Saturday, March 25, 2023

ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲခြင်း (Risk Management) (1)


Forex Market က ကမ္ဘာအကြီးဆုံး မားကက်၊ 
Liquidity အကောင်းဆုံးမားကက်အပါအဝင် အားသာ
ချက်များစွာရှိတဲ့ စျေးကွက်တခုဖြစ်ပါတယ်။ ဒီလိုအချက်တွေ
ကြောင့်ပဲ အသစ်သစ်သော အရောင်းအဝယ်လုပ်သူတွေက 
အကျိုးမြတ်ရှာဖို့ ဝင်ရောက်လာကြပါတယ်။ Forex 
Market, Forex Trading အကြောင်းပြောရင် ကောင်း
သော အကျိုးကျေးဇူးတွေများ အကျိုးအမြတ်များစွာ ရနိုင်
သလို ဆုံးရှုံးနိုင်ချေအများဆုံးရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ 
ဒီတော့ ပိုက်ဆံမရှာခင် ပညာအရင်ရှာနိုင်မှသာလျှင် ဝင်
ရောက်သင့်တယ်လို့ ဆိုချင်ပါတယ်။ အခုဆောင်းပါးမှာတော့ 
Forex Trading မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှံးနိုင်ချေကို 
နားလည်အောင်လုပ်ပြီး ဘယ်လို စီမံမှုတွေ ဆောင်ရွက်သင့်
လည်း ဆိုတာကို ဆွေးနွေးတင်ပြပေးပါမယ်။ (Risk ကို 
အန္တရာယ်လို့ဆိုချင်ပေမယ့် ဖတ်ရ၊ နားလည်ရ ပိုအဆင်ပြေ
နိုင်အောင် ဆုံးရှုံးနိုင်ချေလို့ပဲ ခေါ်ဝေါ်သုံးနှုန်းသွားမှာဖြစ်ပါ
တယ်။) 
Risk ဆိုတာ နေရာတိုင်း၊ အခြေအနေတိုင်းမှာ အနည်း
နှင့်အများရှိနေတာပါ။ ဒါကို ဘယ်သူမှ Risk မရှိတော့
အောင်လုပ်လို့မရပါဘူး။ ဒါပေမယ့် Risk တွေကို မခံစား
ရအောင်၊ ခံစားရရင်လည်းလျော့ပါး၊ သက်သာအောင်တော့ 
လုပ်လို့ရပါတယ်။ ဥပမာ... လမ်းသွားလို့ ခလုတ်တိုက်မိတာ၊ 
ထမင်းစားရင် လျှာကိုက်မိတာ စတာတွေကလည်း Risk ပါ
ပဲ။ ဒီ Risk တွေကို ကြောက်လို့ လမ်းမထွက်တော့တာ၊ ထ
မင်းမစားဘဲနေတာတွေက Risk ကို ဖြေရှင်းတဲ့ နည်းတော့ 
မဟုတ်ပါဘူး။ လမ်းလျှောက်ရင် သတိလေးနဲ့ လျှောက်မယ်၊ 
ထမင်းစားရင် သတိလေးနဲ့ စားမယ် စတဲ့ လုပ်ဆောင်ချက်
တွေကမှသာလျှင် Proper Risk Management လို့
ခေါ်တဲ့ Risk ကို ကောင်းစွာစီမံတာမျိုးပါ။ 
Forex Trading အပါအဝင် စီးပွါးရေးလုပ်ငန်းတိုင်းက
လည်း Risk တွေကရှိနေပါတယ်။ ဒီ Risk တွေကို ကြောက်
လို့ ငုတ်တုတ်ထိုင်နေလို့လည်း မရဘူးမဟုတ်လား။ ဒီတော့ 
Risk ကို နားလည်ဖို့၊ စီမံဖို့အတွက် သင်ယူမှုနဲ့ စရမှာဖြစ်ပါတယ်။ 

❶ 
ဆုံးရှုံးနိုင်ချေကို စီမံခန့်ခွဲခြင်း (Risk Management) 
ဆိုတာ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု (Risk Management) 
ဆိုတာ ကျွန်တော်တို့အတွက် Forex Trading နဲ့သက်
ဆိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို စီမံခန့်ခွဲ၊ ကာကွယ်မှု
များပြုလုပ်နိုင်ရန်အတွက် စည်းမျဥ်း၊စည်းကမ်းများ၊ အစီမံ
များကို ကြိုတင်စီမံ အကောင်အထည်ဖေါ်ရန် ကူညီပေးမှုဖြစ်
ပါတယ်။ ဆုံးရှုံးမှုကို ကာကွယ်နိုင်တဲ့ အစီအမံတွေ၊ ဗျူဟာ
တွေကို အစကတည်းက ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ပါ
တယ်။ Risk Management Plan ခေါ် ဆုံးရှုံးနိုင်ချေ
ကို ဘယ်လိုစီမံခန့်ခွဲမလည်းဆိုတဲအစီအမံတွေကို Trading 
မစခင်ကတည်းက ကြိုတင်စီစဥ်ထားခြင်းသည် Risk 
Management ဖြစ်ပါတယ်။

❷ Forex Trading မှာရှိတဲ့ Risk တွေက...
Forex Trading မှာ အဓိကအားဖြင့် အောက်ပါ Risk ၈ မျိုးရှိပါတယ်။ တခုချင်းကို သီးသန့်ရှင်းပြထားပါတယ်။ 

(i) Exchange Rate Risk
(ii) Interest Rate Risk
(iii) Leverage Risk
(vi) Liquidity Risk
(v) Risk of Ruin

ဖေါ်ပြထားတဲ့ဟာ‌‌တွေကတော့ အကုန်လားဆိုတော့ မဟုတ်ပါ
ဘူး။ အဓိကကျတဲ့ ၅ မျိုးကိုသာ ကျွန်တော်တို့ ရွေးထုတ်မျှဝေတာဖြစ်ပါတယ်။ 

(i) Exchange Rate Risk 
ငွေလဲနှုန်းတန်ဖိုး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ Risk 
အမျိုးအစားပါ။ Forex Trading က ကမ္ဘာအရပ်ရပ်က 
မတူတဲ့ အလုပ်ချိန်ကြောင့် အရောင်းအဝယ်ပမာဏ၊ 
Supply and Demand ပြောင်းလဲမှုစတာတွေကြောင့် 
ငွေလဲနှုန်းပြောင်းလဲမှုကလည်း အချိန်မရွေး၊ နည်းနည်း၊ များ
များ ဖြစ်နေတာဖြစ်ပါတယ်။ 

(ii) Interest Rate Risk
ဗဟိုဘဏ်များရဲ့ အတိုးနှုန်းရုတ်ချည်းပြောင်းလဲမှုတွေက
လည်း Forex Market မှာ သက်ရောက်မှုကြီးရှိပါတယ်။ 
အတိုးနှုန်းကြောင့် သက်ဆိုင်ရာငွေကြေးနဲ့ပတ်သက်တဲ့ နိုင်ငံ
တွေရဲ့ သုံးစွဲမှု၊ ရင်းနှီးမြုပ်နှံမှု စတာတွေက လျော့ကျတာ၊ တိုးလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အတိုးအလျော့တွေက 
သက်ဆိုင်ရာငွေကြေးရဲ့ Supply and Demand ကို 
ပြောင်းလဲစေတဲ့အတွက် မားကတ်မှာ စျေးနှုန်းအပြောင်းအလဲ
မှာ လားရာအသစ်ပြောင်းခြင်း၊ လားရာအသစ်သို့ ရုတ်ချဥ်း
ရွေ့လားခြင်းစတာတွေဖြစ်လာနိုင်ပါတယ်။

(iii) Leverage Risk
Forex Trading ဟာ Leverage လို့ခေါ်တဲ့ မြှင့်တင်
နိုင်စွမ်းအားကို အသုံးပြုရတာဖြစ်ပါတယ်။ မြှင့်တင်နိုင်မှု 
အဆ ၅၀ ကနေ ရာဂဏန်း၊ ထောင်ဂဏန်းထိ ခွင့်ပြုကြတာ
လည်းရှိပါတယ်။ Leverage ဆိုတဲ့ မြှင့်တင်စွမ်းအားဆို
တာက မိမိမှာရှိတဲ့ Deposit ပမာဏထက် ပိုမိုတန်ကြေးရှိ
တဲ့ အရာတွေကို အရောင်းအဝယ်လုပ်နိုင်စွမ်းအားဖြစ်ပါ
တယ်။ ဥပမာ.. Leverage 100 ရထားတဲ့ သူတယောက်
က Deposit ၁၀၀၀ ထည့်ထားရင် ၁၀၀၀၀၀ တန်ကြေးရှိ
တဲ့အရာတေကို ဝယ်ရောင်းလုပ်ခွင့်ရှိစေတာမျိုးပါ။ Leverage က သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဆို
တဲအထဲပါပါတယ်။ Leverage ကို လိုအပ်တယ်ဆိုပေ
မယ့် သူ့ကို ဒီအတိုင်း ဖြစ်သလို သုံးရင် အကောင့်ပြုတ်တဲ့ 
အန္တာရယ်ရှိပါတယ်။ ဥပမာ Deposit 1000, 
Leverage 100 ရှိတဲ့အတွက် ၁၀၀၀၀၀ တန်ကြေးရှိတဲ့
အရာကို ဝယ်ရောင်းလုပ်မယ်ဆိုပါစို့။ Forex မှာ ၁သိန်းတန်
ဆိုတာက လော့ဆိုဒ်နဲ့ပြောရပါတယ်။ ၁လော့ဟာ ၁၀၀၀၀၀ 
ယူနစ်နဲ့ ညီပါတယ်။ Unit ဆိုတာ Base Currency ကို
ပြောခြင်းပါ။ အရှေ့ကပို့တွေမှာ Base နဲ့ Quote အ
ကြောင်းကို ရှင်းပြခဲဖူးပါတယ်။ ဒီတော့ 100000 ပမာဏ
အရောင်းအဝယ်လုပ်နိုင်တဲ့အတွက် လော့ဆိုဒ်အားဖြင့် 
100000/100000 = 1 Lot အရောင်းအဝယ်လုပ်လို့ရ
တယ်လို့ ဖေါ်မြူလာရထွက်လာပါတယ်။ (တကယ်လက်တွေ့
မှာ 50% ပဲ သုံး) ဒါကိုမှ ပိုင်တယ်ဆိုပြီး ၁ လော့အတိုင်းပဲ 
ရောင်းဝယ်လုပ်လိုက်တယ်လို့ ဆိုပါစို့။ ဒါဆို တွက်ကြည့်ရ
အောင် Deposit (Equity) ထဲမှာရှိတာက 1000, 
Lot Size က 1 နဲ့ အရောင်းအဝယ်လုပ်တယ်ပေါ့။ Pip 
Value အရ (အကြမ်းအားဖြင့်) 1 Lot Trade လုပ်
လျှင် 1 Pip သည် 10 ဒေါ်လာ၀န်းကျင်ခန့်နဲ့ညီတဲ့အတွက် 
သူက 1 Lot ဖွင့်တယ်ဆိုတော့ မားကတ်က သူ့ကို 1 pip 
ဆန့်ကျင်ရင် 10 $ ရှုံးမယ်၊ 1 Pip သူ့မှန်းတဲ့အတိုင်းသွား
ရင် 10$ မြတ်မယ်။ တကယ်လို့ မားကတ်က သူ့ကို 10 
Pips ဆန့်ကျင်ရင် 100$ ရှုံးနေပြီးသူ့ Equity ရဲ့ 10% 
ရှုံးနေပြီးဖြစ်မယ်။ ဒါက Risk ကို မစဥ်းစား မထည့်တွက်ဘဲ 
Leverage ကို သုံးချင်သလို သုံးရင် ဖြစ်တတ်တာကို ပြော
တာဖြစ်ပါတယ်။ ဒီတော့ Leverage ကလိုတယ်။ Risk 
ကို သိဖို့က ပိုလိုပါတယ်။ (နောက်ပိုင်းမှာ Leverage အပါ
အဝင် အခြားသော Terminology အပိုင်းတွေကိုလည်း 
ထပ်ပြီး မျှဝေပါမယ်။) 

(iv) Liquidity Risk
ငွေဖြစ်လွယ်မှုနဲ့ ဆိုင်တဲ့ အန္တာရယ်ပေါ့။ Forex Trading 
မှာငွေကြေးမျိုးစုံကို အရောင်းအဝယ်လုပ်လို့ရတယ်။ ဒါပေ
မယ့်လို့ ငွေကြေးတိုင်းကတော့ Liquidity မကောင်းဘူး။ 
တချို့ငွေကြေးတွေက Liquidity ကောင်းတယ်၊ တချို့ကျ
ပြန်တော့ Liquidity တအားနည်းတယ်။ ဝယ်လိုအား၊ 
ရောင်းလိုအား ပိုကောင်းရင် ပိုပြီး Liquidity ကောင်းတယ်
ဆိုတာက ပြောစရာမလိုတဲ့ အမှန်တရားတခုပေါ့။ ဒီလို 
Liquidity ကောင်းတဲ့ငွေကြေးတွေကတော့ အရောင်းအ
ဝယ်လုပ်ရင် မြန်ဆန်တယ်။ အရောင်းအဝယ်မြန်မြန်လုပ်နိုင်
တာပေါ့။ ဝယ်လိုအားနည်းတဲ့ (Low Liquidity) ငွေကြေး
တွေကျတော့ ဖွင့်ရင်၊ ပိတ်ရင် အော်ဒါက ချက်ချင်းမပွင့်နိုင်
ဘူး။ Delay (နှောင့်နှေးမှု) ဖြစ်သလို၊ ကုန်ကျစရိတ် 
(Spread, Commission) တွေကလည်း သာမန်ထက်
များနေတတ်တယ်။ ဒီလို ပိတ်ချိန်၊ ဖွင့်ချိန်နှောင့်နှေးတာတွေ၊ 
ကုန်ကျစရိတ်များတာတွေကြောင့် လိုချင်တဲ့စျေးမှာ အဖွင့်၊ 
အပိတ်မဖြစ်တာတွေ၊ SL ထိရင် ကိုယ်တွက်ထားတဲ့ Risk 
ထက် ပိုသွားတာတွေ၊ TP ထိရင်မှန်းထားတာထက် လျော့ရ
တာတွေဖြစ်တတ်ပါတယ်။

(v) Risk of Ruin
အကောင့်ပျက်ခြင်း အန္တာရယ်လို့ပဲ ပြောပါရစေ၊ Forex 
Trading မှာ အခန့်မသင့်ရင် အကောင့်ပျက်တတ်ပါတယ်။ 
အခန့်မသင့်ဆိုတာက အခြားကြောင့်တွေဆိုတာထက် ကာယံ
ရှင်ကြောင့်ပဲ ဖြစ်တာများပါတယ်။ Risk ကိုသေချာမ
တွက်ချက်ဘဲ Position Sizing ကို စနစ်တကျမလုပ်ဘဲ 
ဖြစ်သလိုဖွင့်တာတွေ၊ ဘယ်သူမှမပိုင်တဲ့ မားကတ်မှာ ပိုင်ပြီး
ဆိုပြီး ပုံအောတတ်တာတွေ၊ SL ကို စနစ်တကျမထားတာ
တွေ၊ SL လွတ်ထားတာတွေကတော့ အကောင့်ပျက်ခြင်း
အကြောင်းတရားတွေပါ။ 
Forex Trading မှာ အထက်ကအချက်တွေအပါအဝင် 
Risk တွေရှိကြောင်းတော့ သိကြရပြီး၊ ဒီတော့ ကာကွယ်ဖို့ပဲ 
ကျန်တော့တယ်။ အခု အပိုင်းမှာတော့ Risk ကို အဓိကထား
ပြောတာဖြစ်လို့ နောက်အပိုင်းမှာတော့ "ဆုံးရှုံးနိုင်ချေကို စီမံ
ခန့်ခွဲခြင်း (Risk Management)" ထဲက ကျန်တဲ့ စီမံ
ခန့်ခွဲခြင်း သို့မဟုတ် Management အပိုင်းကို ဆက်
လက်တင်ပြမှာဖြစ်ပါတယ်။ 
အားလုံးပဲ ကျွန်တော့်တို့ Page ရဲ့စာကို ဖတ်ပြီး မြူမှုန်တမျှပမာဏလောက် ဗဟုသုတလေး ရမယ်ဆိုရင်တောင် ကျေနပ်၊ ကျေးဇူးတင်ပါကြောင်း....

ကျန်းမာ၊သုတ ပြည့်ဝကြပါစေ

Post အားလုံးဖတ်ရန်

No comments:

Post a Comment

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...