Friday, March 24, 2023

အရင်းပြုတ်တယ်ဆိုတာ



အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ။ ဘယ်စီးပွားရေးကြောင့်နဲ့မှ မဆိုင်ပါဘူး။ ရောင်းရငွေကို လုံးဝမသုံးဘဲ ပြန်ပြန်ရင်းသူတိုင်း အရင်းမပြုတ်ပါဘူး။

အမြတ်မြင်ရဖို့ သုံးရဖို့ နှေးချင်နှေးမယ်။ ဒါပေမဲ့ အရင်းပိုပိုများလာမယ်။ ပြောရတာလွယ်ပေမယ့် လူအများစုက စည်းကမ်းမရှိကြပါဘူး။ များများရောင်းရလေ များများသုံးချင်လေ ဖြစ်ကြပါတယ်။

သုံးလိုက်တဲ့ထဲမှာ ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး။ ဘယ်အချိန်မှာသတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့။

အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ။ ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး ပစ္စည်းကပြန်ဝယ်ရတော့မှာ။ အဲ့မှာအရင်းတွေ ထပ်ထပ်ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ။

အရင်းပြုတ်တဲ့ နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ။ စလုပ်ပြီဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက်မရောင်းရ၊ အတိုးလည်းမဆပ်နိုင်ရာကနေ နောက်ဆုံးရှိတာတွေပါ အကုန်ပြုတ်ကြတဲ့အထိပေါ့နော်။

အရင်းပြုတ်သွားတဲ့အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးကမကောင်းဘူး အရင်းပြုတ်တယ် ဆိုတာပါပဲ။ တကယ်က ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေးစလုပ်မယ်၊ လူအား ဉာဏ်အား ပိုစိုက်ထုတ်မယ်၊ ရောင်းရသလောက် အရင်းထဲပြန်ပြန်ထည့်မယ်၊ စည်းကမ်းရှိမယ်၊ မလိုအပ်တာ အရေးမကြီးတာ ဘာမှမဝယ်ဘဲ သီးခံနိုင်တယ်၊ မျိုသိပ်ထားနိုင်တယ်ဆိုရင် Cash Flow management နိုင်တယ်ဆိုရင်၊ စီးပွားရေးက တဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ။

အားလုံးပဲ ငွေကြေးကို သေချာစီမံခန့်ခွဲနိုင်ပြီး စီးပွားရေးတိုင်း တိုးတက်အောင်မြင်ကြပါစေ။

Post အားလုံးဖတ်ရန်

No comments:

Post a Comment

ယနေ့ မှာ Forex Trading မှာ Traders အသုံး များ တဲ့ Indicator တစ်ခု ဖြစ် တဲ့ RSI ( Relative Strenght Index )

💥💥 RSI နည်း ပညာကျွမ်း ကျင် Wells Wilder က တီ ထွင်ထားပြီး Traders အသုံး များ သော Indicator  အမျိုး စား ပါတယ် ။ Market ကို ခန့် ...