Traders များဟာ မကြာခဏ Forex နဲ့ Stock ကို နှိုင်း
ယှဥ်ကြပြီး ဘယ်တခုက ပိုကောင်းလည်းဆိုတာ တွေးမိတတ်
ပါတယ်။ တကယ်တော့ Forex Market နဲ့ Stock
Market က အပြန်အလှန်ဆက်စပ်နေပါတယ်။ ဒါပေမယ့်
လက်တွေ့ အရောင်းအဝယ်နယ်ပယ်မှာတော့ သိသာစွာကွဲပြား
တာတွေလည်း ရှိပါတယ်။ ဒီလိုမတူတဲ့ကွဲပြားမှုတွေကလည်း
Traders တွေကို ဆွဲဆောင်မှုဖြစ်စေပါတယ်။
Forex သို့မဟုတ် Stock ကို အရောင်းအဝယ်လုပ်ဖို့ စဥ်း
စားတဲ့အခါ ဘယ်အရောင်းအဝယ်ပုံစံက ကျနော်တို့နဲ့ အသင့်
တော်ဆုံးဖြစ်လည်းဆိုတာကို ဦးစားပေးစဥ်းစားရပါတယ်။
Forex နဲ့ Stock တို့ရဲ့ မတူညီတဲ့သဘောတရားများကို သိ
ထားရင်တော့ ကျွန်တော်တို့အတွက် သင့်တော်တဲ့ ဆုံးဖြတ်
ချက်တွေချမှတ်တဲ့နေရာမှာ များစွာ အထောက်အကူပြုမှာ
လည်းဖြစ်ပါတယ်။ အောက်မှာတော့ Forex နဲ့ Stock
ကြား မတူညီတဲ့အချက်များ သို့မဟုတ် ကွဲပြားတဲ့အချက်များ
ကို မျှဝေလိုက်ပါတယ်။ ကွာခြားချက်အချို့ပဲလို့ ဆိုထားတဲ့
အတွက် မတူတဲ့အချက်တိုင်းပါဝင်မှာမဟုတ်ဘဲ အချို့သာ
ပါဝင်နိုင်မှာဖြစ်ပါတယ်။
(1) Volume (အရောင်းအဝယ်ပမာဏ)
Forex နဲ့ Stock တို့ရဲ့ မတူညီတဲ့ အချက်တွေထဲမှာ ပထမ
တခုကတော့ Trading Volume ဖြစ်ပါတယ်။ Forex
ဟာ စတော့အရောင်းအဝယ်နဲ့စာလျှင် ပိုပြီးအရွယ်အစား
ကြီးမားတဲ့ စျေးကွက်တခုဖြစ်ပြီး တနေ့လျှင် အမေရိကန်
ဒေါ်လာ 5 ထရီလီယံကျော်အရောင်းအဝယ်ပမာဏရှိတယ်လို့
ဆိုပါတယ်။ (2019 ဒေတာအရပါ၊ ယခုဆို ပိုများနိုင်ပါ
တယ်။) အဓိကအားဖြင့် EURUSD, USDJPY,
GBPUSD, AUDUSD စတဲ့ Major Pairs များကို ပို
အရောင်းအဝယ်လုပ်ကြပါတယ်။ ဒီလို Forex Trading
ပမာဏက တနေ့မှာ ဒေါ်လာ ၂၀၀ ဘီလီယံခန့်သာရှိတဲ့ စ
တော့အရောင်းအဝယ်ကို မှေးမှိန်သွားစေတာက သိပ်တော့မ
ထူးဆန်းပါ။
Forex Trading ရဲ့ ကြီးမားတဲ့အရောင်းအဝယ်ပမာဏ
ဟာ Traders များအတွက် အားသာချက်များစွာကို ဖြစ်စေ
ပါတယ်။ အဓိကကတော့ အရောင်းအဝယ်ပမာဏများတော့
ငွေဖြစ်လွယ်မှု (Liquidity) ပိုကောင်းမွန်တဲ့အတွက်
Traders များအတွက် စျေးကွက်ထဲ ဝင်ရန် ထွက်ရန်
အကျိုးအမြတ်ရှာရန် အခွင့်အရေးတွေ အမြဲရှိနေပါတယ်။
(2) Liquidity (ငွေဖြစ်လွယ်မှု)
Volume များများအရောင်းအဝယ်လုပ်တဲ့ မားကတ်ဖြစ်တဲ့
အတွက် ငွေဖြစ်လွယ်မှုကလည်း အမြင့်ဆုံးမှာရှိပါတယ်။ ငွေ
ဖြစ်လွယ်မှုကောင်းတော့ Stock နဲ့ယှဥ်ရင် Spread တွေ
နည်းမယ်၊ ကုန်ကျစရိတ် (Transaction Cost) တွေ
လည်း နည်းပါတယ်။ ဒီအချက်ကလည်း အဓိက အားသာ
ချက်အချက်တချက်အဖြစ်ပါဝင်ပါတယ်။ Liquidity ငွေ
ဖြစ်လွယ်မှုနဲ့ပတ်သတ်ပြီး ဒီနေရာမှာ အနည်းငယ်ထပ်ပြော
ချင်ပါတယ်။ ငွေဖြစ်လွယ်တယ်ဆိုတာက ရောင်းတိုင်းမြတ်၊
ဝယ်တိုင်းမြတ်တာကို ပြောတာမဟုတ်၊ ငွေရှာလို့ လွယ်တာ
ကို ပြောတာမဟုတ်ပါဘူး။ ငွေဖြစ်လွယ်တယ်ဆိုတာက
ရောင်းလို့ လွယ်၊ ဝယ်လို့ လွယ်တာကို အဓိကပြောချင်တာပါ။ အရှေ့က ပို့စ်တွေမှာ ကျနော်တို့ မျှဝေထားသလို Forex မှာ
ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေစတဲ့ Liquidity
Provider တွေရှိတယ်။ အဲဒီ Liquidity Provider
တွေက ကိုယ်က ရောင်းချင်ရင် ဒိုင်ခံဝယ်ပေးတယ်၊ ဝယ်ချင်
ရင် ဒိုင်ခံရောင်းပေးတယ်။ ကြားထဲက Broker ကနေတ
ဆင့်တော့ သွားရတာပေါ့။ ဒီလို ရောင်းလွယ်၊ ဝယ်လွယ်တာ
ကို Liquidity ကောင်းတယ်လို့ခေါ်တာပါ။ အမြင်မှားနိုင်
လို့ ထပ်ရှင်းပြရခြင်းဖြစ်ပါတယ်။
(3) 24 Hour Markets
Forex က တပတ်မှာ ၅ ရက် တရက်မှာ ၂၄ နာရီအရောင်း
အဝယ်လုပ်လို့ရတဲ့ မားကတ်ဖြစ်တယ်။ ဘာလို့ဆိုတော့
Forex က Over The Counter Market ဖြစ်တယ်။ တနည်းအားဖြင့် ဗဟိုအိတ်ချိန်းမရှိဘဲ အိတ်ချိန်းပြင်ပမှာ အ
ရောင်းအဝယ်လုပ်နိုင်တာကိုပြောတာဖြစ်ပါတယ်။ အိတ်ချိန်း
ပြင်ပ (အိတ်ချိန်းကိုသွားစရာမလိုဘဲ) ဝယ်လို့ရောင်းလို့ရ
တော့ ကမ္ဘာအရပ်ရပ်က မတူတဲ့အလုပ်ချိန်၊ တလှည့်စီဖြစ်နေ
တဲ့ အလုပ်ချိန်အတွင်း တပတ် ၅ ရက်၊ တရက် ၂၄နာရီ အ
ဆင်ပြေတဲ့အချိန်မှာ အရောင်းအဝယ်လုပ်လို့ရတယ်။ စတော့
ကတော့ တပတ်မှာ ၅ ရက်၊ တရက်မှာ အလုပ်ချိန်အတွင်း
(ဥပမာ 9Am to 4Pm) သာ အရောင်းအဝယ်လုပ်နိုင်တဲ့
မားကတ်ဖြစ်တယ်။ (ခြွင်းချက်.. စတော့မှာလည်း OTC ရှိ
တာက ရှိပါတယ်) ဒီတော့ စတော့ကိုဝယ်ဖို့က အကန့်အသတ်
ရှိသလို၊ Stock Indices တွေကို Platform ကနေတ
ဆင့် အရောင်းအဝယ်လုပ်ရင်လည်း သက်ဆိုင်ရာ Indices
များရဲ့ အိတ်ချိန်းအချိန်ပေါ်မှာ မူတည်ပြီး အချိန်အကန့်အ
သတ်အတွင်းသာ အရောင်းအဝယ်လုပ်လို့ရတယ်။
(4) Focus
အာရုံစူးစိုက်မှု ဘယ်အလုပ်ပဲလုပ်လုပ်၊ ဘာကိုပဲ ဦးတည်
သည်ဖြစ်စေ အာရုံစူးစိုက်မှုကတော့ လုပ်ရမှာပါ။ Forex နဲ့
Stock အရောင်းအဝယ်လုပ်ရင်လည်း အာရုံစူးစိုက်မှုတော့
လုပ်ရပါတယ်။ ဒါပေမယ့် စူးစိုက်မှုလုပ်ရတာချင်းတော့ အ
နည်းငယ်ကွဲပြားနိုင်ပါတယ်။ ဒီနေရာမှာ အာရုံစူးစိုက်မှုဆိုတာ
က သူနဲသက်ဆိုင်တဲ့ နယ်ပယ်တွေ၊ တနည်းအားဖြင့် ကိုယ်
အရောင်းအဝယ်လုပ်တဲ့ Instrument တွေကို သက်
ရောက်စေတဲ့အခြေအနေကို စူးစိုက်ရတာပါ။ ဥပမာအားဖြင့်
Forex ဆိုရင် အဓိကငွေကြေးတွေဖြစ်တဲ့ USD, EUR,
GBP, JPY, CHF, CAD စတဲ့ ငွေကြေးတွေရဲ့ အတက်
အကျကိုဖြစ်နိုင်တဲ့ နောက်ခံအကြောင်းအရင်းတွေ၊
Fundamental အချက်အလက်တွေ ကို အနည်းဆုံး
တော့ Economic Calendar လေးကိုကြည့်ရပါတယ်။
စတော့မှာကျတော့ ကိုယ်အရောင်းအဝယ်လုပ်မယ့် ကုမ္ပဏီရဲ့
အခြေအနေတွေ၊ ပထဝီနိုင်ငံရေးအခြေနေတွေ၊ သက်ဆိုင်ရာ
နိုင်ငံရဲ့ အခြေနေတွေစတဲ့ ပိုမိုနက်ရှိုင်းတဲ့ အချက်အလက်တွေ
ကို သုံးသပ်ရပါတယ်။ မားကတ်ရဲ့ ရွှေ့လျားမှုတွေက
နောက်ခံအကြောင်းအရင်း (Fundamental Effects)
ကြောင့်ဖြစ်တာဖြစ်တဲ့အတွက် Forex ရော၊ Stock ပါ
လေ့လာနိုင်ရင် လေ့လာနိုင်သလောက်အကျိုးများနိုင်ပါတယ်။ စတော့ကတော့ မလေ့လာလို့ကို မရပါဘူး။ Forex ကတော့
အထက်မှာပြောသလို စူးစိုက်မှု ဘောင်ကို အနည်းငယ်ချုံပြီး
Focus လုပ်လို့ရပါတယ်။
(5) Speculation နှင့် Investing
Speculation ဆိုတာ ယေဘုယျအားဖြင့် တနှစ်အောက်
ကာလကို မျှော်မှန်းပြီး အကျိုးအမြတ်ရှာတာမျိုးပါ။ တနည်း
အားဖြင့် သူက Short Term ကာလမှာအကျိုးအမြတ်ရှာ
တာပါ။ Investment ဆိုတာက အနာဂတ်အတွက် ရည်
မှန်းပြီး ရင်းနှီးမြုပ်နှံတာမျိုးပါ။ ဥပမာ... ကုမ္ပဏီတခုရဲ့ ရှယ်ယာကို ဝယ်ယူပြီးနောက် ယင်းကုမ္ပဏီကြီးပွါးတိုးတက်
ရင် ကြီးပွါးတိုးတက်သလောက် ရှယ်ယာပိုင်ရှင်တွေအကျိုး
အမြတ်ရနိုင်တာမျိုးပါ။ Risk ကိုကြည့်လိုက်ရင်တော့
Investment က Risk အသင့်တင့်ရှိပြီး
Speculation လုပ်တာကတော့ Risk ပိုပါတယ်။
Speculation က အများအားဖြင့် Technical နဲ့
Market Psychology ကို အခြေခံအားပြု ဆောင်ရွက်
ကြပြီး၊ Investment ကတော့ Full Data လို့ခေါ်နိုင်
တဲ့ Fundamental အကြောင်းတရာကို လေးလေးနက်
နက်သုံးသပ်ဆောင်ရွက်ရပါတယ်။ Investment အတွက်
က Stock, Bonds စတာတွေကို ရွေးချယ်ကြပြီး၊
Speculation အတွက်ကတော့ Forex, Options,
Cryptocurrencies စတာတွေကို ရွေးချယ်အရောင်း
အဝယ်လုပ်ကြပါတယ်။
အထက်က ၅ ချက်ကတော့ Forex နဲ့ Stock ကွာခြား
ချက်တွေထဲက အချို့ပါ။ အခြားသော ကွာခြားချက်တွေ
လည်း များစွာရှိနိုင်ပါသေးတယ်။ ဥပမာ.. Leverage
သုံးစွဲနိုင်မှုကွာခြားခြင်း၊ ကုန်ကျစရိတ်ပိုများခြင်း/နည်းခြင်း၊
One Way Trading သာရခြင်း၊ Two Way
Trading ရခြင်းစသဖြင့်ပေါ့ဗျာ။ ဘယ်လိုပဲ ကွာခြားပါစေ
ကျွန်တော်တို့ မိတ်ဆွေများအနေနဲ့ ဒီပေ့ကို စာလာဖတ်တဲ့
အခိုက်အတန့်မှာ ဗဟုသုတအချို့ရသွားနိုင်မယ်ဆိုရင်
ကျေနပ်ရပါတယ်။
အားလုံး ကျန်းမာ၊ သုတပြည့်ဝကြပါစေ
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment