💦 Reversal Candlestick Pattern ( ၃) မျိုးရှိသည့်အနက် Triple Line Candlestick Patterns အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
💬Triple Line Candlestick Patterns ကို ( ၂) မျိုးခွဲခြားထားပါသည်။
1.) Morning Star
2.) Evening Star တို့ဖြစ်ပါသည်။
💥1 ) Morning Star
လက်ရှိ trend သည် downtrend ဖြစ်ရမည်။ ပထမ candle သည် Bear candle ဖြစ်ရမည်။ ဒုတိယ candle သည် Real body သေးသော Bull or Bear candle တစ်ခုခုဖြစ်ရမည်။ တတိယ candle သည် Bull candle ဖြစ်ရမည်။ တတိယ candle ရဲ့ အပိတ်စျေးဟာ ပထမ Bear candle body ရဲ့ 50% ကျော်ထိုးဖောက်ဝင်ရောက်ပြီးမှ ပိတ်ရမည်။ Downtrend ရဲ့အဆုံးတွင် တွေ့ရပါက စျေးပြန်တက်တော့မယ့်အခြေအနေဖြစ်ပါတယ်။
💥2 ) Evening Star
လက်ရှိ trend သည် uptrend ဖြစ်ရမည်။ ပထမ သည် Bull candle ဖြစ်ရမည်။ ဒုတိယ Candle သည် Body သေးသော Bull or Bear candle တစ်ခုခုဖြစ်ရမည်။ တတိယ candle သည် Body ကြီးသော Bear Candle ဖြစ်ရမည်။ Uptrend တစ်ခုရဲ့အဆုံးပိုင်းမှာတွေ့ရပါက စျေးပြန်ကျတော့မယ့် အခြေအနေဖြစ်ပါတယ်။
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment