Forex Market မှာ စျေးအတက်အကျ ၂မျိုးစလုံးကနေ အမြတ်ယူလို့ရတဲ့ Two Way Market System ပါရှိပါတယ်။
အတက်/အကျ ဒီ၂မျိုးကနေ အကျိုးအမြတ်ယူတာဖြစ်လို့
တက်တယ် ကျတယ် ခဏခဏမသုံးတော့ဘဲ
နာမည်ပြောင်ထားပြီး ပြောကြဆိုကြပါတော့တယ်။
BULL 🔥- မြန်မာလိုတော့ ကျွဲရိုင်းကြီးပါ။
BULL ရဲ့သဘာ၀က ရန်သူကို အောက်ကနေ အထက်ကို
ပင့်ပင့်ပြီး ဦးချိုနဲ့ဝှေ့ကာတိုက်ခိုက်လေ့ရှိပါတယ်။
ဒီသဘောကို Forex Market မှာစျေးက အောက်ဘက်ကျနေရာကနေ ဖြည်းဖြည်းချင်းအပေါ်တက်လာတဲ့နေရာမှာ အသုံးပြုပြီး အမည်ပေးလိုက်ပါတယ်။
စျေးအတက်နဲ့ သက်ဆိုင်ရာ Candle Stick ကိုလည်း
BULL Candle လို့အမည်ပေးလိုက်ကြပါတယ်။
BULL ဆိုတာ အတက် Candle ဖြစ်ပြီး ကိုယ်စားပြုအရောင်ကတော့ အစိမ်း သို့မဟုတ် အဖြူဖြစ်ပါတယ်။
BEAR 🔥-မြန်မာလို ၀က်၀ံလို့ အဓိပ္ပါယ်ရပါတယ်။
BEAR ရဲ့ သဘာ၀ကတော့ BULL နဲ့ဆန့်ကျင်ဘက်ပါပဲ။
သူတို့တွေ အန္တရာယ်ကိုကြုံတွေ့ရတဲ့အခါ၊ရန်သူကို ခုခံတဲ့အခါတွေမှာ BEAR တွေဟာ မတ်တပ်ရပ်လို့ သူတို့လက်တွေကိုဆန့်တန်းပြီး လက်သည်းရှည်တွေနဲ့ အထက်ကနေ အောက်ကို
ဆွဲကုတ်ခြစ်ကာ တိုက်ခိုက်လေ့ရှိပါတယ်။
ဒီသဘောသဘာ၀ကို Forex Market မှာ
စျေးကတက်နေလို့ အပေါ်အမြင့်တနေရာရောက်နေရာကနေ
အောက်ကိုတဖြည်းဖြည်းစျေးပြန်ကျလာတဲ့ အခါမျိုးအတွက်
အသုံးပြုဖို့ အမည်ပေးလိုက်ကြပါတယ်။
စျေးအကျနဲ့ သက်ဆိုင်ရာ Candle Stick ကိုလည်း
BEAR Candle လို့အမည်ပေးလိုက်တာပေါ့။
BEAR ဆိုတာ အကျ Candle ဖြစ်ပြီး
ကိုယ်စားပြုအရောင်ကတော့ အနီ သို့မဟုတ် အနက်
ဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့ Forex လောကက လူတွေဆီကကြားနေရတဲ့ BULL & BEAR ရဲ့ အဓိပ္ပါယ်ကို ဗဟုသုတအဖြစ်သိသွားမယ်လို့ ယူဆပါတယ် ။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment