Trend Line ဘယ်လိုအသုံးဝင်သလဲဆိုတာကို ရှင်းပြပေးမှာဖြစ်ပါတယ်...📉📈
🔺Forex Trading လုပ်တဲ့သူတော်တော်များများ Trend Line ကိုမရှိမဖြစ်အသုံးပြုကြတဲ့သူများပါတယ်။
🔺TA Analysis လုပ်တဲ့အခါ Trend Line က အဓိကမပါမဖြစ်ပေါ့။
🔺အခြေခံလုပ်တဲ့သူအတွက်အထောက်အကူဖြစ်မယ်လို့ ယုံကြည်မိပါတယ်။
🔺Trend Line ဆွဲတဲ့အခါ အနည်းဆုံး အမှတ်နှစ်မှတ်ဆုံသင့်တယ်။
🔺အမှတ် ၃/၄/၅ ခုထက် ကိုယ်ဆွဲတဲ့မျဉ်းနဲ့ဆုံရင် Trend Line အားကောင်းတယ်လို့ခေါ်တယ်။
🔺အဲ့တာကြောင့် ကျွန်တော်တို့ Trend Line ဆွဲတဲ့အခါ Trend Line ပီပြင်တတ်ဖို့လိုအပ်ပါတယ်။
🔺ဆိုတော့ Trend Line ရဲ့သဘောတရားကို သိသွားပြီဆိုတော့....
🔺Trend Line နဲ့ ဆက်စပ်တဲ့ Support Line နဲ့ Resistance Line အကြောင်းကိုပြောပြသွားပါမယ် ။
🔺Support Line ကိုဆွဲတဲ့အခါ ဈေးနှုန်းရဲ့ အောက်မှတ်ကနေ အပေါ်ထိ ထပ်ဆွဲရပါတယ်။
🔺Support Line ကို Candle Body ( သို့) Candle Shadow အောက်ကနေစဆွဲရပါတယ်။
🔺Support Lineကို ဆွဲပြီးသွားရင် အဲ့ဒီ Line ကို Uptrend လို့ခေါ်တယ်။
🔺Up Trend ပီပြင်လား မပီပြင်လားစစ်တဲ့အခါ Market Chart Flow က (Higher, High) ဖြစ်လားမဖြစ်ဘူးလားဆိုတာစစ်ကြည့်ရပါမယ်။
🔺Resistance Line ကိုဆွဲတဲ့အခါ ဈေးနှုန်းရဲ့အပေါ်ကနေ အောက်ထိ ဆွဲရပါတယ်။
🔺Resistance Line ကို Candle Body(သို့) Candle Shadow အပေါ်ကနေ စဆွဲရပါတယ်။
🔺Resistance Line ကိုဆွဲပြီးသွားရင် အဲ့ဒီ Line ကို Down Trend လို့ခေါ်တယ်။
🔺Down Trend ပီပြင်လား မပီပြင်လားစစ်ချင်ရင် Market Chart Flow ကြည့်တဲ့အခါ (Lower, High) ဖြစ်လားဆိုတာကြည့်ရပါမယ်။
🔺Side Trend ကိုများသောအားဖြင့် Market Side Way ဖြစ်နေတဲ့အချိန် (သို့) Market Consolidation ဖြစ်နေတဲ့အချိန်မှာဆွဲတာများတယ်။
🔺၎င်းမျဉ်းဆွဲတဲ့အခါ Horizontal Line ဖြင့် Trend Line ကိုဆွဲရပါမယ်။
🔺Resistance Line တစ်ခု( Resistance Level) (သို့) Support Line တစ်ခု ( Support evel) မျဉ်းကြောင်းနှစ်ကြောင်းဆွဲပေးရပါ့မယ်။
__________________________________
📉📈 Trend Line ကိုကောင်းကောင်းမွန်မွန်နဲ့ ပီပြင်အောင်ဆွဲတတ်ရင် TA Analysis (Technical Analysis) မှာဘယ်လို အသုံးဝင်နိုင်သလဲ?"📉📈
Trend Line ကိုပီပြင်အောင်ဆွဲတတ်ရင် Trader အများစု အသုံးပြုနိုင်တဲ့ Chart Pattern ကိုအများဆုံးအသုံးပြုလို့ရတယ်
ဥပမာ-
(1) Double Top / Double Bottom
(2) Channel Line
(3)Head and Shoulder
(4) Triangle Chart Pattern များ
(5) Flag Pattern ,etc.........တွေ အစရှိသည့်
Chart Pattern မျိုးစုံဆွဲတဲ့အခါ Trend Line ကမပါမဖြစ် အရေးကြီးပါတယ်။
ဒါအပြင်Trend Line ကိုပီပြင်အောင်ဆွဲတတ်ရင် Market Break Out ဖြစ်တဲ့အမှတ်တွေ နဲ့ ဆုံမှတ်တွေကို လွယ်ကူမြင်သာစွာတွေ့ရှိရပါမယ်။
------------------------------
🔺Trend Line ကိုကောင်းကောင်းမွန်မွန်ဆွဲတတ်ရင်ဘာတွေအကျိုးကျေးဇူးရရှိနိုင်သလဲ?
🔺TA analysis (Technical analysis)
လုပ်တတ်တဲ့အခါ လွယ်ကူသွားပါလိမ့်မယ်။
🔺Trend Line ကိုကျွမ်းကျင်စွာအသုံးပြုတတ်ရင် Trend Trader လုပ်ဖို့အထောက်ကူပြုပါလိမ့်မယ်။
🔺Forex Market မှာ Trend Line ကျွမ်းကျင်ရင် Market Direction (ဈေးဦးတည်ရာ) အကြောင်းနားလည်လာလိမ့်မယ်။
🔺Support Zoneနဲ့ Resistance Zone ကိုသိသာစွာမြင်တွေ့ရပါလိမ့်မယ်။
🔺ထို့ကြောင့်Trend Line က အခြေခံလေ့လာသူတွေအတွက်များစွာအသုံးဝင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment