Friday, March 24, 2023

ငွေကြေးအတွဲများကို လေ့လာခြင်း



ဒီနေ့တော့ ငွေကြေးအတွဲများ (Currency Pairs) နဲ့ပတ်
သတ်တဲ့အကြောင်းအရာများကို ရေးသားတင်ပြပေးပါမယ်။ 
ငွေကြေးအတွဲများလို့ပြောရင် သူ့ရဲ့ စျေးနှုန်း (Quotes) 
တွေကလည်း မပါမဖြစ်ပါ။ Quotes တွေကို ကြည့်ရှုခြင်း
ဖြင့် စျေးနှုန်းတွေရဲ့ အပြောင်းအလဲ၊ အတက်အကျ၊ အဝယ်
အရောင်းကွာဟချက်များကို သိရှိနိုင်မှာဖြစ်ပါတယ်။ 
ကျွန်တော်တို့ အရောင်းအဝယ်လုပ်ခြင်းရဲ့ ရလဒ်ဖြစ်တဲ့ အရှုံး၊ အမြတ်စတာတွေက စျေးနှုန်းတွေရဲ့ ရွေ့လျားပြောင်းမှုအပေါ်
မူတည်တဲ့ အတွက် စျေးနှုန်း (Quote) တွေကို နားလည်ဖို့ 
လိုအပ်မှာလည်းဖြစ်ပါတယ်။ 

Forex မှာ Quotes ဆိုတာ...... 

ငွေကြေးတခု (One Currency) ရဲ့ တန်ဖိုးဟာ အခြား
ငွေကြေးတခု (Another Currency)တန်ဖိုးနဲ့ဆိုရင် မည်
မျှရှိသလည်း ဖေါ်ပြတာက Quote ဖြစ်ပါတယ်။ One 
Currency နဲ့ Another Currency ဆိုပြီးရှိတဲ့အ
တွက် Quote လို့ပြောလိုက်တိုင်းမှာ Currency Pair 
(ငွေကြေး) အတွဲဆိုတာကို မြင်သာရပါတယ်။ ဥပမာ.. 
EURUSD ဆိုတဲ့ ငွေကြေးအတွဲကိုကြည့်လို့ 1.23456 
လို့တွေ့မယ်ဆိုရင် အဲဒါရဲ့ အဓိပ္ပါယ်က 1EUR သည် 
1.23456 USD နဲ့ ညီတယ် သို့မဟုတ် 1EUR သည် 
1.23456 USD တန်ဖိုးရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ 
ဒါက မြင်သာစေမယ့် Quotes ဖတ်နည်းပါ။ သို့သော်... 
Forex မှာကျတော့ Buy နဲ့ Sell လုပ်လို့ရတဲ့အတွက် 
Quote တွေကလည်း Buy အတွက် တမျိုး၊ Sell အတွက်
တမျိုးရှိပါတယ်။ ဥပမာ EURUSD မှာ 1.23456 နဲ့ 
1.23446 လို့တွေ့ပါက ဒါက Buy အတွက် Quote 
သည် 1.23456 ဖြစ်ပြီး၊ Sell အတွက် Quote သည် 
1.23446 ဖြစ်ပါတယ်။ ဒီလို Buy နှင့် Sell အတွက် မ
တူညီတဲ့ Quote တန်ဖိုး၂ခုကွာဟချက်ကိုတော့ Spread လို့ခေါ်ပါတယ်။ 

ISO Code ဆိုတာ.

Quote နဲ့ပတ်သတ်ပြီး အထက်က ရှင်းလင်းချက်ကိုကြည့်
ရင် EURUSD မှာ EURO ငွေကြေးနဲ့ United 
States Dollar ဆိုပြီး ၂ခုတွေ့မှာဖြစ်ပြီး အဲဒီငွေကြေး
တွေကို အတိုကောက်အားဖြင့် တခုချင်းဆီဆို EUR နဲ့ 
USD လို့ဖေါ်ပြပြီး တွဲရက်ဆိုရင်တော့ EURUSD လို့ ရေး
ရတာဖြစ်ပါတယ်။ ဒါဆိုရင် ငွေကြေးတခုချင်းဆီကို ဘာလို့
အပြည့်အစုံမရေးဘဲ အတိုကောက် EUR, USD စသဖြင့် 
ရေးရတာလည်း? အခုခေါင်းစဥ်ခွဲမှာပါတဲ့ Code က 
Quote နဲ့ မတူပါဘူး။ Quote ဖြစ်ဖို့က Code ကနေ
ဆင်းသက်လာတာပါ။ 
ငွေကြေးတွေကို အတိုကောက် ဂဏန်း ၃လုံးနဲ့ပဲ ရေးဖို့ 
International Organization for 
Standardization (ISO) ကနေပြီး ISO 4217 နဲ့ 
သတ်မှတ်ထားလို့ပါ။ ဒီတော့ ISO Code ဆိုတာက ငွေ
ကြေးလောကအတွက်က ISO 4217 ကိုပြောတာဖြစ်ပြီး 
Quote ဆိုရင်တော့ ISO 4217 အရ သတ်မှတ်ထားတဲ့ 
ငွေကြေးတွေရဲ့ တန်ဖိုးကို ပြောတာဖြစ်ပါတယ်။ ဥပမာ 
EURUSD 1.23456 မှာ EUR နှင့် USD သည် ISO 
Code များဖြစ်ပြီး၊ 1.23456 သည် Quote ဖြစ်ပါ
တယ်။ ISO 4217 ရဲ့ 1st Edition ကိုတော့ 1978 ခု
နှစ်မှာ စပြီး Banking and Business အတွက် စပြီး Developed လုပ်ခဲ့တာပါ။ အဲကနေ တဖြည်းဖြည်းနဲ့ 
ပြုပြင်သုံးစွဲခဲ့တာပါ။ ဒီနေရာ ခရီးကြုံလို့သာ ISO 4217 
အကြောင်းထည့်ပြောလိုက်တာဖြစ်ပါတယ်။ ဒီတော့ ငွေကြေး
တွေတိုင်းဟာ ISO 4217 အရ အတိုကောက် အက္ခရာ 
၃လုံးနဲ့ပဲ ကိုယ်စားပြုဖေါ်ပြ၊ ရေးပြရတာပါ။ ဒါ့အပြင် 
ငွေကြေးတိုင်းမှာ ISO 4217 အရ သီးသန့် Code 
(USD, EUR စသဖြင့်) ရှိသလို သီးသန့်နံပါတ်လည်း ရှိပါ
တယ်။ ဗဟုသုတအားဖြင့်တော့ USD ရဲ့ ISO 4217 
အရနံပါတ်က 840 ဖြစ်ပြီး၊ မြန်မာငွေကြေး (Myanmar 
Kyat) ကတော့ Code အားဖြင့် MMK ဖြစ်ပြီး၊ 
Number အားဖြင့် 104 ဖြစ်ပါတယ်။ 

Base Currency နှင့် Quote Currency ဆိုတာ... 

အထက်မှာပြောခဲ့သလို Forex မှာငွေကြေးတွေကို Pair 
(အတွဲ) အနေနဲ့ ဖေါ်ပြတာကို သိရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲလို
ဖေါ်ပြတဲ့ ငွေကြေးအတွဲ (ဥပမာ EURUSD) မှာ ညာ
အစွန်းဆုံးငွေကြေးကို Quote Currency လို့ခေါ်ပြီး 
ဘယ်ဘက်အစွန်းဆုံးက ငွေကြေးကိုတော့ Base 
Currency လို့ခေါ်ပါတယ်။ Quote Currency ကို 
Variable Currency လို့လည်းခေါ်ပါတယ်။ 
Variable ကတော့ မြန်မာလိုဆို ပြောင်းလဲတတ်သောလို့ 
အဓိပ္ပါယ်ရပါတယ်။ သဘောကတော့ Base Currency 
ဖြစ်တဲ့ အခြေခံသောငွေကြေးတန်ဖိုးဟာ ပြောင်းလဲတတ်
သော Variable သို့မဟုတ် Quote Currency 
ကြောင့် တန်ဖိုးအတက်အကျဖြစ်နေတာမျိုးပါ။ EURUSD 
မှာဆိုရင် EUR သည် Base Currency ဖြစ်ပြီး၊ USD 
သည် Variable (Quote) Currency ဖြစ်ပါတယ်။ 
ဥပမာ.. EURUSD 1.23456 မှာ ၁ယူရိုဟာ အမေရိကန်
ဒေါ်လာ 1.23456 တန်ဖိုးရှိတဲ့အတွက် တကယ်လို့သာ 
EURUSD က 1.23466 ဖြစ်သွားရင် ၁ယူရိုဟာ အမေရိ
ကန်ဒေါ်လာ 1.23456 တန်ဖိုးရှိသွားမှာဖြစ်ပါတယ်။ ဒါက 
ပြောင်းလဲတတ်တဲ့ Variable or Quote Currency 
ဖြစ်တဲ့ USD ရဲ့ အပြောင်းအလဲကြောင့် အခြေခံငွေကြေး 
Base Currency ဖြစ်တဲ့ EURO တန်ဖိုးက အတက်အကျဖြစ်သွားတာပါ။

Direct Quote နှင့် Indirect Quote တိုက်ရိုက်
ရည်ညွန်းတာနဲ့ သွယ်ဝိုက်ရည်ညွန်းတာလို့ ခေါ်မလား။ 
Home Currency နဲ့ Foreign Currency ပေါ်
မူတည်ပြီးတော့ ခေါ်ကြတဲ့အခေါ်အဝေါ်ပါ။ ဥပမာ . ‌
ကျွန်တော်ကအမေရိကမှာနေတယ်ဆိုပါစို့၊ ဒါဆိုရင် Home 
Currency က USD ပေါ့။ အဲလိုအခြေအနေမှာ 
EURUSD ဆိုရင် ဒါကို Direct Quote လို့ခေါ်တယ်။ 
ဘာလို့ဆိုတော့ Home Currency ပေးပြီး Foreign 
Currency ဖြစ်တဲ့ EUR ကို ဝယ်ချင်တာကိုး။ အဲလိုမှ
မဟုတ်ဘဲ ယူရိုဇုန်မှာနေတဲ့သူတယောက်က ဒေါ်လာဝယ်ချင်
တယ်ဆိုရင် သူ့အတွက်က EURUSD ဆိုရင် indirect 
Quote ဖြစ်သွားပြီး။ Direct Quote လုပ်ချင်ရင် 
USDEUR လို့ပြောင်းဝယ်ရမယ်။ အဲလိုအတွဲမျိုးလည်း 
တချို့ Broker များမှာတွေ့နိုင်ပါတယ်။ ဒါက နိုင်ငံနဲ့ ရှင်း
ပြတာ။ လက်တွေ့မှာကျတော့ အလွယ်ခေါ်တယ်ပဲ ပြောပြော၊ 
USD က World Currency ဖြစ်တာကြောင့်လို့ပဲဆို 
Direct Quote ဆိုတာက နိုင်ငံခြားငွေ (USD မဟုတ်
သောငွေ) တယူနစ်ရဖို့ USD ဘယ်လောက်ပေးရလည်းဆို
တာကို ပြောပြီး၊ Indirect Quote ကျတော့ အမေရိကန် 
၁ ဒေါ်လာရဖို့ နိုင်ငံခြားငွေ (USD မဟုတ်သောငွေ) ဘယ်
လောက်ပေးရလည်းဆိုတာကိုပြောတာ။ ဥပမာ.. ဘဏ်ကို
သွား ဒေါ်လာဝယ်ရင် Indirect Quote, ဘဏ်ကိုသွားပြီး 
ဒေါ်လာရောင်းရင် Direct Quote ပေါ့ဗျာ။ 

ဒီနေ့တော့ Quote တွေ၊ Code တွေနဲ့ ရှုပ်နေသလားမသိ
ဘူး။ ဒီတော့ ဒီမှာပဲ ဒီနေ့အတွက် မျှဝေမှုကို အဆုံးသတ်ပါရ
စေ။ ဖတ်ရှုပြီး ဗဟုသုတအပိုင်းအစအချို့ရမယ်ဆိုပါက ရေးရကျိုးနပ်ပြီး ကျေနပ်ရမည် ဖြစ်ကြောင်းပါဗျာ.

ကျန်းမာ၊သုတပြည့်ဝကြပါစေ 

အထူးသတိပေးတားမြစ်ချက်
FX Trading လုပ်ငန်းသည် High Risk More Profit ဖြစ်သောကြောင့် လူတိုင်းနှင့် မသင့်တော်ပါ။ မိတ်ဆွေများ ဗဟုသုတ အလို့ငှာ တင်ပြခြင်းဖြစ်ပြီး FX Trading တွင် မိတ်ဆွေအနေဖြင့် ၀င်ရောက် ရင်းနှီးလုပ်ကိုင်မည် ဆိုပါက မိတ်ဆွေ၏ စီးပွားရေးနှင့် စား၀တ်နေရေး အတွက် ထိခိုက်နိုင်သော ငွေကြေးရင်းနှီး မြုပ်နှံမှု ကို ရှောင်ရှားသင့်ပြီး မိမိအနေဖြင့် ရင်းနှီးလုပ်ဆောင်မည် ဆိုပါက ဆုံးရှုံးခံနိုင်သော ငွေပမာဏဖြင့်သာ လုပ်ဆောင်သင့်ပြီး ငွေပူ မဖြစ်ရန် အထူးလိုအပ်ပါသည်။ ယခု ပိုစ့်သည် ဗဟုသုတ အတွက်သာတင်ပြခြင်းဖြစ်ပါသည်။

Post အားလုံးဖတ်ရန်

No comments:

Post a Comment

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...