Thursday, December 23, 2021

Forex Trading လုပ်ဆောင်တဲ့ခါ ထားရှိရမည့် စိတ်ထားအမြင်

၁။ Forex ကို စတင်လုပ်မယ် စဉ်းစားထားတယ်ဆိုရင်တော့ ပထမ အချက်အနေဖြင့် သင်အဆုံးအရှုံးခံနိုင်သည့် ပမာဏဖြင့်သာ စတင်ပါလို့ အကြံပြုပါရစေ။

၂။ မိမိ Deposit ရဲ့ ၁၀ % ထက် ပိုပြီး Risk မယူသင့်။ အရှုံး မခံသင့်ပါ။ ချေးငှါး ရင်းနှီးပြီး Forex Market မှာ အရောင်းအဝယ်မလုပ်ပါနှင့်။

၃။ တချိန်တည်းမှာ Transaction အများကြီး ဖြင့် အရောင်း အဝယ် မပြုလုပ်ပါနှင့်။ ထိုအရာက သင့် ဆုံးဖြတ်ချက် မှားယွင်းစေနိုင်ပါတယ်။

၄။ မည့်သည်အခါမှ General Trend ကို ဆန့်ကျင်ပြီးမလုပ်ပါနှင့်။ အနည်းဆုံ သင့် စျေးကွက် သုံးသပ်ချက် ၂ ခုရှိပါစေ။ ( သတင်းနှင့် GRAPHIC ANALIYSIS) စျေးကွက်ထဲသို့ မဝင်ခင် အခြေအနေကို သေချာအောင် အမြဲတမ်း သေချာအောင် ကြည့်ဖို့ မမေ့ပါနှင့်။

၅။ ENTRY ဝင်ပြီးသည့်အခါ အခြားသူများရဲ့ အထင်အမြင်ကြောင့် သင့် သုံးသပ်ချက်ကို မပြောင်းပါနှင့်။

၆။ Emotional စိတ်ခံချက်အားဖြင့် ဘယ်တော့ မှ မ Trade ပါနှင့် ရှုံးရှုံး နိုင်နိုင် ကျန်တဲ့ ၂၄ နာရီအတွင်းက အချိန်တွေ ကောင်း ကောင်း အနားယူလိုက်ပါ။

၇။ ပုံမှန်လေ့ကျင့်သွားပါ။ မိမိ ရဲ့ Trading Discipline ကို တိုးတက်အောင်ပြုလုပ်ပါ။ တည်ငြိမ်ပြီး Professional ကျကျ Trade တတ်အောင် လေ့ကျင့်ပါ။

၈။ Transaction ကို အရှုံး ဘယ်လောက်နဲ့ ပိတ်ရမယ်။ အမြတ်ဘယ်လောက်နဲ့ ပိတ်ရမယ်ဆိုတာ မသိပဲနှင့် မည့်သည့်အခါမှ Transaction မလုပ်ပါနှင့်။

၉။ သင့်အရှုံးကို Stop Loss နဲ့ ဖြတ်တာပဲဖြစ်ပါစေ။ သင့် Profit ကို Stop Loss ထက် ၂ ဆ ထားပါ။

၁၀။ ဘာလဲဆိုတာ နားမလည်ပဲ နှင့် လောင်းကစားဆန်ဆန် အရောင်းအဝယ်မလုပ်ပါနဲ့။

No comments:

Post a Comment

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...