💁♂️Order Types ဆိုတာကတော့ Meta Trader 4 App ထဲက Order ဖွင့်တဲ့နေရာရဲ့ အပေါ်မှာရှိတဲ့ Market Execution ဆိုတဲ့နေရာမှာချိန်ညှိရတဲ့ Order Setting တစ်မျိုးဘဲဖြစ်ပါတယ်။
💁♂️Order Types မှာ Market Order နဲ့ Pending Order ဆိုပြီးရှိပါတယ်။
💡Market Order ဆိုတာ လက်ရှိဖြစ်နေတဲ့ဈေးမှာ Order စဖွင့်ခြင်းပုံစံဖြစ်ပါတယ်။
💡Pending Order ကတော့ လက်ရှိဖြစ်နေသော ဈေးမှာ အရောင်းအ၀ယ်မလုပ်သေးဘဲ မိမိလိုချင်သောဈေးရောက်မှ အရောင်းအ၀ယ်လုပ်ရန်ကြိုတင်သတ်မှတ်ထားသော Order အမျိုးအစားဖြစ်ပါတယ်။
Pending Order မှာ Sell Limit, Sell Stop နဲ့ Buy Limit, Buy Stop စိုပြီး Order အမျိုးအစား ၄ မျိုးရှိပါတယ်။
✨Sell Limit✨
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသောဈေး၏ အထက်ဈေးတစ်နေရာသို့ရောက်လျှင် အရောင်း Order စဖွင့်မည် စရောင်းမည်ဟု ကြိုတင်သတ်မှတ်ထားနိုင်သော အရောင်း Order အမျိုးအစားဖြစ်ပါတယ်။
✨Sell Stop✨
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသောဈေး၏ အောက်ဈေးတစ်နေရာသို့ရောက်လျှင် အရောင်း
Order စဖွင့်မည် စရောင်းမည်ဟု ကြိုတင်သတ်မှတ်ထားနိုင်သော အရောင်း Order အမျိုးအစားဖြစ်ပါတယ်။
✨Buy Limit✨
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသောuဈေး၏ အောက်ဈေးတစ်နေရာသို့ရောက်လျှင် အဝယ်
Order စဖွင့်မည် စ၀ယ်မည်ဟု ကြိုတင်သတ်မှတ်ထားနိုင်သော အဝယ် Order အမျိုးအစားဖြစ်ပါတယ်။
✨Buy Stop✨
လက်ရှိဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေး၏ အထက်ဈေးတစ်နေရာသို့ရောက်လျှင် အဝယ်
Orderoဖွင့်မည် စ၀ယ်မည်ဟု ကြိုတင်သတ်မှတ်ထားနိုင်သော အဝယ် Order အမျိုးအစားဖြစ်ပါတယ်။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment