Maximum Floating နဲ့ Pending အော်ဒါတွေ ကန့်သတ်ချက်မရှိဘူး။ အရေးကြီးဒေတာချိန်မှာ MM တို့ STP တို့မှာဖြစ်တတ်တဲ့ အော်ဒါပေးမရတာမျိုးမဖြစ်နိုင်ဘူး။

အားနည်းချက်။ ။ အနည်းဆုံးဖွင့်ရမယ့် အော်ဒါဆိုဒ်ကန့်သတ်မှုရှိမယ်။ နည်းနည်းများမယ်။ ကော်မရှင်ရောများမယ်၊ Spread လည်းပေးရမယ်။ အနည်းဆုံး တင်ရမယ့် Deposit ပမာဏများနိုင်မယ်။ ECN မဟုတ်ဘဲ ECN လို့ပြောတဲ့ Broker တွေနဲ့လည်းတွေ့နိုင်မယ်။

(မှတ်ချက်၊ ။ ECN ဖြစ်ဖြစ်၊ MM, STP ဖြစ်ဖြစ် ဘယ်ဟာမျိုးနဲ့ပဲ Join Join ကိုယ်ဘက်က ပိုင်နိုင်ရင် ဖြစ်ပါတယ်။ ဒါကြောင့် MM တွေ၊ STP, ECN တွေကို ရွေးတာထက် ကိုယ့်ဘက်က အမြတ်ရအေင် Trade နိုင်မယ်ဆိုရင် စိတ်ချရမှာဖြစ်ကြောင်းပါ။)


ယခုတင်ပြချက်ဟာ Broker ရွေးချယ်ဖို့အတွက် လမ်းညွှန်ချက်မဟုတ်ပါ။ Broker ရွေးချယ်နိုင်လောက်အောင်လည်း ပြည့်စုံတဲ့ အချက်အလက်၊ သုံးသပ်ချက်များလည်း ပါဝင်ခြင်းမရှိတဲ့ အတွက် ဗဟုသုတအဖြစ်သာ ဖတ်ရှု့ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

Post အားလုံးဖတ်ရန်

Long and Short (ဝယ်ခြင်းနှင့်ရောင်းခြင်း)


     Forex အရောင်းအဝယ်အတွက် ပထမဆုံးသင်ဆုံးဖြတ်ရမှာက ရောင်းမလာ?...ဝယ်မလား?ဆိုတာပါပဲ.........။
     
သင်ဟာဝယ်ချင်တယ် ဆိုရင် စျေးတက်နေချိန် ☝
     
ဥပမာ- ( XAU/USD)(ရွှေ)) ကိုအနိမ့်စျေးမှာဝယ်ပြီး အမြင့်စျေးမှာ ပြန်ရောင်းရမှာပါ။
အရောင်းအဝယ် လောကမှာတော့ ဝယ်တာကို ''Long Position'' ဖွင့်တယ်လို့ပြောပါတယ်။
တနည်းအားဖြင့် Long ဆိုတာအဝယ် (buy) ကိုပြောခြင်းဖြစ်ပါတယ်။👈
     
သင်ဟာ ရောင်းချင်တယ် ဆိုရင် စျေးကျနေချိန်မှာ 👇
     
    ဥပမာ- (XAU/USD)(ရွှေ) ကိုအမြင့်စျေးမှာ ရောင်းပြီး အနိမ့်စျေးမှာ ပြန်ဝယ်ရမှာပါ။
ဒါကိုတော့ ရောင်းခြင်း ''Short Position''ဖွင့်တယ်လို့ ပြောလို့ရပါတယ်။
တနည်းအားဖြင့် Short ဆိုတာဟာ အရောင်း (Sell) လုပ်တာကို ဆိုလို့ပါတယ်။👈
     
ဒီ Market ရဲ့အားသာချက်ဟာ Two Way ဖြစ်နေတဲ့အတွက် စျေးတက်စျေးကျ နှစ်ရပ်လုံးမှာ ရောင်းနိုင်း ဝယ် နိုင်တာပဲဖြစ်ပါတယ်။✌👆👇
 
    စျေးတက်ချိန် ဝယ်ပြီး စျေးထပ်တက်ချိန် ရောင်းခြင်းဖြင့် အမြတ်များစွရပြီး စျေးကျချိန် ရောင်းပြီး စျေးထပ်ကျချိန် ဝယ်ခြင်းဖြင့်အမြတ်များရရှိခြင်းဖြစ်ပါတယ်။

Post အားလုံးဖတ်ရန်

Leverage ဆိုတာဘာလဲ?


Forex Market မှာ Leverage ဟာအရေးကြီးတဲ့အခန်း
ကဏ္ဍ တစ်ခုမှာပါဝင်နေပါတယ်။

Trader တစ်ယောက်က Leverage ဆိုတာနားမလည်လျှင် Forex Market ကြီးကို Gambling လို့လူအများစုထင်နေကြတာကို ကိုယ်ငြိမ်ခံနေရပါလိမ့်မယ်။

Leverage နဲ့ပတ်သက်ပီး သိသမျှကိုဝေမျှပေးပါရစေ။
Leverage ဆိုတာ ဆတိုးရောင်းဝယ်ခြင်းဖြစ်ပါတယ်။
Leverage ကြောင့် Reward တွေ လည်းတိုးလာနိုင်သ
လို Risk တွေလည်းတိုးလာနိုင်ပါတယ်။

ထို့ကြောင့် Forex Market ရဲ့ Metatrade4 တွင် Leverage ဖြည့်ကြပါတယ်။ 
အဲ့နေရာမှာကိုယ်က (1:100) ဆိုပီးဖြည့်ကြတယ်။
အဲ့အချိုးကို Standard Lot ဟုခေါ်ပီး လူအများစုကလည်း Standard Lot ကိုသာအသုံးများကြပါတယ်။
(1:100) ထားလိုက်ခြင်းက Buy/Sell လုပ်ရာတွင်အဆ (100) တိုးသွားမယ်ဆိုတဲ့သဘောပါ။

ဥပမာ-အကောင့်စဖွင့်မယ်ဆိုပါတော့✌️အကောင့်ထဲမှာ Deposit $1000 ထည့်လိုက်မယ်ဆိုပါစို့။
Leverage ကို (1:100) ထားလိုက်မယ်ဆိုလျှင် Deposite 1000 ဖြင့် မြှောက်လိုက်လျှင် $100,000 ဖြစ်သွားပါမယ်။

Leverage‌ တွေကြောင့်သာ ကိုယ်တို့ရဲ့ ဝယ်နိုင်အားရောင်းနိုင်အား ကဆတိုးသွားတာပါ။
ဆတိုးရရှိထားတဲ့အကုန်လုံးကို သား အရောင်းအဝယ်ပြုလုပ်လိုက်လျှင် အရူံးအမြတ်ဒဏ်ကိုကိုယ်တို့ရဲ့ (GFD) လို့ခေါ်တဲ့ Deposite 1,000 ကသာဒဏ်ခံရပါလိမ့်မယ်။
အကယ်၍ဆတိုးရထားတဲ့ (100,000) တန်ဖိုးအကုန်လုံးသာအရောင်းဝယ်လုပ်လိုက်မယ်ဆိုလျှင် မြတ်လျှင်လည်းအများကြီးမြတ်နိုင်သလို ရှုံးလျှင်လည်းအများကြီးရှုံးနိုင်ပီ းAccount Blown Out အထိဖြစ်သွားနိုင်ပါတယ်။

Leverage ဟာ Lot Size ကြောင့်လည်းပြောင်းလဲသွားနိုငိပါတယ်။
Forex Traderတစ်ယောက်သည်
(1) Trading Strategy
(Fundamental/Technical) - 10%
(2) Position Sizing - 30%
(3) Psychology - 60% အထိအရေးကြီးပါတယ်။

Post အားလုံးဖတ်ရန်

Position Sizing ဆိုတာ

Post အားလုံးဖတ်ရန်

Lot ဆိုသည်မှာ.....


   Lot ဆိုတာကတော့ သင်အရောင်းအဝယ် ပြုလုပ်မယ့် ငွေကြေးပမာဏပဲ ဖြစ်ပါတယ်။ သင်က 
ယူနစ် 100,000 ဖိုး အရောင်းအဝယ် လုပ်မယ်ဆိုရင် အဲ့ဒါကို 
(1 Lot) လို့ သတ်မှတ်ပါတယ်။ 
ယူနစ် 100,00 ဖိုး အရောင်းဝယ်လုပ်မည် ဆိုရင် 
(0.1Lot) ဖြစ်ပြီး 
ယူနစ် 100,0 ဖိုး အရောင်းဝယ် လုပ်မည်ဆိုလျှင် 
(0.01Lot)ဖြစ်ပါတယ်။
  
Unit 100,000 (1 lot) ကိုတော့ Standard Lot Size အဖြစ်သတ်မှတ်ပြီး 
Unit 100,00 (0.1Lot) ကိုတော့ Mini Lot နှင့် 
Unit 100,0 (0.01 Lot) ကို Micro Lot တွေ အဖြစ် သတ်မှတ်ထားကြပါတယ်။

Post အားလုံးဖတ်ရန်

Profit Calculation (အကျိုးအမြတ်တွက်ချက်ပုံ)


ကျွန်တော်တို့က EURO (ယူရို) ငွေကြေးကို ကျမယ် ခန့်
မှန်းပြီး 1.3366 နှန်းမှာ ရောင်းလိုက်တယ် ဆိုပါစို့။ 
တကယ်လဲ ယူရိုငွေကြေးတန်ဖိုးကလည်း ကျသွားပြီး (ကျွန်တော်တို့က အမြတ်ယူဖို့အတွက်) ရောင်း၀ယ်မှု
ကို 1.3266 မှာ ရပ်လိုက်မယ်ဆိုရင် 1.3366 - 1.3266 
= 0.0100 = 100 ပစ် (100-Pip) အမြတ်ရသွားပြီ ဖြစ်ပါတယ်။

အလားတူပဲ ကျွန်တော်တို့က ယူရိုငွေကြေးကို တက်
မယ်ခန့်မှန်းပြီး 1.3369... နှုန်းမှာ ၀ယ်လိုက်ပြီးတော့ 
ယူရိုငွေကြေးတက်သွားပြီး (ကျွန်တော်တို့က အမြတ်ယူ
ဖို့အတွက်) ရောင်း၀ယ်မှုကို 1.3468 မှာ ရပ်လိုက်မယ်
ဆိုရင် 1.3469 – 1.3369 = 0.0100 = 100 ပစ် 
(100-Pip) အမြတ်ရသွားပြီ ဖြစ်ပါတယ်။

တကယ်လို့သာ ကျွန်တော်တို့ကငွေကြေးတစ်သောင်းဖိုး
ကို အရောင်းအ၀ယ်ပြုလုပ်ထားတဲ့တာဆိုရင် ၁ ပစ်
အတွက် တန်ဖိုးဟာ တစ်ဒေါ်လာရှိတဲ့အတွက် ကျွန်
တော်တို့က ၁၀၀ ပစ် x ၁ ဒေါ်လာ = ၁၀၀ ဒေါ်လာကို 
အမြတ်ရသွားမှာ ဖြစ်ပါတယ်။

တကယ်လို့သာ အပေါ်က

ဥပမာမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ငွေကို သုံးပြီးတော့
အရောင်းအ၀ယ်လုပ်တာတင် မဟုတ်ဘဲ Leverage 
(မြှင့်တင်ပေးငွေ) ကိုပါ အဆ ၄၀၀ အထိ သုံးပြီး အ
ရောင်းအ၀ယ်လုပ်ခဲ့မယ်ဆိုရင် ၁၀၀ ဒေါ်လာ x ၄၀၀ = ၄၀၀၀၀ ဒေါ်လာကို အမြတ်ရမှာ ဖြစ်ပါတယ်။ ရှင်းပြတာတွေများလို့ ရှုပ်နေတယ်ထင်ရပေမယ့် အနှစ်
ချုပ်မှာတော့ 
- ၀ယ်ချင်တဲ့ ငွေကြေးအတွဲကို ရွေးချယ် တတ်ဖို့ရယ်၊
- ကိုယ်၀ယ်ချင်တဲ့ ငွေလဲလှယ်နှုန်းကို သေချာစောင့်ပြီး 
၀ယ်ရောင်းလုပ်တတ်ဖို့ရယ်၊

အကြမ်းဖျင်းအားဖြင့် တစ်သိန်းဖိုးလောက် ၀ယ်ရောင်း
လုပ်ရင် ၁ ပစ်ကို ဆယ်ဒေါ်လာက် အကျိုးအမြတ်တန်
ဖိုးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

တစ်ထောင်ဖိုး၀ယ်ရောင်းဆိုရင် → 1 Pip = 0.1$

တစ်သောင်းဖိုး၀ယ်ရောင်းဆိုရင် → 1 Pip = 1$

Post အားလုံးဖတ်ရန်

Friday, December 24, 2021

PIP ပိ


Currency pair  တစ်ခု ၏ အတက်အကျကိုတိုင်းတာ
ရန် PIP ဆို သောယူနစ်ကိုသုံးသည်။  Currency Pair  
အများစု ၏တန်ဖိုးကိုဖေါ်ပြရာတွင် ဂဏန်း ၅ လုံးဖြင့် 
ဖေါ်ပြလေ့ရှိသည်။ ထို currency များ ၏ ပထမဂဏန်း
ပြီး လျင် ဒသမကိုတွေ့ရမည်ဖြစ်သည်။
 
ဥပမာ။ ။
  EUR / USD = 1.2812  ဤဥပမာ၏ဒသမနောက် 
၄ နေရာမြောက်ဂဏန်းတစ်ယူနစ်၏တန် ဖိုး သည် 
0.0001 ဖြစ်သည်။ ထိုတစ်ယူနစ်ပြောင်းခြင်းကို 1 PIP ဟုခေါ်သည်။
 EUR/USD = 1.2812 မှ  EUR/USD = 1.2813  သို့
ပြောင်းလျင် 1PIP  ဈေး တက်သည်  ဟုခေါ်သည်။   
ထို့ကြောင့်အကယ်၍ Quote Currency သည် USD ဖြစ် 
လျင် 1PIP သည် 1/100 cent နှင့်ညီမျှပါသည်။
 ချွင်းချက်တစ်ခုမှာ ဂျပန်ယန်းနှင့် ပတ်သက်သည့်အတွဲ
များဖြစ်ပါသည်။   ဤအတွဲများတွင် ဒသမ ၂ နေရာ မြောက်မှ ဂဏန်းကို 1PIP ဟု သတ်မှတ်ပါသည်။
 USD/JPY = 107.18 မှ  USD/JPY = 107.19   ဖြစ်လာ
လျင် 1PIP ဈေး တက်သည်ဟု ခေါ်သည်။

Post အားလုံးဖတ်ရန်

Money Management အကြောင်း


Forex နယ်ပယ်ထဲမှာ စတင်ပီး လုပ်ဆောင်တော့မယ်ဆို အရေးကြီးတဲ့ အချက်အလက်များစွာထဲကမှ တခုအပါအ၀င်ဖြစ်တဲ့ Money Management အကြောင်းကိုဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

👉 Money Management ဆိုတာကတော့ အမြတ်ကိုတိုးပွားစေရန်၊ အရူံးကိုလျော့ချစေရန်နှင့်မိမိရဲ့ Trading Account ကို ကြီးထွားလာစေရန်အတွက် အများကြီး အထောက်အကူပြုပါတယ်။
- Traderတော်တော်များက‌ Forexထဲမှာ အရူံးနဲ့ရင်ဆိုင်ရတဲ့ အကြောင်းကတော့ Money Management အပိုင်းကို ကောင်းစွာ အသုံးမချနိုင်တဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။
👉 Money Management က Forex လောကထဲတွင် အရောင်းအ၀ယ်လုပ်ရန်အတွက် 20% အရေးပါပါတယ်။
- Money Management ကို
- (1) Pip Value (အရူံး/အမြတ်တွက်ခြင်း)
- (2)  Lot Size (အရောင်းအ၀ယ်လုပ်မယ့် ပမာဏ အရွယ်အစားတွက်ချက်ခြင်း)
- (3) Risk to Reward Ratio (အရူံးခံမယ့်ပမာဏ/အမြတ်ယူမဲ့ ပမာဏကို အချိုးချခြင်း) ဆိုပြီး အပိုင်း (၃) ပိုင်းရှိပါတယ်။

(1) Pip Value
- ကိန်းဂဏန်းတခုမှတခုသို့ ချိန်းသွားခြင်းကို ခေါ်ပါတယ်။ 
ဥပမာအားဖြင့် XAU/USD အတွဲမှာဆိုရင် 
1935.90 မှာ၀ယ်မယ်ဆိုလျှင် 
1936.90 ထိ တက်သွားမယ်ဆိုလျှင် အဲ့တာကို 
1pip တက်သွားတယ်လို့ဆိုနိုင်ပြီး အမြတ်ကလည်း 
1pip စာရရှိမှာပဲဖြစ်ပါတယ်။
အကယ်၍ဈေးကလည်း 
1934.90 ထိကျသွားမယ်ဆိုရင်လည်း 
1pip ကျတယ်လို့ ဆိုနိုင်ပြီးအရူံးကလည်း 
1pip စာပဲ ဆုံးရူံးမှာပဲဖြစ်ပါတယ်။
- အမြတ်ငွေတွက်ချက်ရာတွင်လည်း မိမိအော်ဒါဖွင့်ထားသော ငွေကြေးအတွဲများပေါ်မူတည်ပြီး ကွဲပြားမူရှိနိုပါတယ်။

(2) Lot Size
- အရောင်းအဝယ်တစ်ခုပြုလုပ်တော့မယ်ဆိုရင် အရင်းအနှီးငွေရဲ့ ဘယ်လောက်ပမာဏနဲ့ စတင်အရောင်း အဝယ်လုပ်မလည်းဆိုတာအရေးကြီးပါတယ်။
ဥပမာ - ကိုယ့်မှာရင်းနှီးငွေ $1000 ရှိတယ်ဆိုလျှင်ကိုယ်အရာင်းအဝယ်စလုပ်မယ်ဆိုရင် ရင်းနှီးငွေအကုန်လုံးကိုတစ်ခါတည်းအကုန်မသုံးသင့်ပါဘူး။
အကောင်းဆုံးကတော့ ကိုယ့်ရင်းနှီးငွေရဲ့ 2% ပမာဏလောက်ဘဲအသုံးပြုသင့်ပါတယ်။
အရောင်းအဝယ်တစ်ခုလုပ်တိုင်း ကိုယ့်ရင်းနှီးငွေရဲ့ 2% ထပ်ပိုပြီး မသုံးသင့်ပါဘူး။ ဘာလို့လဲဆိုရင် ကိုယ့်ရဲ့ရင်းနှီးငွေ $1000 မှာကိုယ်အရောင်းအဝယ် တစ်ခုပြုလုပ်မယ်ဆိုပါစို့။ အကယ်၍အရောင်းအ၀ယ် လုပ်ရမည့်အော်ဒါဟာ၏ ဆုံးရှုံးမယ်ဆိုလျှင်လည်း $1000 ရဲ့ 2% 
ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ $20 သာဆုံးရှုံးမှာဖြစ်ပါတယ်။
ကိုယ်ဟာအများကြီးအဆုံးအရှုံးခံစရာမလိုသလိုကိုယ် နောက်ထပ်အမြတ်ပြန်လည်ရရှိနိုင် အောင်အတွက် Lot Size နည်းနည်းနဲ့ အရောင်းအဝယ်လုပ်တာက ကိုယ့် အတွက်ပိုပြီး Safety ​ပိုဖြစ်နိုင်ပါတယ်။
မြတ်မယ်ဆိုလျှင် $20 မြတ်မှာဖြစ်ပါတယ်။✔️

👉 ကိုယ်အရောင်းအဝယ် တစ်ခုလုပ်တိုင်း ကိုယ်ဘယ်လောက်ထိ အဆုံးရှုံးခံနိုင်မလည်းဆိုတာကို အရင်ဆုံးတွက်ချက်ပြီး Stop Loss ထားရှိရမှာပဲဖြစ်ပါတယ်။
Stop Loss ထားရှိတာဟာလည်း ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။
ကိုယ်ရှုံးနေမယ်ဆိုရင်တောင် အများကြီးဆုံးရှုံးစရာမလို တဲ့အတွက်ကိုယ်နောက်ထပ်အရောင်းအဝယ်ပြုလုပ်၍ကိုယ့်ရဲ့အမြတ်များကိုလည်း ပြန်လည်ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အကာင့်ရဲ့ဆုံးရှုံးနိုင်ခြေ Risk နဲ့ အရောင်းအဝယ်အဆုံးရှုံးခံနိုင်ခြေကို အခြေခံတွက်ချက်ပြီးကိုယ်ဘယ်လောက်ဖိုးရောင်းဝယ်သင့်လည်းဆိုတာကိုဆုံဖြတ်ရမှာဖြစ်ပါတယ်။
Lot Size အမျိုးမျိုးရှိပါတယ်။
ကိုယ့်ရဲ့ ရင်းနှီးငွေပမာဏကို ကြည့်ပြီးပြောင်းလဲမှုရှိပါတယ်။

ကိုယ့်ရဲ့ရင်းနှီးငွေ $1000 ရှိမယ်ဆိုလျှင် 0.01lot 
(Micro Lot) နဲ့ Trade သင့်ပါတယ်။
အရောင်းအဝယ် 1pip မြတ်တိုင်း $1 ရရှိမှာဖြစ်ပါတယ်။ 
အကယ်၍ $10000 ဆိုလျှင် 0.1lot (Mini Lot) နဲ့ trade 
လျှင် 1pip မြတ်တိုင်း $10 ရရှိမှာဘဲဖစ်ပါတယ်။
အလားတူ $100000 မှာဆိုရင် 1lot (Standard Lot) 
ဖြစ်တဲ့အတွက်ကြောင့် 1pip မြတ်တိုင်း $100 မြတ်မှာပဲဖြစ်ပါတယ်။
ရှုံးမယ်ဆိုရင်တောင် Lot Size သေးတဲ့အတွက်ကြောင့် Risk မများဘဲ အရောင်းအဝယ်များကို ထပ်မံပြုလုပ်၍ရမှာပဲဖြစ်ပါတယ်။

Lot Size တွက်ရန်👇
[အကောင့် Risk $ / (အရောင်းအဝယ် Risk (pip) × 1pip တန်ဖိုး] = Lot Size 

EUR/USD ငွေကြေးအတွဲမှာဆိုရင် $20 အရှုံးခံပြီး pip 50 အကွာမှာ Stop Loss ထားမယ်ဆိုရင် အရောင်း အဝယ်လုပ်မယ့်အရွယ်အစား Lot Size က [$20/50×$100]=20/5000=0.004 lot
*$20 = ကိုယ်အဆုံးရှုံးခံနိုင်မဲ့ငွေကြေးပမာဏ
**$50 = ကိုယ်အဆုံးရှုံးခံနိုင်မဲ့ pip တန်ဖိုး (entry point နဲ့ stop loss ကြား pip ကွာခြားချက်)
*$100=ငွေကြေးအတွဲရဲ့ 1pip အရွေ့တန်ဖိုး (Standard Lot 1lot) 
*တစ်ခြားငွေကြေးတန်ဖိုးများတွင်လည်း 1pip အရွေ့ပြောင်းလဲမှုပေါ်မူတည်ပြီးတွက်ချက်နိုင်ပါတယ်။
(3) Risk To Reward Ratio (RRR)
-Risk To Reward Ratio (RRR) ဆိုတာ ကိုယ်အရှုံးခံနိုင်မယ့်ငွေပမာဏ (Risk) ရယ် ကိုယ်အမြတ်ယူမယ့်ငွေပမာဏ (Reward) ရယ် တို့ရဲ့ Entry Point/Stop Loss ရှာနည်းတို့တွင်အသုံးဝင်တဲ့နည်းတစ်ခုဖြစ်ပါတယ်။
Risk to Reward Ratio (RRR) ကို (1:1,1:2,1:3,.....) အချိုးများဖြင့်သုံးလေ့ရှိကြပါတယ်။ဥပမာအားဖြင့် RRR (1:1) ကိုသုံးမယ်ဆိုရင် Entry point ကနေ Stop loss နဲ့ Take Profit ကို Pip အရေအတွက်တူညီစွာကွာဝေးရမှာဖြစ်ပါတယ်။ဥပမာ-ကိုယ်က Entry ကို 1930 မှာဝင်မယ်ဆိုရင် ကိုယ့်ရဲ့ Stop loss ကို 1929 မှာထားပြီး Take Profit ကို 1931 မှာထားမယ်ဆိုပါစို့ အကယ်၍ မြတ်မယ်ဆိုလျှင် 1pip စာဘဲအမြတ်ရနှာဖြစ်သလို ရှုံးမယ်ဆိုလျှင်လည်း 1pip စာရှုံးမှာဘဲဖြစ်ပါတယ်။
RRR (1:1) ကို 50% အထက်နိုင်ခြေရှိတဲ့ Method တွေမှာဘဲသုံးသင့်ပါတယ်။
RRR (1:2) ကတော့ အရှုံးကို ၁ဆဘဲထားပြီး အမြတ်ကို ၂ဆ ထားတာဘဲဖစ်ပါတယ်။
ဥပမာ-Stop loss ကို 3pip စာထားထားပြီး Take Profit ကို 6pip စာထားထားမှာဖြစ်ပါတယ်။
RRR (1:2) ကို 40% ဘဲနိုင်ချေရှိတဲ့ Method မှာသုံးရင်တောင်အမြတ်ရနိုင်မှာဘဲဖစ်ပါတယ်။
အလားတူဘဲ Risk to Reward အချိုးများကိုလည်း ကိုယ့်ရဲ့ Trading Style နဲ့ Strategy ပေါ်မူတည်ပြီးကိုယ်တိုင် အချိုးချနိုင်မှာဘဲ ဖြစ်ပါတယ်။
-အခုဆိုရင်တော့ Money Managementနဲ့ပတ်သတ်ပြီး တော်တ်ောများများ သဘောပေါက်နားလည်ကြပီလို့ ထင်ပါတယ်။👌👌👌

Post အားလုံးဖတ်ရန်

'သင့်အတွက်အကောင်းဆုံး Timeframe'


Timeframe လို့ ပြောလိုက်တဲ့အခါမှာ Trader တစ်ယောက်နဲ့ တစ်ယောက် က Chart ကြည့်ပုံမှာ မူတည်ပြီး ကွဲပြားကြပါတယ်။ Trader တွေအသုံးများကြတဲ့ Meta Trader Software မှာဆို Timeframe ၉ မျိုးပါဝင်ပါတယ်။

M1, M5, M15, M30, H1, H4, D1, W1, MN ဆိုပြီး
သတ်မှတ်ထားပါတယ်။

=> M1 ဆိုတာကတော့ ၁ မိနစ်အတွင်းမှာဖြစ်ပေါ်လာတဲ့ စျေးအတက်အကျကို မိမိရဲ့ Chart က Candle Stick ၁ တုံး မှာဖော်ပြတဲ့ Timeframe ဖြစ်ပါတယ်။ အလားတူပင် M5 ဆိုလျင် ၅မိနစ်၊ M15 ဆိုလျင် ၁၅ မိနစ်၊ M30 ဆိုလျင် ၃၀ မိနစ်၊ H1 ဆိုလျင် ၁နာရီ၊ H4 ဆိုလျင် ၄ နာရီ၊ D1 ဆိုလျင် ၁ရက်၊ W1 ဆိုလျင် ၁ ပတ်၊ MN ဆိုလျင် ၁ လ အစရှိသဖြင့် ကွဲပြားသွားပါတယ်။

Timeframe အကြီးမှာဆိုလျင်တော့ Pip က ပိုများပြီး Profit နဲ့ Loss ပိုကြီးပါတယ်။ Timeframe အသေးမှာဆိုလျင်တော့ Pip က ပိုနည်းပြီး Profit နဲ့ Loss ကလည်း သေတာကိုတွေ့ရှိရပါတယ်။

Scapling နဲ့ Trade တဲ့ Trader တွေကတော့ Timeframe အသေးကိုသုံးပြီး Lot Size များများနဲ့ Profit ယူကြတာကိုလည်းတွေ့ရပါတယ်။
Timeframe တစ်ခုကို အသုံးပြုတော့မည်ဆိုလျင် Trader တစ်ယောက်က မိမိ အသုံးပြုမယ့် Timeframe ကို ကောင်းစွာအသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ထို Timeframe က မည်သို့ အလုပ်လုပ်
တယ်ဆိုတာကို သေချာသိထားဖို့ လိုအပ်ပါတယ်။

ဥပမာပြောရမည်ဆိုလျင် သင်ဟာ D1 Timeframe တွင် Trade သည်ဆိုပါစို့။ ထိုအခါတွင် Candle Stick ၃ ချောင်းပေါ်ဖို့ ၃ ရက်စောင့်ရမှာဖြစ်ပါတယ်။
ပြီးမှ TA အရ Analysis လုပ်ပီး Order ဝင်ရန် အနည်းဆုံး ၁ ပတ်လောက်စောင့်ရမှာဖြစ်ပါတယ်။
ထို့ကြောင့် D1 Timeframe ကိုကြည့်ပြီး ၂ ရက် ၃ရက်လောက်နဲ့ Trade လို့မရပါဖူး။ ၁ ပတ်ဝန်းကျင်လောက်စောင့်ရမှာဖြစ်ပါတယ်။

အကယ်၍သင်က M15 Timeframe နဲ့ Trade မည်ဆိုလျင် ၁၅ မိနစ်အတွင်းဖြစ်တဲ့ စျေးကွက် အတက်
အကျကိုကြည့်ပြီး အရောင်းအဝယ်ပြုလုပ်ရမှာဖြစ်ပါတယ်။ M15 Timeframe က Timeframe အသေးဖြစ်တဲ့အတွက် M15 နဲ့ Trade မယ်ဆိုရင် D1 လိုမျိုး Order တစ်ကြောင်းဝင်ပြီးလျင် အကြာကြီး Longterm ပစ်ထားလို့မရနိုင်ပါဖူး။ ထို့ကြောင့် နာရီ
ပိုင်းသားကိုင်ထားသင့်ပါတယ်။

Trader အများစုသည် Timeframe တစ်ခုကို ရွေးချယ်ကြသည့်အခါ မိမိ Trade မည့် Method ကိုလိုက်၍ ရွေးခြယ်လေ့ရှိပါသည်။

ဒီလောက်ဆိုလျင် Timeframe အကြောင်းကို နားလည်မယ်လို့မျှော်လင့်ပါတယ်။

Post အားလုံးဖတ်ရန်

🍀 Forex Broker အမျိုးအစား 🍀


▪ Forex Broker တွေဆိုတာ Forex Market ကြီးထဲမှာ ရွှေ/ ငွေ/ရေနံ စတဲ့အရာတွေအပြင် နိုင်ငံတကာငွေကြေး အသီးသီးကို ကိုယ် ဝယ်ချင်တဲ့အချိန် ဝယ်နိုင်ဖို့ (သို့) ရောင်းချင်တဲ့အချိန်ရောင်းနိုင်ဖို့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဥ်ကို လုပ်ဆောင်ပေးတဲ့သူတွေပဲ ဖြစ်ပါတယ်။

▪ Forex Broker တွေမှာ အဓိကအားဖြင့်
🔹 Dealing Desk (DD) နှင့်
🔹 No Dealing Desk (NDD) ဆိုပြီး Broker Type
(၂) မျိုးရှိပါတယ်။

🔹Dealing Desk Broker🔹
  ---------------------------------------
             Dealing Desk Broker ကို Market Maker
လို့လည်း ခေါ်ဝေါ်ကြပါတယ်။ Market Maker ဆိုတာက ရောင်းလိုအား / ဝယ်လိုအား ဖြစ်တဲ့ Liquidity ကို ကိုယ်တိုင်ပေးတဲ့ Broker ကိုပြောတာပဲဖြစ်ပါတယ်။ ဆိုလိုတာက သင်က EUR ကို 1Lot ရောင်းတယ်ဆိုရင် သင်ရောင်းတဲ့ EUR (1Lot) ကို Broker က ဝယ်မှာဖြစ်ပြီး သင်က ဝယ်ချင်တယ်ဆိုရင်လည်း Broker ကပဲ ရောင်းပေးသွားမှာပါ။
အဲ့ဒီတော့ သင်က အမြတ်ရပြီဆိုရင် Broker ရှုံးမှာဖြစ်ပြီး သင်ရှုံးရင်တော့ Broker အမြတ်ရမှာပဲ ဖြစ်ပါတယ်။
        ဒါကတော့ Dealing Desk Broker Type ပါ။

🔹No Dealing Desk Broker🔹
  --------------------------------------------
             No Dealing Desk Broker တွေက Trader
တိုင်းအတွက် အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ No Dealing Desk Broker တွေက Trader တွေ Trade လိုက်တဲ့ Order တွေအားလုံးကို Inter Bank Market ထဲပို့ပေးပြီး Forex Market ထဲမှာ ရှိတဲ့ တခြား Trader တွေ နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးတဲ့ Broker တွေဖြစ်လို့ပါပဲ။ Broker က Trader ကို
Liquidity ကိုယ်တိုင် ပေးတဲ့ စနစ်မဟုတ်ပဲ /Broker က Trader ကို တခြား Trader နှင့် ချိတ်ဆက်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဒီ Broker အမျိုးအစားမှာတော့ Trader တွေရဲ့ ရှုံးခြင်း / မြတ်ခြင်းဟာ Broker နှင့် မသက်ဆိုင်ပဲ တခြားသော Market Player တွေနှင့်သာ သက်ဆိုင်ပါတယ်။

*** No Dealing Desk Broker တွေဟာ Spread
နှင့်သာရပ်တည်ပါတယ်။ ***

🔸 Spread အနေနှင့်ကတော့ Broker ပေါ်မူတည်
၍ ပြောင်းလဲနိုင်ပါတယ်ရှင့်။ 🔸

Post အားလုံးဖတ်ရန်

Forex Trading Sessions ဖော်ရက်ထရိတ်တင်း အကောင်းဆုံးအချိန်များ


Forex Trading အရောင်းအဝယ်ဈေးကွက်မှာတနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄နာရီ ကာလပတ်လုံး အရောင်းအဝယ်လုပ်နိုင်
ပါတယ်။
ဒါပေမယ့် တနေ့လုံးတော့ ငွေလဲလှယ်နှုန်းတွေဟာ သိသိသာသာ တက်နေ၊ ကျနေတာ မဟုတ်ပါဘူး။

ကိုယ့်အတွက် အကျိုးအမြတ်တကယ်ဖြစ်စေတဲ့ အချိန်တွေကတော့ ငွေလဲလှယ်နှုန်း သိသာစွာ တက်နေ (သို့) ကျနေတဲ့ အချိန်တွေပါ။ 
နေ့တစ်နေ့မှာ အရောင်းအဝယ်လုပ်လို့ အကောင်းဆုံးအချိန်တွေကို
အောက်မှာ ရှင်းပြထားပါတယ်။ ငွေကြေးအရောင်းအဝယ်ဈေးကွက်
မှာ အဓိက အရောင်းအဝယ် လုပ်ကြတဲ့ အချိန်ပိုင်းကြီး လေးပိုင်း
ရှိပါတယ်။

- သြစတြေးလျက ဆစ်ဒနီရုံးဖွင့်ချိန်၊
- ဂျပန်က တိုကျိုရုံးဖွင့်ချိန်၊
- ဗြိတိန်က လန်ဒန်ရုံးဖွင့်ချိန်၊
- အမေရိကန်က နယူးယောက်ရုံးဖွင့်ချိန်တို့ပဲ ဖြစ်ပါတယ်။

သြစတြေးလျက ဆစ်ဒနီရုံးဖွင့်ချိန်နဲ့ ဂျပန်က တိုကျိုရုံးဖွင့်ချိန်တို့ဟာ ကွာခြားမှုသိပ်မရှိတဲ့အတွက် နှစ်ခုပေါင်းကို အာရှရုံးဖွင့်ချိန်အဖြစ် သဘောထားကြပါတယ်။ အဲဒီတော့ အဓိကအရောင်းအဝယ် လုပ်ကြ
တဲ့ အချိန်ပိုင်းကြီး သုံးပိုင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

တချို့နိုင်ငံများဟာ ရာသီအပြောင်းအလဲကိုလိုက်ပြီးတစ်နှစ်အတွင်းမှာ နာရီအချိန်ကို ရှေ့တိုး၊ နောက်ဆုတ် ရွှေ့လေ့ရှိတဲ့အတွက် အနည်းငယ်အပြောင်းအလဲ ရှိနိုင်ပါတယ်။

တိုကျိုရုံးဖွင့်ချိန်
တိုကျို (သို့) အာရှရုံးဖွင့်ချိန်ဟာ တနေ့တာ ငွေကြေးအရောင်းအဝယ်ဈေးကွက်ရဲ့ ဦးဆုံးအချိန်ပိုင်းကြီးပါ။ ဂျပန်ဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ငွေကြေးအရောင်းအဝယ် စင်တာကြီးဖြစ်ပြီး ဒီအချိန်ပိုင်း
မှာယန်းငွေလဲလှယ်မှုပမာဏက ငွေကြေးအားလုံးရဲ့ ၁၆.၅% ခန့် ရှိပါတယ်။ တနေ့တာ ငွေကြေးအရောင်းအဝယ်ပမာဏရဲ့ ၂၁% လောက်ကို ဒီအာရှအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီးလန်နိုင်ငံများရဲ့ စီးပွားရေးအခြေအနေများနဲ့ဆိုင်တဲ့ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့အတွဲတွေကို အရောင်းအဝယ်လုပ်ဖို့ အ
ကောင်းဆုံးအချိန်ပိုင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ တရုတ်ကလဲ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံကြီးဖြစ်တာကြောင့် တရုတ်ကထုတ်လွင့်လိုက်တဲ့သတင်းတွေဟာလဲ ငွေကြေးအတက်အကျကို များစွားပြောင်းလဲစေနိုင်ပါတယ်။
ဂျပန်နဲ့ သြစတြေးလျဟာ တရုတ်ရဲ့စီးပွားရေးတိုးတက်မှုအပေါ်မှာ များစွားမူတည်နေတာကြောင့်တရုတ်သတင်းတွေပေါ်မူတည်ပြီး ဂျပန်၊ သြစတြေးလျ ငွေကြေးအတွဲကို အရောင်းအဝယ်လုပ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

လန်ဒန်ရုံးဖွင့်ချိန်
အာရှက ငွေကြေးရောင်းဝယ်နေကြတဲ့ ရုံးတွေကိုပိတ်ဖို့ တစ်နာရီလောက်အလိုမှာ ဥရောပက ငွေကြေးအရောင်းအဝယ်လုပ်မယ့် ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်။ ဥရောပမှာ ရုံးတွေ အများကြီး ရှိပေမယ့် ငွေကြေးအရောင်းအဝယ် သမိုင်းတလျောက်မှာ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေတာက လန်ဒန်ဈေးကွက်ပဲ ဖြစ်ပါတယ်။ တနေ့တာငွေကြေး အရောင်းအဝယ်ပမာဏရဲ့ ၃၀% လောက်ဟာ ဒီလန်ဒန်အချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဗြိတိန်၊ ဥရောပ နဲ့ ဆွစ်ဇာလန်နိုင်ငံများရဲ့ ငွေကြေးအတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။

နယူးယောက် ရုံးဖွင့်ချိန်
ဥရောပက ငွေကြေးရောင်းဝယ်နေကြတဲ့သူတွေ ထမင်းစားပြန်လာချိန်လောက်မှာအမေရိကကငွေကြေးရောင်းဝယ်မယ့်ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်။ အမေရိကန်ဟာ လက်ရှိအနေအထားအရ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံကြီးဖြစ်တာကြောင့် ဒီအချိန်ပိုင်းမှာ အမေရိကန်ဒေါ်လာ လဲလှယ်မှုပမာဏဟာ ငွေကြေးအားလုံးရဲ့ ၈၅% ခန့်ရှိ
ပါတယ်။ တနေ့တာ ငွေကြေးအရောင်းအဝယ် ပမာဏရဲ့ ၅၀% လောက်ဟာ ဒီအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံများရဲ့ငွေကြေးအတက် အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့အတွဲတွေကို အရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်းပဲ ဖြစ်ပါတယ်။ 

ဥရောပနဲ့ အမေရိကရုံးတွေ ရုံးဖွင့်ချိန်ထပ်နေတဲ့ အချိန်လေးနာရီလောက်မှာ ငွေကြေးအတက်အကျကြမ်းတတ်ပြီး အရောင်းအဝယ်လုပ်ဖို့ အခွင့်ကောင်းတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။


ရုံးဖွင့်ချိန် ထပ်နေသော အချိန်ပိုင်းများ

တိုကျို – လန်ဒန် ရုံးဖွင့်ချိန်ထပ်ခြင်း
အများအားဖြင့် အာရှအချိန်ပိုင်းမှာ ငွေကြေးအတက်အကျ သိပ်မကြမ်းတတ်သလို ဥရောပအနေနဲ့လဲ ရုံးစဖွင့်ချိန်ဖြစ်တာကြောင့် တိုကျို – လန်ဒန်ရုံးဖွင့်ချိန်ထပ်နေတဲ့ တစ်နာရီအတွင်းမှာ ငွေကြေး အတက်အ
ကျမကြမ်းတတ်ဘဲ အရောင်းအဝယ် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လေ့ မရှိပါဘူး။

လန်ဒန် – နယူးယောက် ရုံးဖွင့်ချိန်ထပ်ခြင်း
လန်ဒန်နဲ့ နယူးယောက် ရောင်းဝယ်ချိန်ထပ်နေတဲ့လေးနာရီကာလကတော့ ကမ္ဘာ့အကြီးဆုံး ငွေကြေးအရောင်းအဝယ်စင်တာကြီးနှစ်ခု အပြိုင်ရောင်းဝယ်နေကြချိန်ဖြစ်တဲ့အတွက် တနေ့တာလုံးမှာ ငွေကြေး
အတက်အကျ အကြမ်းဆုံး၊ ငွေကြေးကုန်သည်များအတွက် အလုပ်အရှုပ်ဆုံးဖြစ်သလို ကိုယ့်အတွက်လဲအရောင်းအဝယ်အခွင့်အလမ်းကောင်းတွေ အများဆုံးရရှိနိုင်တဲ့ အချိန်ပိုင်း ဖြစ်ပါတယ်။ ဒီအချိန်ပိုင်းအတွင်းမှာ အမေရိကနဲ့ ကနေဒါနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေငြာချိန်လဲဖြစ်ပါတယ်။

အရှေ့က လန်ဒန်အချိန်ပိုင်းမှာ အတက်(သို့)အကျ လမ်းကြောင်းတွေ ဖြစ်ပေါ်ထားခဲ့တယ်ဆိုရင် ဒီအချိန်ပိုင်းအတွင်းမှာ အခြားစီးပွားရေး (အရေးကြီး) သတင်းတွေ မကြေငြာခင်အချိန်ထိ အရှေ့ကမူလ
လမ်းကြောင်းအတိုင်း ဆက်သွားလေ့ရှိပါတယ်။
အရေးကြီးတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေငြာပြီးချိန်တွေမှာတော့ ငွေကြေးလဲလှယ်မှုနှုန်းတွေသိသာစွာ ပြောင်းလဲနိုင်ပြီး အရှေ့ကဖြစ်ပေါ်နေတဲ့အတက်အကျလမ်းကြောင်းတွေလဲ ပြောင်းလဲနိုင်ပါ
တယ်။

တပတ်အတွင်း ငွေကြေးအရောင်းအဝယ်လုပ်ရန် အကောင်းဆုံးနေ့များ
တပတ်အတွင်းမှာ အလယ်ရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ၊ကြာသပတေးနေ့တွေဟာ ငွေကြေးအရောင်းအဝယ်လုပ်ဖို့ အကောင်းဆုံးနေ့တွေဖြစ်ပါတယ်။ တနင်္လာနေ့ရဲ့ ပထမနေ့ဝက်မှာ အတက်အ
ကျလမ်းကြောင်းမှားတွေ ဖြစ်ပေါ်နိုင်သလို သောကြာနေ့ရဲ့ ဒုတိယနေ့ဝက်ဟာလဲ ပိတ်ရက်တွေနဲ့နီးလာတာကြောင့် အတက်အကျသိပ်မရှိတတ်ပါဘူး။

သင့်ရဲ့အချိန်တွေကို အမျှော်အမြင်ရှိရှိနဲ့ စီမံပါ
အွန်လိုင်းငွေကြေးအရောင်းအဝယ်ဈေးကွက်ဟာတနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄ နာရီကာလပတ်လုံး အရောင်းအဝယ် လုပ်နိုင်တာဖြစ်ပေမယ့် အမြဲသိသာစွာတက်နေကျနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အနားယူချိန်နဲ့မိသားစုအတွက်အချိန်ပေးဖို့ဆိုတာလဲ အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် ဘယ်အချိန်တွေမှာ ငွေကြေးအရောင်းအဝယ်လုပ်သင့်ပြီး ဘယ်အချိန်တွေမှာ မလုပ်သင့်ဘူးဆိုတာကို ကုန်သည်တိုင်း သိထားသင့်ပါတယ်။


အရောင်းအဝယ်လုပ်ရန် အကောင်းဆုံးအချိန်များ
- လန်ဒန် - နယူးယောက် အရောင်းအဝယ်ထပ်ချိန်ကာလအတွင်း။
- လန်ဒန်ရုံးဖွင့်ချိန်အတွင်း။
- နေ့အားဖြင့် အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့များ။

အရောင်းအဝယ်လုပ်ရန် မကောင်းဆုံးအချိန်များ
- အဓိကနိုင်ငံတစ်ခုဧ။ ရုံးပိတ်ရက်နေ့များ။
- သောကြာနေ့ လန်ဒန်ရုံးပိတ်ချိန် နောက်ပိုင်း။
- အရမ်းအရေးပါသော စီးပွားရေးသတင်း ထွက်ပေါ်ချိန်များ။
(ထိုအချိန်များတွင် မိနစ်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျ ကြီးမားလျှင်မြန်စွာဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ကျွမ်းကျင်မှု မရှိပါက အရောင်းအဝယ် မလုပ်သင့်ပါ။)

Post အားလုံးဖတ်ရန်

Forex Trading မှငွေကြေးအတွဲများ

Post အားလုံးဖတ်ရန်

Bid & Ask ကိုနားလည်ဖို့

Big Price ဆိုတာ Forex Trader တစ်ယောက် Currency Pair ကို ရောင်းလိုတဲ့ ဈေးဖြစ်တယ်။
Ask Price ဆိုတာ Forex Trading တစ်ယောက် Currency Pair ကို ဝယ်လိုတဲ့ ဈေးဖြစ်တယ်။
ထိုဈေးနှစ်ခုကွားခြားချက်ကို Spread လိုခေါ်ပါတယ်။

Forex ဈေးကွက် ပေါက်ဈေးမှာ အမြဲတမ်း တည်ရှိနေတာ ကတော့ Bid နဲ့ Ask ဈေးနှုံးတွေ ပါပဲ။ 

ဒါဟာရှယ်ယာဈေးကွက်တွေမှာ မြင်နိုင်တာနဲ့ သဘောထား တူတူပါပဲ။Bid ဆိုတာကတော့ Forex Market Maker ဟာ Base Currency USD ကို Counter Currency CAD ဖြင့် Exchange မှာ ဝယ်ဖို့ ဖွင့်ထားသော ဈေးနှုံးတစ်ခု ဖြစ်ပါတယ်။ Trader တွေ အနေနဲ့ ကတော့ Base Currency ကို Counter Currency ဖြင့်ရောင်းနိုင်တဲ့ ဈေးဖြစ်ပါတယ်။ 

Forex Market Maker တွေက ဝယ်မယ်။ ကျွန်တော်တို့က ရောင်းမယ် ဆိုတဲ့ဈေးပါပဲ။ ရောင်းသူဝယ်သူ ပေါက်ဈေး သဘောမျိုးပေါ့။ အပြန်အလှန်အားဖြင့် Ask ဆိုတာက Forex Market Marker ဟာ Base currency ကို Counter Currency ဖြင့် Exchange မှာ ရောင်းဖို့ဖွင့်ထားသော ဈေးနှုံး ဖြစ်ပါတယ်။ Trader တွေ အနေနဲ့ ဆိုရင်တော့ Base Currency ကို Counter Currency ဖြင့် ဝယ်ရမယ့်ဈေး ဖြစ်ပါတယ်။

ဒါကလည်း Forex Market Maker တွေက ရောင်း
မယ်။ ကျွန်တော်တို့က ဝယ်မယ်ဆိုတဲ့ ဈေးပါပဲ။

Post အားလုံးဖတ်ရန်

Triple Line Candlestick Patterns ကို ( ၂) မျိုးခွဲခြားထားပါသည်။

💦 Reversal Candlestick Pattern ( ၃) မျိုးရှိသည့်အနက် Triple Line Candlestick Patterns အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

💬Triple Line Candlestick Patterns ကို ( ၂) မျိုးခွဲခြားထားပါသည်။
1.) Morning Star
2.) Evening Star တို့ဖြစ်ပါသည်။ 

💥1 ) Morning Star 
လက်ရှိ trend သည် downtrend ဖြစ်ရမည်။ ပထမ candle သည် Bear candle ဖြစ်ရမည်။ ဒုတိယ candle သည် Real body သေးသော Bull or Bear candle တစ်ခုခုဖြစ်ရမည်။ တတိယ candle သည် Bull candle ဖြစ်ရမည်။ တတိယ candle ရဲ့ အပိတ်စျေးဟာ ပထမ Bear candle body ရဲ့ 50% ကျော်ထိုးဖောက်ဝင်ရောက်ပြီးမှ ပိတ်ရမည်။ Downtrend ရဲ့အဆုံးတွင် တွေ့ရပါက စျေးပြန်တက်တော့မယ့်အခြေအနေဖြစ်ပါတယ်။

💥2 ) Evening Star
လက်ရှိ trend သည် uptrend ဖြစ်ရမည်။ ပထမ သည် Bull candle ဖြစ်ရမည်။ ဒုတိယ Candle သည် Body သေးသော Bull or Bear candle တစ်ခုခုဖြစ်ရမည်။ တတိယ candle သည် Body ကြီးသော Bear Candle ဖြစ်ရမည်။ Uptrend တစ်ခုရဲ့အဆုံးပိုင်းမှာတွေ့ရပါက စျေးပြန်ကျတော့မယ့် အခြေအနေဖြစ်ပါတယ်။

Post အားလုံးဖတ်ရန်

Double Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။

💦 Reversal Candlestick Pattern ( ၃) မျိုးရှိသည့်အနက် Double Line Candlestick Patterns အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Double Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။ 
1.) Bearish Engulfing
2.) Bullish Engulfing
3.) Dark Cloud Cover
4.) Piercing Line Pattern တို့ဖြစ်ပါသည်။

💦1. )Bearish Engulfing
Uptrend ရဲ့အဆုံးပိုင်းမှာ ဖြစ်ပေါ်ရပါမည်။ ပထမ candle သည် Bull candle ဖြစ်ရမည်။ဒုတိယ candle သည် Bear candle ဖြစ်ရမည်။ ဒုတိယ candle သည် ပထမ candle ကိုခြုံငုံမိနေရမည်။ Bearish Engulfing Pattern ကို uptrend ရဲ့အဆုံးပိုင်းမှာတွေ့ခဲ့ရင် မကြာမီစျေးပြန်ကျနိုင်သည်ဟုပြောသော Single ဖြစ်သည်။

💦2 )Bullish Engulfing 
Trend သည် Downtrend ဖြစ်ရမည်။ ပထမ candle သည် Bear candle ဖြစ်ရမည်။ ဒုတိယ candle သည် Bull candle ဖြစ်ရမည်။ ဒုတိယ candle သည် ပထမ candle ကိုခြုံငုံမိရမည်။ Downtrend ရဲ့ အနိမ့်နေရာမှာ တွေ့ရပါကမကြာမီစျေးပြန်တက်တော့မည် အခြေနေဖြစ်ပါသည်။

💦3 ) Dark Cloud Cover 
လက်ရှိ trend သည် uptrend ဖြစ်ရမည်။ ပထမသည် Bull candle ဖြစ်ရမည်။ ဒုတိယ candle သည် bear candle ဖြစ်ရမည်။ ဒုတိယ bear candle သည် ပထမ bull candle ရဲ့အထက်မှာစဖွင့်ရမည်။ဒုတိယ candle ၏အပိတ်စျေးသည် ပထမ candle ၏အလယ်ထက်ဝက်ကျော်မှာပိတ်ရမည်။ Uptrend ရဲ့အဆုံးမှာတွေ့ရပါက မကြာမီစျေးပြန်ကျတော့မည့် အခြေအနေမျိုးဖြစ်သည်။

💦4 ) Piercing Line Pattern
လက်ရှိ trend သည် downtrnd ဖြစ်ရမည်။ ပထမ candleသည် Bear candle ဖြစ်ရမည်။ ဒုတိယ candle ရဲ့အဖွင့်စျေးသည် ပထမ candle အပိတ်စျေးအောက်ဖြစ်ရမည်။ ဒုတိယ candle ရဲ့အပိတ်စျေးသည် ပထမ candle ရဲ့တစ်ဝက်ကျော်မှာပိတ်ရမည်။ Downtrend ရဲ့ အဆုံးမှာတွေ့ရပါက စျေးပြန်တက်နိုင်သည်အခြေအနေဖြစ်ပါသည်။

Post အားလုံးဖတ်ရန်

Single Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။


💦 Reversal Candlestick Pattern ( ၃) မျိုးရှိသည့်အနက် Single Line Candlestick Patterns အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Single Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။
💦1.) Hammer
💦2.) Inverted Hammer
💦3.) Shooting Star
💦4.) Hanging Man တို့ဖြစ်ပါသည်။

💦1. ) Hammer 
Downtrend တစ်ခုရဲ့အဆုံးမှာဖြစ်ရမယ်။ Bull ( or) Bear မည်သည့် ဖြစ်ဖြစ်ရပါတယ်။ Real Body သေးပြီး Down Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမယ်။ Downtrend တစ်ခုရဲ့ အဆုံးမှာဖြစ်နေပြီဆိုရင် စျေးပြန်တက်မယ့် Signal တစ်ခုပါပဲ။ Support Line နီးကပ်မှုလည်းရှိရပါမယ်။

💦2. ) Inverted Hammer
Hammer ရဲ့ ပြောင်းပြန်ပုံစံဖြစ်ပါတယ်။ Real Body သေးပြီး Up Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမည်။ Downtrend တစ်ခုရဲ့ အဆုံးမှာပေါ်ရ​ပါမည်။ စျေးကျပြီနောက်ပြန် လှည့်နိုင်သောနေရာများတွင်တွေ့ရပါမည်။ Bull or Bear မည်သည့် Candle ဖြစ်ဖြစ်ရပါတယ်။

💦3. ) Shooting Star
Uptrend တစ်ခုရဲ့ အဆုံးပိုင်းမှာပေါ်ရမည်။ Real body သေးပြီး Up Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမယ်။ စျေးတက်ပြီး နောက်ပြန်လှည့်သောနေရာများတွင်တွေ့ရပါတယ်။ Bull or Bear မည်သည့် Candle ဖြစ်ဖြစ်ရပါတယ်။ Bear Candle ဆိုပိုကောင်းပါတယ်။ Shooting Star ရဲ့အမြင့်ဆုံးရောက်ခဲ့တဲ့နေရာကို Resistance အဖြစ်သုံးနိုင်ပါတယ်။

💦4. ) Hanging Man
Hammer နဲ့ပုံစံတူပါတယ်။ Uptrend ရဲ့အပေါ်နားမှာဖြစ်ရပါမယ်။ Real Body သေးပြီး Down Shadow သည် Body ထက် ၃ဆလောက်ရှည်နေရပါမယ်။ Bull or Bear မည်သည့် Candle ဖြစ်ဖြစ်ရပါတယ်။ Bear ဆိုပိုကောင်းပါတယ်။ Uptrend တစ်ခုရဲ့ အဆုံးနားမှာပေါ်ရင်တော့ Downtrend ပြောင်းဖို့ Signal Signal တစ်ခုပါပဲ။

Post အားလုံးဖတ်ရန်

Normal Candlestick Patterns ရိုးရိုး Candlestick Patterna များ


Normal Candlesticks တွေအကြောင်းကို အလွယ်ဆုံးနည်းနဲ့ နားလည်လွယ်အောင် ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Let's study!!

Normal Candlestick ( ၄) မျိုးရှိပါသည်။
( 1 ) Long White Real Body
( 2 ) Long Black Real Body
( 3 ) Sinning Top
( 4 ) Doji

( 1 ) Long White Real Body
+++++++++++++++++++++
ကပ်လျက် Candle ထက် (၃) ဆခန့်ပိုရှည်တတ်ပြီး လက်ရှိစျေးကွက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်သည်။ Downtrend တစ်ခုရဲ့ အနိမ့်ဆုံးပိုင်းမှာ ပေါ်လာပြီးဆို trend ဟာ ပြောင်းလဲဖြစ်ဖို့ သေချာပါတယ်။ Resistance Zone မှာဆိုရင်တော့ Resistance Line ကို ဖောက်ထွက်နိုင်ပါတယ်။
စျေးတက်ခြင်းကို ကိုယ်စားပြုသော Bull Candle ဖြစ်ပါသည်။

( 2 ) Long Black Real Body
++++++++++++++++++++++
Long White Candle နဲ့ ဆန့်ကျင့်ဘက်ပါ။ Uptrend တစ်ခုရဲ့ အမြင့်ပိုင်းမှာပေါ်လာရင် Uptrend ( သို့မဟုတ်) Resistance Zone ကိုရောက်နေပြီလို့ ပြောသလိုပါပဲ။ စျေးကျခြင်းကိုကိုယ်စားပြုသော Bear Candle ဖြစ်ပါသည်။

( 3 ) Spinning Top
+++++++++++++++
Spinning Top ကို Bull ရော Bear ရော Candle နှစ်မျိုးလုံးတွင်တွေ့နိုင်သည်။ Real သေးပြီး Up Shadow ဖြစ်ဖြစ် Down Shadow ဖြစ်ဖြစ်နှစ်ခုစလုံးရှိနိုင်ပါတယ်။ Shadow အတိုလေးတွေကိုလည်း တွေရတတ်ပါတယ်။ တကယ်လို့ Shadow မရှိဘဲ သူနဲ့ကပ်လျက် Candle တွေထက် ၄ဆလောက်ငယ်နေမယ်ဆိုရင် Spinning Topအဖြစ် သတ်မှတ်နိုင်ပါတယ်။ Spinning Top ကို Uptrend မှာတွေ့တွေ့ Downtrend မှာတွေ့တွေ့ လက်ရှိ Trend ပြောင်းတော့မယ်လို့ယူဆနိုင်ပါတယ်။ Side ways သွားနေရင်တော့ Bear နဲ့ Bull ကြားက ရှုပ်ထွေးမှုကို ပြသနေတာဖြစ်ပါတယ်။

( 4 ) Doji
++++++++
အဖွင့်စျေးနဲ့အပိတ်စျေးတူညီတဲ့အခါ သို့မဟုတ် နီးကပ်တဲ့အခါ Doji Candle ဖြစ်ပေါ်ပါတယ်။ Market Sideway သွားနေချိန် Doji ဖြစ်က ပြောင်းလဲမှု သိပ်မရှိနိူင်ပါ။ Overbrought, Oversold အခြေနေမှာဆိုရင်တော့ Reversal ဖြစ်ဖို့ အားကောင်းပါတယ်။ Doji Candle ဟာ Bull နဲ့ Bear ကြားက မီးပွိုင့်ပါပဲ။ Doji တစ်ခုဟာ Uptrend မှာပေါ်နေခဲ့ရင် Candle နှစ်ခုလောက်ပိတ်မိနေရင် Downtrend ပြောင်းလဲနိုင်ပြီး Doji ရဲ့ အပေါ်မှာပိတ်ခဲ့ရင်တော့ Uptrend အဖြစ်ဆက်လက်တည်ရှိနိုင်ပါသည်။ 

Post အားလုံးဖတ်ရန်

Type of Candlesticks အမျိုးအစားများ


Market မှာ စျေးနှုန်းတွေရဲ့ရွေ့လျားမှုကို Candlestick တွေနဲ့တိုင်းတာပါတယ်။ 

Candlestick အကြောင်းကို နားလည်တဲ့အခါ စျေးကွက်သဘောတရားကို တစ်ဝက်လောက်နားလည်နိုင်ပါတယ်။ Forex Market ကိုစိတ်ဝင်စားတယ်ဆိုရင် Candlestick အကြောင်းနားလည်ဖို့လိုပါတယ်။

Candlestick များကို Group ( ၂ ) ခွဲ၍ဖော်ပြနိုင်သည်။
💦I. Normal Candlestick 
💦II. Reversal Candlestick patterns ဟူ၍ဖြစ်ပါသည်။

💦Normal Candlestick ကိုမှ ( ၄ ) မျိုးခွဲခြားထားပါသည်။ ၄င်းတို့မှာ_
🔹( a) Long White Real Body
🔹( b) Long Black Real Body
🔹( c) Spinning Top
🔹( d) Doji ဟူ၍ခွဲခြားထားပါသည်။

💦Reversal Candlestick Pattern ကိုမှ ( ၃) မျိုးခွဲခြားထားပါသည်။ ၄င်းတို့မှာ_
🔷(a) Single Line Candlestick Patterns 
🔷(b) Double Candlestick Patterns
🔷(c) Triple Line Candlestick Patterns

🔷( a) Single Line Candlestick Patterns
Single Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။
🔸1.) Hammer
🔸2.) Inverted Hammer
🔸3.) Shooting Star
🔸4.) Hanging Man တို့ဖြစ်ပါသည်။

🔷( b) Double Line Candlestick Patterns
Double Line Candlestick Patterns ကို ( ၄) မျိုးခွဲခြားထားပါသည်။ 
🔸1.) Bearish Engulfing
🔸2.) Bullish Engulfing
🔸3.) Dark Cloud Cover
🔸4.) Piercing Line Pattern တို့ဖြစ်ပါသည်။

🔷( c) Triple Line Candlestick Patterns 
Triple Line Candlestick Patterns ကို ( ၂) မျိုးခွဲခြားထားပါသည်။
🔸1.) Morning Star
🔸2.) Evening Star တို့ဖြစ်ပါသည်။ 

 Post အားလုံးဖတ်ရန်

Candlestick တည်ဆောက်ပုံ

Forex Market ကိုစတင်လေ့လာမယ်ဆိုရင် Candlestick တွေအကြောင်းကို မဖြစ်မနေလေ့လာထားဖို့လိုပါမယ်။

✏ Market မှာစျေးနှုန်းတွေရဲ့ ရွေ့လျားမှုကို Candlestick တွေနဲ့ တိုင်းတာပါတယ်။ 
Candlestick တွေရဲ့ Real Body သည် အဖွင့်စျေး အပိတ်စျေးပေါ်မူတည်ပြီး ကွဲပြားသွားပါသည်။

✏ Candlestick သည် Time Frame တစ်ခုကိုရည်ညွှန်းပါသည်။ Duration Time Frame ကို 1Hour လို့ထားရင် Candlestick တစ်တုံးသည် တစ်နာရီကြာတဲ့အခါ တစ်တုံးပြောင်းသွားပါသည်။

✏ အဖြူရောင် Candlestick ကို Bull candle ဟုခေါ်ပါသည်။
အနက်ရောင် Candlestick ကို Bear candle ဟုခေါ်ပါသည်။

✏ များသောအားဖြင့် Candlestick များတွင် Shadow ပါတတ်ပြီး တချို့ Candlestick တွေမှာ body or shadow မပါတာတွေလည်းရှိတတ်ပါသည်။

 🔴 Candlestick တွေအကြောင်းအများကြီးလေ့လာရန်ရှိပါသေးသည်။ ဆက်လက်ဖော်ပြပါဦးမည်။

Post အားလုံးဖတ်ရန်

👉 MT4 Software တွင်ပါဝင်သော CandleStick အကြောင်း 👈


♨️ ဒီ Market မှာ အရောင်းအဝယ် မလုပ်ခင် အရင်ဆုံး Time Frame ကိုရွေးရပါတယ်။ Time Frame ဆိုတာက Candle တုံး တစ်တုံးရဲ့ ကြာချိန်ကိုပြောတာပါ။ TimeFrame မှာ H1 ရွေးထားရင် Candle တစ်တုံးရဲ့ကြာချိန်က တစ်နာရီဖြစ်ပြီးတော့ Time Frame ကို M30 ရွေးထားရင်တော့ Candle တစ်တုံးရဲ့ ကြာချိန်က နာရီဝက်ဖြစ်ပါတယ်။ Time Frame ရွေးပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ အရောင်းအဝယ် စလုပ်လို့ရပါပြီ။

♨️ အရောင်းအဝယ် စလုပ်ပြီဆိုရင်တော့ စျေးနူန်းတွေရဲ့ အသွား အလာကိုသိဖို့ Candlestick တွေနဲ့ တိုင်းတာပါတယ်။ 
အဲ့ဒီ CandleStick တွေကိုတော့ O, H, L, C နဲ့ ဖွဲ့စည်းထားပါတယ်။ OHLC ရဲ့ အရှည်ကောက် စကားလုံးတွေကတော့
O = Open Price
H = High Price
L = Low Price
C = Close Price တို့ပဲဖြစ်ပါတယ်။
Candle တုံးရဲ့ အတုံးပုံစံကိုတော့ Body လို့ခေါ်ပြီး စျေးအတက် အကျဖြစ်ပြီး ကျန်ခဲ့တဲ့ Stick ကိုတော့ Shadow လို့ ခေါ်ပါတယ်။

Candle တုံး တစ်တုံးမှာ Realbody နဲ့ Shadow ပါတဲ့
Candle တုံး ရှိသလို Realbody ကြီးပဲပါတဲ့ Candle တုံး
လည်းရှိပါတယ်။ အဲ့ဒီမှာ Bullish Candle (အဖြူရောင်တုံး) က စျေးအတက်ကို ကိုယ်စားပြုပြီး Bearish Candle (အမဲရောင်တုံး) က စျေးအကျကို ကိုယ်စားပြုပါတယ်
Canndlestick တွေရဲ့ Realbody (Bull လား Bear လား) ဆိုတာကတော့ အဖွင့်စျေးနဲ့ အပိတ်စျေးပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ 

Candlestick မှာ Normal Candlestick နဲ့
Reversal Candlestick ဆိုပြီး (၂)မျိုးရှိပါတယ်။

Post အားလုံးဖတ်ရန်

💵 ရွှေအရောင်းအဝယ်ပြုလုပ်သူများအကြား စောင့်ကြည့်ရမယ့် ဝယ်လိုအားနှင့် ရောင်းလိုအား 💡


♥️ MetaTrader4 App နဲ့ ကျွန်တော်တို့တွေ  Trade လုပ်တဲ့အခါ စျေးကွက်ထဲမှာ ရောင်းလိုအားနဲ့ဝယ်လိုအား ဘယ်သူတွေအားသာနေလဲကို ကြည့်လို့ရတဲ့ RSI အကြောင်းကို  ဗဟုသုတအနေနဲ့ တင်ဆက်လိုက်ပါတယ်။

🌱 Relative Strength Index (RSI)  ကိုကြည့်ပီး Buy သင့်လား Sell သင့်လား ခန့်မှန်းလို့ရပါတယ်

 ✨ RSI Chart မှာပေါ်နေတဲ့ Line ဟာ✨

> 100 နဲ့ 70 ကြားမှာဆို အဝယ်သမားများနေပါတယ်။ အဝယ်လွန် Zone ဖြစ်တာကြောင့် Sell သင့်ပါတယ်။

> 70 နဲ့ 50 ကြားမှာဆိုအဝယ်သမား ပုံမှန်ပဲ ရှိနေပါတယ်။

> 50 နဲ့ 30 ကြားမှာဆိုအရောင်းသမား ပုံမှန်ပဲ ရှိနေပါတယ်။

> 30 နဲ့ 0 ကြားမှာဆို အရောင်းသမားများနေပါတယ်။ အရောင်းလွန် Zone ဖြစ်တာကြောင့် Buy သင့်ပါတယ်။

Trading ရဲ့ သဘောတရားအရ ပုံသေမဟုတ်သော်လဲ ယခု Technical ဟာ Win Rate 50% နဲ့ 60% ကြားမှာ တည်ရှိပါတယ်။ Forex Trader တွေအတွက် အသုံးပြုများတဲ့ Indicator တခုလဲ ဖြစ်ပါတယ်။

Post အားလုံးဖတ်ရန်

သင်သိရမယ့် Monster ကြီးနှစ်​ကောင် (သို့မဟုတ်) BULL & BEAR


Forex Market မှာ စျေးအတက်အကျ ၂မျိုးစလုံးက​နေ အမြတ်ယူလို့ရတဲ့ Two Way Market System ပါရှိ​​ပါတယ်။ 

အတက်/အကျ ဒီ၂မျိုးက​နေ အကျိုးအမြတ်ယူတာဖြစ်လို့
တက်တယ် ကျတယ် ခဏခဏမသုံး​တော့ဘဲ
နာမည်​ပြောင်ထားပြီး ​ပြောကြဆိုကြပါ​တော့တယ်။ 

​BULL 🔥- မြန်မာလို​တော့ ကျွဲရိုင်းကြီးပါ။
BULL ရဲ့သဘာ၀က ရန်သူကို ​အောက်က​နေ အထက်ကို
ပင့်ပင့်ပြီး ဦးချိုနဲ့​​​​​​ဝှေ့ကာတိုက်ခိုက်​​လေ့ရှိပါတယ်။

ဒီသ​ဘောကို ​Forex Market မှာ​စျေးက ​အောက်ဘက်ကျ​နေရာက​နေ ဖြည်းဖြည်းချင်းအ​ပေါ်တက်လာတဲ့​နေရာမှာ အသုံးပြုပြီး အမည်​ပေးလိုက်ပါတယ်။
​စျေးအတက်နဲ့ သက်ဆိုင်ရာ Candle Stick ကိုလည်း
BULL Candle လို့အမည်​ပေးလိုက်ကြပါတယ်။
BULL ဆိုတာ အတက် Candle ဖြစ်ပြီး ကိုယ်စားပြုအ​ရောင်က​တော့ အစိမ်း သို့မဟုတ် အဖြူဖြစ်ပါတယ်။ 

BEAR 🔥-မြန်မာလို ၀က်၀ံလို့ အဓိပ္ပါယ်ရပါတယ်။
BEAR ရဲ့ သဘာ၀က​တော့ BULL နဲ့ဆန့်ကျင်ဘက်ပါပဲ။
သူတို့​တွေ အန္တရာယ်ကိုကြုံ​တွေ့ရတဲ့အခါ၊ရန်သူကို ခုခံ​တဲ့အခါ​တွေမှာ BEAR ​တွေဟာ မတ်တပ်ရပ်လို့ သူတို့လက်​တွေကိုဆန့်တန်းပြီး လက်သည်းရှည်​တွေနဲ့ အထက်က​နေ ​အောက်ကို
ဆွဲကုတ်ခြစ်ကာ တိုက်ခိုက်​​လေ့ရှိပါတယ်။
ဒီသ​ဘောသဘာ၀ကို Forex Market မှာ
​စျေးကတက်​နေလို့ အ​ပေါ်အမြင့်တ​နေရာ​ရောက်​နေရာက​နေ
​အောက်ကိုတဖြည်းဖြည်း​စျေးပြန်ကျလာတဲ့ ​အခါမျိုးအတွက်
အသုံးပြုဖို့ အမည်​ပေးလိုက်ကြပါတယ်။
​စျေးအကျနဲ့ သက်ဆိုင်ရာ Candle Stick ကိုလည်း
BEAR Candle လို့အမည်​ပေးလိုက်တာ​ပေါ့။
BEAR ဆိုတာ အကျ Candle ဖြစ်ပြီး
ကိုယ်စားပြုအ​ရောင်က​တော့ အနီ သို့မဟုတ် အနက် 
ဖြစ်ပါတယ်။ 

ကဲ ဒါဆိုရင်​တော့ Forex ​လောကက လူ​တွေဆီကကြား​နေရတဲ့ BULL & BEAR ရဲ့ အဓိပ္ပါယ်ကို ဗဟုသုတအဖြစ်သိသွားမယ်လို့ ယူဆပါတယ်​ ။

Post အားလုံးဖတ်ရန်

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...