❺ Take Profit ထားပါ။
အမြတ်ကို သေချာစေဖို့ ဘယ်နေရာမှာ အမြတ်ယူမလည်းဆို
တဲ့ Take Profit သတ်မှတ်ချက်ကိုလည်း ထားရပါမယ်။
Take Profit နဲ့ Stop Loss က နေရာမတူပေမယ့်၊ ကျ
တော်တို့အတွက်၊ ကျွန်တော်တို့အကောင့်အတွက် လုံခြုံစေ
မယ့်၊ အကျိုးအမြတ်ရှိစေမယ့်၊ အဆိုးဆုံးကို ကျော်လွှားနိုင်
စေမယ့် ရည်ရွယ်ချက်ကတော့ အတူတူပဲဖြစ်ပါတယ်။
Stop Loss ကသတ်မှတ်ထားတဲ့နေရာရောက်ရင် မျှော်မှန်း
ထားတဲ့အရှုံးပမာဏရမှာဖြစ်သလို Take Profit ကတော့
သတ်မှတ်ထားတဲ့နေရာရောက်ရင် မျှော်မှန်းထားတဲ့ အမြတ်
ပမာဏတခုရမှာဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ အလိုအ
လျောက်အော်ဒါပိတ်ပေးဖို့အတွက်ဖြစ်ပါတယ်။
တခါတရံမှာ Stop Loss နဲ့ Take Profit ကိုလည်း
ရောစပ်သုံးရတာရှိပါတယ်။ အဲဒါကတော့ Trailing Stop
ပါ။ Profit ကို မှန်းတဲ့ခါမှာလည်း Realistic Profit
Expectations ဖြစ်ဖို့လိုတယ်။ မားကက်က ဆက်သွား
နိုင်လို့ ဆက်လိုက်တာရတယ်။ သို့သော် အခြေအနေတခု
ရောက်ရင် Profit Lock လုပ်တာတွေ၊ Partial
Close လုပ်တာတွေနဲ့ အမြတ်ပြန်မပါအောင် ချိတ်ဆက်သုံး
ရတယ်။ ဒီလိုမလုပ်ရင်တော့ မြတ်နေရင်းကနေ ပြန်ရှုံးသွား
တာမျိုးဖြစ်နိုင်တယ်။ Profit Lock လုပ်တာတွေ၊
Partial Close လုပ်တာတွေအတွက်ကတော့ Trailing
Stop တွေနဲ့ ချိတ်သုံးရမယ်။ ဥပမာ..Risk 2%နဲ့ ဖွင့်
တယ်။ RR 1:2 ရရင် (အမြတ် ၂ ဆရရင်) 1% ပိတ်ပြီး
ကျန်တာကို Breakeven ရွေ့တာမျိုး၊ စဖွင့်ရင် Risk ကို
ချိန်ပြီး ၃ နဲ့စားလို့ပြတ်တဲ့ အော်ဒါဆိုဒ်ဖွင့်ပြီး အမြတ်တခုရ
ရင် Lot Size 2/3 အမြတ်နဲ့ပိတ်ပြစ်ပြီး ကျန်တဲ့ 1/3 ကို
မှဆက်လိုက်တာမျိုး စသဖြင့် စဉ်းစားဆောင်ရွက်လို့ရပါ
တယ်။
❻ Risk: Reward အနည်းဆုံး 1:2 ရပါစေ။
Trade တော့ Trade တာပဲ TP ထိတာများတယ်။ တနည်
အားဖြင့် Winning Rate ကတော့ ကောင်းတယ်။ ဒါပေ
မယ့် မမြတ်ဘူးဆိုရင် Risk: Reward အချိုးကို ပြန်
ဆန်းစစ်ရပါမယ်။ 1:2 ဆိုတာက အလွယ်ပြောရရင် "ရှုံးရင်
တဆ၊ မြတ်ရင်နှစ်ဆ" ဖြစ်ပါတယ်။ ကိုယ်ရဲ့ Risk သုံးစွဲမှု
က 1% of Account ဆိုရင် Reward က 2% of
Account ဖြစ်ရမှာမျိုးပါ။ ဥပမာ.. SL ထိလို့ 100 ရှုံး
ရင် TP ထိရင် 200 မြတ်ရပါမယ််။ Risk: Reward နဲ့
ပတ်သတ်ပြီး နောက်ထပ် လိုအပ်ချက်က Trading
System ရဲ့ Profitable Rate (Winning Rate)
ပါ။ ကိုယ့် System ကအနည်းဆုံး 50% TP ထိသော
System ဖြစ်ရမယ်။ Risk: Reward ကလည်း
အနည်းဆုံး 1:2 ရမယ်ဆိုရင် အဆင်ပြေပါပြီး။ System
က 50% Winning Rate ရှိတယ်ဆိုရင် ၁၀ ကြိမ်
Trade လို့ ၅ကြိမ်ဆက်အရှုံးပြပြီး (Winning Rate
50% ပဲရှိတယ်ဆိုရင်တောင်) ၅ ကြိမ်ဆက် TP ထိမယ်ဆို
ရင် 5% အမြတ်ရမှာဖြစ်ပါတယ်။
❼ Leverage ကို နားလည်အောင် လုပ်ပြီး၊ အကျိုးရှိအောင် သုံးချပါ။
အရှေ့က ပို့စ်မှာ Leverage Risk ကိုဖေါ်ပြခဲ့တာရှိပါ
တယ်။ Leverage ကို အဆမတန်မယူ၊ အဆမတန် မသုံးစွဲ
ဖို့လိုပါတယ်။ Leverage က Risk နဲ့ ဆက်စပ် (တွဲသုံးဖို့
လို) နေသလို၊ တဖက်မှာလည်း အကောင့်ရဲ့ လူးသာလှုပ်သာ
အခြေနေကို ကန့်သတ်ထားတာကြောင့်ပါ။
ဥပမာ..
(၁) Trader တယောက်က Long Term or
Medium Term အရ အော်ဒါတခုကို SL 150 Pips
နဲ့ ထားပြီး ဖွင့်ချင်တယ်။ သူအကောင့်မှာက 1000 ရှိပြီး၊
Leverage က 200 ယူထားတယ်ဆိုပါစို့။ ဒါဆိုရင် သူဖွင့်
ရမယ့် အော်ဒါဆိုဒ်က Risk 2% ယူရင် 0.01 Lot ခန့်
သာ ဖွင့်လို့ရမှာဖြစ်ပါတယ်။ ဒါက Risk ကိုတွက်ပြီး အော်ဒါ
ဖွင့်ရင် ဖွင့်ရမယ့်အခြေအနေပါ။ အဲအခြေအနေမှာ SL ထိလို့
ရှုံးရင် ၂၀ ပဲရှုံးမယ်။
(၂) အထက်ကလို Risk မတွက်ဘဲ သူက Leverage
200 ရှိပြီး၊ အကောင့်မှာ 1000 ရှိတဲ့အတွက်
Leverage * Equity = 200000 Unit ရလို့
200000/100000 = 2 လော့ဖွင့်လို့ရတယ်ဆိုပြီး ၂
လော့ဖွင့်လိုက်တယ်ဆိုပါစို့။ (တကယ်လက်တွေ့မှာ အပြည့်
ဖွင့်လို့မရပါဘူး) ဒါဆိုရင် သူအော်ဒါက SL 150 Pips ရှိ
တယ်။ ဒီတော့ SL ထိရင် ရှုံးမယ့်ပမာဏက 150 Pips *
Pip Value 10 USD * 2 Lot = 3000 USD ဖြစ်
နေပြီး။ သူ့အကောင့်မှာက 1000 USD ပဲရှိတယ်။ ဒီတော့
သူ့အကောင့်က SL မထိခင် မားကတ်က သူ့ကို Pips 50
ခန့် ဆန့်ကျင်ရုံနဲ့ အကောင့်ပျက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ
တွက်လို့ရတဲ့ 2 လော့မဟုတ်ဘဲ တဝက် 1 လော့ဖွင့်ရင်
ရော? 150 Pips * Pip Value 10 USD * 1 Lot
= 1500 USD ရတယ်။ ဒါလည်း SL မထိခင်ကိုအကောင့်
ပျက်မှာပဲ။
ကျနော် ပြောချင်တာက Leverage က သင့်တင့်ရုံယူ၊
ဘယ်လောက်ယူယူ သူ့အပေါ်မှာချည်းပဲ အားကိုးပြီး
Position Sizing မလုပ်ဖို့ပါ။ အဓိက ကိုယ်အရှုံးခံနိုင်
မယ့် ပမာဏကို Risk ယူပြီး Position Size ယူဖို့ပါ။
❽ မှတ်တမ်းမှတ်ရာ ထားပါ။
Trading Journal ပဲပြောပြော၊ Trading Guide ပဲ
ဆိုဆို၊ Trade တကြောင်းစီအတွက်
- ဘယ်အချိန် Trade လည်း? (Entry Method တွေ၊
Market Execution, Limit Order, Stop
Order, US Session, UK Session, Myanmar
Time, Server Time စသဖြင့်)
- ဘာကြောင့် Trade လည်း? (Entry ဝင်ရတဲ့ သေချာတဲ့
အကြောင်းအရင်းတွေ၊ Signal တွေ၊ ဘယ်လိုယူလည်း၊ စ
သဖြင့်)
- ဘယ်လို Trade လည်း? (Risk ဘယ်လိုယူလည်း၊
Risk: Reward အချိုး၊ Position Size ဘယ်လိုထား
လည်း စတဲ့ အကြောင်းတွေ) ပြည့်စုံသထက်ပြည့်စုံအောင်
ပြုစုထား၊ TP ထိသည်ဖြစ်စေ၊ SL ထိသည်ဖြစ်စေ ပြန်ပြီး
ကြည့် သုံးသပ် စတာတွေလုပ်ရပါမယ်။
နောက်ထပ်လုပ်ချင်ရင်တော့ Trading Guide or
Trading Reference Book လိုမျိုး ကိုယ်
အရောင်းအဝယ်လုပ်မယ့်စနစ်ကို သေသေချာချာ ရေးထား
ပြီး၊ Entry ဝင်ဖို့ ဖြစ်လာတိုင်း ထပ်မံတိုက်စစ်၊ ကိုးကားနိုင်ဖို့ပါ။
❾ စိတ်ခံစားမှုကို ထိန်းချုပ်ပါ။
အပြောလွယ်သလောက် အလုပ်ခက်တဲ့ဟာလား၊ ပြောလည်း
လွယ် လုပ်လည်း လွယ်လည်းတဲ့ အရာလား? စိတ်ခံစားမှုကို
ထိန်းချုပ်ဖို့က မျက်စိအမြင်အတိုင်း မလိုက်မိဖို့ပါ။ Chart
မှာ၊ ပတ်ဝန်းကျင်မှာ၊ အကောင့်မှာ အများကြီးပေါ်နေလိမ့်
မယ်။ အများအားဖြင့် မှားနိုင်တာတွေပဲ များမယ်။ ဒီတော့
စိတ်ခံစားမှုကို ထိန်းဖို့ ကိုယ့် Rules ကို ကိုယ်ချပြီး၊ အဲ
Rules အတိုင်းအတိအကျလိုက်နာဖို့ပဲ လိုပါတယ်။ ပြော
တော့သာလွယ်တယ်။ တကယ်က လိုက်နာဖို့က ခက်ချင်ခက်
မှာပေါ့။ Follow Your Own Rules ကတော့ အ
ကောင်းဆုံးသော စိတ်ခံစားမှု ထိန်းချုပ်ခြင်းပါ။ ဒါပေမယ့်
ကိုယ့်ရဲ့ Rules က စိတ်ခံစားမှုကို ဉီးစားမပေးသော၊ တိကျ
သေချာသော၊ စည်းစနစ်ရှိသော၊ မှန်ကန်စွာ ပြုပြင်ပြောင်းလဲ
နိုင်သော Rules ဖြစ်ဖို့ လိုတာပေါ့။
အချုပ်အားဖြင့်တော့ Trading Management ဆိုတာ
က Risk ကို သိဖို့၊ Risk: Reward ကို ချိန်ဆဖို့၊
Position Sizing ကို သေချာလုပ်ဖို့၊ ကိုယ့် Rules ကို
ကိုယ်သေချာလိုက်နာဖို့ ဖြစ်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။
အားလုံး ကျန်းမာ၊ သုတပြည့်ဝကြပါစေ
Post အားလုံးဖတ်ရန်
ဒီ Blog မှာ တင်သမျှ Post အားလုံး စုစည်းမှု
No comments:
Post a Comment